action

ဘဝမှာ တွေဝေနေဖို့
အချိန်မရှိဘူး

လုပ်ချင်တဲ့အရာတစ်ခုကို အသက်အရွယ်တစ်ခုမှာမလုပ်လိုက်ရတဲ့အတွက်အချိန်တစ်ခုရောက်မှနောင်တရတတ်ကြတယ်။ နောင်တဆိုတာ ငါအဲ့တုန်းကဒါကို မလုပ်ခဲ့ရင်ကောင်းမှာပဲ၊ဒါမှမဟုတ် အဲ့တုန်းက ဒါကို လုပ်ခဲ့ရမှာဆိုတာပြန်စဥ်းစားပြီးတနှုံ့နှုံဖြစ်တဲ့ ခံစားချက်ဖြစ်တယ်။ ငယ်တုန်းမှာ သွားချင်တဲ့နေရာသွား၊ကိုယ့်စိတ်ထဲမှာ တစ်ခုခုလုပ်ချင်ရင်ကိုယ့်အတွက်လဲ ရေရှည်ဒုက္ခမရောက်ဘူး၊သူတပါးလဲ မထိခိုက်သွားဘူးဆိုရင်လုပ်သာလုပ်ချလိုက်။ သူငါ့ကို ဘယ်လိုထင်နေမလဲသိပ်စဥ်းစားမနေနဲ့။ မဟုတ်လဲ ဘဝက တိုတိုလေးပဲ။ မြန်မာပြည်မှာ အသက် ၇၀ ကျော်လောက်နေရမှာ သက်တမ်းက ရက်ပေါင်း ၂၅၀၀၀ ကျော်ကျော်လေးနေရတာ။ အသက်သုံးဆယ်ဆိုရင်ကို ရက်ပေါင်း၁၀၉၅၀ လောက်နေပြီးပြီ။ ဒါကြောင့် ဘဝမှာ တွေဝေနေဖို့အချိန်မရှိဘူး။ လုပ်ချင်ရင် ထလုပ်လိုက်။ ပြောချင်တဲ့စကားကို ပြောချင်တဲ့သူကိုပြောလိုက်။ အလုပ်ဖြစ်ရင် Good.. အလုပ်မဖြစ်ရင် move on.. လူအများစုက ကိုယ်မလုပ်လိုက်တာကိုနောင်တပိုရတတ်တယ်တဲ့။ In the end, we only regret the chance we didn’t take […]

ဘဝမှာ တွေဝေနေဖို့
အချိန်မရှိဘူး
Read More »

ထီမထိုးထားရင်တော့ မပေါက်နိုင်ဘူး

ကိုယ်မရောက်ဖူးတဲ့နေရာရောက်ဖို့၊ကိုယ်မတွေ့ကြုံဖူးတဲ့ အတွေ့အကြုံရဖို့ကြိုးစားအားထုတ်မှုလိုတယ်။ စဥ်းစားကြည့်ကြည့် ဘာသာစကားသုံးလေးမျိုးလောက်ကို ကျွမ်းကျွမ်းကျင်ကျင်ပြောတတ်ပြီးလူပေါင်းထောင်ချီရှေ့မှာ ကြွေအောင်ပြောနိုင်တာမျိုး။ ခန္ဓာကိုယ်က Sရမ်းမိုက်ပြီးအသက် ၇၀၊ ၈၀ လောက်ထိကျန်းမာကြံ့ခိုင်နေတာမျိုး။ ကိုယ့်အသက်မွေးဝမ်းကြောင်းပြုတဲ့အလုပ်နဲ့ပတ်သက်လို့ ဘာမေးလိုက်မေးလိုက် အကုန်သိနေတာမျိုး။ အပြောပဲ မဟုတ် တကယ်လက်တွေ့ဖြစ်အောင်လုပ်တာမျိုး။ ကိုယ်သွားချင်တဲ့နေရာကို သွားချင်တဲ့သူနဲ့ သွားချင်တဲ့အချိန် သွားနိုင်တာမျိုး။ ကိုယ်ခေါင်းထဲမှာပေါ်တဲ့ idea ကိုစာသုံးလေးကြောင်းရောက်ရေးလိုက်တာနဲ့ဝင်ငွေတွေ သောက်သောက်လဲရလာတာမျိုး။ ဒါမျိုးတွေဖြစ်လာဖို့က အလိုလို ဖြစ်မလားဘူး။ ကိုယ်တိုင် ကြိုးစားအားထုတ်ရတယ်။ အလိုလိုပေါက်တာ မြက်ပင်တွေပဲများတယ်လေ။ ပန်းကောင်းပန်ချင်ရင် သေချာစိုက်ရတယ်မဟုတ်လား။ Phyo Paing @ Derek

ထီမထိုးထားရင်တော့ မပေါက်နိုင်ဘူး Read More »

ဘဝကို တိုင်းတာတဲ့ metrics ကိုးခု

ဘဝကို တိုင်းတာက ၁။ ဘာတွေ ဖန်တီးဖူးလဲ? ၂။ ကိုယ့်ဖန်တီးမှုက လူဘယ်လောက်ကို အကျိုးပြုလဲ? ၃။ ကိုယ့်အစွမ်းအစ စစ်စစ် နဲ့ ကိုယ်ဘယ်လောက် ပိုက်ဆံရှာဖူးလဲ? ၄။ ကိုယ်သေသွားခဲ့ရင် ကိုယ့်ရဲ့ industry မှာ အပြောင်းအလဲဖြစ်မလား? ၅။ ကိုယ်မွေးခဲ့ ကြီးပြင်းခဲ့တဲ့နေရာမှာပညာရေး၊ အလုပ်အကိုင်၊ ငွေရေးကြေးရေးသာမာန်ထက် ကျော်သလား? ၆။ ကိုယ့်ဘဝမှာ ရောက်ချင်တဲ့နေရာတွေသွားဖူးပြီလား။ ၇။ လိုချင်တဲ့ experience တွေ ရပြီးပြီလား။ ၈။ ကိုယ်ဖြစ်ချင်တဲ့ စိတ်၊ ခန္ဓာဖြစ်ပြီလား။ ၉။ နိစ္စဓူဝ အသက်ရှင်ရတာ လတ်ဆတ်သလား။ ဒီ ကိုးခုက ဘဝကို တိုင်းတာတဲ့ metrics ပဲ။ Phyo Paing @ Derek

ဘဝကို တိုင်းတာတဲ့ metrics ကိုးခု Read More »

စကားလုံးတွေမှာ ပါဝါရှိတယ်။

ကိုယ့်ကိုကိုယ် ကျိန်စာမတိုက်ပါနဲ့။ကိုယ်ပြောတဲ့စကားလုံးတွေကိုဂရုစိုက်ပါ။စကားနောက် တရားပါတတ်တယ်။စကားလုံးတွေမှာ ပါဝါရှိတယ်။ ဖတ်တဲ့စာ၊ နားထောင်တဲ့သီချင်း၊ပေါင်းသင်းတဲ့သူ သူတို့တွေကကိုယ့်ရဲ့စကားလုံးတွေကိုလွှမ်းမိုးမှုရှိတယ်။​ Phyo Paing @ Derek

စကားလုံးတွေမှာ ပါဝါရှိတယ်။ Read More »

Self-awareness ရှိဖို့
self-discovery လုပ်ဖို့လိုတယ်။

လူအများစု မေးကြည့်ခင်ဗျာဘာကြောင့်အသက်ရှင်နေတာလဲသာမာန်လူအများစုမှာအဖြေမရှိကြဘူး။ Financial freedom ရချင်လို့။ဒါရရင် ဘာလုပ်မှာလဲမေးကြည့်။အဖြေမရှိပြန်ဘူး။ Simon Sineak ပြောတဲ့Start with Why ဆိုတာ အဲ့ဒါပဲ။ လူအများစုက ကိုယ့်ကိုကိုယ်ဘာဖြစ်ချင်မှန်းသေချာမသိကြဘူး။ အဲ့တော့ အပြင်မှာ မြင်မြင်သမျှစိတ်တိုင်းမကျကြဘူး။ ခင်ဗျာ ဘဝကို စကားလုံးတစ်လုံးနဲ့ဖော်ပြကြည့်ဆို တော်တော်ခေါင်းစားနေလိမ့်မယ်။ ကိုယ့်ရဲ့တန်ဖိုးထားမှုတွေကဘာလဲ။ကိုယ့်ရဲ့ winning strategy ကဘာလဲ။သေသေချာချာမသိတဲ့အခါNorth Star ဓူဝံကြယ်ပျောက်နေတတ်တယ်။ Phyo Paing @ Derek

Self-awareness ရှိဖို့
self-discovery လုပ်ဖို့လိုတယ်။
Read More »

ကတိ ပေးပြီးရင် ဆင်ခြေမပေးနဲ့။

ကွန်ပြူတာ ပျက်တာ၊ မီးမလာတာဒါကို ဖြေရှင်းရမှာက ကိုယ့်တာဝန်။ သင့်ဖက်က ဘာဖြစ်လဲ မသိချင်ဘူး။ရလဒ် ရလားပဲ သိချင်တယ်။ Reason အပေးများတဲ့သူက Result ရတတ်လေ့ မရှိဘူး။ Phyo Paing @ Derek

ကတိ ပေးပြီးရင် ဆင်ခြေမပေးနဲ့။ Read More »

ကိုယ့်ကိုကိုယ် ကျေးဇူးတင်တဲ့
အလုပ်တွေ လုပ်နိုင်ဖို့အတွက်
THANK ကို ဂရုစိုက်ဖို့လိုတယ်။

T – Thinking 💭 အတွေး H – High Income Skill 👨‍💻 ငွေများများရှာပေးတဲ့ အတတ်ပညာA – Action လုပ်ရပ်N – Network အပေါင်းအသင်းK – Knowledge အသိပညာ Phyo Paing @ Derek

ကိုယ့်ကိုကိုယ် ကျေးဇူးတင်တဲ့
အလုပ်တွေ လုပ်နိုင်ဖို့အတွက်
THANK ကို ဂရုစိုက်ဖို့လိုတယ်။
Read More »

ဘဝကို ရင်ခုန်မှုတွေ မပျောက်ချင်ရင်
စူးစမ်းပါ။ လေ့လာပါ။

လူအများစုကို မေးကြည့်ငယ်ငယ်ကနဲ့ အခုဘယ်အချိန်က ပိုရင်ခုန်စရာကောင်းလဲလို့မေးတဲ့အခါ ငယ်ငယ်ကလို့ တော်တော်များများဖြေကြလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ ငယ်ငယ်က ကျွန်တော်တို့မသိသေးတဲ့အရာတွေများတယ်။ဒီတော့ စူးစမ်းလေ့လာချင်တယ်။ပထမအလုပ်ရဖို့ကြိုးစားပြီးရတဲ့အခါ ရင်ခုန်တယ်။ ပထမဆုံး ရည်စားထားတဲ့အခါရင်ခုန်တယ်။ ပြတ်တဲ့အခါ ကြေကွဲမယ်။ လုပ်ငန်းစတဲ့အခါ ရင်ခုန်မယ်။နောက်ပိုင်း ဒါက သိပ်အထူးအဆန်းမဟုတ်တော့ပဲ အရာရာမှာ မှန်းလို့ရတဲ့ predictable လုပ်လို့ရတဲ့အခြေအနေဖြစ်သွားတယ်။ ဒီတော့ အရင်ကလောက် ရင်ခုန်စရာ မကောင်းတော့ဘူး။ ဒီအဆင့်ကို ကျော်လွှားဖို့အဖြေတစ်ခုကတော့စူးစမ်းလေ့လာလိုစိတ်ပဲ။ အနောက်တိုင်းက အောင်မြင်တဲ့လူတွေကြည့်ကြည့်ရင်ဒီ အချက်ကို တွေ့လိမ့်မယ်။ သူတို့ဆီမှာ လကမ္ဘာပေါ် သွားလို့ရနိုင်မလား။ဘယ်နည်းနဲ့သွားရင်ရနိုင်မလဲ။ လူတွေရဲ့ gene ကို editing လုပ်လို့ရမလားဒီလို စူးစမ်းလေ့လာမှုတွေကနေ CRISPR တို့လို technology တွေပေါ်လာတယ်။ Phyo Paing @ Derek

ဘဝကို ရင်ခုန်မှုတွေ မပျောက်ချင်ရင်
စူးစမ်းပါ။ လေ့လာပါ။
Read More »

အလုပ်ကို ပိုးစိုးပက်စက်လုပ်နိုင်မှ
လူလုံးလှလှ နေလို့ပိုအဆင်ပြေမယ်။

ကျွန်တော်တို့လို တတိယနိုင်ငံဖွံ့ဖြိုးမှု အနိမ့်ဆုံးနိုင်ငံမျိုးမှာဆိုရေ၊ မီး၊ အင်တာနက်၊ ကျန်းမာရေး၊ပညာရေးက အစ အဆင်ပြေဖို့resource တော်တော်ရှိထားမှအဆင်ပြေမှာ။ မဟုတ်ရင် တစ်နှစ်စုထားတာတစ်ခါ ဆေးရုံတက်တာနဲ့ကုန်ပြီ။ တစ်လတစ်လ စုတာ သားသမီး ကျောင်းစရိတ်နဲ့ လုံးပါးပါးသွားမယ်။ ဒါကြောင့် ကိုယ့်အနာဂတ်အတွက်plan ချဖို့က ကိုယ်နဲ့အဓိကဆိုင်လာတယ်။ ဘယ်မှာနေမှာလဲ၊ ဘယ်လို နေမှာလဲ၊ ဘာအလုပ်လုပ်မှာလဲ၊ ငွေကို ဘယ်လိုစုမလဲ၊ ဘယ်လို ပြန်ပွားမလဲ၊ အများကြီး ကြိုတင်စဥ်းစားပြီးအလုပ်ကို ပိုးစိုးပက်စက်လုပ်နိုင်မှ လူလုံးလှလှ နေလို့ပိုအဆင်ပြေမယ်။ Phyo Paing @ Derek

အလုပ်ကို ပိုးစိုးပက်စက်လုပ်နိုင်မှ
လူလုံးလှလှ နေလို့ပိုအဆင်ပြေမယ်။
Read More »

နေ့စဥ် အသစ်တစ်ခုဖန်တီးကြည့်ပါ။

Idea တစ်ခု၊ Content တစ်ခု၊ Product တစ်ခု၊ Connection တစ်ခုတစ်ခုခု ဖန်တီးကြည့်ပါ။ ဒီကနေ စိတ်ကျေနပ်မှုရလာလိမ့်မယ်။ လောကကို ပြန်ပေးလို့ရတဲ့လက်ဆောင်ကသင့်ရဲ့ ဖန်တီးမှုတစ်ခု ဖြစ်ကောင်းဖြစ်လိမ့်မယ်။ Phyo Paing @ Derek

နေ့စဥ် အသစ်တစ်ခုဖန်တီးကြည့်ပါ။ Read More »