knowledge

မေတ္တာပွားများတတ်မှ
ဘဝက နေပျော်နိုင်မယ်။

မတ်ေတာ မြန်မာနိုင်ငံသားအချင်းချင်းလိုင်စင်မရှိဘဲဆိုင်ဖွင့်လို့ထိုင်းရဲကို တိုင်တယ်တို့၊အချင်းချင်း ရဲတိုင်တယ်တို့မကြာခဏ ကြားလာရတဲ့အခါစိတ်မကောင်းဖြစ်ရတယ်။ ကျွန်တော်တို့ ကိုးကွယ်တယ်ပြောပြီးကျင့်သုံးဖို့ မေ့နေတာဗုဒ္ဓဘာသာများဖြစ်မလားစဥ်းစားမိတယ်။ ဗုဒ္ဓဘာသာဆိုတာ ဗုဒ္ဓအဆုံးအမဖြစ်တယ်။ ဗုဒ္ဓက သတ္တာဝါအချင်းချင်းမေတ္တာထားတတ်ဖို့သင်ပေးခဲ့တယ်။ မတ်ေတာဆိုတာမိတ္တ (မိတ်ဆွေ) မှ ဆင်းသက်လာပြီးမိတ်ဆွေကဲ့သို့ ချစ်ခင်မြတ်နိုးခြင်းလို့အဓိပ္ပာယ်ရတယ်။ မေတ္တာဆိုတာ စေတသိတ် ၅၂ ပါးမှာသောဘဏစေတသိက် ၂၅ ပါးမှာပါဝင်တယ်။အတိုင်းအဆမရှိ၊ အကန့်အသတ်မရှိရှုမှတ်ခြင်း၊ သိမှတ်ခြင်း ပွားများနိုင်တဲ့အပ္ပမည္ညာစေတသိက် ၂ ပါးထဲကတစ်ပါးဖြစ်တယ်။ မေတ္တာသုတ်ရဲ့အနက်အဓိပ္ပာယ်ကိုပါဠိနဲ့ မြန်မာအဓိပ္ပာယ်တခါတည်းဖော်ပြလိုက်ပါမယ်။ ယနေ သုတ်တနေ ဘဂဝါ ဘိက်ခူ သီမာသမ်မုတိ ကရဏကာလေ ရက်ခဏတ်ထာယ ဥဂ်ဂဏှာပသေိ။ | ဘုရားရှင်သည် သီမာသတ်မှတ်ခြင်း ပြုရာကာလ၌ ရဟန်းတော်များအား အန္တရာယ်ကင်းစေရန် ဤသုတ်တော်ကို သင်ယူစေတော်မူ၏။ ၁။ ကရဏီယမထန္တဿ၊ | အကျင့်သိက္ခာနှင့် ပြည့်စုံလိုသော ပုဂ္ဂိုလ်သည်၊ယန္တ သန္တံ ပဒံ အဘိသမေစ္စ၊ […]

မေတ္တာပွားများတတ်မှ
ဘဝက နေပျော်နိုင်မယ်။
Read More »

အိုမင်းမှုကို အတိုင်းအတာတစ်ခုထိ
တွန်းလှန်နိုင်ဖို့
အမူအကျင့်တွေကို ဂရုစိုက်ရမယ်။

နည်းပညာတွေတိုးတက်လာတာနဲ့အမျှအနာဂတ်မှာ အသက် ၁၀၀ ကိုအနာကင်းကင်းနဲ့ နေနိုင်လာတဲ့ခေတ်ရောက်လာဖို့များတယ်။ ၂၀၂၃ ဒေတာအရကမ္ဘာ့နိုင်ငံများ၏ ပျမ်းမျှသက်တမ်းတွေက Central African Republic: 53.9 နှစ်Nigeria: 55.0 နှစ်Somalia: 58.3 နှစ်မြန်မာနိုင်ငံ (Myanmar): 67.4 နှစ်India: 70.1 နှစ်Malaysia (မလေးရှား): 76.4 နှစ်Thailand (ထိုင်း): 77.0 နှစ်China: 77.1 နှစ်United States: 77.3 နှစ်United Kingdom: 81.3 နှစ်Singapore (စင်္ကာပူ): 83.9 နှစ်Switzerland: 84.0 နှစ်Japan: 84.8 နှစ်Monaco: 85.9 နှစ် အနိမ့်ဆုံး 53.9 ကနေ 85.9 ထိရှိနေပြီ။ လွန်ခဲ့တဲ့ နှစ်ငါးဆယ် ၁၉၇၃ ခုနှစ်က မြန်မာ

အိုမင်းမှုကို အတိုင်းအတာတစ်ခုထိ
တွန်းလှန်နိုင်ဖို့
အမူအကျင့်တွေကို ဂရုစိုက်ရမယ်။
Read More »

အသက်ကို ကံစောင့်တယ်။
နောက် ဥာဏ်စောင့်တယ်။
နောက် ပညာစောင့်တယ်။

အသက် ၂၀ နှောင်းပိုင်းနဲ့အသက် ၃၀ ကျော်ရင်အိုမင်းခြင်းဆိုတာ စပြီ။ ဘယ်လိုသိသာလဲဆိုငယ်ငယ်က ကြိုက်သလောက်စား၊ကြိုက်သလောက်သောက်မဝတတ်တဲ့သူက ဝလာတတ်ပြီ။ပိန်ရင်တောင်မှ ရုပ်ရင့်လာတဲ့လက္ခဏာတွေ စဖြစ်လာပြီ။ သေချာ မထိန်းသိမ်းရင်အင်ဂျင်ကျတာ ပိုပိုမြန်လာမယ်။ မွေးကတည်းကဆဲလ်တွေ ပွားလိုက်၊ ကြီးလိုက်၊ပျက်ရင် အားကောင်းမောင်းတန်ပြုပြင်လိုက်နဲ့။အင်ဂျင်အသစ်ဆိုတော့ဒဏ်ခံနိုင်တယ်။ပြုပြင်နိုင်စွမ်းသိပ်ကောင်းတယ်။ အသက် ၂၀ နဲ့ ၃၀ ကြားကတော့စွမ်းအင်အမြင့်ဆုံး။ခန္ဓာကိုယ်ရဲ့ ပျက်ရင်ပြင်တဲ့ယန္တရားလည်ပတ်မှုအကောင်းဆုံး။ကော်လဂျင်ထုတ်လုပ်မှုအကောင်းဆုံးအချိန်။နုပျိုမှု၊ စွမ်းအင်အမြင့်ဆုံး။ မသိသာပေမယ့် လောကဓာတ်ကြောင့်ဆဲလ်တွေဒဏ်ခံရတာဒီအန်အေပျက်စီးတာ မသိမသာစခံရပြီ။ ၃၀ နဲ့ ၅၀ ကြားမှာ ဆဲလ်ပွားတာနည်းလာပြီ။ပျက်ရင်ပြင်တာ အရင်ထက်စာရင်ထိရောက်မှု နည်းလာပြီ။ဒဏ်တွေဖြစ်တဲ့ အရက်၊ နေရောင်၊ ဆေးလိပ်၊ပြင်ပဒဏ်တွေရဲ့ရိုက်ခတ်မှုကြောင့်ဆဲလ်ထဲက မိုက်ခရိုဟွန်းဒီယားတွေကRONs လို့ခေါ်တဲ့RONS (Reactive Oxygen and Nitrogen Species) ကိုများများစားစားပိုထုတ်ပြီးဒီအန်အေ၊ ပရိုတင်း၊ လစ်ပစ်ကိုဒဏ်တွေ စပေးပြီ။အသားအရည်လျော့ရွဲလာတာ၊အရိုးအဆစ်ပျော့ပြောင်းမှုနည်းလာတာမျိုးစဖြစ်တတ်ပြီ။ အသက် ၅၀ ကျော်လေအင်ဂျင်ကျလေ။ပျက်စီးသွားတဲ့ဆဲလ်တွေကထပ်မပွားနိုင်တော့ဘူး။ထပ်မပြင်နိုင်တော့ဘူး။အဆုတ်၊ နှလုံး၊ ကျောက်ကပ်အင်ဂျင်တွေ သိသိသာသာကျလာပြီ။

အသက်ကို ကံစောင့်တယ်။
နောက် ဥာဏ်စောင့်တယ်။
နောက် ပညာစောင့်တယ်။
Read More »

ဘဝတစ်ခု သေချာတည်ဆောက်ဖို့
မှန်ကန်တဲ့အမြင် အတော်အရေးကြီးတယ်။

သံသရာက မထွက်နိုင်သေးလို့လူဆိုတာဖြစ်နေတာ။ဒါကြောင့် လူတွေကိုအလုံးစုံယုံကြည်လို့မရဘူး။ လူ ဆိုတဲ့ ပုထုဇဉ်ဆိုတာ“ပုထု” (များပြား) +“ဇန” (ဖြစ်စေသော) ဆိုတဲ့စကားလုံးနှစ်လုံး ပေါင်းထားတာ ဖြစ်ပါတယ်။“များပြားသော ကိလေသာတို့ကို ဖြစ်ပွားစေသူ” လို့အဓိပ္ပါယ်ရပါတယ်။ ၁.၁။ လောဘ – တပ်မက်ခြင်း၊ လိုချင်တပ်မက်မှု၁.၂။ ဒေါသ – အမျက်ထွက်ခြင်း၊ ရန်ငြိုးဖွဲ့ခြင်း၁.၃။ မောဟ – အသိဉာဏ်ကင်းမဲ့ခြင်း၊ တွေဝေခြင်း၁.၄။ မာန – မာနထောင်လွှားခြင်း၊ မာနကြီးခြင်း၁.၅။ ဒိဋ္ဌိ – မှားယွင်းသော အယူအဆများ၁.၆။ ဝိစိကိစ္ဆာ – ယုံမှားသံသယဖြစ်ခြင်း၁.၇။ ထိနမိဒ္ဓ – ထိုင်းမှိုင်းထိုင်းကျိုင်းခြင်း၊ ငိုက်မျဉ်းခြင်း၁.၈။ ဥဒ္ဓစ္စ – စိတ်ပျံ့လွင့်ခြင်း၁.၉။ အဟိရိက – မကောင်းမှုပြုရန် မရှက်ခြင်း၁.၁၀။ အနောတ္တပ္ပ – မကောင်းမှုပြုရန် မကြောက်ခြင်း ဒီကိလေသာတွေ

ဘဝတစ်ခု သေချာတည်ဆောက်ဖို့
မှန်ကန်တဲ့အမြင် အတော်အရေးကြီးတယ်။
Read More »

ဥာဏ်နဲ့ ပညာ နှစ်ခုစလုံးလိုတယ်။

ဥာဏ်ရှိပြီး ပညာမရှိရင်လိုချင်တာ ရအောင်ယူနိုင်ပြီးရထားတာ လိုချင်အောင်လုပ်ဖို့ ခက်နိုင်တယ်။ ဥာဏ်ရည်မြင့်ပြီး စိတ်မထိန်းနိုင်သူတွေအများကြီးတွေ့ဖူးလိမ့်မယ်။ ပညာရှိပြီး ဥာဏ်မရှိရင်ဘဝမှာ နေတတ်မယ်။ ရောင့်ရဲတတ်မယ်။ ပျော်တတ်မယ်။ ကြီးကျယ်တဲ့ စိန်ခေါ်မှုတွေကိုရင်ဆိုင်ကျော်လွှားဖန်တီးနိုင်ဖို့ အခက်အခဲဖြစ်နိုင်တယ်။ ဥာဏ်နဲ့ ပညာ နှစ်ခုစလုံးလိုတယ်။ Phyo Paing @ Derek

ဥာဏ်နဲ့ ပညာ နှစ်ခုစလုံးလိုတယ်။ Read More »

နေ့တိုင်း အိမ်စာလုပ်
လေ့လာနေရမှာပဲ။

ကိုယ်လုပ်နေတဲ့အလုပ်မှာ တစ်ဖက်ကမ်းခပ်ပြီးအစားထိုးလို့မလွယ်တဲ့သူဖြစ်ဖို့နေ့တိုင်း အိမ်စာလုပ်လေ့လာနေရမှာပဲ။ ကိုယ့်နယ်ပယ်မှာ နာမည်ကြီးပြီးအရမ်းကောင်းတဲ့ အိုင်ဒီယာတွေနည်းစနစ်တွေ သိဖို့ဖတ်မှတ်လေ့လာ၊ အသုံးချ၊ စမ်းကြည့်အမြဲ update ဖြစ်နေဖို့လိုတယ်ထင်တယ်။ဒါမှလဲ ကိုယ့်အလုပ်ကို တန်ဖိုးထားရာကျမှာ။ Phyo Paing @ Derek

နေ့တိုင်း အိမ်စာလုပ်
လေ့လာနေရမှာပဲ။
Read More »

အဆိုးဆုံးအရာတွေကအကောင်းဆုံးအရာတွေ ဖြစ်နိုင်တယ်

အဆိုးဆုံးအရာတွေကအကောင်းဆုံးအရာတွေ ဖြစ်နိုင်တယ်။ 1665-1666 ပလိပ်ရောဂါဖြစ်တော့အိမ်တွင်းမဖြစ်မနေအောင်းရတယ်။နယူတန်ရဲ့ သိပ္ပံတွေ့ရှိချက်တွေဖြစ်တဲ့ကဲကုလတ်နဲ့ ကမ္ဘာ့စွဲငင်အားဟာအဲ့နှစ်အတွင်းမှာ ဖြစ်လာခဲ့တယ်။ 1929 နှောင်းပိုင်းမှာကမ္ဘာ့စီးပွါးရေးပျက်ကပ်ဖြစ်တယ်။ရှင်သန်ဖို့အတွက် နည်းလမ်းရှာရင်းတီထွင်ဆန်းသစ်မှုသစ်တွေနဲ့ဒစ်စနီ နဲ့ HP ကုမ္ပဏီဖြစ်လာတယ်။ 1965 မှာ မလေးကနေစလုံးကို ဖယ်ထုတ်လိုက်တယ်။သောက်သုံးရေရှားပါး၊ရှင်သန်ဖို့ခက်ခဲနေတဲ့ ကျွန်းနိုင်ငံကနေကိုယ်တိုင်ရပ်တည်လို့ရတဲ့ နိုင်ငံဖြစ်လာတယ်။ တခါတလေ အဆိုးဆုံးတွေကလဲအကောင်းဆုံးဖြစ်နိုင်တယ်လို့စိတ်ညစ်မယ်ကြံတိုင်း စဉ်းစားမိတယ်။ Phyo Paing @ Derek

အဆိုးဆုံးအရာတွေကအကောင်းဆုံးအရာတွေ ဖြစ်နိုင်တယ် Read More »

အရှုံးကို ကန့်သတ်၊သင်ခန်းစာယူဖို့ လုပ်လို့ရတယ်

လူတိုင်းမှာ ကံညံ့တဲ့အချိန်ဆိုတာရှိတတ်တယ်။ဘာလုပ်လုပ် အဆင်မပြေ။တိုင်တစ်ခုပြီး တစ်ခုပတ်။ဒါက ဘဝမှာ မှတ်တိုင်စိုက်တဲ့အချိန်ဖြစ်တတ်တယ်။ဘာမှ မလုပ်ပဲ ရပ်နေလို့ရတယ်။ဒါကလဲ မမှားဘူး။အရှုံးကို ကန့်သတ်၊သင်ခန်းစာယူဖို့ လုပ်လို့ရတယ်။ဒီက အတွေ့အကြုံကကံပြန်ကောင်းရင် ကြီးကြီးကောင်းနိုင်တယ်။ကမ္ဘာ၊ မြန်မာမှာကြည့်ရင် သာဓကတွေအများကြီးပဲ။ Phyo Paing @ Derek

အရှုံးကို ကန့်သတ်၊သင်ခန်းစာယူဖို့ လုပ်လို့ရတယ် Read More »

ကားအကြောင်းနားမလည်သူကကားမှန်သမျှ အကုန်ကားပဲ

ကားအကြောင်းနားမလည်သူကကားမှန်သမျှ အကုန်ကားပဲ။စာအုပ်စာပေအကြောင်းနားမလည်သူကစာအုပ်မြင်ရင် စာအုပ်ပဲသိတယ်။လူအကြောင်းနားမလည်သူကလဲလူမြင်ရင် ယောကျာ်း၊ မိန်းမ၊ လူမျိုးဒီလောက်ပဲ သိမယ်။ အပေါ်ယံအသိတွေပဲရှိတဲ့အခါအပေါ်ယံအမြင်တွေပဲရှိမယ်။​ အသိ၊ အမြင်ဆိုတဲ့အတိုင်းမသိရင် မမြင်ဘူး။​ အခွင့်အလမ်းမမြင်ဘူး။အန္တရာယ်မမြင်ဘူး။ဝေးဝေးကို မမြင်ဘူး။ မှန်ကန်တဲ့အမြင်မရှိရင်မှန်ကန်တဲ့ အတွေးရှိဖို့မလွယ်ဘူး။​မှန်ကန်တဲ့အတွေး မရှိရင်မှန်ကန်တဲ့ အလုပ်လုပ်ဖို့ မလွယ်ဘူး။​ ကံဆိုတာ အလုပ်အလုပ်ဆိုတာ ကံဖြစ်တဲ့အတွက်အသိခေါက်ခက် အဝင်နက်လို့ရှေးမြန်မာလူကြီးတွေက ဆိုကြတယ်။ အသိကြွယ်ဖို့ သတိနဲ့သင်ယူတိုးတက်နေဖို့လိုနိုင်တယ်။ Phyo Paing @ Derek

ကားအကြောင်းနားမလည်သူကကားမှန်သမျှ အကုန်ကားပဲ Read More »