ambition

ဒီခံယူချက် အမြဲထားတယ်။

ကိုယ်အသက်မွေးဝမ်းကြောင်းပြုတဲ့နယ်ပယ်မှာကိုယ်ကတော့ ဆရာအကျဆုံးဖြစ်ရမယ်။ ဒီခံယူချက် အမြဲထားတယ်။ Raphael က အသက် ၃၀ လောက်မှာနန်းတော်ကြီးတွေပိုင်ပြီ။သူ့ပန်းချီကားတွေ အောင်မြင်တယ်။ကျွန်တော်သူ့ကို အားမကျဘူး။သူက သူများထွင်ထားတဲ့ဖော်မြူလာနဲ့သွားတယ်။ အဲ့အချိန်Leonardo Da Vinci က အခန်းကျဉ်းလေးမှာမိုနာလီဇာ ပန်းချီကားကိုဆွဲနေတယ်။သူ့အလင်းသီအိုရီတွေ၊ ခန္ဓာဗေဒတွေသေချာလေ့လာပြီး ဖန်တီးနေတယ်။သူ့ဖော်မြူလာသူသေချာတီထွင်ဖန်တီးတယ်။ ကျွန်တော့်ရဲ့ inspiration က Raphael မဟုတ်ဘူး။ကျွန်တော့်ရဲ့ inspiration က Leonardo Da Vinci. အဿပြာက အရေးကြီးတယ်။သူ့ထက်အရေးကြီးတာ ကိုယ့်ရဲ့ဖန်တီးမှု၊ ပညာ။ Phyo Paing @ Derek

ဒီခံယူချက် အမြဲထားတယ်။ Read More »

ခံစားချက်မျိုးက စွဲလမ်းဖို့ကောင်းတယ်။

ရည်မှန်းချက်ပန်းတိုင်းတစ်ခုချသတ်မှတ်ထားတဲ့အချိန်အတွင်းမရောက်ရောက်အောင် ဝုန်းပြီးရည်မှန်းချက်ရောက်သွားတဲ့ခံစားချက်မျိုးက စွဲလမ်းဖို့ကောင်းတယ်။ ကျောင်းတုန်းကဆိုလဲ လုပ်ချင်တာလုပ်စာမေးပွဲနားနီးရင်7-days project ဆိုပြီး ဝုန်းရတာ၊10-days project ဆိုပြီး ဝုန်းရတာကနေ၊ခု 1-year တို့၊ 1-month တို့ ဝုန်းဝုန်းပြီး မရရအောင်လုပ်ပြီးWe did it လို့ပြောရတဲ့ ခံစားချက်ကဘာနဲ့မှ မလဲနိုင်ဘူး။ Phyo Paing @ Derek

ခံစားချက်မျိုးက စွဲလမ်းဖို့ကောင်းတယ်။ Read More »