အပျော် အပွား။
အပျော် အပွား။ ကိုယ်ပျော်တဲ့အလုပ်ကိုလုပ်ပြီးဝင်ငွေ ပွားစေတဲ့အပျော် အပွားလုပ်။ ဒီလိုလုပ်ဖို့ ၁။ ပျော်တဲ့အလုပ် ၂။ ပြဿနာဖြေရှင်းတဲ့အလုပ်၃။ ပိုက်ဆံပွားမည့်အလုပ်ဒီသုံးခုဆုံမှတ်လိုတယ်။ Phyo Paing @ Derek
အပျော် အပွား။ ကိုယ်ပျော်တဲ့အလုပ်ကိုလုပ်ပြီးဝင်ငွေ ပွားစေတဲ့အပျော် အပွားလုပ်။ ဒီလိုလုပ်ဖို့ ၁။ ပျော်တဲ့အလုပ် ၂။ ပြဿနာဖြေရှင်းတဲ့အလုပ်၃။ ပိုက်ဆံပွားမည့်အလုပ်ဒီသုံးခုဆုံမှတ်လိုတယ်။ Phyo Paing @ Derek
ဖြစ်ချင်တာ ဖြစ်အောင်လုပ်နိုင်ရင်ဘဝကိုကျေနပ်မယ်။ ဖြစ်ချင်တာ ဖြစ်အောင်မလုပ်နိုင်ရင်ဘဝကို မကျေနပ်ဘူး။ ဘဝကိုကျေနပ်ရင်ကျေးဇူးတင်တဲ့စိတ်ထားတတ်မယ်။ဘဝကို မကျေနပ်ရင်အပြစ်တင်တဲ့စိတ်များတတ်တယ်။ ကျေးဇူးတင်တဲ့စိတ်များတဲ့သူတွေကဖြစ်ချင်တာ ဖြစ်နေတဲ့သူတွေ။ အပြစ်တင်စိတ်များတဲ့သူတွေကဖြစ်ချင်တာ မဖြစ်နေတဲ့သူတွေ။ ဖြစ်ချင်တာဖြစ်နေဖို့ကိုယ့်ရဲ့ ကံစွမ်း၊ ဥာဏ်စွမ်း၊ ဝိရိယစွမ်းကိုပိုသုံး။ ဒါမှမဟုတ် ဖြစ်ချင်စိတ်လေးကိုလျော့။ Phyo Paing @ Derek
ကိုယ့်ရဲ့ ကံစွမ်း၊ ဥာဏ်စွမ်း၊ ဝိရိယစွမ်းကိုပိုသုံး။ Read More »
ပညာရှိက စိတ်ချမ်းသာတယ်။ လူတော်က သူလိုချင်တာရအောင်ယူနိုင်တယ်။ လူကောင်းက သူတပါးထိခိုက်တာမလုပ်ဘူး။ လူတတ်က ပညာရပ်တစ်ခုကို ကျွမ်းကျင်တယ်။ ပညာတတ်ဆိုတာ ပညာတစ်ခုကို တတ်ကျွမ်းတာ။ပညာတတ်တိုင်း မချမ်းသာဘူး။ လူကောင်းတိုင်းလဲ လိုချင်တာမရဘူး။ လူတော်တိုင်း လိုချင်တာရလဲ မပျော်ဘူး။ ပညာရှိဖို့က ဥာဏ်ပညာလိုတယ်။ Graphic design လုပ်တတ်တာ၊ Video editing လုပ်တတ်တာ၊ Ads run တတ်တာ၊ Content ရေးတတ်တာဒါက လူတတ်။ တတ်တိုင်းလဲမတော်ဘူး။ လုပ်တတ်တိုင်း လိုချင်တာရအောင်တော်ချင်မှ တော်တာ။ တော်တဲ့သူတိုင်းကလဲ သမ္မာအာဇီဝကျကျလုပ်ဆောင်တဲ့လူကောင်းဖြစ်ချင်မှဖြစ်မှာ။ လူကောင်းဖြစ်ရင်လဲ ဂိမ်းရဲ့သဘောတရားအကုန်လုံးကို မြင်နိုင်တဲ့ ဥာဏ်ပညာရှိချင်မှရှိမှာ။ Phyo Paing @ Derek
တတ်တိုင်းလဲမတော်ဘူး။ Read More »
လူမှန်ရင် အလုပ်လုပ်ရတယ်။အလုပ်လုပ်တိုင်း အလုပ်မဖြစ်ဘူး။အလုပ်ဖြစ်ဖို့ အစွမ်းအစတိုးတက်ဖို့လိုတယ်။အစွမ်းအစတိုးတက်ဖို့ ပညာသင်တယ်။ သိသင့်တာသိတဲ့ အသိပညာရှိဖို့အထက်တန်းကျောင်းပြီးအောင် ကျောင်းပညာသင်တယ်။ လုပ်ဆောင်နိုင်တဲ့ အတတ်ပညာတတ်ဖို့အတွက် တက္ကသိုလ်တက်တယ်။ လောကရဲ့ အမှန်အမှားဆုံးဖြတ်နိုင်တဲ့ဥာဏ်ပညာတိုးတက်ဖို့အတွက်ဘဝတက္ကသိုလ်တက်ရတယ်။ တချို့က ဘဝကို တက္ကသိုလ်ထဲမှာကြုံတွေ့ရတဲ့ ပြဿနာကိုတွေ့ရာက အဖြေရှာတယ်။ တချို့က စာအုပ်ဖတ် အဖြေရှာတယ်။တချို့က ပြင်ပသင်တန်းတွေတက်အဖြေရှာတယ်။တချို့က တတ်ကျွမ်းသူတွေဆီကသင်ကြားအကြံယူရင်အဖြေရှာတယ်။ ဒီလုပ်ဆောင်မှုတွေအားလုံးကအစွမ်းအစ တိုးတက်ဖို့ဖြစ်တယ်။ အစွမ်းအစရှိပြီးအလုပ်မလုပ်ရင်လဲအလုပ်မဖြစ်ဘူး။ အစွမ်းမစမရှိဘဲအလုပ်လုပ်ရင်လဲအလုပ်ဖြစ်သင့်သလောက်မဖြစ်ဘူး။ Phyo Paing @ Derek
အစွမ်းမစမရှိဘဲ
အလုပ်လုပ်ရင်လဲ
အလုပ်ဖြစ်သင့်သလောက်မဖြစ်ဘူး။ Read More »
ဒီနေ့က ပြန်စ။ မနေ့ပြီးသွားပြီ။ မနက်ဖြန်က မဖြစ်လာသေးဘူး။ မနေ့ကကို ကြည့်ပြီး ကိုယ့်ကိုယ်ကို အပြစ်တင်မနေနဲ့။ တချိန်က အကောင်းဆုံးလုပ်နိုင်ခဲ့တဲ့အချိန်နဲ့အခုလိုသာမာန်အချိန်နဲ့ နှိုင်းယှဥ်ပြီးကိုယ့်ကိုယ်ကို အပြစ်မတင်နဲ့။ အဖြစ်သေးတဲ့ အနာဂတ်ကို စဥ်းစားပြီးလဲ တွေးပူမနေနဲ့။ မနက်ဖြန်မှာ ဆင်ဖမ်းမဲ့ကိစ္စတွေကိုစဥ်းစားရင်း တွေးပူမနေနဲ့။ အရေးအကြီးဆုံးက ဒီနေ့။ ဒီနေ့က ပြန်စ။ Phyo Paing @ Derek
သာမာန် အမှတ်စာရင်း၊သာမာန် လုပ်ငန်း၊ သာမာန် စွမ်းဆောင်ရည်၊ သာမာန် ဦးဆောင်သူ၊ သာမာန် နည်း၊ သာမာန် ရည်မှန်းချက်၊ သာမာန် သာမာန် ရလဒ်။ သာမာန်နဲ့ ကျေနပ်တာကဘာမှ မမှားဘူး။ ဒါပေမယ့် “တူတာကိုမကြိုက်တဲ့သူတွေအတွက်”သာမာန်က ကျဆုံးရေးဖော်မြူလာဆို မမှားဘူး။ လုပ်ငန်း ၁၀ ခုမှာ ၈ ခု မအောင်မြင်ရင်သေချာတာ အောင်မြင်တဲ့ ၂ ခုကသာမာန်ထက်တော့ နည်းနည်းပိုမယ်။ ကိုယ့်ဘေးနားက သာမာန်တွေရဲ့ခန္ဓာကိုယ်က ကြံ့ခိုင်လားကြည့်၊သာမာန်တွေရဲ့ စီးပွားရေးက အဆင်ပြေလားကြည့်၊ သာမာန်တွေရဲ့ ငွေကြေးကတောင့်တင်းလားကြည့်၊ သာမာန်တွေရဲ့ ပညာရေးက ကောင်းမွန်လားကြည့်၊ သာမာန်တွေနဲ့ အတွေး၊ အကြံ၊ အလုပ်ကအလုပ်ဖြစ်ရဲ့လားကြည့်။ ကိုယ်မကြိုက်ရင် သာမာန်ကကိုယ်သွားမည့်လမ်း ဟုတ်ချင်မှဟုတ်တယ်။ Phyo Paing @ Derek
သာမာန်တွေနဲ့ အတွေး၊ အကြံ၊ အလုပ်က
အလုပ်ဖြစ်ရဲ့လားကြည့်။ Read More »
လူတစ်ယောက် ဘာတွေပြောသလဲထက်ဘာတွေကို ဘယ်လိုလုပ်ပြီးဘာတွေရနေလဲသာ ကြည့်လိုက်။ ခန္ဓာကိုယ် ပုံစံကို ကြည့်လိုက်ကျန်းမာကြံ့ခိုင်ရေးကို ဘယ်လိုတန်ဖိုးထားလဲတွေ့လိမ့်မယ်။ စီးပွားရေးကို ဘယ်လိုလုပ်နေလဲကြည့်လိုက်မဟာဗျူဟာ အကြောင်း ဘယ်လောက် နားလည်လဲသိလိမ့်မယ်။ လုပ်ငန်းလည်ပတ်မှု ပုံစံကြည့်လိုက်စီမံခန့်ခွဲမှု အကြောင်းဘယ်လောက် အသုံးချနိုင်လဲသိလိမ့်မယ်။ ဖောက်သည်တွေ ဘယ်လိုရအောင်လုပ်လဲကြည့်လိုက်မားကတ်တင်း လုပ်တဲ့ပုံကို သိလိမ့်မယ်။ ပြောတဲ့ အတိုင်းလုပ်နေတဲ့သူတွေရှိသလို၊ ဖောရှောပဲ လုပ်တဲ့သူတွေလဲ ရှိမယ်။ အရေးကြီးတာ How you do anything is how you do everything ပဲ။ Phyo Paing @ Derek
အရေးကြီးတာ How you do anything is
how you do everything ပဲ။ Read More »
ကြောက်စရာအကောင်းဆုံးကအပေါ်ယံအသိပဲ။မသိတာကို သိတယ်ထင်တာ။ Phyo Paing @ Derek
မသိတာကို သိတယ်ထင်တာ။ Read More »
ကိုယ်ချစ်ရတဲ့သူတွေကိုယ့်ကိုဝေဖန်တဲ့အခါ ဘယ်နေ့က “ကိုယ်” ကိုပြောတာလဲပြန်မေးကြည့်တယ်။ ဘာကြောင့်လဲဆိုတော့နေ့တိုင်း “ဗားရှင်းအသစ်” ဖန်တီးနေတယ်။ တခြားသူတွေ ဝေဖန်တဲ့ကိုယ်ကအရင်နေ့၊ အရင်လ၊ အရင်နှစ်ကဖြစ်နေတတ်တယ်။ Phyo Paing @ Derek
တခြားသူတွေ ဝေဖန်တဲ့ကိုယ်က Read More »
ကိုယ့်ကိုယ်ကို ဘယ်တော့မှ အပြစ်မတင်နဲ့။အကျင့်ပါသွားတတ်တယ်။ကိုယ့်ကိုယ်ကို ဂုဏ်ယူစိတ်ပျောက်သွားတတ်တယ်။ကိုယ်နဲ့ကိုယ်က အကောင်းဆုံးသူငယ်ချင်းဖြစ်ဖို့လိုတယ်။ Phyo Paing @ Derek
ကိုယ်နဲ့ကိုယ်က အကောင်းဆုံး
သူငယ်ချင်းဖြစ်ဖို့လိုတယ်။ Read More »