behavior

အိမ်တွင်းမှာ ဖုန်းတွေက ရန်သူပါ။

Digital device တွေ ကျွန်တော်တို့ behavior ကို control လုပ်ထားတဲ့ပုံစံမတူကြဘူး။ ဥပမာ Phone ကိုဖွင့်လိုက်ရင် Facebook လို app ကို အရင်နှိပ်မိတာမျိုး။ ကျွန်တော်တို့ marketer တွေကတော့ လူတွေရဲ့ behavior ကိုလေ့လာပြီး marketing လုပ်ကြတာပေါ့။ ဥပမာ website တစ်ခုကိုဝင်လာတယ်ဆို ဘယ်ခလုပ်ကိုဘယ်လိုနှိပ်ပြီး ဘယ်နားမှာရပ်သွားသလဲ။ ဒီအပေါ်မူတည်ပြီး website design ကို optimize ပြန်လုပ်ကြတယ်။ ဒီနေ့ခေတ်မှာ marketing တင်မကတော့ပဲ product design မှာပါ လူတွေဒီ product နဲ့မခွာနိုင်အောင် စဥ်းစားလာကြတယ်။ ဒီလို Habit-forming products တွေကိုတည်ဆောက်ဖို့ လူတွေရဲ့ psychology ကိုလေ့လာခဲ့ကြတယ်။ မကြာခင်က Netflix မှာ […]

အိမ်တွင်းမှာ ဖုန်းတွေက ရန်သူပါ။ Read More »

လူတွေကိုချစ်တတ်ဖို့လိုတယ်။

လူတွေကို နားလည်ပေးဖို့လိုတယ်။ လူတိုင်းမှာ Insecurities အနည်းနဲ့အများရှိတယ်။ ဟာသတွေလုပ်တတ်တဲ့သူကသူ့ဘဝမှာ ဝမ်းနည်းမှုတွေကို ဟာသတွေနဲ့မျက်နှာဖုံးအုပ်ထားတာဖြစ်နိုင်တယ်။ တခြားသူတွေကို အပြစ်ပြောတဲ့သူအနေနဲ့လူတွေ သူ့ရဲ့အားနည်းချက်မသိစေချင်တာဖြစ်ကောင်းဖြစ်နိုင်တယ်။ ကြွားတတ်တဲ့သူက အသိအမှတ်ပြုမှုကိုဆာလောင်နေတာဖြစ်နိုင်တယ်။ အပြုံးတွေနဲ့ လူတိုင်းကိုဆက်ဆံသူတစ်ယောက်မှာ အံကြိတ်ထားတဲ့ ခါးသီးမှုတွေရှိနေနိုင်တယ်။ လူတိုင်းသူ့အပူနဲ့သူပဲ။ လူတွေကို နားလည်ပေးဖို့လိုတယ်။ Phyo Paing @ Derek

လူတွေကိုချစ်တတ်ဖို့လိုတယ်။ Read More »

နှိုင်းယှဉ်မှု မပြုလုပ်ပါနဲ့။

လူတွေရဲ့အပြုအမူဟာ ကလေးဘ၀ရဲ့ စိတ်ခံစားမှုနဲ့ဆက်စပ်တယ်။ ကိုယ့်ကလေးအချင်းချင်း နှိုင်းယှဉ်ခံရတဲ့ မိသားစုက ကြီးပျင်းခဲ့တဲ့ ကလေးတွေက အသက်ကြီးလာတဲ့အခါ အချင်းချင်းမသိစိတ်က ပိုပြိုင်ဆိုင်ကြပြီး စည်းလုံးမှုနည်းတာ တွေ့ကြရတယ်တဲ့။ သားသမီးအချင်းချင်း နှိုင်းယှဉ်မှုမပြုလုပ်ပါနဲ့။ Phyo Paing @ Derek

နှိုင်းယှဉ်မှု မပြုလုပ်ပါနဲ့။ Read More »

လူ့သဘာ၀

ကျွန်တော်တို့တွေ နိုင်ချင်ကြတယ်။အတော်ဆုံးဖြစ်ချင်ကြတယ်။ လူသိအောင်သိကြောင်းတတ်ကြောင်းပြချင်ကြတယ် ဟုတ်။ငါအတော်ဆုံးဆိုတဲ့ အတ္တလူအများစုမှာ အနည်းနဲ့အများရှိကြတယ်။ ဟုတ်တယ်ဟုတ်? ဒါဟာကောင်းပါတယ်။ ဘာဖြစ်ဖြစ်ရအောင်လုပ်မယ်ဆိုပြီးကိုယ့်အားနည်းချက်ကိုဖုံးကွယ်တတ်ကြတယ်။နောက်ပြီးကျွန်တော်တို့ အကြိမ်တိုင်းအောင်မြင်တယ်ဆိုတာအရေးမကြီးပါဘူး။ ဘာ့ကြောင့်လည်းဆိုတော့တခါတလေ သူတပါးစိတ်ချမ်းသာဖို့အလျော့ပေးလိုက်တာဟာ ကိုယ်နဲ့သူ့ကြား relationship ပိုကောင်းစေတယ်။ ဆက်ဆံရေးကောင်းတဲ့သူတွေဟာ ငါ့ထက်သူ့ကိုဦးစားပေးကြတာ အားလုံးသိကြပါတယ်။ Phyo Paing @ Derek

လူ့သဘာ၀ Read More »

လူနှင့် ပတ်ဝန်းကျင်အခြေအနေ

သမ္မကျမ်းစာထဲက စေတန်အကြောင်းကြားဖူးမှာပေါ့။ အရင်က စေတန်ဟာ လူစီဖာ Lucifer လို့ခေါ်တဲ့ ဘုရားရဲ. အနှစ်သက်ဆုံး နတ်ဘုရားတစ်ပါးဖြစ်ခဲ့တယ်။ အဖဘုရားသခင်ရဲ. အာဏာကို စိန်ခေါ်လို့ အပေါင်းအပါတစ်ချို.နဲ့ ငရဲပို့ခံရ ရာက စေတန်ဖြစ်လာတယ်။ နတ်ဘုရားကနေ မာန်နတ်တွေဖြစ်စေသလို စိတ်သဘောထားကောင်းလွန်းတဲ့သူတွေကို အခြေအနေတစ်ခုမှာ စိတ်သဘောထား ဆိုးလွန်းတဲ့သူကြမ်းကြီးတွေအဖြစ်ပြောင်းနိုင်တယ်။ ဒါကို Lucifer effect လို့ခေါ်ကြတယ်။လူတွေမှားနေတဲ့ အထင်အမြင်တစ်ခုကတော့ တချို.သူတွေက မွေးကတည်းက ဆိုးတယ်။ တချို့သူတွေက ကောင်းတယ်။ အမှန်မှာတော့ ငယ်ငယ်က သင်ဖူးတဲ့ ကြက်တူရွေးညီအစ်ကို နှစ်ကောင်လိုဘဲ မတူညီတဲ့ ပတ်ဝန်းကျင်မှာ မတူညီတဲ့ သူတွေဖြစ်လာတယ်။ ဗုဒ္ဓ ဘာသာမှာတော့ စရိုက်ခြောက်ပါးဆိုတာ မွေးတည်းက ပါတယ်လို.ပြောတယ်။ ဒါပေမယ့် လူတွေရဲ. အမူစရိုက်တွေဟာ ပတ်ဝန်းကျင်အခြေအနေပေါ်မှာ မူတည်ပြီးအနည်းနဲ့အများပြောင်းသွားတယ် လို့လည်း ပညာရှင်တွေက ဆိုကြတယ်။

လူနှင့် ပတ်ဝန်းကျင်အခြေအနေ Read More »