action

မလိုချင်တာတွေပဲ ကာယကံ၊ ဝဇီကံ၊ မနောကံနဲ့ တွေးနေ၊ ပြောနေ၊ လုပ်နေရင် မလိုချင်တာတွေပဲ ရောက်လာနိုင်တယ်။

ကျွန်တော် ခိုလိုညည်းပြီးဘေးထိုင်ဘုပြောတာကိုမကြိုက်ဘူး။ ရည်မှန်းချက်ပန်းတိုင်တွေချပြီးဖြစ်အောင်လုပ်ရတာကြိုက်တယ်။ ကိုယ့်ကိုကိုယ် ဂုဏ်ယူတဲ့အလုပ်တွေနေ့တိုင်းလုပ်ရတာကြိုက်တယ်။ ဒီလိုစာတွေရေးပြီး တချို့မိတ်ဆွေတွေအကျိုးရှိတယ်ဆိုပြီး အပြင်မှာတွေ့တိုင်းကျေးဇူးလာတင်တဲ့အခါတိုင်းပီတိဖြစ်စေတယ်။Message တွေ ထောင်ချီပို့ပြီးကျေးဇူးတင်တဲ့အတွက် ပီတိဖြစ်ရတယ်။ မလိုချင်တာတွေပဲ ကာယကံ၊ ဝဇီကံ၊ မနောကံနဲ့တွေးနေ၊ ပြောနေ၊ လုပ်နေရင်မလိုချင်တာတွေပဲ ရောက်လာနိုင်တယ်။ လိုချင်တာတွေကိုပိုတွေးပိုပြော၊ ပိုလုပ်ပါ။ Phyo Paing @ Derek

မလိုချင်တာတွေပဲ ကာယကံ၊ ဝဇီကံ၊ မနောကံနဲ့ တွေးနေ၊ ပြောနေ၊ လုပ်နေရင် မလိုချင်တာတွေပဲ ရောက်လာနိုင်တယ်။ Read More »

ကိုယ့်ကိုကိုယ် ဂုဏ်ယူရမည့်အလုပ်တွေ နေ့တိုင်းလုပ်ပါ။

Content as a service စမယ်ဆိုတာထက်ကိုယ့်ကိုကိုယ် challenge ခေါ်တဲ့အနေနဲ့တစ်ရက်တစ်အုပ် စာဖတ်မယ်။Note ထုတ်မယ်။Video ရိုက်ပြန်ပြောပြမယ်။ကိုယ်လဲပိုမှတ်မိမယ်။တခြားသူတွေလဲ လေ့လာလို့ရမယ်။ကိုယ်ဖတ်ချင်တဲ့စာအုပ်ဖတ်မယ်။ဘယ်လောက်ထိသွားနိုင်မလဲကြည့်မယ်ဆိုပြီး စခဲ့တယ်။ ကြားထဲ Omicron ဖြစ်တဲ့အချိန်မနည်းရုန်ကန်ထရတယ်။ခေါင်းတွေမူး၊ အားမရှိ၊အသံမထွက်တဲ့ ဒဏ်တွေကြားRoutine ကို မဖြစ်ဖြစ်အောင်လုပ်မယ်ဆိုပြီးကျော်ဖြတ်ခဲ့တယ်။ ဒီနေ့တော့ ရက်ပေါင်း ၁၅၀ ပြည့်ပြီ။ကိုယ့်ကိုကိုယ် ဂုဏ်ယူရမည့်အလုပ်တွေနေ့တိုင်းလုပ်ပါ။ Phyo Paing @ Derek

ကိုယ့်ကိုကိုယ် ဂုဏ်ယူရမည့်အလုပ်တွေ နေ့တိုင်းလုပ်ပါ။ Read More »

သာမာန် ၈၀% သောအချိန်က ပြင်ဆင်မှုပဲ။

အခွင့်အရေးလာရင် ready ဖြစ်အောင်ဘာသာစကား၊ ကျွမ်းကျင်အသက်မွေးမှုပညာ၊လူကြောနပ်ဖို့၊ network တည်ဆောက်ရေးစီးပွါးရေးပညာတွေ ပြင်ဆင်ရတယ်။၂၀%က အခွင့်အရေးလာတဲ့အခါအမိအရဖမ်းဆုပ်ကြတယ်။မေးခွန်းက ခင်ဗျာက စိတ်ရှည်တဲ့သူလား။ဆယ်နှစ်၊ နှစ် နှစ်ဆယ်time frame စောင့်နိုင်သူလား။ခဏတာကိစ္စတွေနဲ့ ယောင်နေတတ်တဲ့သူလား။ Phyo Paing @ Derek

သာမာန် ၈၀% သောအချိန်က ပြင်ဆင်မှုပဲ။ Read More »

ပတ်ဝန်းကျင်ကို မကြိုက်ရင်
ပြောင်းလို့ရတယ်။
Relationship တစ်ခုကိုမကြိုက်ရင်ပြောင်းလို့ရတယ်။
ကိုယ့်ကိုကိုယ်မကြိုက်ရင်လဲ
ပြောင်းလို့ရတယ်။

တည်ဆောက်ခဲ့သမျှ စွန့်လွတ်ရဲဖို့ဆိုတာကိုယ့်ကိုကိုယ် အဖိုးတန်အောင်တည်ဆောက်ယူထားမှ ရမှာ။ဒီနေ့လေ့လာထားသမျှကိုယ့်ကိုကိုယ် ရင်းနှီးထားသမျှကဘယ်နေရာရောက်ရောက် ကိုယ်နဲ့ပါသွားမှာ။ ဒါကြောင့် ဝါရင်ဘူဖေးကအကောင်းဆုံးရင်းနှီးမြုပ်နှံမှုကကိုယ့်ကိုကိုယ်ပဲတဲ့။ဒါက ကမ္ဘာ့ပထမ ရင်းနှီးမြုပ်နှံတဲ့ဂုရုသူကြွယ် ပြောတာနော်။ကိုယ့်ကိုကိုယ် တိုးတက်အောင်တစ်ရက်ဘယ်နှစ်နာရီ ရင်းနှီးမြုပ်နှံဖြစ်လဲ။ ပတ်ဝန်းကျင်ကို မကြိုက်ရင်ပြောင်းလို့ရတယ်။Relationship တစ်ခုကိုမကြိုက်ရင်ပြောင်းလို့ရတယ်။ကိုယ့်ကိုကိုယ်မကြိုက်ရင်လဲပြောင်းလို့ရတယ်။ အပြောင်းအလဲတစ်ခုအတွက်အချိန်ပေးပြင်ဆင်ဖို့လိုသလိုနေ့စဉ်ဖြေးဖြေးပြောင်းလဲရတာဖြစ်တဲ့အတွက် တစ်ရက်ရဲ့စွမ်းပကားကို လျော့တွက်လို့မရဘူး။ Phyo Paing @ Derek

ပတ်ဝန်းကျင်ကို မကြိုက်ရင်
ပြောင်းလို့ရတယ်။
Relationship တစ်ခုကိုမကြိုက်ရင်ပြောင်းလို့ရတယ်။
ကိုယ့်ကိုကိုယ်မကြိုက်ရင်လဲ
ပြောင်းလို့ရတယ်။
Read More »

အနိုင်ဆိုတာ စွဲလမ်းစေတယ်။

ကျောင်းမှာ အဆင့် ၁၊ ၂၊ ၃ ပြိုင်တဲ့အခါ၊အဆောင်မှာ ဘယ်သူဂုဏ်ထူးဘယ်နှစ်ခုထွက်လဲ ပြိုင်တဲ့အခါအလုပ်ခွင်မှာ ကိုယ့်ရဲ့စွမ်းဆောင်ရည်ပြိုင်ဆိုင်တဲ့အခါ၊လုပ်ငန်းမှာ ဘယ်သူပိုရှေ့ရောက်လဲပြိုင်တဲ့အခါတဖြည်းဖြည်းနားလည်လာတာပြိုင်ဆိုင်မှုတစ်ခုမှာ အနိုင်ရတာများလာတဲ့အခါ ဒီခံစားချက်ကAddictive ဖြစ်လာတယ်။ Phyo Paing @ Derek

အနိုင်ဆိုတာ စွဲလမ်းစေတယ်။ Read More »

တစ်ရက်တစ်ရက် ကိုယ့်အတွက်ကိုယ် လေးငါးနာရီလောက်တော့
အချိန်ပေးဖို့လိုတယ်။

4-9 AM က တစ်ရက်တာအလုပ်တွေ မလုပ်ခင်ကိုယ့်ကိုကိုယ် training ဆင်းတဲ့အချိန်ပဲ။ စာဖတ်၊ တရားထိုင်၊ ဘာသာစကားလေ့ကျင့်၊သက်ဆိုင်ရာပညာရပ်လေ့လာ၊လေ့ကျင့်ခန်းလုပ်၊ကိုယ့်လုပ်ရပ်တွေကို ပြန်လည်သုံးသပ်၊အနာဂတ်အတွက်အချိန်ပေးစဉ်းစားတဲ့အချိန်ပဲ။ တစ်ရက်တစ်ရက် ကိုယ့်အတွက်ကိုယ်လေးငါးနာရီလောက်တော့အချိန်ပေးဖို့လိုတယ်။ ဒီလိုအချိန်ပေးနိုင်ဖို့ အလုပ်ကိုသေချာစနစ်ချ design လုပ်ဖို့လိုတယ်။ဒါကို lifestyle design လို့ခေါ်တယ်။ Phyo Paing @ Derek

တစ်ရက်တစ်ရက် ကိုယ့်အတွက်ကိုယ် လေးငါးနာရီလောက်တော့
အချိန်ပေးဖို့လိုတယ်။
Read More »

အိမ်စာလုပ်မှရမယ်။

ဥာဏ်ပဲကောင်းနေလို့မရဘူး။အိမ်စာလုပ်ဖို့လဲလိုတယ်။အိမ်စာမလုပ်ရင်နောက်တစ်တန်းတက်မှာမလုပ်ဘူး။တိုင်ပတ်နေကျ ပြဿနာပဲပြန်တက်နေရင် တစ်ခုခုတော့ မှားနေပြီ။မနေ့ကပြဿနာက ဒီနေ့အတွက်ကလေးကစားစရာဖြစ်နေဖို့ကအိမ်စာလုပ်မှရမယ်။ Phyo Paing @ Derek

အိမ်စာလုပ်မှရမယ်။ Read More »

Progress

မတိုးတက်တဲ့သူတစ်ယောက်ကကိုယ်နဲ့လက်တွဲလုပ်တဲ့သူတွေကိုယ်ထက်သာသွားမှာကြောက်တတ်တယ်။တိုးတက်မှု မြန်နှုန်းမြင့်တဲ့သူတွေကျကိုယ်နဲ့လက်တွဲလုပ်သူတွေတိုးတက်မှုနှေးပြီး ကျန်ခဲ့မှာပဲစိုးရိမ်တတ်တယ်။ Phyo Paing @ Derek

Progress Read More »