knowledge

ကိုယ်ကစားနေတဲ့ ကစားပွဲအကြောင်း
သေချာသိဖို့လိုတယ်။

Viber ဆိုတာ အစ္စရေးကထွင်ဂျပန်ကဝယ်သွားတဲ့ ကုမ္ပဏီ။Wix ဆိုလဲ အစ္စရေးက။Siri (Apple) က အစ္စရေးကထွက်တာ။Elementor လဲ အစ္စရေးက။Shopify က Canada က။ နိုင်ငံတွေရဲ့ နည်းပညာကုမ္ပဏီထွက်တဲ့ပုံစံက နိုင်ငံရဲ့အားသာချက်ပေါ်မူတည်တယ်။ အစ္စရေးတို့၊ Canada ဖက်ကလုပ်ငန်းအများစုက B2B ကိုစဉ်းစားကြတာများတယ်လို့ထင်တယ်။ ထိုင်ဝမ်ကျတော့ US နဲ့ relationship ပေါ်အားသာချက်ယူပြီးGlobal supply chain မှာ hi-tech ကိုသွားတယ်။iPhone ထဲမှာပါတဲ့ chip ကTaiwan TSMC က ထွက်တယ်။ အရင် Dell က Asus တို့ကိုခိုင်းစားပြီးJust-In-Time (JIT) နဲ့ ကြီးထွားခဲ့တယ်။နောက်ပိုင်း ထိုင်ဝမ်တရုတ်တွေကAsus တို့ Acer တို့နဲ့ foundries အသစ်တွေနဲ့ထွက်လာတော့ ပျားတုတ်သွားတယ်။ HTC Mobile […]

ကိုယ်ကစားနေတဲ့ ကစားပွဲအကြောင်း
သေချာသိဖို့လိုတယ်။
Read More »

ကိုယ့်ကို တန်ဖိုးမထားတဲ့သူနား
မသွားပါနဲ့။

ဒါကတော့ ကျွန််တော့်ရဲ့မူတစ်ခုဖြစ်တယ်။ ဒီမူက relationship မှာ၊​business မှာ အကျုံးဝင်တယ်။ ကိုယ့်ကိုကိုယ် တန်ဖိုးထားတာထက်ကိုယ့်အပေါ် အကောင်းမြင်တဲ့သူနဲ့တွေ့ဆုံကြုံကြိုက်တဲ့အခါ“ဟ ငါမိုက်လှချည်လား”အရင် စဥ်းတောင်မစဥ်းစားမိဘူး။ဒါမျိုးခံစားချက်မျိုးဝင်လိမ့်မယ်။ဒီခံစားချက်က ဘဝကိုအပြောင်းအလဲ ဖြစ်စေနိုင်တယ်။ Phyo Paing @ Derek

ကိုယ့်ကို တန်ဖိုးမထားတဲ့သူနား
မသွားပါနဲ့။
Read More »

လူတိုင်းလဲ မဖြူစင်ကြသလို
လူတိုင်းလဲ မယုတ်မာကြဘူး။

လူတိုင်းက ကိုယ့်ကိုကိုယ်လူကောင်းနဲ့ လူဆိုးကြားမှာ၁ ကနေ ၁၀ ထိအမှတ်ပေးရမယ်ဆိုရင်၆ တို့၊ ၇ လောက်ကောင်းတယ်လို့အများစု ထင်တတ်ကြတယ်။ ၁၀ လောက်ကြီးလဲ​မဖြူစင်ဘူး။၁ လောက်ကြီးလဲ​ မယုတ်မာဘူး။၅ လောက်လဲ မဟုတ်သလို၆၊ ၇၊ ၈ လောက် အမှတ်ပေးတတ်ကြတယ်။ လူတိုင်းကအဲ့လိုပဲ။လူတိုင်းလဲ မဖြူစင်ကြသလိုလူတိုင်းလဲ မယုတ်မာကြဘူး။ လူတွေက လူတွေပဲဖြစ်တဲ့အတွက်လူ့လောကမှာ ဖြတ်သန်းတဲ့အခါလူကြောနပ်ဖို့တော့ လိုတယ်။ Phyo Paing @ Derek

လူတိုင်းလဲ မဖြူစင်ကြသလို
လူတိုင်းလဲ မယုတ်မာကြဘူး။
Read More »

ပညာတစ်ခုတည်းက ချမ်းသာစေမှာမဟုတ်ဘူး။

ပညာမတတ်ရင် ဒီခေတ်ကသိပ်လွယ်တဲ့ခေတ်မဟုတ်ဘူး။ဘယ်နေရာမှာပဲနေနေ။​ဒါကြောင့်လဲ မိဘတွေကသားသမီးတွေကို private schoolinternational school တွေမှာပညာ အမွေပေးကြတယ်။ NasDaily သာ Harvard မတက်ခဲ့ရင်ဒူဘိုင်းက သူဌေးတွေ၊ ကမ္ဘာ့ခေါင်းဆောင်တွေအတွက် video ရိုက်တဲ့အခါတွေ့တဲ့အခါ အခက်အခဲဖြစ်မှာပဲ။Nas Company အတွက်fundraising မှာ ဒီလောက်လွယ်ချင်မှ လွယ်ခဲ့လိမ့်မယ်။ ဒီ background လေးရှိတော့လူရိုသေရှင်ရိုသေပိုဖြစ်စေသလိုယုံကြည်မှုနဲ့ social proof ကိုလည်းပိုဖြစ်စေတယ်။Dropout ဆိုတာ သာမာန်ကျောင်းကdropout မဟုတ်ကြဘူး။အများစုက Ivy League တို့ကျောင်းကောင်းက dropbout တွေ။ ပညာမတတ်ရင် တောကလူတွေကိုပဲလွှမ်းမိုးလို့ရမယ်။လူတွေက ပညာတတ်လေလေစဥ်းစားတတ်လေလေ။တစ်ခုခုဆို သေချာစဥ်းစားတဲ့အတွက်လွမ်းမိုးဖို့ပိုခက်လေလေ။ ပညာတစ်ခုတည်းက ချမ်းသာစေမှာမဟုတ်ဘူး။ဒါပေမယ့် သေချာအသုံးချနိုင်ရင်လွှမ်းမိုးနိုင်စွမ်းတစ်ခုဖြစ်စေတယ်။ Phyo Paing @ Derek

ပညာတစ်ခုတည်းက ချမ်းသာစေမှာမဟုတ်ဘူး။ Read More »

လူအများစုက မသိလိုက်ပဲ
လုပ်နေကျ၊ စဥ်းစားနေကျ pattern တွေ

လူတစ်ယောက်နဲ့ အလုပ်မလုပ်ခင်အရင်ဆုံးလေ့လာတာဒီလူနဲ့ အရင်အလုပ်လုပ်ခဲ့တဲ့သူတွေကဘူသွားသလား၊ အောင်မြင်သွားသလား။ဒီအချက်က အရမ်းအရေးကြီးတယ်။လူအများစုက မသိလိုက်ပဲလုပ်နေကျ၊ စဥ်းစားနေကျ pattern တွေနဲ့ထပ်နေတတ်တယ်။ Phyo Paing @ Derek

လူအများစုက မသိလိုက်ပဲ
လုပ်နေကျ၊ စဥ်းစားနေကျ pattern တွေ
Read More »

ကိုယ့်အတွက် ကျည်ဆံက
အချိန်ပဲ

ယောကျာ်းတစ်ယောက်မှာဆာလောက်မှု လိုတယ်။ဘဝဖြတ်သန်းမှုမှာ ထမ်းရတဲ့ဝန်နဲ့လူ့ဘောင်ထဲ လူရိုသေရှင်ရိုသေဖြစ်ဖို့ကမ္ဘာ့ဘိတ်ချီးနိုင်ငံမှာလို့ပိုလို့တောင် အလုပ်လုပ်ရအုံးမယ်။ အသက်ကြီးရင် တက်ကြွမှုကလျော့လာမယ်။တုံးတိုက်တိုက် ကျားကိုက်ကိုက်လုပ်တဲ့စိတ်နည်းလာတတ်ကြတယ်။ ဒါကြောင့်အိမ်မက်တွေအတွက်ဒူပေဒါပေခံပြီး ခပ်ကြမ်းကြမ်းအလုပ်လုပ်ဖို့က 20, 30, 40 ကအကောင်းဆုံးအချိန်ပဲ။50 ကျော်ရင်တောင် နည်းနည်းအိုလာပြီ။အားနည်းနည်း လျော့လာတတ်တယ်။ဒီလိုမဖြစ်ဖို့ကလည်း ငယ်ကတည်းကကြိုပြင်ထားမှ။ စိတ်ဓာတ်ပြင်းထန်မှုက 20, 30 နဲ့မတူတော့ဘူး။ဒါကြောင့် ဘူပိတ်ပြီး စိတ်ညစ်မနေနဲ့။ကိုယ့်အတွက် ကျည်ဆံကအချိန်ပဲ။ မဟုတ်လို့ အသက်အရွယ်တစ်ခုရောက်လို့အဖြစ်မရှိတဲ့အခါ သူငယ်ချင်းတွေကြားသွားရင်တောင် မျက်နှာငယ်နေရလိမ့်မယ်။ Phyo Paing @ Derek

ကိုယ့်အတွက် ကျည်ဆံက
အချိန်ပဲ
Read More »

ပိုက်ဆံဆိုတာ လောင်စာပဲ

စီးပွားရေးလုပ်တာကိုစမ်းသပ်မှုတစ်ခုလုပ်တာလို့ပဲယူဆထားတယ်။​ဒီစမ်းသပ်မှုက တွေ့ရှိချက်တွေကိုကိုယ့်အသိမိတ်ဆွေ၊clients တွေကို ပြန်မျှဝေတယ်။လျှို့ဝှက်ထားတာ မရှိဘူး။ဘာကြောင့်လဲဆိုတော့နေ့စဥ် အသစ်တွေ တွေ့ရှိနေလို့ပဲ။ နေ့စဥ်နေ့တိုင်းက ကိုယ့်ရဲ့ဦးနှောက်ပါဝါကို ပိုတိုးတက်စေနိုင်ရမယ်။ငွေရှာနိုင်စွမ်းကို ပိုတိုးတက်စေနိုင်ရမယ်။personal, professional နဲ့ businessတိုးတက်မှုကို အထက်အကူပြုရမယ်။ ပိုက်ဆံဆိုတာ လောင်စာပဲ။စီးပွားရေးဆိုတာ ကားတစ်စီးပဲ။ကိုယ်က driver ပဲ။ကိုယ်မောလာရင် မောင်းဖို့လူလဲကြိုရှာထားရတယ်။ Phyo Paing @ Derek

ပိုက်ဆံဆိုတာ လောင်စာပဲ Read More »

Content Marketing အကြောင်း နည်းနည်းပြောပြမယ်

ဒီနေ့ခေတ် Social Media တွေကို အသုံးပြုပြီး marketing လုပ်တဲ့အခါ content marketing လုပ်ကြတယ်။ ဥပမာ ဒီစာဆိုလဲ content ပဲ။ Content တိုင်းက Marketing မဖြစ်ဘူး။ Marketing ရည်ရွယ်ချက်ကိုရောက်မှ content marketing ဖြစ်တယ်။ Content Marketing လို့ပြောလိုက်ရင် နိုင်ငံခြားဆောင်းပါးတွေဖတ်။ ဘာသာပြန်မယ်။ လိုက်နာရမည့် သုံး ချက်။ လေးချက်။ ငါးချက်။​ ဒါမျိုးရေးလိုက်ရင်ပြီးပြီလို့ ထင်တတ်ကြတယ်။ Content Marketing ဆိုတာ သေချာလုပ်တတ်ရင် အနှစ်သာရ အရမ်းရှိတဲ့ ပညာရပ်တစ်ခုဖြစ်ပါတယ်။ Content Marketing ဆိုတာ ယုံကြည်မှုတည်ဆောက်ရေးဖြစ်စဉ်တစ်ခုဖြစ်ပါတယ်။ ဒီလို ယုံကြည်မှုရရှိဖို့အတွက် ကိုယ်ရောင်းတဲ့ ကုန်ပစ်စည်းနဲ့ ပတ်သက်လာရင် ဆရာကျနေဖို့လိုသလို၊ ဆရာကျနေတာကို လူသိဖို့လိုပါတယ်။​ နောက်ပြီး

Content Marketing အကြောင်း နည်းနည်းပြောပြမယ် Read More »

စဥ်းစားကြည့်ကြည့် လူအများစု ဘာကြောင့် စိတ်ဆင်းရဲလဲ?

ရွေးချယ်စရာ မများလို့။ ဥပမာ ကိုယ်က အခုချိန်မှာ ကြိုက်တဲ့နိုင်ငံကို ပြောင်းပြီးနေလို့ ရတဲ့ ရွေးချယ်မှုရှိတယ်ဆိုပါတော့။ ဒါမှ မဟုတ် ကိုယ်လိုချင်တာကို လိုချင်တဲ့အချိန်မှာ ကောက်ဝယ်လို့ရတဲ့ရွေးချယ်မှုရှိတယ်ဆိုပါတော့။ ဒီတော့ ဒီလို ရွေးချယ်မှုတွေများဖို့ လူတွေ ပိုက်ဆံရှာကြတယ်။ ပိုက်ဆံက တော်တော်များများကို ဖြေရှင်းပေးနိုင်တာ မှန်တယ်။ နောက်တစ်ခုကတော့ ရွေးချယ်မှုတွေများအောင် ကူညီပေးနိုင်တဲ့အရာကပညာနဲ့ သတင်းအချက်အလက်ပဲ။ ကိုယ်က ငွေကြေးချမ်းသာနေပါစေအုံး။သတင်းအချက်အလက်မရှိရင်ရွေးချယ်စရာနည်းနေနိုင်တယ်။ တချို့ စွန့်ဦးတီထွင်တွေက နိုင်ငံတကာသွားလို့ရတဲ့ passport တစ်ခုရှိပြီးနေချင်တဲ့နေရာမှာ PR လိုမျိုးလုပ်လာကြတယ်။ ဘဝမှာ အသက်ကြီးလာလေငွေပိုရှာ၊ အတွေးအခေါ်ပိုရှိလာလေရွေးချယ်နိုင်မှု ပိုများလေဖြစ်လာရမယ်။ Phyo Paing @ Derek

စဥ်းစားကြည့်ကြည့် လူအများစု ဘာကြောင့် စိတ်ဆင်းရဲလဲ? Read More »

အမြင်ကျယ်ဖို့ စာဖတ်ဖို့လိုတယ်။

အလုပ်လို့ဆိုလိုက်ရင်လူအများစုက laborကာယနဲ့လုပ်တဲ့အလုပ်ကိုပဲပြေးမြင်ကြတယ်။ ၂၁ ရာစုမှာ အလုပ်အများစုကဥာဏ အလုပ်ဖြစ်လာပြီ။ဒါကို knowledge worker လို့ခေါ်တယ်။ artist, blogger, coder,designer, entrepreneur ဒီနေ့ခေတ်က computer တစ်လုံးနဲ့အလုပ်ပြီးလာတဲ့ခေတ်ဖြစ်တယ်။ ဒါကြောင့် digital nomad တို့lifestyle entrepreneur တို့ပေါ်ပေါက်လာတာဖြစ်တယ်။ အမြင်ကျယ်ဖို့ စာဖတ်ဖို့လိုတယ်။ Phyo Paing @ Derek

အမြင်ကျယ်ဖို့ စာဖတ်ဖို့လိုတယ်။ Read More »