dream

ဘ၀နေထိုင်မှုပုံစံကို သေချာ design လုပ်ပါ။

အသက်ရှစ်ဆယ်နေရရင်ရက်ပေါင်း 29200 နေရမယ်။အခု ဒီစာဖတ်နေသူကသုံးပုံတစ်ပုံ နဲ့ အထက်ကိုဖြတ်သန်းခဲ့ပြီးဖြစ်နိုင်တယ်။ဒါကြောင့် ကျန်ရှိတဲ့ဘဝကိုသေချာ design လုပ်နေဖို့စဉ်းစားကြည့်တာ ပိုအကျိုးရှိနိုင်တယ်။ Life is a journey, and most of us fail to design the route and system strategically to get the most out of life. Instead, people like to spend every day in autopilot mode. Living by default is very dangerous because our brain has been programmed […]

ဘ၀နေထိုင်မှုပုံစံကို သေချာ design လုပ်ပါ။ Read More »

လူတွေအထင်ကြီးဖို့ အလုပ်မလုပ်ပါနဲ့။

သင့်ကိုအထင်မကြီးတဲ့သူတွေက ဘာလုပ်လုပ်အထင်ကြီးမှာမဟုတ်ဘူး။ ကိုယ့်အိမ်မက်တွေအတွက် အလုပ်လုပ်ပါ။

လူတွေအထင်ကြီးဖို့ အလုပ်မလုပ်ပါနဲ့။ Read More »

Dream List ကို အကောင်အထည်ဖော်ဖို့ ကိုယ့်ကိုယ်ကိုယ် ကတိပေးပါ။

၂၀၁၂ ဘွဲ့ရတယ်။ ABE Graduate Diploma ပြီးတယ်။၂၀၁၃ Roche မှာအလုပ်ဝင်တယ်။ Part-time သင်တယ်။၂၀၁၄ တစ်နိုင်တပိုင် ဖုန်းတွေကလိပေးရင်း တရုတ်က ပစ္စည်းမှာပေးနေရာက ကိုယ်တိုင်ဆိုင်စဖွင့်တယ်။၂၀၁၅ ဆိုင်လွဲခဲ့တယ်။ MBA ပြီးတယ်။ကိုယ်ပိုင်သင်တန်းကျောင်းစတင်တယ်။၂၀၁၆ City of Oxford College (UK) Diploma တွေ စတင်ပို့ချခွင့်ရတယ်။ Training တွေစတယ်။၂၀၁၇ Yangon မှာ Public & Corporate Training စတယ်။၂၀၁၈ Coaching ကို ပီပီပြင်ပြင်စတယ်။၂၀၁၉ ToeTet ကိုစတယ်။ MBA Program စတယ်။၂၀၂၀ Dreamlab နဲ့ Akyanpay ကိုစတယ်။၂၀၂၁ Sapwar, Nyan Htet, Mindmax, Thukha ကိုစတယ်။ ဒါတွေအကုန်လုံးရဲ့ဆုံမှတ်က ၂၀၃၀

Dream List ကို အကောင်အထည်ဖော်ဖို့ ကိုယ့်ကိုယ်ကိုယ် ကတိပေးပါ။ Read More »

ကိုယ်လိုချင်တာ ကိုယ်ရတာမဟုတ်ဘူး။
ကိုယ်နဲ့ထိုက်တန်တာကိုပဲ ရတာဖြစ်တယ်။

ဒါကြောင့် You don’t get what you want.You get what you deserve ဆိုတာမှန်တယ်။ကိုယ်လိုချင်တာပဲ စွဲလမ်းတမ်းတနေရုံနဲ့မရဘူး။ကိုယ်လိုချင်တဲ့အရာ ကိုယ့်ဆီလာအောင်လေ့လာပြင်ဆင်မှု၊ လေ့ကျင့်မှု၊ စည်းကမ်း၊ ဇွဲရှိမှ ကိုယ်လိုချင်တာနဲ့ ထိုက်တန်တဲ့ ကိုယ်ဖြစ်လာမှာ။ Phyo Paing @ Derek

ကိုယ်လိုချင်တာ ကိုယ်ရတာမဟုတ်ဘူး။
ကိုယ်နဲ့ထိုက်တန်တာကိုပဲ ရတာဖြစ်တယ်။
Read More »

ဘဝအဓိပ္ပာယ်ရှိနေချင်ရင် Limbic Brain စွမ်းအားကို အသုံးချကြည့်ပါ။

လွန်ခဲ့တဲ့ ၁၆ နှစ်လောက်က Viktor Franklr ရဲ့ Man’s Search for Meaningစာအုပ်ဖတ်ရင်း အဓိပ္ပာယ်တစ်ခုကို သဘောအရမ်းမပေါက်ခဲ့ဘူး။ Viktor Franklr ဆိုတာ နာဇီ concentration camp မှာငြင်းပန်းနှိပ်ဆက်ခံရတဲ့ထဲပါတဲ့ စိတ်ပညာရှင်တစ်ယောက်ဖြစ်တယ်။ ဒီလို အချိန်မျိုးမှာ စိတ်ဓာတ်ကျအားငယ်သေဆုံးသွားသူတွေနဲ့ ကြံ့ကြံ့ခံ ကျန်ခဲ့သူတွေကို လိုက်လေ့လာတော့ ကွာခြားချက်က “Why” ဖြစ်တယ်။ စောစောသေသွားသူတွေမှာ “Hope” ရှိပြီးဖြစ်မလာတော့ စိတ်ဓာတ်ကျပြီးလက်လျော့သွားကြတယ်။ ကြံ့ကြံ့ခံတဲ့သူတွေမှာ ငါဒီမှာသေလို့မဖြစ်သေးဘူးငါ့လူမျိုးတွေအတွက် အသက်ဆက်ရှင်ရမယ်။ငါ့သမီးလေး၊ ငါ့မိဘအတွက်အသက်ရှင်နေမှရမယ်။အစရှိတဲ့ Why ရှိကြတယ်။ နောက်ပိုင်းဆေးပညာမှာ သိလာတာပုံမှန် ဦးနှောက်မှာ Why ကို နှိုးဆွပေးတာ Limbic Brain ဖြစ်တယ်။ ဒီ Brain အစိတ်အပိုင်းက တော်တော်အရေးကြီးတယ်။လူအများစုဟာ ဒီ brain ရဲ့

ဘဝအဓိပ္ပာယ်ရှိနေချင်ရင် Limbic Brain စွမ်းအားကို အသုံးချကြည့်ပါ။ Read More »

Career Capital တည်ဆောက်ပါ။

“ကိုယ်ချစ်တဲ့အလုပ်ကိုလုပ်ပါ ဒါမှ မဟုတ်လုပ်တဲ့ အလုပ်ကိုချစ်ပါ။”ဒါဆေးကျောင်းသားဘဝက နံရံမှာ အကြီးကြီးရေးထားတဲ့စာဖြစ်တယ်။ တရုတ်နဲ့ အမေရိကား ယဥ်ကျေးမှုကကွာတယ်။အနောက်တိုင်းမှာက Do what you loveတရုတ်မှာက Love what you do ဖြစ်တယ်။ American Values ပေါ်မူတည်ပြီး လူတွေအတွက် နိုင်ငံရှိနေတယ်။ တရုတ်ပြည်မမှာက လူတွေက နိုင်ငံအတွက် တည်ရှိနေတယ်။ ဒီ တန်ဖိုးထားမှု lens ကွာတယ်။ ကိုယ်ချစ်တဲ့အလုပ်ကို လုပ်ဖို့ 2017 ကစလို့ စင်ပေါ်မှာ ဟောပြောချင်တဲ့အတွက်speaker တွေ အစီအရီထွက်လာခဲ့တယ်။ သူတို့ရဲ့ passion နောက်ကိုလိုက်ဖို့ တချို့ဆို သိန်းရာနဲ့ချီရင်းပြီးfollow your passion လုပ်ကြတယ်။တချို့တွေ အောင်မြင်တယ် တချို့တွေ ထင်သလောက် ခရီးမရောက်ခဲ့ကြဘူး။ ဘာကြောင့်လဲ? ဒါကတော့ ကိုယ့်ရဲ့ Skill

Career Capital တည်ဆောက်ပါ။ Read More »

ဘဝမှာ Growing နဲ့ Giving လိုတယ်။

မွေးဖွားခြင်းရဲ့ လမ်းဆုံးက သေဆုံးခြင်းဆိုရှင်သန်ခြင်းရဲ့ လမ်းစဉ်က တိုးတက်ခြင်း၊နောက်တစ်ဆင့်က ပေးဆပ်ခြင်းဖြစ်မယ်။ ဒါကိုတော့ ကိုယ့်ကိုကိုယ် G နှစ်လုံးဖြစ်တဲ့Growing နဲ့ Giving ဆိုပြီး မှတ်ထားတယ်။ အရွက်မရှိ အကိုင်းအခက်အိုနာကျိုးကန်းသစ်ပင်ကအရိပ်ကောင်းကောင်း မပေးနိုင်တာအားလုံးအသိပဲ မဟုတ်လား။ ရှင်သန်ခြင်းလမ်းခရီးမှာ t တလွဲတွေ၊မထင်ထားတာတွေ၊ ကြေကွဲစရာတွေမလွဲမသွေ ကြုံရမှာပဲ။ ဒီလောကဓံရှစ်ပါးကို ခပ်တည်တည်ရှုပြီးကျော်ဖြတ်ရမှာပဲ။ ဘဝမှာ Growing နဲ့ Giving လိုတယ်။ မဟုတ်ရင် ဘူပြီးရင် ဘူနေမှာ။ Phyo Paing @ Derek

ဘဝမှာ Growing နဲ့ Giving လိုတယ်။ Read More »

စိတ်ရှည်သည်းခံနိုင်ဖို့ အရေးကြီးတယ်။

အခု ကောင်းကင်မှာ အခုမြင်နေရတဲ့ ကြယ်အလင်းဟာလွန်ခဲ့တဲ့ လေး၊ ငါးနှစ်ကျော်က အလင်းဖြစ်ကောင်းဖြစ်နိုင်တယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့နဲ့ အနီးဆုံး ကြယ်ဖြစ်တဲ့Alpha Centauri ကနေ ကမ္ဘာမြေရောက်ဖို့လေးနှစ်သုံးလကြာတယ်။တခါတလေ ကိုယ့်ရဲ့အနာဂတ်အတွက်အလင်းရောင်ထွန်းလင်းဖို့ အချိန်တစ်ခုပေးရတယ်။စိတ်ရှည်သည်းခံနိုင်ဖို့ အရေးကြီးတယ်။ Phyo Paing @ Derek

စိတ်ရှည်သည်းခံနိုင်ဖို့ အရေးကြီးတယ်။ Read More »

Tipping point

ကိုယ်လုပ်တိုင်း ဖြစ်မလာလို့ လက်မလျော့လိုက်နဲ့။ Equation ထဲထည့်တွက်လို့မရတဲ့ ကံတရားဆိုတာ ကောင်းရင်လဲ ဇွတ်ကောင်းတတ်တယ်။ Phyo Paing @ Derek

Tipping point Read More »

တကယ်လို့ အရာရာကို သုညကပြန်စရမယ်ဆို ဘာတွေလုပ်မလဲဆိုတဲ့ အတွေးပါ။ အရာရာကို ပြင်ဆင်ထားဖို့လိုပါတယ်။

အရင်နှစ်တွေက ကိုယ့်ကိုကိုယ် note အနေနဲ့ရေးထားတာ၊ ပြန်မျှဝေပေးလိုက်ပါတယ်။ Rule 1 – မနှိုင်းယှဥ်ပါနဲ့။ သူများနဲ့ နှိုင်းယှဥ်တဲ့အခါ ကိုယ့်ကိုကိုယ် express လုပ်ဖို့ မေ့သွားတတ်တယ်။ လူတစ်ယောက်နဲ့တစ်ယောက်သွားတဲ့လမ်းကြောင်း Career inspiration နဲ့ Dream တွေ၊ Talent တွေမတူတဲ့အတွက် ကိုယ်နဲ့တစ်ခြားသူနဲ့ မနှိုင်းယှဥ်ပါနဲ့. Rule 2 – ကိုယ့်ကိုကိုယ် အပြစ်မတင်ပါနဲ့။ တစ်ခုခုအမှားလုပ်မိတိုင်း ကိုယ့်ကိုကိုယ်အပြစ်တင်ဖူးလား။ ကျွန်တော်ငယ်စဥ်အခါက အမြဲအပြစ်တင်ဖူးတယ်။ ဒါက အကျင့်ကြီးတစ်ခုလိုဖြစ်လာခဲ့ဖူးတယ်။ နောက်တော့ ကိုယ့်ကိုကိုယ်ချစ်တဲ့စိတ်နဲ့ပဲကြည့်တယ်။ ခွင့်လွတ်တယ်။ အားပေးတယ်။ အပြစ်တင်မည့်အစား သင်ခန်းစာယူတယ်။ Rule 3 – ကိုယ့်ကိုကိုယ်သိအောင်လုပ်ပါ။ ဆယ်ကျော်သက်အရွယ်က ကိုယ့်ကိုကိုယ်သိဖို့ မလွယ်သေးဘူး။ Self-awareness လို့ဆိုပါတော့။ ကိုယ့်ရဲ့ အားသာချက်၊ အားနည်းချက်၊ ကိုယ့်ကို

တကယ်လို့ အရာရာကို သုညကပြန်စရမယ်ဆို ဘာတွေလုပ်မလဲဆိုတဲ့ အတွေးပါ။ အရာရာကို ပြင်ဆင်ထားဖို့လိုပါတယ်။ Read More »