knowledge

အအောင်မြင်ဆုံးသူတွေကိုကြည့်

အချမ်းသာဆုံးသူတွေကိုကြည့်၊နယ်ပယ်တစ်ခုမှာအအောင်မြင်ဆုံးသူတွေကိုကြည့်။သူနဲ့ မှာတူညီတဲ့ အရာတစ်ခုရှိတယ်။အဲ့ဒါက စာဖတ်နာတာပဲ။ Look at the wealthiest people,observe the most successful individuals in a field.There is one thing they have in common:It’s their habit of reading. Phyo Paing @ Derek

အအောင်မြင်ဆုံးသူတွေကိုကြည့် Read More »

ဘဝမှာ အရေးအကြီးဆုံးက
လွတ်လပ်မှုလို့ပဲ ခံယူထားတယ်

ဘဝမှာ အရေးအကြီးဆုံးကလွတ်လပ်မှုလို့ပဲ ခံယူထားတယ်။ ဒါကြောင့် ဗုဒ္ဓရဲ့အဆုံးအမကိုအကောင်းဆုံးလိုက်နာနိုင်အောင်ကြိုးစားပြီး ကောင်းအောင်နေဖို့နှလုံးသွင်းတယ်။ ဘဝမှာ ကိုယ်ထိန်းချုပ်မရတဲ့အရာတွေရှိတယ်။ကိုယ့်ခန္ဓာကိုယ်တောင် ကိုယ်မထိန်းချုပ်နိုင်ဘူး။​ဥပမာ နေ့စဥ် အိုနေတယ်။ဒါကို မထိန်းချုပ်နိုင်ဘူး။ဖျားနာမယ်။ဒါကို မထိန်းချုပ်နိုင်ဘူး။ဘဝမှာ ကျိန်းသေတာတစ်ခုကမသေချင်လဲ သေမယ်။ဒီတော့ ချစ်တဲ့သူနဲ့လဲ တချိန် ခွဲရမယ်။​မချစ်တဲ့သူနဲ့လဲ တချိန်ခွဲရမယ်။ဒါတွေကို တပ်မက်လေလေနာကျင်လေလေ။ဒါတွေကို နာမည်တစ်လုံးပေးရရင်“ဒုက်ခ”ပဲ။ ဘဝမှာ ဒီ ဒုက္ခတွေကို ရှောင်လွဲလို့မရဘူး။ဒါတွေရဲ့ အရင်းအမြစ်ကတပ်မက်စိတ်တွေက စတင်တယ်။ဒါကို attachment လို့ခေါ်တယ်။ဒီ ဒုက္ခတွေလွတ်မြောက်ရာရှိတယ်။​ဒါကို ဘဝနေနည်းရှစ်နည်းနဲ့သွားလို့ရတယ်။ဒါကို အမှန်တရားလေးခုဖြစ်တဲ့အတွက်သစ္စာလေးပါးလို့ မိန့်ကြားခဲ့တယ်။ ဗုဒ္ဓသင်ကြားခဲ့တာက “လွတ်မြောက်”ဖို့။ဒီတော့ လွတ်လပ်မှုကို ကြိုက်တဲ့ကိုယ့်အတွက်နေ့စဥ်ဘဝမှာ နှလုံးသွင်းရမည့်အရာလို့မြင်တယ်။ ဘဝနေနည်း ရှစ်ခုကို စကားလုံးသုံးလုံးနဲ့ခြုံလို့ရတယ်။လိုက်နာရမည့်စည်းကမ်း သီလစိတ်မပျံ့လွင့်ပဲ အာရုံစူးစိုက်နိုင်မှု သမာဓိအမှားအမှန်၊ အကောင်းအဆိုးကိုခွဲခြားသိနိုင်စွမ်း ပညာ။ သီလရှိဖို့နေ့စဥ် ဘာလုပ်မလဲအပြင်ဘာတွေ မလုပ်ဘူးလဲ သတ်မှတ်ထားရမယ်။မလုပ်သင့်ဘူးလို့ယူဆပြီး လုပ်ချင်နေရင်ကိုယ့်ရဲ့အတွေးကို ပြန်လည်ဆန်းစစ်ဖို့လိုတယ်။ သမာဓိ အားကောင်းဖို့တရားထိုင်တာအပြင်၊စာကို အာရုံစူးစိုက်ဖတ်တာ၊ကိုယ့်လုပ်နေတဲ့အလုပ်ကို

ဘဝမှာ အရေးအကြီးဆုံးက
လွတ်လပ်မှုလို့ပဲ ခံယူထားတယ်
Read More »

အကောင်းဆုံးလုပ်မယ်ဆိုတဲ့ ခံယူချက်

ဘယ်နေရာမှာ နေနေ၊ဘယ်အလုပ် လုပ်လုပ်ထိပ်ဆုံး တစ်ရာခိုင်နှုန်းထဲပါဖို့ခံယူချက်ထားတာအကောင်းဆုံးလုပ်မယ်ဆိုတဲ့ ခံယူချက်ပဲ။ရည်ရွယ်ချက်က ရလဒ်မတိုင်ခင်လာတယ်။ No matter where one stays,No matter what job one does,The mindset should be to aim for the top one percent.It’s about having the resolve to give one’s best.The intention precedes the result. Phyo Paing @ Derek

အကောင်းဆုံးလုပ်မယ်ဆိုတဲ့ ခံယူချက် Read More »

ဘဝမှာ ဥပဒေသတစ်ခုရှိတယ်။

ဘဝမှာ ဥပဒေသတစ်ခုရှိတယ်။ကိုယ်နဲ့သိလို့ အကျိုးမယုတ်စေရဘူး။ပိုသိလေလေ အကျိုးပိုရှိလေလေ။ In life, there is a principle: knowing me will not put you at a disadvantage. The more you know, the more you can leverage me. Phyo Paing @ Derek

ဘဝမှာ ဥပဒေသတစ်ခုရှိတယ်။ Read More »

ကိုယ်နဲ့ထိုက်တန်တဲ့ ဝင်ငွေ

အိမ်မက်က အိမ်မက်ပဲ။ကိုယ်လိုချင်တာတိုင်းရတာမဟုတ်ဘူး။ကိုယ်နဲ့ ထိုက်တန်တာပဲရတာ။ ကိုယ်နဲ့ထိုက်တန်တဲ့ ဝင်ငွေ။ကိုယ်နဲ့ထိုက်တန်တဲ့ သမီးရည်းစားလင်မယား။ကိုယ်နဲ့ ထိုက်တန်တဲ့ ခန္ဓာကိုယ်။ကိုယ်နဲ့ ထိုက်တန်တဲ့ ဘဝ။သံသရာမှာ ကံကြမ္မာကတရားပါတယ်။ A dream is just a dream.It’s not about getting everything you want.It’s about getting what’s right for you.It’s about getting what you deserve. The income that’s right for you.The partner that’s right for you.The body that’s right for you.The life that’s right for you.In

ကိုယ်နဲ့ထိုက်တန်တဲ့ ဝင်ငွေ Read More »

ကိုယ်လုပ်တဲ့အလုပ် အတွေး၊ အကြံ၊ အလုပ်

ကိုယ်လုပ်တဲ့အလုပ် အတွေး၊ အကြံ၊ အလုပ်အကုန်လုံးက တစ်နေရာတည်းကိုဦးတည်နေဖို့ အထူးအရေးကြီးတယ်။တစ်နေရာတည်ကို မဦးတည်နေရင်ကားတစ်စီး အလိုင်းမန့်လွဲသလိုဖြစ်နေတတ်တယ်။ဒါကြောင့် အာရုံမစိုက်သင့်၊မလုပ်သင့်တာကို “no” လို့ပြောရဲတဲ့သတ္တိလိုတယ်။ It’s very important to focus all your thoughts, ideas, and work in one direction. If you don’t stay focused on one thing, it can be like a car veering off track. Therefore, it’s essential to have the discipline to say ‘no’ to things that

ကိုယ်လုပ်တဲ့အလုပ် အတွေး၊ အကြံ၊ အလုပ် Read More »

ကိုယ်မကြိုက်တဲ့အရာ
သူများကို မလုပ်နဲ့။

ကိုယ်မကြိုက်တဲ့အရာသူများကို မလုပ်နဲ့။ဒါက အခြေခံအကျဆုံးတန်ဖိုးထားမှု။ဒီတန်ဖိုးထားမှုမရှိရင်ကိုယ်ကျင့်တရား သံလိုက်အိမ်မြှောင်မရှိတဲ့အတွက်ကျင့်ဝတ်ပိုင်းဆိုင်ရာ ဒေဝါလီခံနိုင်တယ်။ ချစ်ခြင်းတရားမရှိတဲ့အခါဘဝက လျစ်လပ်မှုကြီးဖြစ်နိုင်တယ်။ ဒီနှစ်ခုကို နားမလည်တဲ့အခါဘဝမှာ လမ်းပျောက်နိုင်တယ်။ Without basic human values guiding us, we become morally bankrupt. Without love as our purpose, we become empty. Without understanding both of these, we become lost. Dr Milan La Brey (Back To Basics, 2014) Phyo Paing @ Derek

ကိုယ်မကြိုက်တဲ့အရာ
သူများကို မလုပ်နဲ့။
Read More »

Intellectual stimulations တွေလိုတယ်။

အစားအသောက်ကောင်းစားတဲ့အခါ အရသာရှိသလို၊မရောက်ဖူးတဲ့နေရာသစ်ကိုရောက်တဲ့အခါ လန်းဆန်းသွားသလို၊မမြင်ဖူးတဲ့ကမ္ဘာကြီးကိုမြင်သွားတဲ့အတွေးအခေါ်အသစ်၊ဗဟုသုတ အသစ်တွေတွေ့သွားတဲ့အခါပျော်ရွင်မှုဆိုတာရှိတယ်။ဥာဏ်ကို နိုးဆွမှ နိုးထတာ။ဘဝမှာ ရှင်သန်တာအရသာရှိဖို့Intellectual stimulations တွေလိုတယ်။ Phyo Paing @ Derek

Intellectual stimulations တွေလိုတယ်။ Read More »

micro-skills

ဒီနေ့ခေတ်ရဲ့ လိုအပ်လာတဲ့ကိုယ့်အိုင်ဒီယာကို ပြန့်အောင်လုပ်ဆောင်ဖို့ကျွမ်းကျင်မှု micro-skills ၁။ စာရေးသားခြင်း၂။ ဗီဒီယိုရှေ့မှာ ကိုယ်ပြောချင်တဲ့မက်ဆေ့ကိုကောင်းကောင်းပြောနည်း၃။ လူရှေ့သူရှေ့စကားပြောခြင်း၄။ ပြန်လည်သင်ကြားပေးနိုင်ခြင်း Phyo Paing @ Derek

micro-skills Read More »

ပညာတကယ်တတ်လာရင် အငြင်းသန်တာ
နည်းလာမယ်။

အမှားနဲ့ အမှန်ကိုကွဲကွဲပြားပြားသိဖို့ ပညာသင်တယ်လို့အရင်ကဆိုခဲ့ကြတယ်။ တကယ့်ဘဝထဲရောက်တဲ့အခါအမှားနဲ့ အမှန်နှစ်ခုထဲရှိနေတာမဟုတ်တဲ့အခါလူတွေ တိုင်ပတ်ကြတယ်။ ပေးတိုင်းမရတဲ့အထဲမှာ ပညာပါတယ်။ပညာပေးတိုင်း ပညာမရဘူး။ပညာဆိုတာ ရှာမှရတယ်။ ပညာတကယ်တတ်လာရင် အငြင်းသန်တာနည်းလာမယ်။တစ်ဖက်ပိတ်တာ လျော့သွားမယ်။လူတွေကို ပိုနားလည်တတ်လာမယ်။ပြဿနာတစ်ခုရဲ့ အတိမ်အနက်ကိုစဥ်းစားတတ်လာမယ်။ ဘာကြောင့်လဲဆိုတော့ခွဲခြမ်းစိတ်ဖြာ စဥ်းစားတတ်သွားတာရယ်၊မတူညီတဲ့ ရှုထောင့်တွေက မြင်တတ်သွားတာရယ်၊ကိစ္စတစ်ခုကို ရှေ့နောက်တောင်မြောက်အပေါ်အောက် မြင်တတ်သွားတာရယ်ကြောင့်။ အရင်က ကျောင်းတက်ခဲ့တာကိုပညာတတ်ခဲ့တယ်လို့ ထင်ခဲ့ဖူးတယ်။ အမှန်တော့ ဘွဲ့ရ ပညာမတတ်မဖြစ်ရလေအောင် ဒီနေ့လိုအပြောင်းအလဲ များလွန်းလှတဲ့ခေတ်မှာပုံမှန်လေ့လာသွားဖို့လိုတယ်။ Phyo Paing @ Derek

ပညာတကယ်တတ်လာရင် အငြင်းသန်တာ
နည်းလာမယ်။
Read More »