action

စမှတ်တွေ တစ်ယောက်နဲ့တစ်ယောက်မတူကြပေမဲ့ ဘယ်မှာဆုံးမလဲ အရေးကြီးတာပဲ။

ဘ၀ စာမေးပွဲတိုင်းကို အကောင်းဆုံးဖြေခဲ့တယ်။ ဒီအတွက်လဲ metrics တွေ ယှဉ်တဲ့အခါတိုင်း ဂုဏ်ယူနေရတယ်။ 2030, 2040, 2050 နဲ့ အထက်Milestone တွေထားထားတယ်။ အဲ့အချိန် ဘယ်သူဘာဖြစ်နေမလဲ စိတ်ဝင်စားဖို့ကောင်းတယ်။Phyo Paing @ Derek

စမှတ်တွေ တစ်ယောက်နဲ့တစ်ယောက်မတူကြပေမဲ့ ဘယ်မှာဆုံးမလဲ အရေးကြီးတာပဲ။ Read More »

ကိုယ့်ကိုကိုယ် နောင်တရစေတဲ့
အလုပ်တွေ မလုပ်ပါနဲ့။

တစ်ခုခုလုပ်တော့မယ်ဆို ငါဒါလုပ်လိုက်တဲ့အတွက်“မနက်ဖြန်မနက်”ဘယ်လိုခံစားရမလဲမေးကြည့်။ ဒီမေးခွန်းက တဒင်္ဂသာယာမှုကိုကျော်လွားဖို့ ကူညီပေးတယ်။ Phyo Paing @ Derek

ကိုယ့်ကိုကိုယ် နောင်တရစေတဲ့
အလုပ်တွေ မလုပ်ပါနဲ့။
Read More »

Rules စည်းမျဉ်း

တရွာမပြောင်း သူကောင်းမဖြစ်။သေချင်တဲ့ကျားတောပြောင်း။ အခွင့်အရေးတစ်ခုလာရင် “Yes” လို့အရင်ပြောလိုက် နောက်မှဘယ်လိုလုပ်ရမလဲ ရှာဖွေလို့Richard Branson က ပြောတယ်။ အရမ်းအောင်မြင်တဲ့သူတိုင်းကအရာရာနီးပါးကို “No” လို့ပြောတယ်လို့Warren Buffet က ပြောတယ်။ ကိုယ်ချစ်တဲ့အလုပ်ကိုလုပ်ပါလို့Steve Jobs က ပြောတယ်။ကိုယ်ချစ်တာမလုပ်နဲ့ကိုယ်အားသာတာကိုပဲလုပ်လို့Mark Cuban က ပြောတယ်။ ဘယ်သူ့စကားနားထောင်မလဲ။ ကိုယ်ရောက်နေတဲ့အဆင့်ပေါ်မူတည်ပြီးကိုယ်သတ်မှတ်ထားတဲ့ စည်းမျဉ်းကိုလိုက်နာရမှာပဲ။ဒီစည်းမျဉ်းကလဲ အလုပ်ဖြစ်လားလေ့လာနေဖို့ အရေးကြီးတယ်။ Phyo Paing @ Derek

Rules စည်းမျဉ်း Read More »

ကိုယ့်ကိုကိုယ် ပြန်ပြောမိတယ်
ရေတိုမကြည့်နဲ့။ စိတ်ရှည်ရှည် သွေးအေးအေးနဲ့ တစ်လှမ်းချင်းသွား။

ဒါလေးလုပ်ကြည့်ကြည့် Google မှာMarketing MyanmarMarketing In MyanmarDigital Marketing In MyanmarMarketing Myanmar Tik TokMarketing Trainer in MyanmarMarketing Plan in Myanmarဒါတွေရိုက်ရှာတဲ့အခါဘယ်သူ့ video ကိုတွေ့လဲ ပြောကြည့်ကြည့်။ ဒီလို ဖြစ်ဖို့ ကြိုတင်ပြင်ဆင်မှုလိုတယ်။မဟာဗျူဟာလိုတယ်။အဲ့လို လုပ်ဖို့ စိတ်ရှည်ဖို့လိုတယ်။ ဘဝဆိုတာတစ်နှစ်၊ နှစ်နှစ် ကစားရတဲ့ပြိုင်ပွဲဆယ်နှစ်၊ နှစ်နှစ်ဆယ်၊ သုံးလေးငါးဆယ်ကစားတဲ့ပွဲပဲ။ အောင်မြင်မှုဆိုတာ အိမ်ငှါးသလိုပဲ။အိမ်ငှါးခမပေးနိုင်ရင်ကန်ချခံရမယ်။ ကိုယ့်ကိုကိုယ် ပြန်ပြောမိတယ်ရေတိုမကြည့်နဲ့။စိတ်ရှည်ရှည် သွေးအေးအေးနဲ့တစ်လှမ်းချင်းသွား။ Phyo Paing @ Derek

ကိုယ့်ကိုကိုယ် ပြန်ပြောမိတယ်
ရေတိုမကြည့်နဲ့။ စိတ်ရှည်ရှည် သွေးအေးအေးနဲ့ တစ်လှမ်းချင်းသွား။
Read More »

အပျော့စား performance နဲ့
Comfort zone ထဲက ထွက်လို့မရဘူး။

ဇီဝကမ္မဖြစ်စဉ်ကို hacking လုပ်ဖို့ကကျွန်တော့် dream list ထဲမှာပါတယ်။ဒီလိုကာလမှာ hormone အပြောင်းအလဲကိုလိုချင်သလို ကစားပြီး စိတ်အခြေအနေကိုတည်ဆောက်လို့ရတယ်။ Testosterone level ကိုမြင့်တော့လူက aggressive ဖြစ်လာမယ်။Neuro-transmitter တွေပိုထွက်စေပြီးစွမ်းဆောင်ရည်ပိုမြင့်စေတယ်။Oxytocin, Endorphins နဲ့ SerotoninsGood hormone တွေထွက်ဖို့နည်းစနစ်တွေလိုတယ်။ အပျော့စား performance နဲ့Comfort zone ထဲက ထွက်လို့မရဘူး။ Phyo Paing @ Derek

အပျော့စား performance နဲ့
Comfort zone ထဲက ထွက်လို့မရဘူး။
Read More »

ကိုယ့် Dream List ကို အာရုံစိုက်ပါ။

အနာဂတ်တွေ ရင်ခုန်စရာကောင်းမှရှင်သန်ရတာ လတ်ဆတ်မှာ။ ဒီလို လတ်ဆတ်ဖို့ သာမာန်လူတွေမလုပ်တဲ့ အရာတွေ လုပ်ဖို့လိုတယ်။သာမာန်လူအများစုဟာပစ္စုပ္ပန် ပြဿနာတွေနဲ့ တိုင်ပတ်နေကြတယ်။သူတို့ဘဝ လတ်ဆတ်မှုမရှိကြဘူး။ ဘယ်လို အခြေအနေမျိုးမှာဖြစ်ဖြစ်ကိုယ့်ရဲ့ စိတ်ကို ခရီးကြမ်းမှာ အာရုံမစိုက်ပဲပန်းတိုင်ကို အာရုံစိုက်ဖို့လိုတယ်။ ပန်းတိုင်ကို သွားတဲ့လမ်းခရီးကမှတ်တိုင်ရောက်တိုင်း ဂုဏ်ယူနိုင်ဖို့လိုတယ်။ဒီအတွက် ကိုယ့်ဘဝရဲ့ dream list လိုတယ်။ ကျွန်တော့်ရဲ့ dream list ကိုဘယ် မအလ မှ လာလွမ်းမိုးလို့မရဘူး။ Phyo Paing @ Derek

ကိုယ့် Dream List ကို အာရုံစိုက်ပါ။ Read More »

ကိုယ့်ရဲ့ biological clock ကို
productivity အတွက်
အကောင်းဆုံးအသုံးချတတ်ရင် ရွှေပဲ။

မနက်လေးနာရီထနေကျဆိုနိုးစက်မလိုပဲထတာ။အရင်နှစ် April တုန်းကဆိုအင်တာနက်တွေဖြတ်အိမ်ထဲကမထွက်တဲ့အတွက်နေ့နဲ့ညတွေမှားနေနိုင်တာဒါက ခန္ဓာကိုယ်ရဲ့ဖြစ်စဥ်circadian rhythm ဆိုတဲ့အချက်ကြောင့်ဖြစ်တယ်။ တကယ်လို့ ကိုယ်ကဖျားလို့တစ်ခုခုကြောင့် အဲ့စနစ်ပျက်သွားရင်အချိန်လေးပေးပြီးပြန်တည်ဆောက်လို့ရတယ်။ ကိုယ့်ရဲ့ biological clock ကိုproductivity အတွက်အကောင်းဆုံးအသုံးချတတ်ရင် ရွှေပဲ။ တချို့သုတေသနလုပ်ပြီးထားခေတ်ပညာတွေကို အသုံးမချတာနေ့စဥ်ရှုံးနေတာနဲ့ အတူတူပဲ။ Phyo Paing @ Derek

ကိုယ့်ရဲ့ biological clock ကို
productivity အတွက်
အကောင်းဆုံးအသုံးချတတ်ရင် ရွှေပဲ။
Read More »

ဘဝမှာ အလုပ်ဖြစ်တဲ့ Formula တွေ လိုတယ်။

ဆယ်တန်းတုန်းက စာမကျက်အလေလိုက်ပြီး နေလာတာစာမေးပွဲဖြေဖို့ နှစ်လလောက်နေတော့စဥ်းစားမိတယ်။တကယ်လို့သာ ဆယ်တန်းရလဒ်မကောင်းခဲ့ရင် ကိုယ့်ဘဝဘာဖြစ်မလဲ။ ဒါနဲ့ နှစ်လလောက်အတွင်းမှာဘာသာရပ်တိုင်းအတွက် Formula ထုတ်တယ်။သင်္ချာဆို အချိန်း ၈ circle ထိနောက် အခန်း ၁၂ differentiation တွေကျLearner’s Choice ထဲကMultiple Choice တွေလုပ်တယ်။Biology ကိုလဲအပင်အကြောင်းတွေကျော်ပြီးRabbit အခန်းက စလေ့လာတယ်။​ဒီလိုဆေးကျောင်းရောက်သွားတယ်။​ ကိုယ်ကစီးပွားရေးလုပ်ချင်တာဒါပေမယ့် ဘွဲ့ကမရလို့ကမဖြစ်ဘူး။ဒီတော့ တစ်နှစ်တစ်တန်းမှန်မှန်အောင်အောင်နည်းလမ်းရှာရပြန်တယ်။​ ဒီလို နည်းလမ်းရှာကနေ သူငယ်ချင်းတွေကကျွန်တော့်ကို Formula Man လို့ခေါ်လာကြတယ်။ Formula Man လိို့ခေါ်တာတစ်ခုခုလုပ်တော့မယ်ဆို လေ့လာပြီးအလွယ်ကူဆုံး Formula ထုတ်လို့လို့ပြောတယ်။ ကမ္ဘာပေါ်ကိုရောက်ရှိလာတာ ဒီနေ့ဆိုရက်ပေါင်း ၁၂၁၁၁ ရက်ရှိပြီဆိုတော့သင်ခန်းစာတွေလဲ တော်တော်များများရနေပြီးပြီလို့ယူဆတယ်။ ဘဝရဲ့ မတူညီတဲ့အစိတ်အပိုင်းတွေအတွက်Formula အချို့လဲ ရှိနေတယ်။ဒီ Formula တွေကို ပိုကောင်းအောင်လုပ်သွားရမယ်။ ကိုယ့်ဘဝမှာ အလုပ်ဖြစ်တာတွေထပ်ခါထပ်ခါ ဖြစ်နေတဲ့Formula

ဘဝမှာ အလုပ်ဖြစ်တဲ့ Formula တွေ လိုတယ်။ Read More »

ကိုယ်မကြိုက်ရင် အများကြီးမစဉ်းစားနဲ့ BTA ပဲ။

ကျွန်တော့်ရဲ့ social mediainfluencing strategy တစ်ခုကတော့Ban them all (BTA) ပဲ။ ကိုယ့်ဖောက်သည်က ကိုယ်ပဲ။ကိုယ်ပျော်မှ တခြားသူကိုပျော်အောင်ထားနိုင်မှာ။ ကိုယ့်ဆီအမှိုက်ထုပ်လာအပစ်မခံနိုင်ဘူး။ ကိုယ်မကြိုက်ရင်အများကြီးမစဉ်းစားနဲ့BTA ပဲ။ ဒီလို Ban လို့ရတဲ့အခွင့်အရေးကို သာမာန်Facebook user တွေ မရထားဘူး။Page ပိုင်ရှင်ပဲရထားတယ်။ ဒါကြောင့် ကိုယ့် Page ပေါင်းများစွာမှာဘူကောင်ကင်းစင်နေတာ။ Phyo Paing @ Derek

ကိုယ်မကြိုက်ရင် အများကြီးမစဉ်းစားနဲ့ BTA ပဲ။ Read More »

Differentiate or Die

သာမန် လူတွေကို ရောင်းဖို့သာမန် ကုန်ပစ္စည်းတွေ မထုတ်ပါနဲ့။ဒါဒီနေ့ခေတ်ရဲ့ မားကတ်တင်းအတွေးအခေါ်ဖြစ်တယ်။ သာမန်လူတွေအတွက်သာမန်ကုန်ပစ္စည်းတွေထုတ်ခြင်းဟာရှုံးနိမ့်မှုရဲ့ ရှေ့ပြေးပဲလို့ဆိုကြတယ်။ သာမန် ဖုန်းဆိုင်၊ သာမန်လက်ဖက်ရည်ဆိုင်သာမန်စားသောက်ဆိုင်၊ သာမန်အထည်ဆိုင်သာမန် လက်ဝတ်ရတနာဆိုင်ဒီသာမန် ကုန်ပစ္စည်းရောင်းတဲ့သာမန်ဆိုင်တွေက ပုံစံတူတွေဖြစ်နေတယ်။ စီးပွါးရေးလုပ်ငန်းမှာ ထူးရင်ထူးမထူးရင်း အဆင်မပြေလို့မျက်စံပြူးမယ်။Differentiate or Die ပဲ။ ထူးဖို့ ကိုယ်လုပ်တဲ့အလုပ်ကိုရူးသွပ်ဖို့လိုတယ်။ဆရာကျအောင် လေ့လာနေဖို့လိုတယ်။တီထွင်ဆန်းသစ်ဖို့လိုတယ်။ Business Model နဲ့ထူးအောင်လုပ်မှာလား။ကုန်ပစ္စည်းနဲ့လား၊ဝန်ဆောင်မှုနဲ့လား၊စျေးနှုန်းနဲ့လား၊Marketing လုပ်တဲ့ပုံစံနဲ့လား။ Phyo Paing @ Derek

Differentiate or Die Read More »