advice

မပျော်တဲ့အရာကို
ပျော်တဲ့လုပ်ငန်းဆောင်တာနဲ့ အစားထိုးကြည့်။

မနေ့က စာအုပ်တစ်အုပ် ဖန်တီးဖြစ်တယ်။Dream Lab အတွက် Mini Booklet လေး။အဲ့မှာ Framework တစ်ခုထုတ်ထားတယ်။DEAL framework ဆိုပါတော့။ ကျွန်တော် ထုတ်ထားတဲ့ framework လေးတွေရှိတယ်။စီးပွါးရေးမှာဆို 5S Roadmap တို့။နောက် EATER တို့ပေါ့။ ဒီတစ်ခုကတော့ ရေရှည်တိုးတက်ဖို့DEAL framework ပါ။ ဒါကတော့ Daily Enjoyable Activities forLong-term Achievement ပါ။ Daily နေ့စဉ်လဲလုပ်ရမယ်။ Enjoyable ပျော်လဲပျော်ရမယ်။Activities ပြီးလဲပြီးမြောက်ရမယ်။Long-term achievement ရေရှည်ဆွတ်ခူးမှုအတွက်လဲအထောက်အကူလုံးဝပြုရမယ်။ ဥပမာ စာဖတ်ရတာကြိုက်တယ်။နေ့စဉ်စာဖတ်မယ်။ဖတ်ထားတာကို မှတ်စုထုတ်မယ်။ရေရှည်အတွက် ကုန်ပစ္စည်းတစ်ခုအနေနဲ့ပြောင်းမယ်။ မပျော်တဲ့အရာကိုပျော်တဲ့လုပ်ငန်းဆောင်တာနဲ့ အစားထိုးကြည့်။ ဥပမာ Gym သွားရတာမပျော်ဘူးဆိုGym အစား တခြား workout enjoyable activities နဲ့အစားထိုးရေရှည်ရောက်ဖို့ လုပ်ဆောင်တာမျိုး။ […]

မပျော်တဲ့အရာကို
ပျော်တဲ့လုပ်ငန်းဆောင်တာနဲ့ အစားထိုးကြည့်။
Read More »

အကောင်းဆုံးတည်ဆောက်

အဘိုးက ဆုံးမဖူးတယ်။ ငါတို့ ရေကြည်ရာမြတ်နုရာကိုပြောင်းလာတာ။ဘယ်နေရာမှာ နေနေကိုယ်နေတဲ့နေရာကို အကျိုးပြု။ကိုယ့်ကိုယ်ကို၊ ကိုယ့်အမျိုးကို အကောင်းဆုံးတည်ဆောက်တဲ့။ ကိုယ့်အမျိုးကိုယ်ချစ်မှ သူများ အနိုင်မကျင့်မှာတဲ့။ Grandfather told me we’ve moved to new places in search of green pastures. Wherever you live,make it beneficial to your surroundings.Build the best for yourself and your kin.Only by loving your own peoplewill others not oppress them. Phyo Paing @ Derek

အကောင်းဆုံးတည်ဆောက် Read More »

ကိုယ့်အထင်အမြင်ကို
အမှန်လို့ တရသေ မယူဆမိဖို့လိုတတ်တယ်။

ကမ္ဘာကို မြင်တဲ့အမြင်၊ ပိုက်ဆံကို မြင်တဲ့ အမြင်၊ပညာရေးကို မြင်တဲ့အမြင်၊လူတွေကို မြင်တဲ့အမြင်ဒီ မိဘတွေရဲ့ World view တွေကသားသမီး အများစုကို လွမ်းမိုးမှုရှိတယ်။ ဆင်းရဲဖေဖေ၊ ချမ်းသာဖေဖေစာအုပ်မှာပဲ ကြည့်ကြည့်။ ချမ်းသာတဲ့သူ ငွေကြေးကိုမြင်တဲ့ပုံနဲ့ဆင်းရဲတဲ့သူ မြင်တဲ့ပုံမတူဘူး။ စာအုပ်က ပုံပြင်ပဲ ဖြစ်ကောင်းဖြစ်နိုင်ပေမယ့်တကယ့်လောကမှာလဲ အဲ့လိုပဲ။ ဒီအမြင်ပြောင်းနိုင်ဖို့ကိုယ့်အထင်အမြင်ကို အမှန်လို့ တရသေ မယူဆမိဖို့လိုတတ်တယ်။ The perspectives from which parents view the world, money, education, and people often deeply influence the majority of their children. Take a look at Rich Dad Poor Dad

ကိုယ့်အထင်အမြင်ကို
အမှန်လို့ တရသေ မယူဆမိဖို့လိုတတ်တယ်။
Read More »

လမ်းမှားပြီး ဇွတ်ပြေးနေရင်
ပြေးလေ ဝေးလေ ဖြစ်နေမှာပဲ။

ပြင်းပြင်းထန်ထန်ကြိုးစားမှုတွေမလုပ်ခင်မှာ ရွေးချယ်မှု မှန်ကုန်ဖို့လိုတယ်။ လမ်းမှားပြီး ဇွတ်ပြေးနေရင်ပြေးလေ ဝေးလေ ဖြစ်နေမှာပဲ။ မှန်ကန်တဲ့ရွေးချယ်မှုလုပ်နိုင်ဖို့ သတင်းအချက်အလက် များများလိုတယ်။ စမ်းသပ်မှု များများလုပ်ရတယ်။ အလုပ်အကိုင်ဆိုလဲ များများမြည်းစမ်းရတယ်။ဒီကမှ ကိုယ်နဲ့ ကိုက်ညီ၊အံဝင်ဂွင်ကျဖြစ်တဲ့ အလုပ်၊business model နောက်ဘဝနေထိုင်မှု၊ကျန်တာအကုန်ရွေးချယ်လုပ်ဆောင်တာကောင်းတယ်။ Before making intense efforts, it’s necessary to make the right choice. If you run in the wrong direction, no matter how far you run, you’ll still be off course. To make the right choice, you need

လမ်းမှားပြီး ဇွတ်ပြေးနေရင်
ပြေးလေ ဝေးလေ ဖြစ်နေမှာပဲ။
Read More »

ဒါတွေရဲ့အရင်းအဖြစ်က
“ချင်”၊ “ငါ့”၊ “မသိ” တာ

ဥပေက္ခာ ဘဝဆိုတာ ဒုက္ခဆိုရင်ဒီဒုက္ခကို တုန့်ပြန်တာတွေကိုမသိတာကိုအဝိဇ္ဇာလို့ခေါ်တယ်တဲ့။ လိုချင်တာ ရတာ သုခဖြစ်သွားနိုင်ပေမယ့်၊လိုချင်တာ မရတဲ့အခါ ဒုက္ခဖြစ်သွားနိုင်တယ်။ လူတွေ အထင်ကြီးတာ ခံရတဲ့အခါသုခဖြစ်သွားနိုင်ပြီး၊အထင်သေးတဲ့အခါ ဒုက္ခဖြစ်သွားနိုင်တယ်။ ဒါတွေရဲ့အရင်းအဖြစ်က“ချင်”၊ “ငါ့”၊ “မသိ” တာ။ ဒါတွေကိုသိရှိနားလည်ဖို့ အာရုံစူးစိုက်တဲ့ သမာဓိနဲ့ ဥာဏ်ပညာနဲ့ ထိုးထွင်းကြည့်နိုင်တဲ့အခါဥပေက္ခာ (u.pekhka) တရားထားနိုင်လာမယ်တဲ့။ Equanimity ဆိုတာ တော်တော်အရေးကြီးတဲ့စကားလုံးတစ်လုံးပဲ။ အရှင်လတ်လတ်နဲ့ ဒုက္ခတွေကိုတုန့်ပြန်နေတာကို သိမယ်၊လက်ခံနိုင်မယ်၊ စိတ်ပိုင်းဆိုင်ရာအရဖြတ်ထားနိုင်မယ်ဆိုရင်ဘဝမှာ ဒုက္ခတချို့ကို ကောင်းကောင်းရင်ဆိုင်လာမယ်လို့ထင်တယ်။ ဥပေက္ခာ ဆိုတာ ဂရုမစိုက်တာ၊ လျစ်လျူရှုတာ ignorance နဲ့ neglect လုပ်တာမျိုးကိုပြောတာ မဟုတ်ပဲမတုန်မလှုပ်ပဲ လောကဓံကိုခံနိုင်လာတာကို ဆိုလိုတာဖြစ်တယ်။ တခါတလေ နေ့စဥ်သုံးနေတဲ့စကားလုံးအဓိပ္ပာယ်တွေကလက်ရှိစွဲစကားလုံးတွေရဲ့အဓိပ္ပာယ်ကိုအယူမှားသွားစေနိုင်တယ်။ “Upekkhā” in life means understanding and accepting the duḥkha

ဒါတွေရဲ့အရင်းအဖြစ်က
“ချင်”၊ “ငါ့”၊ “မသိ” တာ
Read More »

နားလည်ရအခက်ဆုံးလူက
“ကိုယ်”ပဲ။

နားလည်ရအခက်ဆုံးလူက“ကိုယ်”ပဲ။ဒီနေ့ထိ ကိုယ့်ကိုယ်ကိုနားလည်အောင် တော်တော်ကြိုးစားနေရတုန်း။လူတွေက အမြဲမတွေးပဲ မနေနိုင်တဲ့အတွက်ကိုယ့်အတွေးတွေကိုသတိ၊ အသိနဲ့ တော်တော်ဂရုစိုက်တဲ့အခါထူးခြားတဲ့ ပက်တန်တွေကို တွေ့လာရမယ်။ဒီ ပက်တန်တွေ လှုံ့ဆော်မှုကြောင့်ဖြစ်လာတဲ့တုန့်ပြန်မှုတွေကို ဂရုစိုက်လေ့လာတဲ့အခါလှုံဆော်မှုတိုင်းကြောင့်ဖြစ်လာတဲ့ဖန်တစ်ရာမက ပရိုဂရမ်တွေကိုစိတ်ခံစားမှု အရှင်လတ်လတ်အနေနဲ့တွေ့လာရမယ်။ The hardest person to understandIs ‘myself’, no less grand.To this day, I striveTo comprehend my own life. People seldom think,Unable to withstand the brink,But when they focus on their thoughts,Care and awareness brought,They find peculiar patterns start to link. These patterns,

နားလည်ရအခက်ဆုံးလူက
“ကိုယ်”ပဲ။
Read More »

ဒီမေးခွန်းတွေ ပြန်မေးကြည့်ဖို့လိုတတ်တယ်။

နေရာတိုင်းမှာက အခွင့်အလမ်းရှိတယ်။ဒီအခွင့်အလမ်းက ကိုယ့်အားသာချက်နဲ့ကိုက်လား။ဒီအခွင့်အလမ်းကိုကိုယ်က ကြိုက်လား။ ဒီအခွင့်အလမ်းက ကိုယ်အနာဂတ်သွားမည့် စီမံကိန်းကိုအထောက်အကူပြုမလား။ ဒီအခွင့်အလမ်းကိုပေးလိုက်ရတဲ့အချိန်နဲ့ပြန်ရတာ တန်သလား။ဒီမေးခွန်းတွေ ပြန်မေးကြည့်ဖို့လိုတတ်တယ်။ မဟုတ်လဲ အလုပ်ကတော့ လုပ်ရမှာပဲ။ အရေးကြီးတာ ထိရောက်ပြီး ဘဝအတွက် အဓိပ္ပာယ်ရှိတဲ့အလုပ်ဖြစ်ဖို့လိုတယ်။ “Everywhere there are opportunities. Do these opportunities match your strengths? Do you like these opportunities? Do they support your future plans? When given these opportunities, is what you get back worth it? These questions often need to be

ဒီမေးခွန်းတွေ ပြန်မေးကြည့်ဖို့လိုတတ်တယ်။ Read More »

ကိုယ်ဂုဏ်ယူတဲ့အလုပ်တွေကို
နေ့စဥ်အလေ့အကျင့်ဖြစ်အောင်ပြောင်းပါ။

ကိုယ့်ဂုဏ်ယူရတဲ့ ထူးခြားဖြစ်စဥ်တွေကိုနေ့စဥ်အမူအကျင့်ဖြစ်အောင်ပြောင်း။ ဥပမာ ဒီတစ်ပတ်မှာ ငါးရက်လောက်လေ့ကျင့်ခန်းလုပ်ဖြစ်လို့ဂုဏ်ယူတယ်ဆိုရင်ဒါကို ပုံမှန်အလေ့အကျင့်ဖြစ်အောင်ပြောင်း။ ဒီတစ်ပတ် ကိုယ့်အတွက်အကျိုးရှိစေတဲ့စာအုပ်တစ်အုပ်ဖတ်ဖြစ်လို့ ဂုဏ်ယူတယ်ဆို ဒါကို ပုံမှန်အလေ့အကျင့်ဖြစ်အောင်ပြောင်း။ ဒီတစ်ပတ်ကို ကျန်းကျန်းမာမာစားဖြစ်တဲ့အတွက်ဂုဏ်ယူတယ်ဆိုရင် ဒါကို ပုံမှန်အလေ့အကျင့်ဖြစ်အောင်ပြောင်း။ ကိုယ်ဂုဏ်ယူတဲ့အလုပ်တွေကိုနေ့စဥ်အလေ့အကျင့်ဖြစ်အောင်ပြောင်းပါ။ Phyo Paing @ Derek

ကိုယ်ဂုဏ်ယူတဲ့အလုပ်တွေကို
နေ့စဥ်အလေ့အကျင့်ဖြစ်အောင်ပြောင်းပါ။
Read More »

ငွေကြေးကို မစုနဲ့ ပွားအောင်လုပ်။

အကြွေးကြေအောင်လုပ်။ငွေကြေး လုံလောက်အောင်ထား။ ဝင်တဲ့ငွေထက်ပိုမသုံးနဲ့။ ငွေကြေးကို မစုနဲ့ ပွားအောင်လုပ်။ ရေရှည်အတွက် ရင်းနှီးမြုပ်နှံ။ငွေပြန်ရှာပေးတဲ့အရာတွေမှာငွေသုံးဖို့ မနှမြောပါနဲ့။ Phyo Paing @ Derek (ကျင့်သုံးမိတာလေးတချို့)

ငွေကြေးကို မစုနဲ့ ပွားအောင်လုပ်။ Read More »

အတွေးအခေါ်ပညာတဲ့။

ကိုယ်နေတဲ့နေရာက inspiration ပေးဖို့လိုတယ်။နေရာကောင်းရင် အကြံဥာဏ်ကောင်းတယ်။ နေရာတစ်ခုက ကိုယ်၊ စိတ်၊ နှလုံး၊ ခံစားချက် အားလုံးနဲ့အံဝင်ဂွင်ကျဖြစ်တဲ့အခါ စွမ်းဆောင်ရည်အကောင်းဆုံးထွက်လာမယ်။ ရေမြေကလဲ အရေးကြီးတယ်လို့ထင်တယ်။ ဒါကြောင့် တရုတ်မှာ ဖုန်းဆွေ (Feng Shui) ဆိုတာရှိတယ်။သက်သေပြလို့ရတဲ့အရာတွေအတွက် သိပ္ပံပညာ၊သက်သေပြလို့မရတဲ့အရာတွေအတွက် အတွေးအခေါ်ပညာတဲ့။ Phyo Paing @ Derek

အတွေးအခေါ်ပညာတဲ့။ Read More »