knowledge

ခပ်ညံ့ညံ့ဘဝ မနေချင်ရင်

အာရုံစူးစိုက်မှု၊ဇွဲ၊ ဒူပေဒါပေခံမှု၊လေ့လာမှု၊ ဆန်းစစ်သုံးသပ်မှု၊မြန်ဆန်မှု၊ လေးစားမှု၊စိတ်ရှည်မှု ဘဝရဲ့အမူအကျင့်တွေ အရေးကြီးတယ်။ ခပ်ညံ့ညံ့ဘဝ မနေချင်ရင်ခပ်ညံ့ညံ့ အမူအကျင့်တွေရှောင်ဖို့လိုနိုင်တယ်။ Phyo Paing @ Derek

ခပ်ညံ့ညံ့ဘဝ မနေချင်ရင် Read More »

ချမ်းသာချင်ရင် မရှာနဲ့လာအောင်လုပ်

ချမ်းသာချင်ရင် မရှာနဲ့လာအောင်လုပ်။ ပိုက်ဆံချမ်းသာချင်ရင်ပိုက်ဆံလာအောင်လုပ်ဖို့လိုသလို၊​စိတ်ချမ်းသာချင်ရင်စိတ်ချမ်းသာမှုလာအောင်ကိုယ်က သံလိုက်လိုဖြစ်ဖို့လိုတယ်။ တချို့အရာတွေက ရှာလေဝေးလေ။မရှာပဲ လာအောင်လုပ်ဖို့ပျားပိတုန်းလာစေချင်ရင်ကိုယ်တိုင်က ဥယျာဥ်ဖြစ်ဖို့ပြုစုပျိုးထောင်ရတတ်တယ်။ နည်းနည်းဆို ရှာ။များများဆို လာအောင်လုပ်။ Phyo Paing @ Derek

ချမ်းသာချင်ရင် မရှာနဲ့လာအောင်လုပ် Read More »

ပြဿနာတိုင်းမှာ အဖြေရှိတယ်။

ပြဿနာတိုင်းမှာ အဖြေရှိတယ်။အဖြေမရှိသေးတာအဖြေမရှာနိုင်သေးလို့ဖြစ်နိုင်တယ်။ဘဝကို သင်္ချာပုစ္ဆာတွေဖြေရှင်းရတဲ့နေရာလိုပဲ မြင်ကြည့်မိတယ်။ လူမှုရေး၊ ပညာရေး၊အလုပ်အကိုင်နဲ့ စီးပွားရေး၊ငွေရေးကြေးရေး၊အချစ်နဲ့ အိမ်ထောင်ရေး၊စိတ်ငြိမ်းချမ်းရေး။ ပုစ္ဆာကိုဖြေရှင်းဖို့မေးခွန်းကို သေချာနားလည်၊ပေးထားချက်ကို ကြည့်ပြီး၊တွက်နည်းမှန်မှန်နဲ့ ဖြေရှင်းရမှာပဲ။​ လူတိုင်း ဖြေရှင်းနေတဲ့ ပုစ္ဆာအတိမ်အနက်၊ အခက်အခဲ၊ရှိထားတဲ့ အရင်းအမြစ် မတူကြဘူး။ Phyo Paing @ Derek

ပြဿနာတိုင်းမှာ အဖြေရှိတယ်။ Read More »

တခြားသူတွေ လုပ်သလိုလိုက်လုပ်စရာမလိုဘူး

တခါတလေ ကိုယ်ကကံကြမ္မာကို ဖန်တီးတယ်။တခါတလေ ကံကြမ္မာကကိုယ့်ကို ပြန်ဖန်တီးတယ်။ ဒါကြောင့် တခါတလေကိုယ့်ကံကြမ္မာက ပေးတဲ့အကြံ၊ပြောတဲ့ အသံ ပြန်နားထောင်ကြည့်။Spiritual guidance ကပါဆန်နယ်ဖြစ်တယ်။​ တခြားသူတွေ လုပ်သလိုလိုက်လုပ်စရာမလိုဘူး။သူတို့လို မလုပ်တဲ့အတွက်ကြောက်စိတ် Fear of Missing out (FOMO)ဖြစ်စရာမလိုဘူး။ ကိုယ့်နှလုံးသား အသံကိုသေချာ နားထောင်ကြည့်ပါ။ ပြီးသွားတဲ့ ရလဒ်တွေကြည့်ဖို့ဒေတာကို လေ့လာ။မဖြစ်သေးတဲ့ အနာဂတ်အတွက်နှလုံးသား အသံနားထောင်ကြည့်။ နှလုံးထားထဲက Voice ကို ကြားဖို့၊ပြင်ပ ပယောဂ Noise တွေကို ဖယ်ဖို့လိုတယ်။ တခြားသူတွေ လုပ်တဲ့အလုပ်တွေ၊သူတို့ တွေး၊ ကြံ၊ လုပ် တာတွေကိုလိုက်လုပ်စရာလိုချင်မှ လိုမယ်။ သေချာအချိန်ပေး ပြန်ထားထောင်ကြည့်တဲ့အချိန်တွေ လိုကောင်းလိုမယ်။ Malcolm Gladwell ပြောသလိုဆိုPower of thinking without thinking, Blink ကိုအသုံးချကြည့်။

တခြားသူတွေ လုပ်သလိုလိုက်လုပ်စရာမလိုဘူး Read More »

နောင်တ မရတဲ့ ဘဝ။

နောင်တ မရတဲ့ ဘဝ။ လူအများစု နောင်တရတာကိုယ်ဖြစ်ချင်တဲ့ စစ်မှန်တဲ့ကိုယ်မဖြစ်ပဲပတ်ဝန်းကျင်ဖြစ်စေချင်တဲ့ သူဖြစ်ခဲ့တာ။အစွမ်းအစတွေ အကောင်းဆုံးမသုံးမချခဲ့တာ။အချစ်ရေး၊ မိသားစု၊ ပညာရေး မှာအချိန်ပေးသင့်သလောက် မပေးခဲ့တာ။ ဒါတွေကို သင်ခန်းစာမယူတဲ့အခါဆယ်နှစ်ကြာတဲ့အခါအိမ်ထောင်ရေး၊ စီးပွားရေးပါတနာ၊တိုးတက်ရေးတွေမှာ နောင်တထပ်ရတတ်တယ်တဲ့။ ဒါကြောင့် တစ်ခုခု မလုပ်ရင်ဖြစ်လာမည့်အဆိုးကို စဥ်းစားပြီး negative emotionစိတ်အနှောက်အယှက်ဖြစ်တာကကောင်းမွန်တဲ့ အပြုအမူဖြစ်စေတယ်တဲ့။ ဆေးလိပ်တွေ အလွန်အကျွံသောက်တာအနာဂတ်မှာ အဆုပ်ရောဂါဖြစ်မှာကြောက်ရင်အပြုအမူကောင်းဖြစ်သွားမယ်။ အလားတူပဲ ပညာမတတ်တဲ့အခါမျက်နှာငယ်မယ်ဆိုတဲ့ စိတ်ဖြစ်တဲ့အခါပညာကို သေချာ လေ့လာဖြစ်မယ်။ နောင်တမရတဲ့ ဘဝဖြစ်လာဖို့regret minimization framework ဆိုတဲ့mental model စဥ်းစားပုံတစ်ခုရှိတယ်။ သူကတော့ Amazon ရဲ့ FounderJeff Bezos လဲ အမြဲသုံးတဲ့ စနစ်တစ်ခုဖြစ်တယ်။ အသက် ၈၀၊ ၉၀ ကိုစဥ်းစားကြည့်လိုက်။ကိုယ့်ဘဝကို ပြန်ကြည့်တဲ့အခါဘယ်အရာတွေကို နောင်တရနေမလဲစဥ်းစားကြည့်။အရာတစ်ခုကို ဆုံးဖြတ်ချက်ချရခက်နေရင်လဲအလားတူပဲ။ဒီဆုံးဖြတ်ချက်တစ်ခုကို လုပ်လိုက်လိ့ နောင်တရမလား။မလုပ်လိုက််လို့

နောင်တ မရတဲ့ ဘဝ။ Read More »

DEAL လိုတယ်။

ဘဝမှာ ပျော်ရွင်စိတ်ကျေနပ်ပြီးအောင်မြင်ချင်ရင် DEAL လိုတယ်။ Daily = နေ့စဥ်Enjoyable = နှစ်သက်ပျော်ရွင်တဲ့Activities = အလုပ်တွေလုပ်ပြီး forLong-term = ရေရှည်Achievement = ဆွပ်ခူးမှုတွေအတွက် လုပ်နေဖို့ပဲ။ လေ့လာရတာ၊ ဖန်တီးရတာ၊ကူညီအကြံပေးရတာ၊ သင်ကြားပေးရတာ၊စမ်းသပ်ရတာ ကြိုက်တော့နေ့တိုင်း ဒါပဲ လုပ်တယ်။ ကိုယ့်ရဲ့ Flow ကို ကိုယ်ရှာနိုင်ရင်အလုပ်ကို အလုပ်လိုလုပ်စရာမလိုတော့ဘူး။ PPC ကို Master Your Flow လို့ပြောင်းထားတယ်။ Phyo Paing @ Derek

DEAL လိုတယ်။ Read More »

လူတစ်ယောက်နဲ့ တစ်ယောက်ဂုဏ်ယူတဲ့ ကိစ္စ မတူကြဘူး

ဆယ်တန်းမှာ ဂုဏ်ထူးတွေထွက်အောင်လုပ်၊ဆေးကျောင်းတက်၊ဘွဲ့လွန်တွေထပ်ယူ။​အဲ့ကွန်းခန်းထဲမှာ အလုပ်လုပ်ရမှာ။ဒီ လူ အများဂုဏ်ယူတဲ့အရာကြီးကိုလိုက်လုပ် ဂုဏ်လိုက်ယူရတာကြီးကအဖေ၊ အမေ ခေတ်မှာ ကျန်ခဲ့ပြီလို့ထင်တယ်။ လူတစ်ယောက်နဲ့ တစ်ယောက်ဂုဏ်ယူတဲ့ ကိစ္စ မတူကြဘူး။ ဘဝမှာလဲ အဲ့လိုပဲတစ်ခုခုကို နားလည်အောင်ကြည့်တဲ့အခါမော်ဒယ်တွေ အများကြီးရှိတယ်။ တချို့လူတွေက လောကကိုမော်ဒယ်တစ်ခုတည်းနဲ့ ကြည့်တယ်။ မြန်မာမော်ဒယ်၊တရုတ်မော်ဒယ်၊အေးရှန်းမော်ဒယ်၊အာရှမော်ဒယ်၊အနောက်တိုင်းမော်ဒယ်၊ကမ္ဘာ့မော်ဒယ်၊လူ့ဂွစာတွေ မော်ဒယ်ကြည့်ကြည့်။ အမြင်သာဆုံးစကားလုံးတစ်ခုကWork-life balance ဆိုတဲ့ စကားလုံး။ဘယ်လိုပေါ်လာတယ်။ဘယ်သူထွင်ခဲ့တယ်။ဘာကြောင့်ပေါ်ခဲ့တယ်။ဘယ်လို အသုံးပြုတယ် အများစုမစဥ်းစားမိကြဘူး။ Robert Owen က 1817 မှာထွင်ခဲ့တဲ့ စကားလုံး။အဲ့အချိန်က အလုပ်ကြမ်းသမားတွေကတစ်ပတ်ကို နာရီ ၇၀ ကနေ ၁၀၀ လောက်လုပ်ရတယ်။အဲ့အချိန် အင်္ဂလန်မှာဆိုတစ်ရက်ကို ၁၆ နာရီ အလုပ်လုပ်ပြီးတစ်ပတ် ၆ ရက်လုပ်ရတယ်။​ဒါက စက်မှုတော်လှန်ရေးခေတ်က။ရောဘတ်အိုဝင်ကို Socialism ရဲ့ ဖခင်ကြီးလို့ခေါ်တယ်။ 1829 မှာ သားဖြစ်သူRobert Dale Owen

လူတစ်ယောက်နဲ့ တစ်ယောက်ဂုဏ်ယူတဲ့ ကိစ္စ မတူကြဘူး Read More »

တစ်ကပြန်မစရဖို့

တစ်က ပြန်စ စရာမလိုအောင်ကြိုတင်ပြင်ဆင်ဖို့လိုနိုင်တယ်။ တစ်ကပြန်မစရဖို့ကိုယ့်ကိုယ်ကို ရင်းနှီးမြုပ်နှံမှုလုပ်။ ဘာကြောင့်လဲဆိုတော့ဘယ်သွားသွား သယ်သွားရမှာ ကိုယ်ပဲ။ Phyo Paing @ Derek

တစ်ကပြန်မစရဖို့ Read More »

ချမ်းသာတဲ့သူတိုင်း ပျော်နေတာမဟုတ်ဘူး

မနက််မိုးလင်းမျက်လုံးနှစ်လုံးဖွင့်တာနဲ့အလုပ်ပြီးတဲ့ထိကကိုယ့်အခန်းထဲမှာပဲ။ကွန်ပြူတာတစ်လုံးနဲ့လေ့လာချင်တာလေ့လာ၊​လုပ်ချင်တဲ့ အလုပ်တွေလုပ်ပြီးနေ့တိုင်းပျော်နေတယ်။ ဒါကို DEAL ဆိုပြီး အတိုကောက်mini-booklet ထုတ်ထားပြီးDreamlab မှာ တင်ထားပေးပါတယ်။ DEAL ဆိုတာDaily Enjoyable Activities forLong-term Achievement ပါ။ ချမ်းသာတဲ့သူတိုင်း ပျော်နေတာမဟုတ်ဘူး။ပျော်လဲပျော် ငွေကြေးလဲအလုံအလောက်ရှိကိုယ့်ဘဝ ကိုယ်စိတ်ကြိုက်ပုံဖော်နိုင်ဖို့DEAL လိုတယ်။ Phyo Paing @ Derek

ချမ်းသာတဲ့သူတိုင်း ပျော်နေတာမဟုတ်ဘူး Read More »