မသုံးရင် ရှုံးမှာ။
မသုံးရင် ရှုံးမှာ။ဥိးနှောက်ကောင်းချင် ဦးနှောက်ကိုသုံး။စကားပြောကောင်းချင်ရင်စကားပြောစွမ်းရည်ကိုသုံး။ Phyo Paing @ Derek
မသုံးရင် ရှုံးမှာ။ Read More »
မသုံးရင် ရှုံးမှာ။ဥိးနှောက်ကောင်းချင် ဦးနှောက်ကိုသုံး။စကားပြောကောင်းချင်ရင်စကားပြောစွမ်းရည်ကိုသုံး။ Phyo Paing @ Derek
မသုံးရင် ရှုံးမှာ။ Read More »
လောကကြီးသူတို့ကောင်းကျိုးအတွက်သင့်ကို အသုံးချနေတယ်။ KFC, McDonald ကစလို့Cola သကြားရည်နဲ့ လူတွေသောက်သုံးတဲ့အရာတွေကစလို့Facebook, Tik Tok ဒီအရာတွေက သင့်ကိုစွဲလမ်းအောင်လုပ်ထားပြီးSmart Phone Company တွေကသူတို့ဖုန်းသုံးရင် အချိန်ဘယ်လောက်ပိုသုံးတယ်ဒီလိုတောင် တိုင်းတာပြောဆိုကြတယ်။ အရာရာက ကမ္ဘာကြီးတွေရဲ့Profit အမြတ်နောက်လိုက်ရင်းသာမန်လူတွေရဲ့ ဘဝကိုအများကြီးစတေးထားတယ်။ ဒါကြောင့် သာမန်လူတွေကိုဦးနှောက်ဆေးထားတဲ့ လူ့လောကကြီးမှာကိုယ့်အတွက် ကောင်းတာနဲ့ မကောင်းတာဆို မကောင်းတာကိုပိုရွေးချယ်မိတတ်တယ်။ လူအများစုကိုကြည့် မပျော်ဘူး။ လူအများစုကိုကြည့်အကောင်းဆုံး ပုံစံနဲ့စွမ်းရည်မရှိနေဘူး။ လူအများစုကိုကြည့်ကိုယ့်ရဲ့အကောင်းဆုံးအစွမ်းအစကို မထုတ်နိုင်ဘူး။ ဘာကြောင့်လဲဆို အစိုးရဘဲဖြစ်ဖြစ်၊ကမ္ဘာကြီးတွေပဲဖြစ်ဖြစ်၊ စနစ်ကိုဦးဆောင်နေသူပဲဖြစ်ဖြစ်အားလုံးက သင့်အတွက်အရင်စဥ်းစားပေးတာမဟုတ်ပါဘူး။ ကိုယ့်အတွက် ကိုယ်စဥ်းစားဖို့လိုတယ်။ အတုအယောင်တွေကြားမှာယုံကြည်မှုအမှားတွေနဲ့လူတွေကို ထားရာနေစေရာသွားနိုင်ဖို့ ဒီဇိုင်းလုပ်ထားကြတယ်။ ကိုယ့်တာဝန်က ဒါတွေကိုဖောက်ထွက်ပြီးမြင်နိုင်ဖို့။ ကိုယ့်ကို ပလေးနေတဲ့စနစ်ကိုပြန်လည် ပလေးနိုင်ဖို့ အရေးကြီးတာပဲ။ ကိုယ့်ကိုကိုယ် ဂရုစိုက်ဖို့လိုတယ်။ Phyo Paing @ Derek
ကိုယ့်ကိုကိုယ် ဂရုစိုက်ဖို့လိုတယ်။ Read More »
တစ်ရက်စာ။ ဒီတစ်ရက်စာကို အရင်စဥ်းစားတယ်။ ငါနေ့စဥ် ဘယ်လို ဘဝမျိုးနေချင်သလဲ။ ဘယ်လိုမျိုးနေရာမှာဘယ်လိုလူတွေနဲ့ ဝန်းရံမလဲ။ နေ့စဥ် ဘာတွေလုပ်နေချင်သလဲ။တစ်ရက်တာကို ဘယ်လိုခံစားမှုမျိုးနဲ့ဖြတ်သန်းပြီး တစ်ရက်ကုန်သွားတိုင်းကုသိုလ်၊ ဥစ္စာ၊ ပညာဘာတွေကျန်ခဲ့မလဲ။ ဒီလိုနေဖို့အတွက် ကုန်ကျစရိတ်ဘယ်လိုရှိနိုင်မလဲ။ဘယ်လောက်ဝင်ဖို့လိုမလဲ။ တစ်ရက်စာပြီးရင်တစ်သက်စာ စဥ်းစားဖို့လိုလာပြန်တယ်။ ကမ္ဘာကြီးဘယ်လိုအခြေအနေဖြစ်ဖြစ်ကိုယ်ဖြတ်သန်းချင်တဲ့ ဘဝပုံစံဖြစ်တဲ့ဘဝရဲ့ ဇိမ်ခံပစ္စည်း luxury ဖြစ်တဲ့လွတ်လပ်မှုနဲ့ အေးချမ်းမှုရဖို့စိတ်ကို ဘယ်လိုထားဖို့လိုမလဲ။ဘာတွေပြင်ဆင်ဖို့လိုမလဲ။ အနာဂတ်မှာ ကိုယ့်ကို ဒုက္ခပေးနိုင်မည့်အရာတွေကဘာတွေရှိနိုင်မလဲ။ကိုယ့်အတွက် အဆိုးဆုံးဖြစ်နိုင်ခြေဘာတွေရှိနိုင်မလဲ။ဒါတွေကို ဖြစ်လာတဲ့အခါဘယ်လို ရင်ဆိုင်မလဲ။ မဖြစ်အောင် ဘယ်လိုကာကွယ်လို့ရမလဲ။ ဘဝမှာ ကိုယ့်အနာဂတ်ကို define လုပ် အဓိပ္ပာယ်ဖွင့်မည့်အရာကကိုယ့်ဘဝရဲ့ ပုံစံdesign ပဲ။ တစ်သက်စာအတွက်တစ်ရက်စာနဲ့ စတင်ပါ။ Phyo Paing @ Derek
တစ်သက်စာအတွက်
တစ်ရက်စာနဲ့ စတင်ပါ။ Read More »
တန်ဖိုးရှိတဲ့သူဖြစ်အောင်လုပ်။တန်ဖိုးရှိရင် အသုံးဝင်တယ်။အသုံးဝင်တဲ့သူဖြစ်ဖို့လောက အကျိုးပြုဖို့လိုတယ်။ ကိုယ့်အနေနဲ့ လောကအကျိုးဘယ်လိုပြုမလဲ။ Phyo Paing @ Derek
တန်ဖိုးရှိတဲ့သူဖြစ်အောင်လုပ်။ Read More »
ဒီနှစ်ပိုင်းမှာ ကံကောင်းတဲ့သူတွေကိုလေ့လာကြည့်တယ်။ ဘာကြောင့်လဲဆို ကျွန်တော့်ဘဝမှာ လိုချင်တာမှန်သမျှကကြံရဖန်ရ တော်တော်လုပ်ယူရတယ်။ လိုချင်တာတော့ ဖြစ်လာပါရဲ့တော်တော် ရုန်းကန်ရတယ်။ နောက်ရှာထားတာလဲကိုယ့်အတွက် မဖြစ်တာများတယ်။ ဒီတော့ငါတစ်ခုခုတော့လွဲနေပြီစဥ်းစားမိတယ်။ ကံကောင်းတဲ့သူတချို့ကြည့်တဲ့အခါကားလိုချင်လဲ ကား၊ အိမ်လိုချင်လဲ အိမ်၊ငွေလိုချင်လဲ ငွေ။ရုန်းကန်နေစရာမလိုဘူး။ ဥာဏ်ကောင်းလွန်းလို့လားဆိုလဲမဟုတ်ဘူး။ ဒီတော့ သူတို့ကို အသေးစိတ်လေ့လာကြည့်တယ်။ အဲ့ဒီလူတွေမှာ အပူမများဘူး။အပူဘာကြောင့်မများလဲလေ့လာကြည့်တော့သူတပါးကို အပြစ်တင်စိတ်နည်းတယ်။ ဘယ်လိုသိလဲဆို သူတို့စကားပြောတဲ့လေယူလေသိမ်း၊အဖြစ်အပျက်တွေတုန့်ပြန်ပုံကနေသိတယ်။ ကိုယ်ကအမြဲအလိုမကျတတ်တဲ့သူဆိုတော့အမြဲ အပြစ်တင်တတ်တယ်။ကိုယ့်ဝန်ထမ်း၊ ကိုယ့်မိသားစု၊ကိုယ့်ကိုကိုယ်။ ဒီတော့ ဘဝမှာ တော်တော်လေးကြီးတဲ့အပြုအမူအပြောင်းအလဲတစ်ခုစလုပ်ဖြစ်တယ်။ ဒါကတော့ အကုသိုလ်ကံဖြစ်တဲ့အပြစ်တင်စိတ်ကိုဖျောက်တာပဲ။ အပြစ်တင်တယ်ဆိုတာ အကုသိုလ်တစ်ခုပဲ။ အထူးသဖြင့် ကိုယ့်စိတ်ကိုညစ်ညမ်းစေတယ်။ အကုသိုလ်ဆိုတာ မောဟ၊ လောဘ၊ ဒေါသကလာတယ်။ မောဟဆိုတာ အမှန်ကိုမမြင်တာ။ အရာရာ “ငါ” ဆိုတဲ့အရာပေါ်မူတည်ပြီးဖြစ်နေတာ။ ငါ့သား၊ ငါ့သမီး၊ ငါ့ဥစ်စာ။ငါ့ကိုထိတယ်။ ကိလေသာလိုတာထက်များတာ။ကိုယ်နဲ့ထိုက်တန်တာထက်ပိုရချင်တာလောဘ။ ကိုယ်ဖြစ်စေချင်သလို မဖြစ်တဲ့အခါထွက်တဲ့ ဒေါသ။ ဒါတွေက
လောကမှာ ကိုယ်ဖြစ်ချင်တဲ့အတိုင်း
မဖြစ်လာတဲ့အခါမှာ Read More »
မလောနဲ့။ ဒါပေမယ့် သွက်သွက်လုပ်။ စိတ်ရှည်။ဒါပေမယ့် အချိန်မဆွဲနဲ့။ ရည်မှန်းချက်ကြီးပါ။ဒါပေမယ့် လောဘမကြီးနဲ့။ တူမလိုလိုနဲ့ မတူတဲ့ စကားလုံးတွေ။ Phyo Paing @ Derek
မလောနဲ့။
ဒါပေမယ့် သွက်သွက်လုပ်။ Read More »
တစ်ခုကိုပဲလုပ်။ အဲ့တစ်ခုအောင်မြင်ရင်ကိုယ့်ပြိုင်ဖက်တွေကို နောက်ဆယ်နှစ်နေရင်ချန်ထားခဲ့လို့ရမယ်ဆို အဲ့တစ်ခုက ဘာဖြစ်မလဲ။ ကိုယ်ကမပြိုင်ချင်ပေမယ့်ကိုယ့်ကိုလာပြိုင်တဲ့ပြိုင်ဖက်တွေရှိတတ်တယ်။ ကျောင်းမှာ၊အလုပ်မှာ၊ စီးပွားရေးမှာ။ အဲ့လိုအချိန်တိုင်းမှာကိုယ့်ကိုကိုယ်မေးတဲ့မေးခွန်းက“ငါတစ်ခုပဲလုပ်မယ်။အဲ့တစ်ခုအောင်မြင်ရင်သူတို့မလိုက်နိုင်အောင်ချန်ထားခဲ့နိုင်မည့်တစ်ခုကဘာများဖြစ်မလဲ။” ဒီမေးခွန်းအမြဲမေးတယ်။ ဒီတစ်ခုက ဆယ်နှစ်ကြာရင်ကြာမယ်။နှစ်နှစ်ဆယ်ကြာရင်ကြာမယ်။ ကျောင်းတုန်းမှ ထူးချွန်ထက်မြတ်ပြိုင်တဲ့သူတွေချန်ခဲ့အောင်။အလုပ်ခွင်မှာ ကိုယ့်ကိုပြိုင်တဲ့သူတွေကိုအဝေးမှာချန်ခဲ့အောင်။ စီးပွားရေးမျာ စျေးအမြဲလာမေးကိုယ့်ကို အာရုံနောက်အောင်လာလုပ်တဲ့ သူတွေချန်ခဲ့အောင်တိုက်ရိုက်မပြိုင်နဲ့။ သေချာတာတစ်ခုက တိုက်ရိုက်ဘယ်တော့မှမပြိုင်နဲ့။ မဟာဗျူဟာကောင်းတဲ့သူတိုင်းကဘယ်တော့မှ တိုက်ရိုက်မပြိုင်ဘူး။ မပြိုင်ဘဲ နိုင်အောင်ဘဲလုပ်သွားတယ်။ Phyo Paing @ Derek
လုပ်သမျှဖြစ်ချင်ရင်ဖြစ်သမျှလိုက်မလုပ်ပါနဲ့။ အရေးမပါတာကိုအရာပေးမိတာလောက်အလုပ်မဖြစ်တာမရှိဘူး။ ဘဝမှာ ရွေးချယ်မှုကကြိုးစားမှုထက်ပိုအရေးကြီးပါတယ်။ ဒါကြောင့် ကံ၊ ဥာဏ်၊ ဝိရိယတစ်ခုချင်းစီလာတယ်။နေ့စဥ်မှန်ကန်တဲ့ရွေးချယ်မှုတွေပြုလုပ်ရတယ်။ မှန်ကန်တဲ့ စိတ်ထား မနောကံ၊မှန်ကန်တဲ့ အပြောအဆို ဝဇီကံ၊မှန်ကန်တဲ့လုပ်ဆောင်မှု ကာယံကံကံသုံးပါးကောင်းဖို့လိုတယ်။ သုတမယဉာဏ် (စာပေသင်ကြားမှုမှရရှိသော ဉာဏ်)စိန္တာမယဉာဏ် (တွေးခေါ်ဆင်ခြင်ခြင်းမှရရှိသော ဉာဏ်)ဘာဝနာမယဉာဏ် (ကျင့်ကြံအားထုတ်ခြင်းမှရရှိသော ဉာဏ်)ဥာဏ်သုံးပါးကိုလဲကောင်းအောင်အားထုတ်ဖို့လိုတယ်။ စံဝရဝိရိယမကောင်းမှုဒုစရိုက်များမှရှောင်ကြဉ်ရန် အားထုတ်ခြင်း။ပဟာနဝိရိယဖြစ်ပျက်နေပြီးသော အကုသိုလ်လောဘ၊ ဒေါသ၊ မောဟကိုပယ်ဖျောက်ရန် အားထုတ်ခြင်း။ဘာဝနာဝိရိယဒါန၊ သီလ၊ ဘာဝနာကိုပွားများဖို့အားထုတ်ခြင်း။အနုရက္ခဏာဝိရိယရရှိပြီးတဲ့ ကုသိုလ်၊ ပညာ၊ သမာဓိကိုထိန်းသိမ်းဖို့အားထုတ်ခြင်း။ဝိရိယလေးပါးကိုလဲကျင့်ဖို့လိုတယ်။ ကံလဲမကောင်း၊ဥာဏ်လဲမကောင်း၊ဝိရိယလဲမကောင်းရင်သံသရာတစ်ကွေ့ဒီတစ်နေ့ကတော့တိုင်ပတ်မှုအပေါင်းသရဖူဆောင်းနေမှာပဲ။ Phyo Paing @ Derek
လုပ်သမျှဖြစ်ချင်ရင် ဖြစ်သမျှလိုက်မလုပ်ပါနဲ့။ Read More »
ကိုယ်သာ သားလေးရှိရင်ယောကျာ်းဆိုတာအချစ်ကို ကိုးကွယ်ရမှာမဟုတ်ဘူး။အချစ်က ကိုယ့်ကွယ်အောင်လုပ်ရမှာ။ ဒီအတွက်ယောကျာ်းဆိုတာက တာဝန်ယူမှုနဲ့အားကိုးလို့ရတဲ့သူဖြစ်ရမယ်။ ဒီလိုဖြစ်ဖို့ Superior Manတန်ဖိုးရှိတဲ့ ယောကျာ်းဖြစ်ဖို့လိုတယ်။ တန်ဖိုးရှိတဲ့ ယောကျာ်းတွေကအတင်းမပြောဘူး။စောင်းပြော၊ မြောင်းပြောမလုပ်ဘူး။ကိုယ့်အထင်အမြင်ကို ပွင့်ပွင့်လင်းလင်းပြောရတယ်။ အလုပ်ကိုသေချာလုပ်တယ်။မပျင်းဘူး။ကိုယ့်တာဝန်ကိုယ်ကျေတယ်။ ပြဿနာကို ခံစားချက်တွေနဲ့ဟိုလူ့အပြစ်တင် ဒီလူ့အပြစ်မတင်နေဘူး။ပြဿနာကို အဖြေရှာတယ်။အနိုင်ယူဖို့ထက်ပြေလည်ဖို့ အသားပေးတယ်။ အလုပ်အတွက် စည်းကမ်းရှိတယ်။ကိုယ့်မိဘ၊ သားသမီးနဲ့ အိမ်အတွက်တာဝန်ယူတယ်။ရည်မှန်းချက်ရှိတယ်။အားကိုးလို့ရတယ်။ သူ့ဟာနဲ့သူ လိင်ပိုင်းဆိုင်ရာsexual preference က ဘယ်လိုဖြစ်ဖြစ်ဒါက ခံယူချက်နဲ့ ဆိုင်တယ်လို့ထင်တယ်။ ဒါကတော့ တန်ဖိုးရှိတဲ့ယောကျာ်းလို့ထင်တယ်။ဒီနေ့ခေတ် တန်ဖိုးထားမှုတွေပြောင်းသွားပြီလားတော့သေချာမသိဘူး။ Phyo Paing @ Derek
ယောကျာ်းဆိုတာက တာဝန်ယူမှုနဲ့
အားကိုးလို့ရတဲ့သူဖြစ်ရမယ်။ Read More »
လူတိုင်းမှာ မွေးရာပါ ပါရမီရှိတယ်။တချို့တွေက စကားပြောကောင်းတယ်။တချို့တွေက ဥာဏ်အထူးကောင်းတယ်။တချို့က စျေးရောင်းတော်တယ်။တချို့က အတွက်အချက်ကျွမ်းတယ်။တချို့က လူတွေကို ဦးဆောင်တတ်တယ်။တချို့က နားထောင်ပေးတတ်တယ်။တချို့က ဖန်တီးနိုင်တယ်။တချို့က ထိန်းချုပ်နိုင်တယ်။ လူတိုင်းမှာ ပျိုးထောင်လို့ရတဲ့ကျွမ်းကျင်မှုတွေရှိတယ်။စာရေးတာ။လူရှေ့သူရှေ့စကားထွက်ပြောတာ။ကိုယ့်အတွေးအခေါ်ကို ဗီဒီယိုရိုက်တာ။ဦးဆောင်တာ။ပေါင်းသင်းဆက်ဆံတာ။ မွေးရာပါ အားသာချက်တွေနဲ့ပြုစုပျိုးထောင်တဲ့ကျွမ်းကျင်မှုတွေnature နဲ့ nurture ပေါင်းစပ်ပြီးဘဝရဲ့ အောင်နိုင်ရေးဖော်မြူလာwinning formula တည်ဆောက်လို့ရနိုင်တယ်။ Phyo Paing @ Derek
လူတိုင်းမှာ မွေးရာပါ ပါရမီရှိတယ်။ Read More »