action

ဘာတစ်ခုမှ အဆင်မပြေဘူးလား?

အဆုံးထိ ဖတ်ကြည့်ကြည့်ပါ။ Covid-19 ကာကွယ်ဆေးကလဲမထိုးရသေးဘူး။တရုတ်ဆေးတွေကလဲ စိတ်ချရမလားမသိဘူး။Cold Chain ကလဲ မကောင်းဘူး။ နိုင်ငံရေးပြဿနာတွေကြောင့် အလုပ်ကလုပ်လို့မရဘူး။ကြော်ငြာရင်ကလဲ အဆဲခံရမလားမသိဘူး။ အနာဂတ်အတွက် ရင်လေးလိုက်တာ။ ကံကလဲ ဆိုးလိုက်တာ။ လောကငရဲပဲ။ ဒါတွေအကုန်လုံး ဒီ မအလ ကြောင့်။ Internet လိုင်တွေက ဘယ်အချိိန်ပိတ်မလဲ စိုးရိမ်နေရတယ်။ငွေစျေးတွေကလဲ တက်လိုက်တာ။ ဒီလိုဆို စီးပွားရေး မလုပ်နဲ့တော့။ ခေတ်ကာလကလဲ ကြာလေမကောင်းလေ။ နိုင်ငံတကာ ကုမ္ပဏီတွေကလဲထွက်ကုန်ပြီ။အလုပ်အကိုင်အခွင့်အလမ်းတွေကလဲ ရှားလိုက်တာ။ နိုင်ငံခြားထွက် အလုပ်လုပ်ရအောင်လဲ သူ့နိုင်ငံမှာတင် အလုပ်တွေက ရှားနေတာ။ လုပ်ငန်းတွေကလဲ တစ်ခုပြီးတစ်ခုပြုတ်ပြုတ်ဖြုန်းနေတာ။ လူတွေက ငွေသိပ်မသုံးနိုင်တော့ဘူး။ အားလုံးက စိတ်ညစ်စရာကြီး။ ဘဝကြီးက သွားပြီ။ အဲ့လို စဥ်းစားမှု looping ပတ်နေရင် တိုင်ပတ်မှုအပေါင်း သရဖူးဆောင်းပြီးဝင်္ကဘာထဲက ထွက်နိုင်မှာ မဟုတ်ဘူး။ ဒါကြောင့် […]

ဘာတစ်ခုမှ အဆင်မပြေဘူးလား? Read More »

Monkey Brain, Robot Brain and Sage Brain ဒီဦးနှောက်သုံးခုကို သေချာအသုံးချဖို့လိုတယ်။

ဖုန်း ၁၄ ရက်လောက်မသုံးရတော့ စိတ်များတဲ့ monkey brain အလုပ်လုပ်တာinstant gratification လုပ်တာနည်းသွားတယ်။ လူတွေရဲ့ ဦးနှောက်မှာ အသစ်အသစ်တွေကို စူးစမ်းခြင်စိတ်မတည်ငြိမ်၊ ရင်ခုန်မှုကိုဖြစ်ချင်တဲ့ monkey brain ဆိုတာရှိတယ်။ နောက် နေ့စဥ်နိစ္စဓူဝ လုပ်နေတဲ့အခါအသုံးပြုတဲ့ robot brain ဆိုတာရှိတယ်။ သွားနေကျ၊ လုပ်နေကျနဲ့သက်ဆိုင်တဲ့ ဦးနှောက်။ နောက်ဆုံးတစ်ခုကတော့ sage brain ဖြစ်ပါတယ်။ပညာရှိဦးနှောက်ဆိုပါတော့။ logic တို့၊ deep thinking လုပ်တဲ့အခါ အသုံးပြုတဲ့ ဦးနှောက်။ ဒါကြောင့် စာရေးနေတဲ့အခါ၊ စာဖတ်ပြီးစူးစိတ်စဥ်းစားနေတဲ့အခါဒီဦးနှောက် ကအလုပ်လုပ်တယ်။ ဒါကြောင့် Tim Ferriss က Social media အသုံးပြုရင်တောင် ဖုန်းနဲ့မသုံးဘူး။ လူတွေကို စွဲလမ်းအောင် monkey brain ရောက်အောင်billion နဲ့ချီအသုံးပြုထားလို့။

Monkey Brain, Robot Brain and Sage Brain ဒီဦးနှောက်သုံးခုကို သေချာအသုံးချဖို့လိုတယ်။ Read More »

မနက်ဖြန်ရဲ့ ပြဿနာကို ကြိုတင်ဖြေရှင်းထားမယ်ဆို လက်ရှိပြဿနာတွေ ဒီနေ့ထက်ပိုနည်းနေမှာ အမှန်ပဲ။

၂၀ ကျော်မှာ ၂၅ အထက်အလုပ်လုပ်တဲ့အခါလိုအပ်တဲ့ ကျွမ်းကျင်မှု ပြုစုပျိုးထောင်ထားတာမျိုး။ ၃၀ မတိုင်ခင် လူလတ်ပိုင်းမှာကြုံနိုင်တဲ့ငွေရေးကြေးရေး ကြိုတင်ဖြေရှင်းထားတာမျိုး။ အသက်ကြီး ဘဝနေဝင်ချိန်အတွက်ကြိုတင်ဖြေရှင်းထားတာမျိုး။ Phyo Paing @ Derek

မနက်ဖြန်ရဲ့ ပြဿနာကို ကြိုတင်ဖြေရှင်းထားမယ်ဆို လက်ရှိပြဿနာတွေ ဒီနေ့ထက်ပိုနည်းနေမှာ အမှန်ပဲ။ Read More »

အကောင်းဆုံးက ဘယ်လိုပဲဖြစ်နေနေ
ပုံမှန်ဆက်သွယ်မှုတစ်ခုရှိနေရမှာပဲ။

ငွေပေးပြီး လူတွေဝယ်အောင်လုပ်တာကိုကြော်ငြာ advertising လုပ်ခေါ်ပြီး၊လူတွေနဲ့ပုံမှန် ဆက်သွယ်မှုပြုလုပ်နေတာကိုမားကတ်တင်း marketing communicationsလို့ခေါ်တယ်။ တချို့ စီးပွါးရေးလုပ်ငန်းတွေက အခက်အခဲ ကာလတွေဖြစ်တဲ့ Covid-19 နဲ့ Coup ကာလတွေမှာသုံးလေးငါးလလောက်Communication ကိုရပ်လိုက်ကြပြီး အခြေအကြည့်ပြီးမှ ကြော်ငြာနဲ့ပြန်လာကြတယ်။ ကိုယ်လိုအပ်မှ လာသလိုဖြစ်နေတတ်တယ်။ Phyo Paing @ Derek

အကောင်းဆုံးက ဘယ်လိုပဲဖြစ်နေနေ
ပုံမှန်ဆက်သွယ်မှုတစ်ခုရှိနေရမှာပဲ။
Read More »

တကယ်လို့ အရာရာကို သုညကပြန်စရမယ်ဆို ဘာတွေလုပ်မလဲဆိုတဲ့ အတွေးပါ။ အရာရာကို ပြင်ဆင်ထားဖို့လိုပါတယ်။

အရင်နှစ်တွေက ကိုယ့်ကိုကိုယ် note အနေနဲ့ရေးထားတာ၊ ပြန်မျှဝေပေးလိုက်ပါတယ်။ Rule 1 – မနှိုင်းယှဥ်ပါနဲ့။ သူများနဲ့ နှိုင်းယှဥ်တဲ့အခါ ကိုယ့်ကိုကိုယ် express လုပ်ဖို့ မေ့သွားတတ်တယ်။ လူတစ်ယောက်နဲ့တစ်ယောက်သွားတဲ့လမ်းကြောင်း Career inspiration နဲ့ Dream တွေ၊ Talent တွေမတူတဲ့အတွက် ကိုယ်နဲ့တစ်ခြားသူနဲ့ မနှိုင်းယှဥ်ပါနဲ့. Rule 2 – ကိုယ့်ကိုကိုယ် အပြစ်မတင်ပါနဲ့။ တစ်ခုခုအမှားလုပ်မိတိုင်း ကိုယ့်ကိုကိုယ်အပြစ်တင်ဖူးလား။ ကျွန်တော်ငယ်စဥ်အခါက အမြဲအပြစ်တင်ဖူးတယ်။ ဒါက အကျင့်ကြီးတစ်ခုလိုဖြစ်လာခဲ့ဖူးတယ်။ နောက်တော့ ကိုယ့်ကိုကိုယ်ချစ်တဲ့စိတ်နဲ့ပဲကြည့်တယ်။ ခွင့်လွတ်တယ်။ အားပေးတယ်။ အပြစ်တင်မည့်အစား သင်ခန်းစာယူတယ်။ Rule 3 – ကိုယ့်ကိုကိုယ်သိအောင်လုပ်ပါ။ ဆယ်ကျော်သက်အရွယ်က ကိုယ့်ကိုကိုယ်သိဖို့ မလွယ်သေးဘူး။ Self-awareness လို့ဆိုပါတော့။ ကိုယ့်ရဲ့ အားသာချက်၊ အားနည်းချက်၊ ကိုယ့်ကို

တကယ်လို့ အရာရာကို သုညကပြန်စရမယ်ဆို ဘာတွေလုပ်မလဲဆိုတဲ့ အတွေးပါ။ အရာရာကို ပြင်ဆင်ထားဖို့လိုပါတယ်။ Read More »

ရည်ရွယ်ချက်

ဆန္ဒပြတဲ့ ရည်ရွယ်ချက်က လုပ်ရပ်တစ်ခု၊ အိုင်ဒီယာတစ်ခုကိုသဘောမတူ ဆန့်ကျင်ကြောင်းဆန္ဒထုတ်ဖော်တာဖြစ်ပါတယ်။ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်တဲ့ပြည်သူပြည်သားတွေကို ရက်စက်စွာပစ်ခတ် နှိမ်နင်းတာကိုပြည်သူတစ်ယောက်အနေနဲ့ ရှုံ့ချပါတယ်။ မတရားမှုကို မတရားကြောင်းရပ်တည်ရဲတဲ့ တစ်ဦးတစ်ယောက်ချင်းစီကိုလေးစားပါတယ်။နောင်လာမည့် မျိုးဆက်သစ်တွေကိုမဟုတ်တာကို ရေငုံပိတ်ပြီးခေါင်းငြိမ့်တဲ့ မျိုးဆက်မျိုးမဖြစ်စေရဘူး။ #MilkTeaAlliance #JusticeOfMyanmar

ရည်ရွယ်ချက် Read More »

ကျောင်းမှာ မသင်ပေးလိုက်တဲ့ Life skill

၁။ ကိုယ့် emotion ကို အကောင်းဆုံးအသုံးချပြီးရည်မှန်းချက်ပန်းတိုင်တွေ အကောင်အထည်ဖော်ဖို့၊ ၂။ လူတွေနဲ့ ပေါင်းသင်းဆက်ဆံတတ်ဖို့၊ ၃။ ကိုယ့် idea ကို လူရှေ့သူရှေ့မှာချပြတတ်ဖို့ လူရှေ့စကားပြောဟောနည်း ပြောနည်းအတတ်ပညာ၊ ၄။ ငွေကြေးစီမံခန့်ခွဲတတ်ဖို့ Cashflow၊ Asset နဲ့ Liability ကိုစီမံတတ်ဖို့၊ ၅။ ကိုယ့်ရဲ့ စွမ်းဆောင်ရည်မြင့်အောင်အချိန်စီမံခန့်ခွဲတတ်ဖို့၊ ၆။ ပြဿနာတစ်ခုကို အကောင်းဆုံးနည်းလမ်းနဲ့ချည်းကပ်ဖြေရှင်းနိုင်ဖို့ ၇။ သတင်းအချက်အလက်တွေကို အကောင်းဆုံးရှာဖွေအသုံးချနိုင်ဖို့အင်္ဂလိပ်စာ ၈။ အခြေခံနည်းပညာနဲ့ အိုင်တီပစ္စည်းတွေအသုံးပြုနိုင်စွမ်း။ Phyo Paing @ Derek

ကျောင်းမှာ မသင်ပေးလိုက်တဲ့ Life skill Read More »

ကျွန်တော် သေဆုံးသွားခဲ့တယ်။

ဆေးပညာမှာ Aptosis ဆိုတဲ့ စကားလုံး တစ်လုံးရှိတယ်။ အလွယ်တကူပြောမယ်ဆိုရင်programmed cell death.တစ်ရက်ကို လူကြီးကလေးပေါ်မူတည်ပြီး cell ပေါင်း 20 – 60 billionနေ့စဉ်သေနေတယ်။ ဦးနှောက် cell ကလွဲပြီး ကျန် cell တွေက အစားထိုးခံနေရတယ်။ လွန်ခဲ့တဲ့ ဆယ်နှစ်က သင်နဲ့လက်ရှိသင်နဲ့မတူတော့ဘူး။ ဒါပေမယ့် အတိတ်ရဲ့ အရိပ်တွေက လွမ်းမိုးနေတုန်း။ ဒါကို Remembering လို့ခေါ်ပါတယ်။ဒီကနေ Identity တစ်ခုဖြစ်နေတယ်။ ကိုယ့်ကို ကိုယ်ပြောင်းဖို့ အတိတ်ရဲ့အရိပ်တွေကို ဖယ်ချသင့်ရင်ဖယ်ချရပါမယ်။ Identity အသစ်ပြောင်းရပါတယ်။ 2013 မှာ ကျွန်တော်သေဆုံးသွားခဲ့တယ်။ Phyo Paing @ Derek

ကျွန်တော် သေဆုံးသွားခဲ့တယ်။ Read More »

အမှားလုပ်မိတာ လူ့သဘာဝပဲ။

အိုင်းစတိုင်းသည် နူးကလိယစွမ်းအင်ဆိုတာ ဘယ်လိုမှ ထုတ်ယူနိုင်မှာ မဟုတ်ဘူးလို့ဆိုခဲ့ဖူးတယ်။ IBM Chairman Thomas Watson ကကမ္ဘာ့ Computer စျေးကွက်ဟာကွန်ပျူတာငါးလုံးသာရောင်းရနိုင်တယ်လို့ခန့်မှန်းခဲ့ဖူးတယ်။ William Preece, British Post Office ကအမေရိကန်တွေကသာ Telephone လိုတာငါတို့မှာ messenger boy တွေရှိတဲ့အတွက် မလိုဘူးလို့ဆိုခဲ့ဖူးတယ်။ Lessonsနာမည်ကြီးပုဂ္ဂိုလ်တွေတောင်လူအများသိတဲ့ အမှားတွေပြောဖူးဆိုဖူးကြတယ်။အမှားတွေလုပ်မိမှာကြောက်ပြီးအလုပ်မလုပ်မိတာမျိုးမဖြစ်ပါစေနဲ့။ Phyo Paing @ Derek

အမှားလုပ်မိတာ လူ့သဘာဝပဲ။ Read More »

FAB အလွန် (Features, Advantage, Benefits)

အရောင်းသမားတွေအနေနဲ့ ပစ္စည်းရောင်းတဲ့အခါBenefit တွေကိုပဲထိုင်ပြောနေတာထက်Category ခွဲပြောရောင်းတတ်ဖို့အရေးကြီးတယ်။ ဥပမာ အဝတ်လျှော်စက်ရောင်းမယ်ဆိုပါတော့ ၁။ သူက စွမ်းဆောင်ရည်ပိုမြင့်တယ်။ – Motor လည်နှုန်းမြန်တဲ့အတွက် အချိန်ကုန်ပိုသက်သာစေတယ်။ – Size အတူတူပေမယ့်အတွင်းမှာပိုကျယ်လို့ အဝတ်ပိုထည့်လို့ရတယ်။ ၂။ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းမှုစနစ်ပါတယ်။ -ဒါကြောင့် လျှပ်စစ်စားသက်သာတဲ့အတွက် မီတာခလဲသက်သာတယ်။ -သဘာဝပတ်ဝန်းကျင်အတွက် ဒီဇိုင်းထုတ်လုပ်ထားတဲ့အတွက် ပတ်ဝန်းကျင်အတွက်အထောက်အကူပြုတယ်။ FAB အလွန် (Features, Advantage, Benefits) Phyo Paing @ Derek

FAB အလွန် (Features, Advantage, Benefits) Read More »