လုပ်ရပ်ပြောင်းရင် ရလဒ်ပြောင်းတယ်။
အစားအသောက်နဲ့ လေ့ကျင့်ခန်းပေါ်မူတည်ပြီးခန္ဓာကိုယ်ပုံစံကွာသွားသလို၊ ခေါင်းထဲထည့်တဲ့ အတွေးအခေါ်နဲ့လုပ်ရပ်ပေါ်မူတည်ပြီးဘဝတွေကွာသွားတယ်။ Phyo Paing @ Derek
အစားအသောက်နဲ့ လေ့ကျင့်ခန်းပေါ်မူတည်ပြီးခန္ဓာကိုယ်ပုံစံကွာသွားသလို၊ ခေါင်းထဲထည့်တဲ့ အတွေးအခေါ်နဲ့လုပ်ရပ်ပေါ်မူတည်ပြီးဘဝတွေကွာသွားတယ်။ Phyo Paing @ Derek
ဆယ်တန်းတုန်းက စာမကျက်အလေလိုက်ပြီး နေလာတာစာမေးပွဲဖြေဖို့ နှစ်လလောက်နေတော့စဥ်းစားမိတယ်။တကယ်လို့သာ ဆယ်တန်းရလဒ်မကောင်းခဲ့ရင် ကိုယ့်ဘဝဘာဖြစ်မလဲ။ ဒါနဲ့ နှစ်လလောက်အတွင်းမှာဘာသာရပ်တိုင်းအတွက် Formula ထုတ်တယ်။သင်္ချာဆို အချိန်း ၈ circle ထိနောက် အခန်း ၁၂ differentiation တွေကျLearner’s Choice ထဲကMultiple Choice တွေလုပ်တယ်။Biology ကိုလဲအပင်အကြောင်းတွေကျော်ပြီးRabbit အခန်းက စလေ့လာတယ်။ဒီလိုဆေးကျောင်းရောက်သွားတယ်။ ကိုယ်ကစီးပွားရေးလုပ်ချင်တာဒါပေမယ့် ဘွဲ့ကမရလို့ကမဖြစ်ဘူး။ဒီတော့ တစ်နှစ်တစ်တန်းမှန်မှန်အောင်အောင်နည်းလမ်းရှာရပြန်တယ်။ ဒီလို နည်းလမ်းရှာကနေ သူငယ်ချင်းတွေကကျွန်တော့်ကို Formula Man လို့ခေါ်လာကြတယ်။ Formula Man လိို့ခေါ်တာတစ်ခုခုလုပ်တော့မယ်ဆို လေ့လာပြီးအလွယ်ကူဆုံး Formula ထုတ်လို့လို့ပြောတယ်။ ကမ္ဘာပေါ်ကိုရောက်ရှိလာတာ ဒီနေ့ဆိုရက်ပေါင်း ၁၂၁၁၁ ရက်ရှိပြီဆိုတော့သင်ခန်းစာတွေလဲ တော်တော်များများရနေပြီးပြီလို့ယူဆတယ်။ ဘဝရဲ့ မတူညီတဲ့အစိတ်အပိုင်းတွေအတွက်Formula အချို့လဲ ရှိနေတယ်။ဒီ Formula တွေကို ပိုကောင်းအောင်လုပ်သွားရမယ်။ ကိုယ့်ဘဝမှာ အလုပ်ဖြစ်တာတွေထပ်ခါထပ်ခါ ဖြစ်နေတဲ့Formula
ကျွန်တော့်ရဲ့ social mediainfluencing strategy တစ်ခုကတော့Ban them all (BTA) ပဲ။ ကိုယ့်ဖောက်သည်က ကိုယ်ပဲ။ကိုယ်ပျော်မှ တခြားသူကိုပျော်အောင်ထားနိုင်မှာ။ ကိုယ့်ဆီအမှိုက်ထုပ်လာအပစ်မခံနိုင်ဘူး။ ကိုယ်မကြိုက်ရင်အများကြီးမစဉ်းစားနဲ့BTA ပဲ။ ဒီလို Ban လို့ရတဲ့အခွင့်အရေးကို သာမာန်Facebook user တွေ မရထားဘူး။Page ပိုင်ရှင်ပဲရထားတယ်။ ဒါကြောင့် ကိုယ့် Page ပေါင်းများစွာမှာဘူကောင်ကင်းစင်နေတာ။ Phyo Paing @ Derek
သာမန် လူတွေကို ရောင်းဖို့သာမန် ကုန်ပစ္စည်းတွေ မထုတ်ပါနဲ့။ဒါဒီနေ့ခေတ်ရဲ့ မားကတ်တင်းအတွေးအခေါ်ဖြစ်တယ်။ သာမန်လူတွေအတွက်သာမန်ကုန်ပစ္စည်းတွေထုတ်ခြင်းဟာရှုံးနိမ့်မှုရဲ့ ရှေ့ပြေးပဲလို့ဆိုကြတယ်။ သာမန် ဖုန်းဆိုင်၊ သာမန်လက်ဖက်ရည်ဆိုင်သာမန်စားသောက်ဆိုင်၊ သာမန်အထည်ဆိုင်သာမန် လက်ဝတ်ရတနာဆိုင်ဒီသာမန် ကုန်ပစ္စည်းရောင်းတဲ့သာမန်ဆိုင်တွေက ပုံစံတူတွေဖြစ်နေတယ်။ စီးပွါးရေးလုပ်ငန်းမှာ ထူးရင်ထူးမထူးရင်း အဆင်မပြေလို့မျက်စံပြူးမယ်။Differentiate or Die ပဲ။ ထူးဖို့ ကိုယ်လုပ်တဲ့အလုပ်ကိုရူးသွပ်ဖို့လိုတယ်။ဆရာကျအောင် လေ့လာနေဖို့လိုတယ်။တီထွင်ဆန်းသစ်ဖို့လိုတယ်။ Business Model နဲ့ထူးအောင်လုပ်မှာလား။ကုန်ပစ္စည်းနဲ့လား၊ဝန်ဆောင်မှုနဲ့လား၊စျေးနှုန်းနဲ့လား၊Marketing လုပ်တဲ့ပုံစံနဲ့လား။ Phyo Paing @ Derek
လူ့ဘဝရဲ့ အရည်အသွေးကRelationship ပဲလို့ဆိုကြတယ်။ သမီးရည်းစား လင်မယားသားသမီး မိသားစု relationship ကအရေးကြီးတယ်။ ဒီထက် အရေးကြီးတဲ့ relationship ကကိုယ့်ကိုကိုယ် ဆက်ဆံရေးပဲ။ကိုယ့်စိတ်နဲ့ ခန္ဓာ relationshipကောင်းဖို့လိုတယ်။ ကိုယ့်ကိုကိုယ်ပြောနေတဲ့စကားလုံးတွေ၊ အတွေးအခေါ်တွေကိုဂရုပြုရမယ်။ Phyo Paing @ Derek
ကိုယ့်ကိုကိုယ်ပြောနေတဲ့
စကားလုံးတွေ၊ အတွေးအခေါ်တွေကို ဂရုပြုရမယ်။ Read More »
Content as a service စမယ်ဆိုတာထက်ကိုယ့်ကိုကိုယ် challenge ခေါ်တဲ့အနေနဲ့တစ်ရက်တစ်အုပ် စာဖတ်မယ်။Note ထုတ်မယ်။Video ရိုက်ပြန်ပြောပြမယ်။ကိုယ်လဲပိုမှတ်မိမယ်။တခြားသူတွေလဲ လေ့လာလို့ရမယ်။ကိုယ်ဖတ်ချင်တဲ့စာအုပ်ဖတ်မယ်။ဘယ်လောက်ထိသွားနိုင်မလဲကြည့်မယ်ဆိုပြီး စခဲ့တယ်။ ကြားထဲ Omicron ဖြစ်တဲ့အချိန်မနည်းရုန်ကန်ထရတယ်။ခေါင်းတွေမူး၊ အားမရှိ၊အသံမထွက်တဲ့ ဒဏ်တွေကြားRoutine ကို မဖြစ်ဖြစ်အောင်လုပ်မယ်ဆိုပြီးကျော်ဖြတ်ခဲ့တယ်။ ဒီနေ့တော့ ရက်ပေါင်း ၁၅၀ ပြည့်ပြီ။ကိုယ့်ကိုကိုယ် ဂုဏ်ယူရမည့်အလုပ်တွေနေ့တိုင်းလုပ်ပါ။ Phyo Paing @ Derek
ကိုယ့်ကိုကိုယ် ဂုဏ်ယူရမည့်အလုပ်တွေ နေ့တိုင်းလုပ်ပါ။ Read More »
အခွင့်အရေးလာရင် ready ဖြစ်အောင်ဘာသာစကား၊ ကျွမ်းကျင်အသက်မွေးမှုပညာ၊လူကြောနပ်ဖို့၊ network တည်ဆောက်ရေးစီးပွါးရေးပညာတွေ ပြင်ဆင်ရတယ်။၂၀%က အခွင့်အရေးလာတဲ့အခါအမိအရဖမ်းဆုပ်ကြတယ်။မေးခွန်းက ခင်ဗျာက စိတ်ရှည်တဲ့သူလား။ဆယ်နှစ်၊ နှစ် နှစ်ဆယ်time frame စောင့်နိုင်သူလား။ခဏတာကိစ္စတွေနဲ့ ယောင်နေတတ်တဲ့သူလား။ Phyo Paing @ Derek
၀င်ငွေရဲ့ 10% အနည်းဆုံးစုပါ။ ၀င်ငွေကိုပြန်ပွားပါ။ ကိုယ်နားမလည်တဲ့နေရာမှာ ရင်းနှီးမြှုပ်နှံမှုမလုပ်ပါနဲ့။
ငွေရေးကြေးရေးနဲ့ပတ်သတ်လို့ အရေးကြီးတဲ့ အချက် (၃) ချက် Read More »
ခန္ဓာကိုယ်မှာ apotosisဆိုတဲ့ ဖြစ်စဥ်တစ်ခုရှိတယ်။အဟောင်းအနွမ်း၊ မလိုအပ်၊ပုံမမှန်တဲ့ ဆဲလ်တွေကိုအလိုအလျောက်သေအောင်စနစ်ချထားတဲ့ ဖြစ်စဥ်တစ်ခုဖြစ်တယ်။ ဒီဖြစ်စဥ် ပျက်တဲ့အခါပုံမှန်မဟုတ်တဲ့ ဆဲလ်တွေကြီးလာပြီးကင်ဆာတို့လို ရောဂါတွေပေါ်လာတတ်တယ်။ ဘဝမှာလဲ အလားတူပဲ။လိုအပ်တဲ့အရာတွေပဲ မှတ်ပြီးမလိုအပ်တဲ့အရာတွေ မေ့လို့ရအောင်ဦးနှောက်က ဖန်တီးထားပေးတယ်။ ဒါကိုလွန်ဆန်ပြီး မပျော်တဲ့အရာတွေစိတ်ညစ်စေတဲ့ အဖြစ်အပျက်ကိုပဲထပ်ခါထပ်ခါ စဥ်းစားပြီးဖျက်မပစ်နိုင်တဲ့အခါစိတ်ညစ်မှုကင်ဆာစွဲကပ်လာတတ်တယ်။ Phyo Paing @ Derek
တောင်ပေါ်မြို့လေးမှာအပင်လေးစိုက်ပြီး အေးဆေးနေမယ်စဥ်းစားပြီး ပြဿနာ မရှိတော့ဘူးမထင်လိုက်နဲ့။သူ့မှာလဲ သူ့ပြဿနာနဲ့သူရှိတာပဲ။ တရားအားထုတ်ရင်ပြဿနာမရှိတော့ဘူးလို့ မထင်လိုက်နဲ့။တရားအားထုတ်တဲ့အချိန်ခန္ဓာကိုယ်အဖြစ်အပျက်ရှုရင်းဝေဒနာတွေကိုတွေ့ရမှာပဲ။ အဲ့တော့ ဘဝနဲ့ ပြဿနာနဲ့ဒွန်တွဲနေတဲ့အတွက်ပြဿနာတွေရှိနေတယ်ဆိုတာသာမာန်ပဲဆိုတဲ့ စိတ်ထားပြီးကိုယ်က ပြဿနာထက်ပိုကြီးနေဖို့လိုတယ်။ Phyo Paing @ Derek
ဘဝမှာ သေချာတဲ့အရာတစ်ခုက
ဘယ်မှာပဲနေနေ၊
ဘယ်လိုအခြေအနေပဲဖြစ်ဖြစ်
ပြဿနာ ဆိုတာရှိနေမှာပဲ။ Read More »