ဒီသုံးခုက ကိုယ့်ကမ္ဘာမှာ အမုန်းဆုံးအလုပ်သုံးခု။
အောက်ကျနောက်ကျဖြစ်တာ၊ ရွေးချယ်စရာမရှိပိတ်မိနေတာ၊အချိန်တွေ အလဟသဖြုန်းမိတာဒီသုံးခုက ကိုယ့်ကမ္ဘာမှာ အမုန်းဆုံးအလုပ်သုံးခု။ ဒါကြောင့် ပညာရေးမှာလဲအောက်ကျနောက်ကျမဖြစ်အောင်အကောင်းဆုံးတော့လုပ်ခဲ့တယ်။ ကျန်းမာကြံ့ခိုင်ရေး၊ အလုပ်အကိုင်၊ ငွေရေးကြေးရေး၊ ချစ်သူရည်းစားလင်မယား၊ ကိုယ့်မိဘနဲ့ အမျိုးတွေအတွက်တာဝန်၊တိုးတက်ရေးနဲ့ စိတ်ငြိမ်းချမ်းရေးအောက်ကျနောက်ကျဖြစ်မနေအောင်အားထုတ်တယ်။ နောက်ရွေးချယ်စရာရှိတဲ့ဘဝလိုတယ်။ ဒီတစ်နေရာအဆင်မပြေရင်တစ်နေရာမှာ အသက်ဆက်ရှင်သန်နိုင်ဖို့။အသက်မွေးမှုတစ်ခု အဆင်မပြေရင်နောက်တစ်ခုအလွယ်တကူပြောင်းလို့ရအောင်backup professions တွေထားထားတယ်။ အချိန်တွေအလဟသမဖြုန်းဖြစ်အောင်နေ့စဉ် အကျိုးရှိအောင်အသုံးချတယ်။ ဘဝမှာ အလဟသ သုံးဖြုန်းလိုက်တဲ့အချိန်ဆိုတာမရှိသလောက်ရှားတယ်။ ဒါကြောင့် ဘဝမှာ ပြန်ပြင်ချင်တဲ့အရာနောင်တရတဲ့အရာဆို မရှိသလောက်ပဲ။ ကိုယ်မုန်းတဲ့အရာတွေ မရအောင်အားထုတ်ခြင်းကလဲကိုယ့်ကို အားအင်တွေပေးတယ်။ Phyo Paing @ Derek
