happiness

မပျော်တာဘယ်လောက်ကြာပြီလဲ။

တခါတလေ ငါကတော့ ဒီအလုပ်လေးပြီးပြီပျော်မယ်ဆိုပြီးစဥ်းစားတဲ့အခါ ကိုယ့်ဘေးနားကလူတွေက ထဖောက်တာမျိုးကျွန်တော်တို့ တခါမဟုတ်တခါ ကြုံဖူးတတ်ကြတယ်။ လူတွေက အနာဂတ်ကိုစဥ်းစားတဲ့အခါအဖြစ်အပျက်တွေကို စဥ်းစားတာမှန်နိုင်ပေမယ့်အနာဂတ်မှာ ဘယ်လိုခံစားနေရမယ်ကိုစဥ်းစားတဲ့အခါ တက်တက်စင်လွဲတတ်တယ်တဲ့။ ဒါကတော့ Harvard Professor ဖြစ်တဲ့Stumbling on Happiness စာအုပ်ရေးတဲ့စာရေးဆရာ Daniel Gilbert ရေးထားတာလေး။ မပျော်တာဘယ်လောက်ကြာပြီလဲ။ ဒီမေးခွန်းပြန်မေးကြည့်တဲ့အခါတချို့တွေက အမြဲပျော်နေတာတွေ့လိမ့်မယ်။တချို့ကျတော့လဲ တချို့အချိန်တွေပျော်တယ်။တချို့ကျတော့ အချိန်တော်တော်များများဘူနေတတ်ကြတယ်။ ပျော်ရွင်မှုဆိုတာ စိတ်ကျန်းမာကိုယ်ချမ်းသာပြီး စိတ်နဲ့ကိုယ်တစ်သားတည်းကျနေတာလို့အဓိပ္ပာယ်ဖွင့်လို့ရတယ်။ ပျော်ရွင်ခြင်းက ရောင့်ရဲခြင်းကလဲလာတယ်။တချို့သိပ္ပံပညာရှင်တွေကပျော်ရွင်ခြင်းဆိုတာ ဂျင်း gene ကြောင့်တချို့သူတွေကအမြဲ ကိုယ့်မှာရှိတာနဲ့အမြဲရောင့်ရဲ့ပျော်တတ်ကြတယ်။ပျော်ရွင်ခြင်းက ဘဝပေးအခြေအနေမှာကိုယ့်ဘဝ ကိုယ်ကျေနပ်တာကလဲလာတယ်။နောက် အပေါင်းအသင်းကြောင့်လဲလာသလို၊မိသားစု၊ အချစ် relationship ကလဲလာတယ်။ ပျော်ရွင်ခြင်းက အပြင်ပိုင်းရုပ်ဝတ္ထုတွေနဲ့ဆက်စပ်နေတာများတယ်။ Joy ပီတိဖြစ်ခြင်းကပျော်ရွင်ခြင်းတစ်မျိုးပဲ။ဒါပေမယ့်သူက အပေါ်ယံပကာသနတွေ၊အခြေအနေနဲ့သိပ်မဆိုင်ဘူး။ Joy ဆိုတာ ဘဝနဲ့ ကိုယ့်ရဲ့ဖြစ်တည်မှုမှာပြီးပြည့်စုံတဲ့ဆိုတဲ့စိတ်၊ကျေးဇူးတင်စိတ်နဲ့နေတာ၊ စိတ်ငြိမ်းချမ်းမှုဖြစ်တယ်။အပေါ်ယံပကာသနတွေပေါ်မှာ မမူတည်တဲ့အတွက်ကြာရှည်ခံတယ်။ Happiness ပျော်ရွင်မှုဆိုတာ

မပျော်တာဘယ်လောက်ကြာပြီလဲ။ Read More »

အားတိုင်း အပျော်တွေပဲ ခံစားနေရင် ပျော်ရွှင်မှုဆေးမတိုးတာမျိုးဖြစ်တတ်တယ်

ဆေးမသုံးပဲ နေ့စဉ်နေလို့ထိုင်လို့ကောင်းချင်ရင်ကိုယ့်ကို နေမသိထိုင်မသာဖြစ်စေတဲ့အရာတွေနဲ့ train ပါ။ ဥပမာ သတ်မှတ်အချိန်အတွင်းပဲအစားအစာ စားတာမျိုး။မောပန်စေတဲ့ လေ့ကျင့်ခန်းလုပ်တာမျိုး။စိတ်မပါတဲ့ သင်ခန်းစာတစ်ခုကို၁၅ မိနစ်လောက်ပေးလေ့လာတာမျိုး။မဖြစ်မနေ တရားဆယ့်ငါးမိနစ်လောက်ပေးထိုင်ကြည့်တာမျိုး။ အားတိုင်း အပျော်တွေပဲ ခံစားနေရင် ပျော်ရွှင်မှုဆေးမတိုးတာမျိုးဖြစ်တတ်တယ်လို့မြင်တယ်။ Phyo Paing @ Derek

အားတိုင်း အပျော်တွေပဲ ခံစားနေရင် ပျော်ရွှင်မှုဆေးမတိုးတာမျိုးဖြစ်တတ်တယ် Read More »

ဘဝကို နေသာထိုင်သာရှိတဲ့
ငွေကြေးပမာဏနဲ့ ဝင်ငွေတစ်ခု
ဖန်တီးနိုင်တဲ့အခါ
ပျော်ရွင်မှုဆိုတာ ကိုယ့်ရဲ့ရွေးချယ်မှု
ဖြစ်သွားပြီ။

ဘဝမှာ အမြဲမေးတာ “ငါဒါ လုပ်ရင် ပျော်မလား?”ပစ္စုပ္ပန်အတွက်ရော၊အနာဂတ်အတွက်ရော ပျော်မယ်ဆို ဒါကိုဆုံးဖြတ်လိုက်တယ်။ ဘဝကို နေသာထိုင်သာရှိတဲ့ငွေကြေးပမာဏနဲ့ ဝင်ငွေတစ်ခုဖန်တီးနိုင်တဲ့အခါ ပျော်ရွင်မှုဆိုတာ ကိုယ့်ရဲ့ရွေးချယ်မှုဖြစ်သွားပြီ။ အိုင်စတိုင်းပြောသလို ဘဝရဲ့ပျော်ရွင်မှုကို ရည်ရွယ်ချက်တစ်ခုလိုထားတဲ့။ ကိုယ်စဉ်းစားတဲ့ပုံကတော့နေ့စဉ် တိုးတက်ပြီးကိုယ့်ရဲ့အကောင်းဆုံး version ကိုဖန်တီးနေရမယ်။ဒီမြေမှာမွေးဖွားကြီးပြင်းလာတဲ့အတွက်ကိုယ့်အနေနဲ့ ဘာလူမျိုးဖြစ်ဖြစ်အကျိုးတစ်ခုတော့ ပြန်ပြုရမယ်။နေ့စဉ် လွတ်လပ်၊ ပျော်ရွင်၊ ရင်ခုန်တဲ့ ခံစားချက်ခံစားရရမယ်။ ဒီလောက်ပါပဲ။ ℙ𝕙𝕪𝕠 Paing @ Derek

ဘဝကို နေသာထိုင်သာရှိတဲ့
ငွေကြေးပမာဏနဲ့ ဝင်ငွေတစ်ခု
ဖန်တီးနိုင်တဲ့အခါ
ပျော်ရွင်မှုဆိုတာ ကိုယ့်ရဲ့ရွေးချယ်မှု
ဖြစ်သွားပြီ။
Read More »

လူတွေက အချစ်နဲ့တွေ့ရင်
ပြန်လည်ရှင်သန်လာတယ်

လူတွေက အချစ်နဲ့တွေ့ရင် ပြန်လည်ရှင်သန်လာတယ်။အထူးသဖြင့် အစပိုင်းမှာပေါ့။ လူတော်တော်များများကို ဘူစေတဲ့အရာကလဲ ဒီအချက်ပဲ။ အချစ်ရေး၊ အိမ်ထောင်ရေးပဲ။ လူနှစ်ယောက်က အနေနီးရင်ချစ်တယ်။ (Near distance)ပုံစံတူရင်ချစ်သွားတတ်တယ်။ (Similarity)ရင်းနှီးမှုများရင် ချစ်တယ်။ (Familiarity) ဒါကို Big 3 လို့ခေါ်တယ်။ ဒါနဲ့ ခပ်ဆင်ဆင် CIA Agent တွေက သူလျှိုလုပ်တဲ့အခါတဖက်လူနဲ့နီးစပ်အောင်လုပ်တဲ့ formula ရှိတယ်။ကျွန်တော်ကတော့ PDFI လို့အတိုကောက်မှတ်ထားတယ်။ Friendship =Proximity + Frequency +Duration + Intensity နောက် စိတ်ဝင်စားမှုကို တက်စေတဲ့ချက်လေးချက်ရှိတယ်။ 1. အလုပ်အကိုင်သို့ စွမ်းဆောင်ရည် Competency2. ရုပ်ရည် Look (Physical attraction)3. သူနဲ့တွဲတဲ့အတွက် ရှုံးနိုင်ခြေ Gain or Lost4. နောက်ဆုံးတစ်ခုက Lust

လူတွေက အချစ်နဲ့တွေ့ရင်
ပြန်လည်ရှင်သန်လာတယ်
Read More »

ပျော်ရွင်မှုရဲ့ ရန်သူက

ကိုယ်မထိန်းချုပ်နိုင်တဲ့အရာတွေကနေကိုယ်လိုချင်တဲ့ တုန့်ပြန်မှုတွေကိုမျှော်လင့်တောင်းတနေတတ်တဲ့စိတ်ပဲ။ Phyo Paing @ Derek

ပျော်ရွင်မှုရဲ့ ရန်သူက Read More »

ယောကျာ်းနဲ့ မိန်းမကွာခြားချက်တစ်ခု

အမျိုးသမီးများစု ပြဿနာတစ်ခုစိတ်ညစ်စရာတစ်ခုရှိရင်သူငယ်ချင်းတွေနဲ့ မျှဝေရင်ဖွင့်ပြီးအချိန်တစ်ခုရောက်ရင် မေ့မေ့ပျောက်ပျောက် ဖြစ်တတ်ကြတယ်။ ယောကျာ်းအများစုကျတော့ ကိုယ့်ရဲ့ lowest point ရောက်တာကိုဝန်ခံချင်တဲ့စိတ်နည်းကြတယ်။အများစုက အတွင်းကြေပဲသွားတတ်ကြတယ်။ဖွင့်ပြောမှု သိပ်မပြုတတ်ကြဘူး။ဖွပ်ပြီးကြိတ်ခံစားဖြေရှင်းတတ်ကြတယ်။ အမျိုးသားတစ်ယောက်ရဲ့ ပါဝါကလူ့အဖွဲ့အစည်းတစ်ခုမှာလူရိုသေရှင်ရိုသေဖြစ်ဖို့ အတွက်အလုပ်အကိုင်စွမ်းရည်၊နေရာ ရာထူး၊ ငွေရှာနိုင်စွမ်း၊ပညာနဲ့ အပေါင်းအသင်းစဉ်းစားစရာတွေ အများကြီးရှိတယ်။ ဒါတွေကို အမျိုးသားတွေကမပြောတာပဲရှိတယ်။အနည်းနဲ့ အများအကုန်နားလည်ထားကြတယ်။ ဒီ social structure တစ်ခုထဲမှာဝင်ဆန့်ဖို့နဲ့ နေရာတစ်ခုရဖို့မပြောတာပဲရှိတယ်။စဉ်းစားကြံဆနေကြတာကြီးပဲ။ ဒါကြောင့်တခါတလေ အမျိုးသမီးအများစုက သတိမထားမိတာ၊အကြံမလိုအပ်ပဲ အကြံပေးတာ၊အားမလိုအားမရဖြစ်တာမျိုးပြတာ၊ပြောတာ၊ စိတ်ကောက်အပြစ်ပေးတာ၊ဒါမျိုးသတိမပြုမိပဲ လုပ်မိတတ်တယ်။ စဉ်းစားမိတာတစ်ခုက Alpha male အမျိုးသားတစ်ယောက်အတွက်အရေးအကြီးဆုံးက သူ့ lowest point ရောက်တိုင်း နားလည်ပေးတာ။သူနဲ့အတူ လောကဓာတ်ကို ရင်ဆိုင်ဖို့အသင့်ဆိုတာမျိုးဖြစ်တတ်တယ်။ အမျိုးသားတွေရဲ့ ရင်တွင်းဖြစ်ရေးတဲ့စာဘယ်နှစ်ခုများတွေ့ဖူးကြလို့လဲ။အများစုက အမျိုးသမီးအကြောင်းတွေအများစုကို တွေ့ရလိမ့်မယ်။ ကိုယ့်ကိုကိုယ်သတ်သေတဲ့နှုန်းမှာအမျိုးသားတွေက အမျိုးသမီးထက်လေးဆ လောက်ပိုများတာအားလုံးအသိ။ Phyo Paing @ Derek

ယောကျာ်းနဲ့ မိန်းမကွာခြားချက်တစ်ခု Read More »

ဘဝရဲ့ ပျော်ရွင်မှုက
လိုအပ်မှုတွေ အနည်းဆုံး
ဖြစ်အောင် နေတာပဲ။

တကယ်တမ်းစီးပွားရေးကိုနဖူးတွေ့ ဒူးတွေ့လုပ်ရတဲ့အခါကုန်ကျစရိတ်ဆိုတာရှိတယ်။လည်ပတ်စရိတ် ကျေဖို့လုပ်ရတယ်။နောက်ပြီးမှ အမြတ်ပေါ့။ လူရယ်လို့ဖြစ်လာတဲ့အခါလဲလူရာဝင်အောင်လဲလုပ်ရသလို၊နောက်တစ်ဆင့် လူရိုသေ ရှင်ရိုသေလေးလဲဖြစ်အောင်ကြိုးစားရပြန်တယ်။ တခါတလေ လိုချင်တာတွေကိုယ့်ကို ဆွဲခေါ်တဲ့အတွက် ဒီဇောနဲ့ အလုပ်တွေလုပ်စင်ပေါ်ရောက်တဲ့အခါတွေလဲရှိတတ်တယ်။ တခါတလေ လိုအပ်တာတွေကြောင့်ငြင်းပယ်လို့မရပဲကိုယ်မလုပ်ချင်တဲ့ အလုပ်တွေလုပ်ခဲ့ရတဲ့ အချိန်တွေလဲလူတိုင်းမှာ တခါမဟုတ်တခါ ရှိခဲ့တတ်တယ်။ တခါတလေ သူကငါ့ဘယ်လို ထင်နေမလဲဆိုတဲ့လူတွေ အထင်အမြင်ကိုအာရုံစိုက်ပြီး ဗျာများတဲ့အချိန်တွေလဲ ရှိတတ်တယ်။ လိုချင်တာတွေရှိတဲ့အတွက်အကောင်အထည်ဖော်ရတာကအရသာရှိတယ်။လိုအပ်မှုတွေရှိတဲ့အတွက် ဖြည့်ဆည်းရတာကတော့ အရသာ သိပ်မရှိလှဘူး။ ဒါကြောင့် ကိုယ့်ဘဝမှာလိုအပ်နိုင်တဲ့အရာတွေအတွက်ကြိုတင်ပြင်ဆင်ထားဖို့လိုတယ်။ အခြေခံဖြစ်တဲ့ ကျန်းမာရေး၊ ငွေရေးကြေးရေး၊ ချစ်ခြင်းမေတ္တာ၊ အခြေခံပျော်ရွင်မှုလေးတွေ။ လိုအပ်တာတွေ ဖြည့်ဆည်းပြီးမှလိုချင်တာတွေ ဖြည့်ဆည်းလို့ရမယ်။ ကိုယ့်ရဲ့ အခြေခံ ပျော်ရွင်မှုအတွက်လိုအပ်တဲ့ ငွေ၊ ကား၊ ချစ်ခြင်းမေတ္တာ၊ အသိမှတ်ပြုခံရမှုကများလေလေ ဘဝဖြတ်သန်းမှုမှာ ခက်လေလေဖြစ်တတ်တဲ့အတွက် လိုအပ်တာတွေ နည်းလေကောင်းလေ။ Phyo Paing @ Derek

ဘဝရဲ့ ပျော်ရွင်မှုက
လိုအပ်မှုတွေ အနည်းဆုံး
ဖြစ်အောင် နေတာပဲ။
Read More »

တစ်ယောက်တည်း မပျော်ရင်
နှစ်ယောက်လဲ မပျော်နိုင်ဘူး။

တခြားသူတွေရဲ့ တုန့်ပြန်မှုတစ်ခုရဖို့ ဘာလုပ်ရမယ်ဆိုတာမျှော်မှန်းပြီး မလုပ်တော့နဲ့။ဒီတုန့်ပြန်မှုပေါ်မူတည်ပြီးခံစားမှုတွေ မလုပ်တော့နဲ့။ကိုယ့်ဘဝမှာ အရေးအကြီးဆုံးကကိုယ့်ရဲ့ ပျော်ရွင်မှုလို့ ယူဆတယ်။ ကိုယ်မပျော်ပဲ သူများကိုပျော်အောင်လုပ်ပေးနိုင်ဖို့မလွယ်ဘူး။တစ်ယောက်တည်း မပျော်ရင်နှစ်ယောက်လဲ မပျော်နိုင်ဘူး။ Phyo Paing @ Derek

တစ်ယောက်တည်း မပျော်ရင်
နှစ်ယောက်လဲ မပျော်နိုင်ဘူး။
Read More »