dream

ကိုယ့်အိမ်မက်ကို တစ်ယောက်ယောက်က ရိုက်ချိုးတယ်ဆိုတဲ့ စကားကြီးတော့ မသုံးပါနဲ့။ အဲ့လိုလုပ်နိုင်တဲ့စွမ်းရည် ဘယ်သူ့မှာမှမရှိဘူး။

ဘာလိုလိုနဲ့ May 5 ရက်နေ့ရောက်လာခဲ့ပြီ။ ဒီကာလအတွင်းမှာ လူတော်တော်များများမှာ ခံစားချက်ကိုယ်စီရှိကြပြီး Social Media မှာ ထုတ်ဖော်ပြခြင်း၊ သိပ်မဖော်ပြခြင်းသာကွာကြလိမ့်မယ်။ သတင်းကောင်းကို သိပ်တဆိတ်မျှော်လင့်နေကြတာရှိသလို တချို့သူငယ်ချင်းတွေကလဲ သူတို့ယုံကြည်ရာလမ်းကြောင်းအတိုင်း ပေးဆပ်ရမှာသိလျက်နဲ့ ဆက်လျှောက်ကြတယ်။ တစ်ကိုယ်စာအနေနဲ့ကတော့ ဘဝကိုအမြဲ Zero-setting သုညက ပြန်စဖို့ အကြိမ်ကြိမ်အမြဲစဥ်းစားထားတဲ့အတွက် ဘားမှ သိပ်မဖြစ်ပေမယ့် အနာဂတ်အိမ်မက်တွေပြောင်းသွားခဲ့တယ်။ ရိုက်ချိုးခံရတယ်ဆိုတဲ့ အသုံးနှုန်းမသုံးပါဘူး။ ဘယ်သူမှလဲ ကိုယ့်ရဲ့အိမ်မက်ကို ရိုက်ချိုးလို့မရဘူး။ အားလုံးက ကိုယ်နဲ့ပဲဆိုင်တယ်။ ကျွန်တော်တို့နေထိုင်တဲ့ ပတ်ဝန်းကျင် (Environment) ဟာ နောက်ဆုံး layer မှာသာရှိတယ်။ သူ့အထက်မှာ အပြုအမူ၊ ကျွမ်းကျင်မှု၊ ယုံကြည်မှု၊ ခံယူချက်၊ ဘဝရဲ့သမိုင်းပေးတာဝန်အစရှိတာတွေရှိသေးတယ်။ တချို့တွေက ပတ်ဝန်းကျင်နဲ့ အဖြစ်အပျက်တွေကြောင့် ယုံကြည်မှုနဲ့ ခံယူချက်တွေကို ပြောင်းလိုက်ပေမယ့်၊ တချို့က ယုံကြည်မှု၊ […]

ကိုယ့်အိမ်မက်ကို တစ်ယောက်ယောက်က ရိုက်ချိုးတယ်ဆိုတဲ့ စကားကြီးတော့ မသုံးပါနဲ့။ အဲ့လိုလုပ်နိုင်တဲ့စွမ်းရည် ဘယ်သူ့မှာမှမရှိဘူး။ Read More »

သတ္တိ

လူတွေအပြစ်ပြောတာကို ခံနိုင်ရည်ရှိတဲ့သတ္တိ။ ကိုယ်ယုံကြည်ရာကို ဆက်လုပ်ရဲတဲ့သတ္တိ။ ရည်မှန်းချက်အတွက် ဘ၀အတွက် အရေးကြီးတဲ့ အချို့အရာတွေကို စွန့်လွှတ်ရဲတဲ့သတ္တိ။ အဆင်သင့်မဖြစ်ခင် စတင်ရဲတဲ့သတ္တိ။ အဆင်သင့်ဖြစ်မှ ဘ၀ကိုနေမယ်ဆိုရင် ဘယ်တော့မှဖြစ်မှာမဟုတ်ဘူး။ အရာရာပြည့်စုံမှ အလုပ်စလုပ်မယ်ဆို လုပ်ဖြစ်မှာမဟုတ်ဘူး။ Phyo Paing @ Derek

သတ္တိ Read More »

ခွင့်ပြုချက်တွေ တောင်းမနေနဲ့။

အသက်ကြီးလာတာနဲ့အမျှ ကိုယ့်ရဲ့ဖြစ်တည်မှုအတွက်တခြားသူတွေရဲ့ ခွင့်ပြုချက်ကိုတောင်းခံမနေတော့ဘူး။ ပျော်ရွင်မှုရဲ့ သူခိုးက တခြားသူတွေရဲ့ခွင့်ပြုချက် approval ကို တောင်းခံတတ်တဲ့အကျင့်ပါ။ ငယ်ငယ်ကဆို တစ်ခုခုလုပ်ဖို့ လူတိုင်းကို အားနာနေတတ်တယ်။ကိုယ့်အထင်အမြင်အတိုင်းပြောလိုက်ရင်တဖက်သူ စိတ်မကောင်းဖြစ်သွားမှာ ဘယ်လိုခံစားရမလဲမသိဘူး အမြဲစဥ်းစားပြီး အားနာနေတတ်တယ်။ နောက် ဟင်းဝယ်၊ ထမင်းဝယ်ရင်တောင်ငါဝယ်လိုက်တာ လိုတာထက်များသွားပြီကွာဆိုပြီး ကိုယ့်ကိုကိုယ် အပြစ်တင်တာတွေလုပ်မိခဲ့ဖူးတယ်။ လွန်ခဲ့တဲ့ ဆယ့်ငါးနှစ်လောက်ကပေါ့။ နောက်ပိုင်း ကိုယ့်ကိုကိုယ် ပြန်သုံးသပ်ပြီးကိုယ်ပိုင် အတွေးအခေါ်ပြန်ထုတ်တယ်။ ဘဝမှာ အရေးအကြီးဆုံးက နေပျော်ဖို့။ကျွန်တော့်ဘဝ နေပျော်ဖို့ အမြဲတိုးတက်နေဖို့လိုတယ်။တိုးတက်နေဖို့ အမြဲအသစ်တွေလေ့လာနေဖို့စမ်းသပ်မှုတွေ လုပ်နေဖို့ လိုတယ်။ ဆုံးရှုံးမှာ ကြောက်နေလို့မရဘူး။ တစ်သက်မှာ တစ်ခါ လူလာဖြစ်တာ။ဒီတော့ Personal Growth နဲ့ Experiment (Social, Business, etc) တွေ လုပ်တယ်။ နောက် ကိုယ့်ကို မပျော်စေတဲ့အထဲမှာ သူများနဲ့နှိုင်းယှဥ်တာ၊

ခွင့်ပြုချက်တွေ တောင်းမနေနဲ့။ Read More »

ကျွန်တော် သေဆုံးသွားခဲ့တယ်။

ဆေးပညာမှာ Aptosis ဆိုတဲ့ စကားလုံး တစ်လုံးရှိတယ်။ အလွယ်တကူပြောမယ်ဆိုရင်programmed cell death.တစ်ရက်ကို လူကြီးကလေးပေါ်မူတည်ပြီး cell ပေါင်း 20 – 60 billionနေ့စဉ်သေနေတယ်။ ဦးနှောက် cell ကလွဲပြီး ကျန် cell တွေက အစားထိုးခံနေရတယ်။ လွန်ခဲ့တဲ့ ဆယ်နှစ်က သင်နဲ့လက်ရှိသင်နဲ့မတူတော့ဘူး။ ဒါပေမယ့် အတိတ်ရဲ့ အရိပ်တွေက လွမ်းမိုးနေတုန်း။ ဒါကို Remembering လို့ခေါ်ပါတယ်။ဒီကနေ Identity တစ်ခုဖြစ်နေတယ်။ ကိုယ့်ကို ကိုယ်ပြောင်းဖို့ အတိတ်ရဲ့အရိပ်တွေကို ဖယ်ချသင့်ရင်ဖယ်ချရပါမယ်။ Identity အသစ်ပြောင်းရပါတယ်။ 2013 မှာ ကျွန်တော်သေဆုံးသွားခဲ့တယ်။ Phyo Paing @ Derek

ကျွန်တော် သေဆုံးသွားခဲ့တယ်။ Read More »

ကိုယ်အလုပ်လုပ်တဲ့ နယ်ပယ်မှာ
နေရာတစ်ခုရဖို့ဆိုတာ

၁။ ဦးနှောက်ဘယ်လောက်သုံးနိုင်လဲ? ၂။ အမှားဘယ်လောက်လုပ်ခဲ့ဖူးလဲ? ၃။ အမှားက သင်ခန်းစာဘယ်လိုယူသလဲ? ၄။ အလုပ်မှာ ဘယ်လောက်စူးစိုက်နိုင်သလဲ? ၅။ အလုပ်ကို အလေးအနက်ထားလုပ်လဲ? ဒီငါးချက်ပေါ်မှာ မူတည်တာပဲ။ အလုပ်တစ်ခုကို တစ်ဖက်ကမ်းခက်မကျွမ်းခင်မှာတော့ ဟိုဟာစိတ်ဝင်စားသလိုလိုဒီဟာပဲ စိတ်ဝင်စားသလိုလိုဖြစ်တတ်တယ်။ အလုပ်တစ်ခုကို တစ်ဖက်ကမ်းခက်ကျွမ်းကျင်သွားရင် passion ပျောက်တယ်ဆိုတာဖြစ်မှာ မဟုတ်ဘူး။ Phyo Paing @ Derek

ကိုယ်အလုပ်လုပ်တဲ့ နယ်ပယ်မှာ
နေရာတစ်ခုရဖို့ဆိုတာ
Read More »

ကိုယ့်အိမ်မက်တွေအတွက် အလုပ်လုပ်ပါ။

လူတွေအထင်ကြီးဖို့ အလုပ်မလုပ်ပါနဲ့။ သင့်ကိုအထင်မကြီးတဲ့သူတွေက ဘာလုပ်လုပ်အထင်ကြီးမှာမဟုတ်ဘူး။ ကိုယ့်အိမ်မက်တွေအတွက် အလုပ်လုပ်ပါ။ Phyo Paing @ Derek

ကိုယ့်အိမ်မက်တွေအတွက် အလုပ်လုပ်ပါ။ Read More »

ဘဝဆိုတာ ကျွန်တော်တို့ မဖြစ်မနေ ဖြတ်သန်းနေကြရတဲ့ ခရီးရှည်တစ်ခုပါ။

“Knowledge is Potential Power, Action is Power” ဆိုတဲ့ အကိုးအကားအတိုင်း ကျွန်တော်တို့ ဘဝခရီးမှာ မိမိကိုယ်ကိုယ်အတွက် မိမိပတ်ဝန်းကျင်အတွက် ကောင်းကျိုးပြုနိုင်မယ့် Action ဆိုတဲ့ လုပ်ဆောင်မှုတွေကို ကောင်းကောင်းမွန်မွန် လုပ်ဆောင်နိုင်ဖို့အတွက် Knowledge ဆိုတဲ့ အသိပညာဟာ လောင်စာ တစ်ခုပါပဲ။ အဲ့ဒီလောင်စာအတွက် အဓိက အရင်းအမြစ်ကတော့ စာဖတ်ခြင်းပါပဲ။ ကျွန်တော်တို့လို အလုပ်တစ်ဖက်နဲ့ ဘဝကိုဖြတ်သန်းနေကြရတဲ့ လူငယ်တွေ၊ လူလတ်ပိုင်း အရွယ်တွေအတွက် နေ့စဉ်ဘဝမှာ အရှားပါးဆုံးကတော့ အချိန်လို့ ဆိုရမလား? စီးပွါးရေး၊ လူမှုရေး၊ မိသားစုရေးနဲ့ ကိုယ့်ကိုယ်ကို ရပ်တည်နိုင်ရေး တွေအတွက် ကြိုးစားနေရင်း တာဝန်တွေပိနေတဲ့ သူတွေအဖို့တော့ စာတစ်အုပ် ဖတ်နိုင်ဖို့နေနေသာသာ ၂၄ နာရီဆိုတဲ့အချိန်ဟာ အရမ်းနည်းနေတာကြောင့် စာဖတ်ခြင်းဆိုတာ ကျွန်တော်တို့နဲ့ မသက်ဆိုင်သလို

ဘဝဆိုတာ ကျွန်တော်တို့ မဖြစ်မနေ ဖြတ်သန်းနေကြရတဲ့ ခရီးရှည်တစ်ခုပါ။ Read More »

လက်တွေ့ကျတဲ့ ကျွမ်းကျင်မှုတွေမှာ ရင်းနှီးမြုပ်နှံဖို့ အချိန်ရောက်ပြီ။

Digital Economy Digital Economy နဲ့ Gig Economy ကြီးလာဖို့အရင်ကထက် အများကြီးပိုမြန်လာပြီ။ အရာရာစျေးတွေ ကမောက်ကမဖြစ်နေတဲ့အချိန်မှာတခြားအရာတွေမှာ ရင်းနှီးမြုပ်နှံတာထက်အချိန်နဲ့ ငွေကို အနာဂတ်မှာလိုအပ်နိုင်မည့် ကျွမ်းကျင်မှုတွေမှာ ရင်းနှီးမြုပ်နှံတာမျိုးလုပ်ဖို့လိုတယ်။ Product, Service or Skills တို့ရဲ့ရည်ရွယ်ချက်ကပြသနာတွေဖြေရှင်းဖို့ ဖြစ်ပါတယ်။ အနာဂတ်ရဲ့ ပြသနာတွေကိုဖြေရှင်းနိုင်ဖို့ Freelancing Skills တွေတက်ထားဖို့လိုတယ်။ Professional Skills အပြင်Digital Marketing သိဖို့လိုလာပြီ။Freelance လုပ်မယ်ဆိုလိုအပ်တဲ့IT skills တွေ တတ်ထားဖို့လိုလာပြီ။ Time Management, Productivity နဲ့ Client နဲ့ ဘယ်လိုအလုပ်လုပ်မလဲ သိဖို့လိုလာပြီ။ ဒီနောက်ပိုင်းမှာ One Person Business or Solopreneurship တွေက Covid-19 နဲ့အတူကြီးလာဖို့ရှိတယ်။ ခုချိန်က Company

လက်တွေ့ကျတဲ့ ကျွမ်းကျင်မှုတွေမှာ ရင်းနှီးမြုပ်နှံဖို့ အချိန်ရောက်ပြီ။ Read More »

Stretch Goals & Go with the flow

မဖြစ်နိုင်တဲ့ ရည်မှန်းချက်တွေချပြီး Stress များနေမည့်အစား ဖြစ်နိုင်တဲ့ ရည်မှန်းချက်ပန်းတိုင်တွေချပြီး ဖြည်းဖြည်းချင်း ရည်မှန်းချက်ကို တိုးသွားတာ Stretch goals ထားတာ ပိုကောင်းတယ်။ Phyo Paing @ Derek

Stretch Goals & Go with the flow Read More »

”သင်သာ ကမ္ဘာကြီးကိုအလည်ရောက်လာတဲ့ Transformer ဆိုရင် သင့်ရဲ့ Mission က ဘာဖြစ်မလဲ?”

HLCC ပွဲမှာ ကိုနိုင်ဝင်းအောင်နဲ့စကားပြောတော့သူပြောတဲ့ စာကြောင်းလေးတစ်ခုကိုအရမ်းသဘောကျတယ်။ ”သင်သာ ကမ္ဘာကြီးကိုအလည်ရောက်လာတဲ့ Transformer ဆိုရင် သင့်ရဲ့ Mission က ဘာဖြစ်မလဲ?” တော်တော် powerful ဖြစ်တဲ့မေးခွန်းဖြစ်တယ်။ကိုယ့်ရဲ့ why ကိုရှာတဲ့မေးခွန်းလည်းဖြစ်သလို၊ကမ္ဘာကြီးမှာ နေရမည့် time limit ပါထည့်ပြီးquestion တစ်ကြောင်းတည်းနဲ့ချုံ့လိုက်တယ်။ ဘဝမှာနေ့တိုင်း အဓိပ္ပာယ်ရှိနေဖို့ လိုပါတယ်။ အဓိပ္ပာယ်ဆိုတာ နေ့စဉ်ကိုယ်လုပ်တဲ့အလုပ်ကတန်ဖိုးရှိတယ်ဆိုတဲ့ ခံစားချက်မျိုးဖြစ်ဖို့ဖြစ်တယ်။ ကျွန်နော် ကတော့ ငယ်ငယ်တည်းက တော်တော်စူးစမ်းတဲ့လူတစ်ယောက်ဖြစ်ပြီးပညာရပ်တွေကိုထဲထဲဝင်ဝင်လေ့လာ၊ ပြန်အသုံးချကြည့်ပြီး ရလဒ်တွေနည်းလမ်းတွေကို တခြားသူတွေကိုပြန်လည်မျှဝေပေးချင်တာကို ၂၀၁၅ မှာကောင်းကောင်းသိခဲ့တယ်။ သိခဲ့တဲ့နောက်ပိုင်းမှာ career progress ကမယုံနိုင်လောက်အောင် အချိန်တိုအတွင်း Growth ဖြစ်လာတယ်။ လူတစ်ယောက်က နှစ်ခါမွေးဖွားတယ်တဲ့။ ပထမတစ်ခါကတော့ မိခင်ဝမ်းကထွက်တဲ့အချိန်၊ ဒုတိယတစ်ခါက ကိုယ်ဘာကြောင့်မွေးဖွားလာတယ်ဆိုတာ သိတဲ့အချိန်တဲ့။ တကယ်လို့ မိတ်ဆွေသာ ကမ္ဘာကြီးကိုအလည်ရောက်လာတဲ့ Transformer

”သင်သာ ကမ္ဘာကြီးကိုအလည်ရောက်လာတဲ့ Transformer ဆိုရင် သင့်ရဲ့ Mission က ဘာဖြစ်မလဲ?” Read More »