behavior

လူတွေက ကိုယ့်အတွေးအခေါ်
Pattern တွေရဲ့ သားကောင်ပဲ။

တချို့တွေ မသိသေးတဲ့သူအပေါ်ဆိုအရမ်းကောင်းတတ်၊ အားနာတတ်ပြီးကိုယ်နဲ့သိတဲ့သူတွေအပေါ်ဆို မညာတာတတ်တာ တွေ့ဖူးလိမ့်မယ်။ တချို့လူတွေက တစ်ခုခု လုပ်တော့မယ်ဆိုအရမ်းတတ်ကြွ ရင်ခုန်ပြီးအချိန်တစ်ခုကြာရင် ပျင်းသွားတတ်တာတွေ့ဖူးကြလိမ့်မယ်။ လူတွေက ကိုယ့်အတွေးအခေါ်Pattern တွေရဲ့ သားကောင်ပဲ။ ကိုယ့်မှာရှိတဲ့ ကိုယ့် pattern တွေကိုသိမှ လိုချင်သလို ဘဝကို program လုပ်လို့ရမှာ။ ကိုယ်နဲ့ ပေါင်းသင်းတဲ့သူရဲ့အတွေးအခေါ် pattern သိမှလဲcommunication က အောင်မြင်မှာ။ ဒီ pattern သိမှ ကျန်တာတွေပြင်လို့ရမှာလေ။ Phyo Paing @ Derek

လူတွေက ကိုယ့်အတွေးအခေါ်
Pattern တွေရဲ့ သားကောင်ပဲ။
Read More »

အတတ်ပညာ၊ ဥစ္စာ၊ နယ်ပယ်တစ်ခုမှာ
နေရာတစ်ခုရောက်ဖို့ လျို့ဝှက်ချက်က

အလေ့အကျင့် habit ပဲ။ အပြုအမူ behavior ကို စည်းကမ်း disciplineထည့်လိုက်ရင် habit အမူအကျင့်ရတယ်။ Behavior + Discipline = Habit Self-help တွေက အကျင့်တစ်ခုဖြစ်ဖို့ ၂၁ ရက်လို့ဆိုကြပေမယ့်၊ Modern science က ၆၆ ရက်လိုတယ်လို့ဆိုတယ်။ Behavior ကိုပြောင်းဖို့ အတွေးအခေါ် Thoughtကိုပြောင်းဖို့လိုတယ်။ Phyo Paing @ Derek

အတတ်ပညာ၊ ဥစ္စာ၊ နယ်ပယ်တစ်ခုမှာ
နေရာတစ်ခုရောက်ဖို့ လျို့ဝှက်ချက်က
Read More »

Entrepreneur တစ်ယောက်က

ခေါင်းထဲမှာ အလုပ်ဘယ်လိုဖြစ်အောင်လုပ်ရမလဲပဲစဉ်းစားတယ်။လှုပ်ရှားမှုမြန်တယ်။တွေဝေမနေဘူး။ကိုယ့်အချိန်ကို အလစ်ဖြုတ်တဲ့အလုပ်မဖြစ်တဲ့အရာတွေကို ရှောင်တယ်။ ခုစင်ပေါ်ရောက်နေတဲ့လူတွေကလွန်ခဲ့တဲ့ နှစ်နှစ်ဆယ်က ဘားမှ မဟုတ်ဘူးငါလဲ ကြိုးစားနေရင်ဒီနေရာရောက်မယ်ဆိုတာ သိတယ်။လှုပ်ရှားမှုမြန်တယ်။ဦးနှောက်သုံးတယ်။ကိုယ့်ဘဝကိုယ် တာဝန်ယူတယ်။ Phyo Paing @ Derek

Entrepreneur တစ်ယောက်က Read More »

ကျွန်တော့်မှာ ယုံကြည်မှု ၇ ခုရှိတယ်။

ပိုရယူ သိလူကစား ဖြစ်အောင်လုပ်လို့ အတိုကောက်မှတ်လို့ရတယ်။ ၁။ အရာရာ ပိုကောင်းဖို့ဖြစ်လာတာပါ။ (ပို)၂။ အရှုံးဆိုတာမရှိဘူး။ ရလဒ်တွေပဲရှိတယ်။လုပ်ရပ်ပြောင်းရင် ရလဒ်ပြောင်းတယ်။(ရ)၃။ ဘာပဲဖြစ်ဖြစ် တာဝန်ယူပါ။ (ယူ)၄။ တစ်ခုခုအသုံးချဖို့အတွက် အကုန်သိနေစရာမလိုဘူး။ (သိ)၅။ လူကြောဆိုတာ ရွှေကြော။ (လူ)ကိုယ့်ကိုအောင်မြင်အောင်ကူညီပေးနိုင်တာလူတွေပဲ။ ၆။ အလုပ်ဆိုတာ ကစားတာ။ (ကစား)Game တစ်ခုလို စွဲစွဲလမ်းလမ်းလုပ်။၇။ လုပ်မယ်လို့ဆုံးဖြတ်ပြီးရင်ဖြစ်အောင်လုပ်။ (ဖြစ်အောင်လုပ်) လိုက်နာတဲ့ rule or guiding principles ကတော့ ၁။ ဘူကောင်တွေကို ရှောင်၂။ ကိုယ့်ကိုကိုယ် ဂုဏ်ယူရတဲ့အလုပ်တွေ နေ့စဉ်လုပ်၃။ အလုပ်ကို ပိုးစိုးပက်စက်လုပ်၄။ ဒူပဒေါပခေံ၅။ မယူခင်အရင်ပေး၆။ ယူတာထက်ပိုပေး၇။ ရှုံးနိုင်ခြေနဲ့ ဖြစ်နိုင်ခြေကို အမြဲတွက်၈။ ထွက်ငွေကိုဝင်ငွေအနေနဲ့ ပြန်ပြောင်း၉။ ကိုယ့်ကိုငွေရှာပေးမည့်အရာတွေမှာ ငွေသုံးဖို့ မနှမြောနဲ့။၁၀။ ကိုယ်နဲ့အလုပ်လုပ်တဲ့သူတိုင်း တိုးတက်သွားရမယ်။

ကျွန်တော့်မှာ ယုံကြည်မှု ၇ ခုရှိတယ်။ Read More »

တချို့လူတွေအတွက် သဘာဝပဲ။

သင်္ကြန်မတိုင်ခင်ပျော်ပြီးသင်္ကြန်ပြီး ရုံးတတ်ဖို့စိတ်ညစ်တတ်တာ တချို့လူတွေအတွက် သဘာဝပဲ။ကိုယ်ရူးသွပ်တဲ့ အလုပ်တစ်ခုကိုရှာဖွေ ဖန်တီးဖို့လိုနေတာဖြစ်ကောင်းဖြစ်မယ်။ Phyo Paing @ Derek

တချို့လူတွေအတွက် သဘာဝပဲ။ Read More »

လုံခြုံမှု

ငယ်ငယ်က ဘဝမှာ တစ်ခုခုဆို မိဘက ကိုယ့်ဖက်မှာရပ်တည်ပေးမည့်အစား တခြားသူပြောစကားကို ပိုနားထောင်တဲ့အချိန်တွေရှိမယ်။ ဒါမှ မဟုတ် ကိုယ်တန်ဖိုးထားတဲ့သူချစ်တဲ့သူ၊ အရင်းအနှီးဆုံးလူကကိုယ့်စကားအစား တခြားသူတွေစကားပိုနားဝင်တဲ့အချိန်တွေ ရှိကောင်းရှိမယ်။ ဒီအချက်တွေက တချို့သူတွေကိုစိတ်ဓာတ်ရေးရာ လုံခြုံမှုကင်းမဲ့စေတယ်။ ဒီအချက်ကြောင့် တချို့ကိစ္စတွေအကြောင်းအရာတွေကို ရေငုံနှုတ်ပိတ်ပြီး နေတတ်တာမျိုးဖြစ်လာတတ်တယ်။မိသားစုနဲ့ တဖြေးဖြေး ဝေးသွားတတ်တယ်။ကိုယ့်ရဲ့ အတွေးအခေါ်ကို ဖော်ထုတ်ဖို့Express လုပ်ဖို့ခက်လာတတ်တယ်။ဒါက အစွမ်းအစကို ပိတ်စေတယ်။ လူတွေ အစွမ်းအစထွက်ဖို့Freedom to express လုပ်နိုင်ဖို့လိုတယ်။Freedom to express လုပ်ဖို့Psychological safety လိုတယ်။အဲ့ဒီအတွက် နားလည်မှုလိုတယ်။ Phyo Paing @ Derek

လုံခြုံမှု Read More »

ရေရှည်သွားရမည့်ခရီးလမ်းတိုင်းကို
စိတ်ရှည်မှု၊ ဇွဲနဲ့ သည်းညည်းခံပြီး
ဖြတ်သန်းနိုင်တဲ့ grit လိုတယ်။

စိတ်ရှည်ဇွဲသန် သည်းညည်းခံပြုရန် သာသနာဆိုပြီးငယ်ငယ်ရှင်ပြုတုန်းကတွေ့လိုက်တယ်။ ဒီအချက်ကို ငါဘယ်နေရာမှာသုံးနိုင်မလဲ စဥ်းစားကြည့်တယ်။ ဗုဒ္ဓသာသနာကို နှစ်ပေါင်း၂၅၀၀ တိုင်အောင် တည်တံ့အောင်လုပ်နိုင်ခဲ့တာ ဒီ core values ကြောင့်ဖြစ်နိုင်တယ်လို့စဥ်းစားမိတယ်။ အာသောကမင်းလက်ထက်မှာတတိယသင်္ဂါယနာ တင်တယ်။ရှင်မဟာမောဂ္ဂလိပုတ္တတိဿမထေရ်မြတ် တို့ကကိုးတိုင်း ကိုးဌာန ပြည်နယ်တို့ကိုဥပသမ္ပဒကံဆောင်နိုင်စေရန်ခေါင်းဆောင်တစ်ပါးနှင့်သံဃာငါးပါးစီကို စေလွှတ်ကြွချီတော်မူတယ်။ ဒီလို Propagation ဖြစ်ဖို့ သာမာန်ဇွဲနဲ့မရဘူး။စိတ်ရှည်ရတယ်။​ဇွဲသန်ရတယ်။​သည်းငြင်းခံရတယ်။စော်ကားခံရတဲ့ အချိန် ပြုံးပြုံးလေးနဲ့မသိချင်ယောင်ဆောင်သည်းခံရတဲ့ အချိန်တွေရှိကောင်းရှိနိုင်တယ်။​ ကျွန်တော်တို့က တချို့ကိစ္စတွေကိုခွင့်လွတ်လို့ရတယ်။မေ့လိုက်လို့မရဘူး။ဒါကနေ သင်ခန်းစာယူပြီးရှေ့ဆက်ဖို့လိုတယ်။ ရေရှည်သွားရမည့်ခရီးလမ်းတိုင်းကိုစိတ်ရှည်မှု၊ ဇွဲနဲ့ သည်းညည်းခံပြီးဖြတ်သန်းနိုင်တဲ့ grit လိုတယ်။ Phyo Paing @ Derek

ရေရှည်သွားရမည့်ခရီးလမ်းတိုင်းကို
စိတ်ရှည်မှု၊ ဇွဲနဲ့ သည်းညည်းခံပြီး
ဖြတ်သန်းနိုင်တဲ့ grit လိုတယ်။
Read More »

မကြိုက်ရင် ဂရုမစိုက် လျစ်လျူရှုရမှာ။ Attention ပေးရမှာ မဟုတ်ဘူး။

Attention တာ ကိုယ်ကသူနဲ့သွားconnect လုပ်နေတာနဲ့ တူတူပဲ။ဘယ်လို လူသိသိသိတာက မသိတာထက်ကောင်းတယ်လို့ပိုအာဘိုးအေတစ်ယောက်ပြောဖူးတယ်။ Phyo Paing @ Derek

မကြိုက်ရင် ဂရုမစိုက် လျစ်လျူရှုရမှာ။ Attention ပေးရမှာ မဟုတ်ဘူး။ Read More »

ကိုယ့်မှာ rule တစ်ခုရှိတယ်။
ကိုယ့်ကို လာစားရင် လာစားတဲ့ကောင် ကိုယ့်ထက်ပိုခေါင်းစားခံနိုင်မှရမယ်။

စိတ်ညစ်မည့်ညစ် သူများကြောင့်ကိုယ်စိတ်မညစ်ဘူး။ကိုယ့်ကြောင့်ပဲ တခြားသူပိုစိတ်ညစ်ရလိမ့်မယ်။ နည်းနည်းတော့ မကောင်းဘူး။စိတ်တော့ တော်တော်ချမ်းသာရတယ်။မယုံရင်သုံးကြည့်။ ဒါက ကိုယ်နဲ့ဆို ဘယ်လိုဆက်ဆံရမယ်ဆိုတဲ့ message ပဲ။ Phyo Paing @ Derek

ကိုယ့်မှာ rule တစ်ခုရှိတယ်။
ကိုယ့်ကို လာစားရင် လာစားတဲ့ကောင် ကိုယ့်ထက်ပိုခေါင်းစားခံနိုင်မှရမယ်။
Read More »

သိလိုက်သည်ဖြစ်စေ
မသိလိုက်သည်ဖြစ်စေ
ကျွန်တော်တို့က လူတွေကိုယ့်ကို
ဘယ်လိုဆက်ဆံစေလိုတယ်ဆိုတာ
Train ပေးနေတယ်။

ကိုယ့်ကိုကိုယ် ယုံကြည်မှုမရှိကိုယ့်ကိုကိုယ် အပြစ်တင်တတ်ကိုယ့်ကိုကိုယ် မလေးစားတဲ့သူကတိမတည်တဲ့သူအပြစ်ပြော လက်ကြောတင်းအောင်အလုပ်မလုပ်တဲ့သူကိုတခြားသူတွေလဲ အထင်မကြီးဘူး။ Phyo Paing @ Derek

သိလိုက်သည်ဖြစ်စေ
မသိလိုက်သည်ဖြစ်စေ
ကျွန်တော်တို့က လူတွေကိုယ့်ကို
ဘယ်လိုဆက်ဆံစေလိုတယ်ဆိုတာ
Train ပေးနေတယ်။
Read More »