action

အတိတ်သည် အနာဂတ်ကို ကိုယ်စားမပြု။

Jack Ma အနေနဲ. KFC မှာ အလုပ်သွားလျှောက်တယ်မရဘူး။ ရဲ အလုပ်လျှောက်တယ်မရခဲ့ဘူး။ China yellowpage ကို လုပ်တယ်။ ဆုံးရှုံးသွားတယ်။ ဒါဆုံးရှုံးမှုတွေကြောင့် Alibaba လုပ်တဲ့အခါ ပိုသတိထားတတ်လာတယ်။ အစိုးရနဲ့လုပ်တဲ့ GuanXi (关系) Relationship တွေကို အရမ်းအားမထားဘဲလုပ်လာတယ်။ 2014 September မှာ New York Stock Exchange မှာ IPO လုပ်တော့ US history မှာ အကြီးဆုံး IPO ဖြစ်ခဲ့တယ်။ မလေးရှားရဲ့ အချမ်းသာဆုံးထဲက သူ‌ဌေးတစ်ယောက်ဖြစ်တဲ့ Robert Kuok အနေနဲ့လည်း အမျိုးအိမ်မှာ အကူလုပ်ပြီး စခဲ့တာဘဲ။ ဒီလိုဘဲ Li Ka Shing လည်း ကွမ်းကျိုးရဲ. မြို.လေးတစ်မြို.မှာမွေးတယ်။ […]

အတိတ်သည် အနာဂတ်ကို ကိုယ်စားမပြု။ Read More »

ဘဝဆိုတာ တိုတိုလေးပါ။

ကိုယ့်ကိုဝေဖန်မည့်သူကို မကြောက်ပါနဲ့။ လူတိုင်းလူတိုင်း လွတ်လပ်စွာဝေဖန်ပိုင်ခွင့်ရှိသလို လူတိုင်းမှာလည်း ဝေဖန်မှုကို လျစ်လျူရှုမှာလား စိတ်ညစ်နေမှာလား လွပ်လပ်စွာဆုံးဖြတ်ပိုင်ခွင့်ရှိပါတယ်။ အကောင်းနဲ့ အကြံပေးတဲ့ Constructive Feedback တွေကို လက်ခံပါ။ ဒါပေမယ့် အနှုတ်သဘောဆောင်တဲ့ ဝေဖန်မှုတွေကို မေ့လိုက်ပါ။ ဘဝဆိုတာ တိုတိုလေးပါ။ Phyo Paing @ Derek

ဘဝဆိုတာ တိုတိုလေးပါ။ Read More »

အလုပ်တိုင်းမှာ အခွင့်အရေးရှိသည်။

လူတိုင်းက ကိုယ့်ကိုကိုယ်တိုးတက်ဖို့ အလုပ်ရှင်ရဲ့တာဝန်သာ ဖြစ်တယ်လို့ ယူဆထားကြတယ်။ ဥပမာ receptionist တစ်ယောက်ထားပါတော့။ ဝတ်ကြေတန်းကြေဆိုတာထက် ကိုယ့်ရဲ့ products တွေ၊ competitor’s products တွေ၊ တခြား သက်ဆိုင်တဲ့ product အကြောင်းတွေကို လေ့လာမယ်။ ပစ္စည်းရောင်းတာထက် consultant သဘောမျိုး customer ပစ္စည်းတစ်ခု ရွေးချယ်ရာမှာ အကောင်းဆုံး အကြံဉာဏ် ပေးနိုင်မယ်။ နောက်ပြီး customer data တွေကို ဘယ်လို အသုံးပြုရမလည်းလေ့လာမယ်။ regular follow-up လေးလုပ်မယ်။ ပြောမှသိတာထက် ကြိုတင် planning လေးလုပ်မယ်။ ကိုယ်ထူကိုယ်ထ proactive ဖြစ်မယ်။ ငါသာ အလုပ်ရှင်နေရာမှာဆို ကိုယ့်ဆီက ဘာကို မျှော်လင့်မလည်းဆိုတာ အမြဲစဉ်စားမယ်။ ဒီလိုဆိုရင် ကိုယ့်ရဲ့ မားကတ်တန်ဖိုးတက်လာမယ်။ ဘယ်နှနှစ်လုပ်ခဲ့လို့

အလုပ်တိုင်းမှာ အခွင့်အရေးရှိသည်။ Read More »

ဆာလောင်မှု

သင်ယူဖို့အတွက် ဆာလောင်လာတဲ့အခါ။ အောင်မြင်မှုအတွက် ဆာလောင်လာတဲ့အခါ။ စီးပွားရေးမှာ၊ ပညာတစ်ခု သင်ယူရာမှာ တိုးတက်မှုတွေ ခေတ္တတန့်သွားတဲ့အချိန်တွေဖြစ်လေ့ရှိတယ်။ ဒီ Plateu Phase ကို ကျော်လွန်ဖို့ဆာလောင်နေဖို့လိုတယ်။ Stay Hungry, Stay FoolishSteve Jobs

ဆာလောင်မှု Read More »

လက်ရှိစိတ်အခြေအနေ၊ ဆုံးဖြတ်ချက် နှင့် လုပ်ရပ်

ဆုံးဖြတ်ချက်တစ်ခုရဲ့ quality ဟာ လူတစ်ယောက်ရဲ့လက်ရှိအခြေနေမှာမူတည်ပါတယ်။ စိတ်ပညာ သုတေသနအရ လက်ရှိစိတ်ညစ်နေတဲ့သူတစ်ယောက်ကို သူ့ရဲ့ အနာဂတ်နောက်ငါးနှစ်နေဘယ်လိုဖြစ်မလည်းမေးရင် စိတ်ညစ်စရာအဖြစ်ပုံဖော်ကြပြီး၊ လက်ရှိ current state မှာ ပျော်နေတဲ့သူတစ်ယောက်ဟာ အနာဂတ်ကိုပျော်ရွင်စရာအဖြစ်ပုံဖော်ကြပါတယ်။ ဒါကြောင့်လက်ရှိအခြေအနေ current physiological state ဟာ ဆုံးဖြတ်ချက်တွေပေါ်အများကြီးတက်ရောက်မှုရှိပါတယ်။ လောင်းကစားရှုံးနေတဲ့သူတစ်ယောက်ရဲ့ physiological state ဟာ သာမန်လူနဲ့မတူပါဘူး။ Stupid state မှာရှိနေရင် Stupid behavior ဖြစ်လာပါမယ်။ (အရက်အလွန်အကျွံသောက်ထားတဲ့သူဟာ မူလ behavior နဲ့ အနည်းနဲ့အများကွာပါမယ်။) ကျွန်တော်တို့ဟာ ကျွန်တော်တို့ရဲ့အမူအကျင့်တွေမဟုတ်ကြပါဘူး။ You are not your behavior. Physiological state ကို လွမ်းမိုးနေတဲ့အရာတွေထဲမှာ body posture ကိုယ်အနေအထားပါပါတယ်။ လူရှေ့မှာ စကားပြောတဲ့အခါ ကိုယ်က

လက်ရှိစိတ်အခြေအနေ၊ ဆုံးဖြတ်ချက် နှင့် လုပ်ရပ် Read More »

အတိတ်နဲ့အနာဂတ်လုံးဝမတူပါဘူး။

ဆယ်တန်းမှာ ဂုဏ်ထူးမပါဘူး။ ဘဝတစ်လျှောက်လုံးမအောင်မြင်နိုင်တော့ဘူးလား? အလုပ်လျှောက်တယ် မရဘူး။ ဘဝက သုံးစားလို့မရတော့ဘူးလား? ဆင်းရဲတဲ့ မိသားစုက ပေါက်ဖွားလာတယ်။ မချမ်းသာနိုင်တော့ဘူးလား? အတိတ်နဲ့ အနာဂတ်တူတူဘဲလား? အတိတ်နဲ့အနာဂတ်လုံးဝမတူပါဘူး။ ငယ်ငယ်က အတန်းထဲမှာ အဆင့်တစ်နှစ်သုံး ထဲမဝင်ပါဘူး။ ဒါပေမယ့် ဆယ်တန်းမှာ စာကြိုးစားတယ်။ ဆေးကျောင်းတက်ခွင့်ရခဲ့တယ်။ အတိတ်မှာ အောင်မြင်ခဲ့တိုင်းအနာဂတ်မှာ အောင်မြင်မယ်လို့ တထစ်ချမပြောနိုင်ပါဘူး။ ဒီနေ့မှာ မအောင်မြင်ပေမယ့်လည်း မနက်ဖြန်မှာ ကြီးကျယ်ခမ်းနားတဲ့အောင်မြင်မှုတွေကို မပိုင်ဆိုင်ဘူးလို့ မပြောနိုင်ဘူး။ ဒါဆိုလူတွေကို ကွာခြားစေတဲ့အရာက ဘာလည်း? ယခု ဖြစ်ပါတယ်။ ကျွန်တော်တို့ ယခုလုပ်နေတဲ့အလုပ်တွေဟာ မနက်ဖြန်တွေကို ဆုံးဖြတ်ပေးမှာပါ။ ဒါကြောင့် မိတ်ဆွေ ယခုကို အကောင်းဆုံး အသုံးချပါ။ Phyo Paing @ Derek

အတိတ်နဲ့အနာဂတ်လုံးဝမတူပါဘူး။ Read More »

လူသစ်၊ စိတ်သစ်၊ အနာဂတ်သစ်

Facebook comment တွေအောက်မှာ တစ်ယောက်က ဘရုပ်သုတ်ခပြောလိုက်ရင် တခြားသူတွေလိုက်ရေးကြတာကို မြင်ဘူးပါသလား? မနက် စျေးဦးလှန်သွားရင် (စျေးဦးပေါက်မကောင်းရင်) တစ်နေ့လုံး အဆင်မပြေဖြစ်တတ်တဲ့ သဘောတရားကြုံဖူးပါသလား ? Psychology မှာ Priming လို့ခေါ်ကြပါတယ်။ ကုန်ပစ္စည်းရောင်းတဲ့နေရာမှာလည်းသုံးကြတယ်။ ဥပမာ customer တစ်ယောက် စျေးလာဝယ်တဲ့အခါ Dear Customer ခင်ဗျားအကြိုက်ဆုံး product က ဘယ်လိုပုံရှိမလည်းဆိုတဲ့ ပုံဖော်ခိုင်းပြီး ကိုယ့် product ကိုရောင်းနိုင်သလို ကျွန်တော်တို့ မနက်ထထခြင်း မင်္ဂလာရှိဖို့ တရားခွေဖွင့်ကြတာဟာ priming effect ကြောင့်ပါ။ စောစောစီးစီး ကျက်သရေမရှိတာတွေ မပြောနဲ့ဆိုတဲ့ စကားလည်းကြားဘူးမှာပါ။ မနက်ထထခြင်းမှာ ကျွန်တော်တို့ brain ဟာ သာမန်အချိန်တွေထက် အနည်းနဲ့အများ fresh ဖြစ်နေလေ့ရှိပါတယ်။ ဒီအချိန်မှာ stupid questions

လူသစ်၊ စိတ်သစ်၊ အနာဂတ်သစ် Read More »