knowledge

လိုချင်တာကို အပြင်မှာမရှာနဲ့

လိုချင်တာကို အပြင်မှာမရှာနဲ့။ခန္ဓာကိုယ်တွင်းမှာရှိတယ်။တိုးတက်မှုရှာ ခန္ဓာတွေ့လိမ့်မယ်။ကိုယ့်အတွေး၊ အကြံအစည်၊ အလုပ်အကုန်လုံးက ကိုယ်ကစတယ်။ Phyo Paing @ Derek

လိုချင်တာကို အပြင်မှာမရှာနဲ့ Read More »

ချောင်ပိတ်မိတဲ့အခါရွေးချယ်စရာမဲ့တတ်တယ်

ထွက်ပေါက်တွေလိုတတ်တယ်။ဘဝမှာ နေရာတစ်ခုတည်းမှာပိတ်မိမှာ စိုးတဲ့အတွက်အလုပ်လုပ်တဲ့အခါဒုတိယ အလုပ်ကိုထားဖို့လိုတယ်။စီးပွားရေးမှာလဲဒုတိယ ဝင်ငွေကိုထားဖို့လိုတတ်တယ်။ဘဝမှာ အရာရာကိုပြန်ထွက်လို့ရတဲ့ ထွက်ပေါက်ကိုမထားထားရင်ချောင်ပိတ်မိတဲ့အခါရွေးချယ်စရာမဲ့တတ်တယ်။ Phyo Paing @ Derek

ချောင်ပိတ်မိတဲ့အခါရွေးချယ်စရာမဲ့တတ်တယ် Read More »

လိုချင်တာရအောင် ယူနိုင်တာပါဝါပဲ

လိုချင်တာရအောင် ယူနိုင်တာပါဝါပဲ။ရချင်တာရဖို့ မလုပ်ချင်တာလဲသမာအာဇီဝကျကျ လုပ်သင့်လုပ်ရမှာပဲ။ Phyo Paing @ Derek

လိုချင်တာရအောင် ယူနိုင်တာပါဝါပဲ Read More »

မမြင်ဖူးတဲ့ ကမ္ဘာကို မြင်ပြီးအရင်အတိုင်း ပြန်မဖြစ်တော့ဘူး

ကြည့်တိုင်း မြင်ဖို့၊မြင်တိုင်း သိဖို့၊သိတိုင်း နားလည်ဖို့။ နားလည်မှု အဆင့်မြင်လေလေလောက အမြင်မတူလေလေ၊လောကကို ကြည့်တဲ့အကြည့် မတူလေလေ။ ကြက်ဥတစ်လုံးပြုတ်ပြီးအစိမ်းပြန်မဖြစ်တော့တာကိုဓာတုဇီဝ ပညာရပ် biochemistry မှာsecondary denaturation လို့ခေါ်တယ်။ နားလည်မှု တစ်ဆင့်မြင့်သွားတာနဲ့မမြင်ဖူးတဲ့ ကမ္ဘာကို မြင်ပြီးအရင်အတိုင်း ပြန်မဖြစ်တော့ဘူး။ Phyo Paing @ Derek

မမြင်ဖူးတဲ့ ကမ္ဘာကို မြင်ပြီးအရင်အတိုင်း ပြန်မဖြစ်တော့ဘူး Read More »

ခပ်ညံ့ညံ့ဘဝ မနေချင်ရင်

အာရုံစူးစိုက်မှု၊ဇွဲ၊ ဒူပေဒါပေခံမှု၊လေ့လာမှု၊ ဆန်းစစ်သုံးသပ်မှု၊မြန်ဆန်မှု၊ လေးစားမှု၊စိတ်ရှည်မှု ဘဝရဲ့အမူအကျင့်တွေ အရေးကြီးတယ်။ ခပ်ညံ့ညံ့ဘဝ မနေချင်ရင်ခပ်ညံ့ညံ့ အမူအကျင့်တွေရှောင်ဖို့လိုနိုင်တယ်။ Phyo Paing @ Derek

ခပ်ညံ့ညံ့ဘဝ မနေချင်ရင် Read More »

ချမ်းသာချင်ရင် မရှာနဲ့လာအောင်လုပ်

ချမ်းသာချင်ရင် မရှာနဲ့လာအောင်လုပ်။ ပိုက်ဆံချမ်းသာချင်ရင်ပိုက်ဆံလာအောင်လုပ်ဖို့လိုသလို၊​စိတ်ချမ်းသာချင်ရင်စိတ်ချမ်းသာမှုလာအောင်ကိုယ်က သံလိုက်လိုဖြစ်ဖို့လိုတယ်။ တချို့အရာတွေက ရှာလေဝေးလေ။မရှာပဲ လာအောင်လုပ်ဖို့ပျားပိတုန်းလာစေချင်ရင်ကိုယ်တိုင်က ဥယျာဥ်ဖြစ်ဖို့ပြုစုပျိုးထောင်ရတတ်တယ်။ နည်းနည်းဆို ရှာ။များများဆို လာအောင်လုပ်။ Phyo Paing @ Derek

ချမ်းသာချင်ရင် မရှာနဲ့လာအောင်လုပ် Read More »

ပြဿနာတိုင်းမှာ အဖြေရှိတယ်။

ပြဿနာတိုင်းမှာ အဖြေရှိတယ်။အဖြေမရှိသေးတာအဖြေမရှာနိုင်သေးလို့ဖြစ်နိုင်တယ်။ဘဝကို သင်္ချာပုစ္ဆာတွေဖြေရှင်းရတဲ့နေရာလိုပဲ မြင်ကြည့်မိတယ်။ လူမှုရေး၊ ပညာရေး၊အလုပ်အကိုင်နဲ့ စီးပွားရေး၊ငွေရေးကြေးရေး၊အချစ်နဲ့ အိမ်ထောင်ရေး၊စိတ်ငြိမ်းချမ်းရေး။ ပုစ္ဆာကိုဖြေရှင်းဖို့မေးခွန်းကို သေချာနားလည်၊ပေးထားချက်ကို ကြည့်ပြီး၊တွက်နည်းမှန်မှန်နဲ့ ဖြေရှင်းရမှာပဲ။​ လူတိုင်း ဖြေရှင်းနေတဲ့ ပုစ္ဆာအတိမ်အနက်၊ အခက်အခဲ၊ရှိထားတဲ့ အရင်းအမြစ် မတူကြဘူး။ Phyo Paing @ Derek

ပြဿနာတိုင်းမှာ အဖြေရှိတယ်။ Read More »

တခြားသူတွေ လုပ်သလိုလိုက်လုပ်စရာမလိုဘူး

တခါတလေ ကိုယ်ကကံကြမ္မာကို ဖန်တီးတယ်။တခါတလေ ကံကြမ္မာကကိုယ့်ကို ပြန်ဖန်တီးတယ်။ ဒါကြောင့် တခါတလေကိုယ့်ကံကြမ္မာက ပေးတဲ့အကြံ၊ပြောတဲ့ အသံ ပြန်နားထောင်ကြည့်။Spiritual guidance ကပါဆန်နယ်ဖြစ်တယ်။​ တခြားသူတွေ လုပ်သလိုလိုက်လုပ်စရာမလိုဘူး။သူတို့လို မလုပ်တဲ့အတွက်ကြောက်စိတ် Fear of Missing out (FOMO)ဖြစ်စရာမလိုဘူး။ ကိုယ့်နှလုံးသား အသံကိုသေချာ နားထောင်ကြည့်ပါ။ ပြီးသွားတဲ့ ရလဒ်တွေကြည့်ဖို့ဒေတာကို လေ့လာ။မဖြစ်သေးတဲ့ အနာဂတ်အတွက်နှလုံးသား အသံနားထောင်ကြည့်။ နှလုံးထားထဲက Voice ကို ကြားဖို့၊ပြင်ပ ပယောဂ Noise တွေကို ဖယ်ဖို့လိုတယ်။ တခြားသူတွေ လုပ်တဲ့အလုပ်တွေ၊သူတို့ တွေး၊ ကြံ၊ လုပ် တာတွေကိုလိုက်လုပ်စရာလိုချင်မှ လိုမယ်။ သေချာအချိန်ပေး ပြန်ထားထောင်ကြည့်တဲ့အချိန်တွေ လိုကောင်းလိုမယ်။ Malcolm Gladwell ပြောသလိုဆိုPower of thinking without thinking, Blink ကိုအသုံးချကြည့်။

တခြားသူတွေ လုပ်သလိုလိုက်လုပ်စရာမလိုဘူး Read More »

နောင်တ မရတဲ့ ဘဝ။

နောင်တ မရတဲ့ ဘဝ။ လူအများစု နောင်တရတာကိုယ်ဖြစ်ချင်တဲ့ စစ်မှန်တဲ့ကိုယ်မဖြစ်ပဲပတ်ဝန်းကျင်ဖြစ်စေချင်တဲ့ သူဖြစ်ခဲ့တာ။အစွမ်းအစတွေ အကောင်းဆုံးမသုံးမချခဲ့တာ။အချစ်ရေး၊ မိသားစု၊ ပညာရေး မှာအချိန်ပေးသင့်သလောက် မပေးခဲ့တာ။ ဒါတွေကို သင်ခန်းစာမယူတဲ့အခါဆယ်နှစ်ကြာတဲ့အခါအိမ်ထောင်ရေး၊ စီးပွားရေးပါတနာ၊တိုးတက်ရေးတွေမှာ နောင်တထပ်ရတတ်တယ်တဲ့။ ဒါကြောင့် တစ်ခုခု မလုပ်ရင်ဖြစ်လာမည့်အဆိုးကို စဥ်းစားပြီး negative emotionစိတ်အနှောက်အယှက်ဖြစ်တာကကောင်းမွန်တဲ့ အပြုအမူဖြစ်စေတယ်တဲ့။ ဆေးလိပ်တွေ အလွန်အကျွံသောက်တာအနာဂတ်မှာ အဆုပ်ရောဂါဖြစ်မှာကြောက်ရင်အပြုအမူကောင်းဖြစ်သွားမယ်။ အလားတူပဲ ပညာမတတ်တဲ့အခါမျက်နှာငယ်မယ်ဆိုတဲ့ စိတ်ဖြစ်တဲ့အခါပညာကို သေချာ လေ့လာဖြစ်မယ်။ နောင်တမရတဲ့ ဘဝဖြစ်လာဖို့regret minimization framework ဆိုတဲ့mental model စဥ်းစားပုံတစ်ခုရှိတယ်။ သူကတော့ Amazon ရဲ့ FounderJeff Bezos လဲ အမြဲသုံးတဲ့ စနစ်တစ်ခုဖြစ်တယ်။ အသက် ၈၀၊ ၉၀ ကိုစဥ်းစားကြည့်လိုက်။ကိုယ့်ဘဝကို ပြန်ကြည့်တဲ့အခါဘယ်အရာတွေကို နောင်တရနေမလဲစဥ်းစားကြည့်။အရာတစ်ခုကို ဆုံးဖြတ်ချက်ချရခက်နေရင်လဲအလားတူပဲ။ဒီဆုံးဖြတ်ချက်တစ်ခုကို လုပ်လိုက်လိ့ နောင်တရမလား။မလုပ်လိုက််လို့

နောင်တ မရတဲ့ ဘဝ။ Read More »