ambition

အခွင့်အလမ်းအနေနဲ့ပြောင်းဖို့ စဥ်းစားမိမယ်။

ရည်မှန်းချက် သေးရင်ပြဿနာတွေက ကြီးသွားတယ်။ရည်မှန်းချက် ကြီးရင်ပြဿနာတွေက သေးသွားတယ်။ ရည်မှန်းချက်သေးရင်ခံစစ်နဲ့ဆော့ဖို့ပဲ စဥ်းစားမိတယ်။ရည်မှန်းချက်ကြီးရင်ဖြစ်လာတဲ့ ပြဿနာအဖြေရှာအခွင့်အလမ်းအနေနဲ့ပြောင်းဖို့ စဥ်းစားမိမယ်။ Phyo Paing @ Derek

အခွင့်အလမ်းအနေနဲ့ပြောင်းဖို့ စဥ်းစားမိမယ်။ Read More »

ဘဝရဲ့ပေးထားချက်ကို
အကောင်းဆုံးအသုံးပြုပြီး

အသိ သူငယ်ချင်းတွေတစ်ယောက်ပြီးတစ်ယောက်ကမ္ဘာလောကကြီးကထွက်ခွာသွားကြတယ်။ ငယ်သူငယ်ချင်းတွေ၊တက္ကသိုလ်တုန်းက သူငယ်ချင်းတွေ၊အသိမိတ်ဆွေတွေ။ ကိုယ်လဲ ဒီလမ်းသွားရမှာပါပဲ။ ဒါကြောင့်လဲ အသက်နဲ့ ခန္ဓာရှိတုန်းဘဝရဲ့ပေးထားချက်ကို အကောင်းဆုံးအသုံးပြုပြီးဘဝကို အလှပဆုံးဖန်တီးခဲ့ဖို့နေ့တိုင်း အားထုတ်နေပါတယ်။ နေ့စဥ် တော်ပျော်ပွားပေးရမယ်။တော်ရမယ်။ပျော်ရမယ်။ငွေကြေးဥစ္စာ ပွားရမယ်။ ယူတဲ့လက်တင်မဟုတ် ပေးကမ်းမှုပါရှိမယ်။ Phyo Paing @ Derek

ဘဝရဲ့ပေးထားချက်ကို
အကောင်းဆုံးအသုံးပြုပြီး
Read More »

ကိုယ်နဲ့ မထိုက်တန်ရင်
ဘယ်အရာမှ ကြာကြာမခံတတ်ဘူး။

အခွင့်အလမ်းပေးလဲအရည်အချင်းရှိမနေရင်ဖမ်းယူလို့မရဘူး။ကိုယ်နဲ့ မထိုက်တန်ရင် ဘယ်အရာမှ ကြာကြာမခံတတ်ဘူး။နေ့တိုင်း အခွင့်အလမ်းလာရင်ဖမ်းယူနိုင်တဲ့ထိုက်တန်တဲ့ ကျွမ်းကျင်မှုရှိဖို့သင်ယူ လေ့ကျင့်ချိန်တစ်ခုတော့ ပေးဖို့လိုနိုင်တယ်။ Phyo Paing @ Derek

ကိုယ်နဲ့ မထိုက်တန်ရင်
ဘယ်အရာမှ ကြာကြာမခံတတ်ဘူး။
Read More »

ဒရာမာတွေ မများတော့ဘူး။

တခါတလေ တခြားသူတွေကို ကိုယ့်ကို အခု ဘယ်လိုဆက်ဆံနေလဲဆိုတာ ခေါင်းထဲကထုတ်လိုက်ပြီးကိုယ်လိုချင်တာကို ဘာလဲဒါကိုပဲ အာရုံစိုက်ရင်ဒရာမာတွေ မများတော့ဘူး။ Phyo Paing @ Derek

ဒရာမာတွေ မများတော့ဘူး။ Read More »

ကိုယ့်ရဲ့ နှစ်စဥ်ရည်မှန်းချက်ပန်းတိုင်တွေရောက်ဖို့

ကိုယ်နေ့စဥ်လုပ်နေတဲ့အလုပ်တွေ၊ အပတ်စဥ်၊ လစဥ်လုပ်နေတဲ့အလုပ်တွေက ၂၀၂၄ ရဲ့ ရည်မှန်းချက်ပန်းတိုင်တွေရောက်ဖို့နီးသွားစေသလား? ကိုယ့်ရဲ့ နှစ်စဥ်ရည်မှန်းချက်ပန်းတိုင်တွေရောက်ဖို့၁။ နေ့စဥ်တွေး၂။ နေ့စဥ် ကြံ၃။ နေ့စဥ်လုပ်၄။ နေ့စဥ်ပြန်လည်သုံးသပ်၅။ နေ့စဥ် အသစ်သင်ယူပြီး အသုံးချဖို့လိုတတ်တယ်။ Are the tasks being carried out daily, weekly, and monthly edging closer to the 2024 goals? To reach the yearly targets, there’s a need to: Reflect each dayPlan on a daily basisTake action every dayConduct daily reviewsContinuously learn and

ကိုယ့်ရဲ့ နှစ်စဥ်ရည်မှန်းချက်ပန်းတိုင်တွေရောက်ဖို့ Read More »

“အကောင်းဆုံး ဗားရှင်း”

ဘဝဆိုတာ မသေခင်ထိမပြီးနိုင်တဲ့ ပရောဂျက်တစ်ခုပဲ။ပရောဂျက်နာမည်က“အကောင်းဆုံး ဗားရှင်း”တဲ့။ ကိုယ်အကောင်းဆုံးဖြစ်မှတခြားသူကိုလဲ အကောင်းဆုံးတွေပိုပေးနိုင်မယ်။ Phyo Paing @ Derek

“အကောင်းဆုံး ဗားရှင်း” Read More »

အမှန်တရားက တော်တော်လေးခါးတယ်။

ကိုယ်ရောက်နေတဲ့ ဘဝပေးအခြေအနေထက် ကျော်လွန်အောင်လုပ်နိုင်တာကိုယ်ထားတဲ့ စံနှုန်းပဲ။အမှန်တရားက တော်တော်လေးခါးတယ်။ Phyo Paing @ Derek

အမှန်တရားက တော်တော်လေးခါးတယ်။ Read More »

ကိုယ့်ရဲ့ စူပါပါဝါကို အသုံးချနိုင်ဖို့လိုတယ်။

ကိုယ်ဆိုတာ မရှိဘူး။ အခုဖြစ်နေတဲ့ စိတ်နဲ့ ခန္ဓာကခဏ အငှါးချထားပေးတာ။ အချိန်တန်ရင် အိမ်ပြန်ရမှာ။ ဒီအငှါးရထားတဲ့ ရုပ်နဲ့ နာမ်ကိုကိုယ့်အတွက်ပေးထားတဲ့သမိုင်းပေးတာဝန်ကိုရှာဖွေနိုင်ဖို့လိုတယ်။ ကိုယ့်ရဲ့ စူပါပါဝါကို အသုံးချနိုင်ဖို့လိုတယ်။ ဒါဆိုရင် ဘဝမှာ ရုန်းကန်ရတာထက်လိုရာခရီးရောက်ဖို့ မြန်နှုန်းကဒုံးပျံလို ဖြစ်သွားနိုင်တယ်။ Phyo Paing @ Derek

ကိုယ့်ရဲ့ စူပါပါဝါကို အသုံးချနိုင်ဖို့လိုတယ်။ Read More »

အများစုက ဒီ တုန့်ပြန်မှုတွေလာတတ်တယ်။

တစ်လ တစ်သိန်းဝင်တဲ့လူကို ခင်ဗျာ တစ်လဆယ်သိန်းဝင်အောင်ဘယ်လို လုပ်မလဲမေးကြည့်မယ်ဆိုရင်အများစုက ဟာအဲ့လောက်အများကြီးမဖြစ်နိုင်သေးပါဘူး။ ဒါဆိုရင်တော့ ငါးနှစ်၊ ခြောက်နှစ်လောက်တော့တော်တော်ကြိုးစားရမယ်ထင်တယ်။ ဟာဒါက အဝေးကြီး မဖြစ်နိုင်တာတွေ မစဥ်းစားစမ်းပါနဲ့။ ကိုယ့်အလုပ်ကိုယ် အာရုံစိုက်လုပ်စမ်းပါ။ အများစုက ဒီ တုန့်ပြန်မှုတွေလာတတ်တယ်။ ကိုယ်လဲ ကိုယ့်ကိုကိုယ် ပြန်မေးကြည့်တယ်။ငါ့ကို ကန့်သတ်ထားတာ ငါ့အတွေးများဖြစ်နေမလား။ ကိုယ်လိုချင်တဲ့ ရည်မှန်းချက်ပန်းတိုင်ရောက်ဖို့ ၁။ လူတွေရဲ့ ပြဿနာကို ဖြေရှင်းနိုင်တဲ့အစွမ်းအစရှိရမယ်။ ၂။ ကိုယ့်ရည်မှန်းချက်ရောက်အောင်ကူညီပေးနိုင်တဲ့ မှန်ကန်တဲ့လူတွေ၊ဖောက်သည်တွေ၊ အသိတွေရှိရမယ်။ ၃။ ရည်မှန်းချက်ရှိပြီး အကောင်အထည်ဖော်ရမယ်။ ၄။ မရသေးရင် ပြန်လည်သုံးသပ်လမ်းကြောင်းပြန် ပြန်လည်လုပ်ဆောင်ဖို့လိုတယ်။ Phyo Paing @ Derek

အများစုက ဒီ တုန့်ပြန်မှုတွေလာတတ်တယ်။ Read More »