ဖြစ်ချင်တာထက်
ဖြစ်လာတာပိုအရေးကြီးတယ်။
ဖြစ်ချင်တာထက် ဖြစ်လာတာပိုအရေးကြီးတယ်။ လူတိုင်းက ဘာဖြစ်ချင်တယ်။ဘာရချင်တယ်။ဆန္ဒတွေ ရှိကြမယ်။ ဆန္ဒရှိတိုင်းဖြစ်လာမယ်ဆိုရင်လူတိုင်း ကြိုးစားကြံဆစရာတောင်လိုမှာ မဟုတ်ဘူး။ ဖြစ်ချင်တာတွေကို ၁၀% အချိန်ပေးပြီးရင်ဖြစ်လာတာတွေကို ၉၀% အချိန်ပေးဖို့လိုနိုင်တယ်။ နေ့တိုင်းက အသစ်တွေဖြစ်လာနေတယ်။ကောင်းတာရှိတယ်။ သိပ်မကောင်းတာရှိတယ်။ အရေးကြီးတာ ဖြစ်ချင်တာဖြစ်လာဖို့ဖြစ်ချင်တာထက်နေ့စဥ်ဖြစ်လာတာတွေကို ပိုအာရုံစိုက်ပါ။ ဒီနှစ်ခုကို ချိန်ငြိပါ။ အသေးစိတ်ထပ်ရှင်းပြပါရစေ။ အိပ်မက်နဲ့ လက်တွေ့ကျွန်တော်တို့ လူတိုင်းမှာ အိပ်မက်တွေရှိကြပါတယ်။ “ကားလှလှလေး တစ်စီးလိုချင်တယ်”“အိမ်ကြီးကြီးလေး ပိုင်ချင်တယ်”“စီးပွားရေးလုပ်ငန်းကြီး ထူထောင်ချင်တယ်”ဒါပေမယ့် အိပ်မက်ချည်းပဲ မက်နေလို့ မရပါဘူး။ လက်တွေ့မှာ နေ့တိုင်း ဘာတွေဖြစ်နေလဲ၊ ဘယ်လိုကိုင်တွယ်နေလဲက ပိုအရေးကြီးပါတယ်။ ဥပမာ –မနက်အိပ်ယာထ အလုပ်သွား၊ လုပ်ငန်းခွင်မှာ ကြိုးစား၊ ညနေအိမ်ပြန်၊ မိသားစုနဲ့အတူနေ။ဒါတွေက ပုံမှန်ဖြစ်နေတဲ့ အရာတွေပါ။တချို့ရက်တွေ ကောင်းမယ်။ တချို့ရက်တွေ မကောင်းဘူး။ဒါပေမယ့် ဒါတွေကို ကောင်းကောင်းကိုင်တွယ်နိုင်မှ ရည်မှန်းချက်တွေ တဖြည်းဖြည်း ဖြစ်လာမှာပါ။ […]
ဖြစ်ချင်တာထက်
ဖြစ်လာတာပိုအရေးကြီးတယ်။ Read More »