Akyanpay

version 2.0

Akyanpay.com ကို version 2.0 update လုပ်ထားပေးတယ်။Business Plan တွေ၊ Marketing Plan တွေ မဟာဗျူဟာကျကျ စဥ်းစားသုံးသပ်နိုင်ဖို့Coach, Consultant နဲ့ Entrepreneur တွေအတွက်သီးသန့်ထုတ်ထားတဲ့ product ဖြစ်တယ်။ ကျွန်တော်တို့အတွက် နှစ်ပေါင်းများစွာအချိန်တွေ၊ ငွေတွေ အကုန်ခံပြီးမှဖြစ်ပေါ်လာတဲ့ product တစ်ခုဖြစ်တယ်။ Akyanpay ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။ #Akyanpay

version 2.0 Read More »

CENTS

CENTS ဒီနေ့ခေတ်လုပ်ငန်းလုပ်တဲ့အခါ M. J. DeMarco ရဲ့ concept တစ်ခုပါ။ ကျွန်တော်စဥ်းစားတဲ့ပုံစံနဲ့လဲ တော်တော်လေးတူတာကိုတွေ့ရတယ်။ ၁။ Control ပါ။ ကိုယ့်လုပ်ငန်းကို ကိုယ် ၁၀၀% control လုပ်လို့မရရင် သူများစေရာလုပ်နေရမှာ ဖြစ်ပါတယ်။ ဥပမာ ကိုယ့်ရဲ့ Business က Youtube ကြော်ငြာရနေ ဝင်ငွေရနေတာမျိုး၊ Facebook ကိုအရမ်းမှီခိုနေရတာမျိုး။ Affiliate အလုပ်မျိုးတွေပါ။ ကျွန်တော်တို့ လုပ်ငန်းစခဲ့ကြတာ control အလုပ်မခံချင်လို့ဖြစ်ပါတယ်။ ကိုယ့်လုပ်ငန်းသည် တခြားသူတွေ control လုပ်ခံတဲ့လုပ်ငန်းမဖြစ်ဖို့လိုတယ်။ 2. Entry ပါ။ လူတကာ အလွယ်တကူဝင်လုပ်လို့ရတဲ့ လုပ်ငန်းတစ်ခုဆိုရင် ဒီလမ်းမှာ overcrowded ဖြစ်နေပြီး traffic ကြားထဲကနေ အရှေ့ရောက်ဖို့ခက်လိမ့်မယ်။ Entry သိပ်မလွယ်တဲ့လုပ်ငန်းတစ်ခုဖြစ်ရမယ်။ 3. Need

CENTS Read More »

6 လအတွင်းမှာ အခုလုပ်နေတာထက်
၁၀ ဆ ပို productive ဖြစ်အောင်

6 လအတွင်းမှာ အခုလုပ်နေတာထက်၁၀ ဆ ပို productive ဖြစ်အောင်၁၀ ဆ ပို grow အောင် ဘာတွေလုပ်လို့ရမလဲ။ဒါက Xprize ရဲ့CEO က startup တွေနဲ့တွေ့ရင်ရင်းနှီးမြုပ်နှံမှုမလုပ်ခင် မေးတဲ့မေးခွန်းတဲ့။ ကိုယ့်ကိုကိုယ် ပြန်မေးကြည့်ကြည့်။ နောက်ခြောက်လအတွင်း ဝင်ငွေ ၁၀ ဆ တိုးဖို့ ဘယ်လို plan တွေရှိလဲ။အစရှိသည် မေးကြည့်။ တခြားနေရာမှာတွေလဲ သုံးလို့ရတယ်။ ကိုယ်စဥ်းစားနေတဲ့ ဘောင်ထက်ကျော်ပြီးစဥ်းစားတတ်ဖို့က အလေ့အကျင့်လိုတယ်။မဟုတ်ရင် ဘိန်းရောင်းတဲ့၊ လိမ်စားတို့ပဲ ထွက်လာမှာ။ Akyanpay ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။ #akyanpay

6 လအတွင်းမှာ အခုလုပ်နေတာထက်
၁၀ ဆ ပို productive ဖြစ်အောင်
Read More »

ဒီနေ့ခေတ် မားကတ်တင်းလုပ်ရင်

ဒီနေ့ခေတ် မားကတ်တင်းလုပ်ရင်ကိုယ့် brand က အခုမှ စတင်မည့်challenger brand ဆို ဒေါသထွက်ဖို့လိုတယ်ဗျ။ Angry brand ဖြစ်ဖို့လိုတယ်။ ဒီလိုဖြစ်ဖို့ ခင်ဗျာမှာ ရန်သူလိုတယ်။ ဒီလို ရန်သူရှိဖို့ Pick a fight လို့ခေါ်တဲ့ရန်သူတော်ကို သတ်မှတ်ဖို့လိုတယ်။ ခင်ဗျာမှတ်မိအုံးမလားတော့မသိဘူး။Steve Jobs ရှိတုန်းက Android ကို သူခိုးဖုန်းလို့ခေါ်ခဲ့တာ။ IPad ပထမ version စထွက်တဲ့ 2010 တုန်းက တီထွင်သူနဲ့ နောက်လိုက်ကို ကွဲပြားစေတာ တီထွင်ဆန်းသစ်ဖို့ innovation ဆိုပြီးမထွက်လာသေးတဲ့ Samsung ကိုကြိုတင်တိုက်ခိုက်ခဲ့တာ။ Steve Jobs ငယ်ငယ်က သူ့ Mac နဲ့ရန်သူတော်ဖြစ်တဲ့ IBM ရုံးသွားပြီးလက်ခလယ်ထောင်ပြခဲ့တာ မှတ်မိလား။ အဲ့ဒါ Pick a fight

ဒီနေ့ခေတ် မားကတ်တင်းလုပ်ရင် Read More »

တချို့ကပိုက်ဆံရှိတယ်။ အချိန်မရှိဘူး။
တချို့က အချိန်ရှိတယ်။ ပိုက်ဆံမရှိဘူး။

တချို့ကပိုက်ဆံရှိတယ်။ အချိန်မရှိဘူး။တချို့က အချိန်ရှိတယ်။ ပိုက်ဆံမရှိဘူး။ ပိုက်ဆံရှိတဲ့သူက အချိန်ကိုပိုက်ဆံနဲ့ဝယ်တယ်။အရေးမပါတာတွေအတွက်အချိန်ကုန်မခံဘူး။အချိန်ဘယ်လောက် ခြွေတာပေးမလဲဒါနဲ့ စဉ်းစားဆုံးဖြတ်တယ်။ အချိိန်ရှိပြီး ပိုက်ဆံမရှိသူကပိုက်ဆံက သူ့အတွက် တန်ဖိုးကြီးတဲ့အတွက်ပြန်ရချင်တဲ့ မျှော်လင့်ချင်ကလဲကြီးတယ်။စဉ်းစားတဲ့ပုံစံက ငွေနဲ့အဓိကစဉ်းစားတယ်။ အဓိက အကြောင်းအရင်းကတော့ကိုယ့်တစ်နာရီ ဘယ်လောက်တန်လဲကွာသွားလို့ကြောင့်ဖြစ်နိုင်တယ်။ လုပ်ငန်းလုပ်တဲ့အခါမှာကိုယ်က ဘယ်လိုဖောက်သည်မျိုးရွေးတာလဲအရေးကြီးတယ်။Price sensitive ဖြစ်တဲ့ သူလား။Buyers with power လား။ ဘာရောင်းလဲဆိုတာထက် ဘယ်သူ့ရောင်းလဲဆိုတာ အရေးကြီးတယ်။ Akyanpayကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။ #Akyanpay

တချို့ကပိုက်ဆံရှိတယ်။ အချိန်မရှိဘူး။
တချို့က အချိန်ရှိတယ်။ ပိုက်ဆံမရှိဘူး။
Read More »

ဦးနှောက်မုန်တိုင်း ဆင်ရတာ အားမရတော့ဘူး။

ဘဝမှာ စီးပွါးရေးအတွက် အဖြေရှာတိုင်းစာရွက်တွေ သုံးပြီး planning လုပ်ရတာ၊ဦးနှောက်မုန်တိုင်း ဆင်ရတာ အားမရတော့ဘူး။ အကြံပေး .com ကို သုံးတယ်။ကိုယ်လဲ သုံးတယ်။ကိုယ့်လိုလူတွေ သုံးလို့ရအောင် စီစဉ်ထားတယ်။ ကိုယ်ပျော်တဲ့ အလုပ် ကိုယ်လုပ်နေတာ အရသာရှိတာပဲ။ Akyanpay.com #Akyanpay

ဦးနှောက်မုန်တိုင်း ဆင်ရတာ အားမရတော့ဘူး။ Read More »

ဒါကြောင့် ခဏတာ ပြဿနာဖြစ်တာနဲ့
စိတ်မညစ်လိုက်နဲ့။

Entrepreneurship လို့ပြောလိုက်ရင် ပြိုင်ပွဲတွေဝင် ဆုတွေရ။ လူတွေက အထင်ကြီး။ တော်တော်မိုက်တယ်ပေါ့။ Superstar ကြီးဖြစ်နေရော။ ကိုယ့် idea ကိုခိုးမှာကြောက်၊ ကိုယ့် plan ကို ခိုးမှာကြောက်၊secret လို keep လုပ်ထားချင်ကြတယ်။ တကယ့် Entrepreneur ဘဝဆိုတာ အဲ့လို မဟုတ်ဘူး။ Entrepreneur တွေမှာ အဆိုးဆုံးကို ကြိုတွေးထားပြီးအကောင်းမြင်စိတ် အင်မတန်များဖို့အရမ်းအရေးကြီးတယ်။ Idea ဆိုတာ တကယ်အကောင်အထည်မဖော်ရင် တန်ဖိုးမရှိဘူး။ ကျွန်တော်လဲ အရင်က အဲ့လို စာဖတ်တဲ့ app လုပ်ဖို့ရည်ရွယ်ထားတာပဲ။အဲ့ဒါကျွန်တော်စဥ်းစားမိတဲ့ idea ပဲ။ အဲ့ဒါတွေက အလကားပဲ။ Idea က အိုင်ဒီယာပဲ drama တွေမများနဲ့။ ဒါကို အကောင်ထည်ဖော်တဲ့ Implementation က အဓိကပဲ။ ဘဝ အပြောင်းအလဲဖြစ်ဖို့က

ဒါကြောင့် ခဏတာ ပြဿနာဖြစ်တာနဲ့
စိတ်မညစ်လိုက်နဲ့။
Read More »

စီးပွားရေးလုပ်တယ်ဆိုတာ

စီးပွားရေးလုပ်တယ်ဆိုတာ တခြားသူရဲ့ ပြဿနာကို ဖြေရှင်းပေးတာ။ ဖောက်သည်တွေရဲ့ ပြဿနာကို အကောင်းဆုံးဖြေရှင်းပေးနိုင်ရင်လုပ်ငန်းအောင်မြင်မယ်။ ဒါကြောင့် ဖောက်သည်တွေဘာလိုချင်လဲ၊ ဘာမလိုချင်ဘူးလဲသေချာသိရသလို စဥ်းစားပုံစဥ်းစားနည်း၊ ယဥ်ကျေးမှုဒါတွေကို လဲ သိရတယ်။ စီးပွားရေးလုပ်တယ်ဆိုတာ How to start a business တို့ How to make money online တို့How to get rich တို့ online က ရှာနေရုံနဲ့ မပြီးသွားဘူး။ ပိုက်ဆံရှာချင်ရင် ဖောက်သည်တွေကြုံနေတဲ့ပြဿနာကိုအရင်ရှာ။ ဖောက်သည်တွေရဲ့ ပြဿနာတွေကိုတခြားသူတွေ၊ ပြိုင်ဖက်တွေထက်အကောင်းဆုံးဖြစ်အောင် ဖြည့်ဆည်းပေး။ ဒါက အောင်မြင်မှုရဲ့ formula လို့ပဲထင်တယ်။နောက်ပြီး လူတိုင်း ကိုယ့်ဖောက်သည်မဖြစ်နိုင်ဘူးဆိုတာလဲ သတိပြုဖို့လိုတယ်။ Akyanpay ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။ #akyanpay

စီးပွားရေးလုပ်တယ်ဆိုတာ Read More »

အောင်မြင်တဲ့လုပ်ငန်းရှင်တိုင်းက
တွက်ကပ်မနေဘူး။

အောင်မြင်တဲ့လုပ်ငန်းရှင်တိုင်းက တွက်ကပ်မနေဘူး။ ခပ်ကြီးကြီး စဥ်းစားပြီး တချို့အသေးလေးတွေကို စတေးတယ်။ဘယ်သူ့ကို ဘယ်လိုခိုင်းရမလဲဆိုတာသိတယ်။ ဂါဝရ တရားရှိပြီး ကိုယ့်ဖက်က အရင်ပေးလိုက်ရမှာရင်းလိုက်ရမှာ တွန့်တိုလေ့မရှိဘူး။ သိထားတဲ့ သတင်းအချက်အလက်ကိုအကောင်အထည်ဖော်တာ အရမ်းမြန်တယ်။ အရာရာကို သိမှ စမယ်ဆိုတာထက်စရင်းနဲ့ ပိုသိသွားတဲ့လူတွေများတယ်။ ပြဿနာတစ်ခုကြုံရင် ဘယ်သူ့အပြစ်တင်ရမလဲ စဥ်းစားတာထက်နောက်တစ်ခါ ဒါမကြုံအောင်ဘယ်လိုလုပ်မလဲ စဥ်းစားတယ်။ ကြောက်စိတ်တွေကြောင့် စိတ်ညစ်နေတာထက် အဖြေရှာပြီး မဖြစ်ဖြစ်အောင် လုပ်တဲ့သူတွေ။ ဘူပိတ်တဲ့ လုပ်ငန်းရှင်တွေကျတော့ကိုယ့်ဖက် ရဖို့အရင်စဥ်းစားတယ်။ကိုယ့်ဖက်က အရင်မပေးချင်ဘူး။ အလကား လိုချင်တာများတယ်။ တစ်ခုခုဆို ဟိုလူ့ကြောင့်၊ ဒီလူ့ကြောင့်၊ သူ့ကြောင့်ဒီလိုဖြစ်သွားတာ ဆိုတာမျိုးလုပ်တတ်တယ်။ အောင်မြင်ရင် သူ့ကြောင့်။မအောင်မြင်ရင် သူများကြောင့်ဆိုတဲ့သူမျိုး။ အသေးစိတ် တွက်ကပ်ပြီးအမြင်ကျယ်ကျယ် မထားနိုင်ဘူး။ မသိတာ တစ်ခုအတွက် မာန်မချဘူး။ ငါသိ၊ ငါတတ်။ အောင်မြင်တဲ့လုပ်ငန်းရှင်အများစုအစချီတာက ကျွန်တော်၊ ကျွန်မက“ဘားမှ မသိဘူးနော်”

အောင်မြင်တဲ့လုပ်ငန်းရှင်တိုင်းက
တွက်ကပ်မနေဘူး။
Read More »