knowledge

ကိုယ်ဘယ်နေရာမှာ အသုံးဝင်သလဲ။

ကိုယ်ဘယ်နေရာမှာ အသုံးဝင်သလဲ။ဒါကတော့ ကျွန်တော်ကိုယ့်ကိုယ်ကိုအမြဲမေးဖြစ်တဲ့ မေးခွန်းပဲ။ လူ့အဖွဲ့အစည်းတစ်ခုမှာ ရှင်သန်တဲ့အခါကိုယ်ဘယ်နေရာကနေ အသုံးဝင်လဲပြန်စဥ်းစားဖို့လိုတယ်လို့ ထင်တယ်။​ အသုံးဝင်မှုပေါ်မူတည်ပြီးလူ့အဖွဲ့အစည်းက ပြန်လည်ဆုချတယ်။ငွေကြေးနဲ့ဖြစ်ရင်ဖြစ်မယ်။အသိအမှတ်ပြုမှုနဲ့ ဖြစ်ရင်ဖြစ်မယ်။​ လူတွေရဲ့ အသုံးဝင်မှုကို၁။ အစားထိုးရလွယ်မလွယ်၂။ လုပ်တဲ့အလုပ်ထိရောက်မှုရှိမရှိ၃။ တခြားသူတွေရဲ့ ဘဝနေထိုင်မှုဖြစ်သွားတဲ့အပြောင်းအလဲ၄။ ကူညီပေးနိုင်ခဲ့တဲ့ လူဦးရေဒီအချက်တွေနဲ့ တိုင်းတာလို့ရနိုင်တယ်။ Phyo Paing @ Derek

ကိုယ်ဘယ်နေရာမှာ အသုံးဝင်သလဲ။ Read More »

ပိုက်ဆံချမ်းသာတာခြင်း

ပိုက်ဆံချမ်းသာတာခြင်းတူနိုင်ပေမယ့်သိက္ခာရှိရှိချမ်းသာခဲ့တာနဲ့အမြီးရအမြီးစား၊ခေါင်းရခေါင်းစားချမ်းသာခဲ့တာ ကွာနိုင်တယ်။ Phyo Paing @ Derek

ပိုက်ဆံချမ်းသာတာခြင်း Read More »

ဘဝမှာ အတွေးအခေါ်စမ်းသပ်မှုလိုတယ်။

အဆင့်မြင့်တဲ့ ဖျော်ဖြေရေးထဲမှာ“အတွေးအခေါ် ဖျော်ဖြေရေး”ပါတယ်။ အတွေးအခေါ်တွေကအလင်းတွေ ပေးတယ်။ အတွေးအခေါ်တွေကမတူညီတဲ့ လမ်းတွေကိုပြပေးတယ်။ အတွေးအခေါ်တွေကမတူညီတဲ့ အမြင့်တွေကနေမတူညီတဲ့ အမြင်တွေကို ပြပေးတယ်။ အတွေးအခေါ်တွေကလူတွေ high စေတယ်။ အတွေးအခေါ်တွေကဘဝနေထိုင်မှုကိုမတူညီတဲ့ရှုထောင့်ကကြည့်ပြီးမိုက်စေတယ်။ အတွေးအခေါ်ပညာကကျောင်းတုန်းကလို အမှတ်ပေးစည်းမျဥ်းမရှိဘူး။အမှားနဲ့ အမှန်ကကြည့်တဲ့သူရဲ့ ရှုထောင့်ပေါ်မူတည်တယ်။ နယူတန်က ပန်းသီးကျတာကြည့်အတွေးအခေါ်စမ်းသပ်မှုလုပ်ရင်းကမ္ဘာ့ဆွဲအားကို သိလာတယ်။ အိုင်စတိုင်းက ရထားပေါ်ကအတွေးအခေါ်စမ်းသပ်မှုလုပ်ရင်းသီအိုရီအသစ်တွေ တွေ့လာတယ်။ ဒီမိုကရေစီဆိုတာ နိုင်ငံရေးစနစ်။​နောက်တစ်ခုက ဒီမိုကရေစီဆိုတာအိုင်ဒီယာတစ်ခု။ ကိုယ့်ဘဝမှာ အိုင်ဒီယာအသစ်တွေ၊အတွေးအခေါ်စမ်းသပ်မှုတွေကိုတခြားသူတွေ ဘယ်လောက်တားတားလုပ်ရဲဖို့လိုတယ်။ တချို့လူတွေ လူမှုကွန်ယက်ကနေဝေဖန်ကြလိမ့်မယ်။ပျက်ရယ်ပြုကြလိမ့်မယ်။အရူးတစ်ယောက်လို ဟာသလုပ်လိမ့်မယ်။ဒီကြားထဲက အတွေးအခေါ်စမ်းသပ်မှုပြုလုပ်ပြီးချပြနိုင်တာကအတွေးအခေါ် တော်လှန်ရေးပဲ။ ဒီအတွေးအခေါ်တော်လှန်ရေးကြောင့်အတွေးသစ်လှုပ်ရှားမှုNew Thought Movement တွေဖြစ်လာတယ်။အတွေးအခေါ် တော်လှန်ရေးကြောင့်လမ်းအသစ်တွေ တွေ့လာတယ်။ လူတွေနဲ့ တိရစ္ဆာန်တွေကို ကွာခြားစေတဲ့အချက်တွေအများကြီးထဲက တစ်ခုကအသိဥာဏ်ပဲ။ အသိဥာဏ်ကို နှိုးဆွဖို့၊ဘဝကို မေးခွန်းထုတ်ဖို့လိုတယ်။ မဟုတ်ရင် မနက် ကိုးနာရီရုံးတတ်၊ငါးနာရီပြန်၊လကုန်လစာထုတ်၊အိမ်လခပေး၊ပိုက်ဆံစု၊ဖျားတော့ အကုန်ကုန်သွား။ ဘဝမှာ အတွေးအခေါ်စမ်းသပ်မှုလိုတယ်။ဒီကမှ

ဘဝမှာ အတွေးအခေါ်စမ်းသပ်မှုလိုတယ်။ Read More »

ကိုယ့်ကိုယ်ကို ငြိမ်းချမ်းရေးယူဖို့
မေ့ထားလို့မရဘူး။

ကိုယ့်ကိုယ်ကို ငြိမ်းချမ်းရေးယူဖို့မေ့ထားလို့မရဘူး။ လူတွေမှာ ဇောတွေရှိတယ်။ဇောဆိုတဲ့ ခက်ဆစ်အဓိပ္ပာယ်ကအရှိန်အဟုန်ဖြင့်ဖြစ်သောစိတ်တဲ့။ တချို့က လောဘဇော။တချို့က ဒေါသဇော။တချို့က မာန်မာနဇော။တချို့က မောဟဇော။ ဇောတွေနဲ့ လောလောပြီးကနေတဲ့လောကမှာ မေ့ထားလို့မရတဲ့အရာကကိုယ့်ကိုယ်ကို ငြိမ်းချမ်းရေးယူဖို့ပဲ။ တချို့ဇောတွေက အရှိန်တင်ဖို့လိုတယ်။တချို့ဇောတွေက ဘရိတ်အုပ်ဖိုလိုတယ်။ အရေးကြီးတာ ဇောတွေရဲ့ထိန်းချုပ်မှုမှာ သတိ၊ အသိလိုတတ်တယ်။ Phyo Paing @ Derek

ကိုယ့်ကိုယ်ကို ငြိမ်းချမ်းရေးယူဖို့
မေ့ထားလို့မရဘူး။
Read More »

လမ်း

လမ်းဆိုတာ လျှောက်ဖို့။​လမ်းတွေ့ပြီး မလျှောက်ရင်ခရီးရောက်မှာ မဟုတ်ဘူး။ သိပြီး မလုပ်တာကမသိတာနဲ့ ဘာမှသိပ်မထူးခြားဘူး။ အခွင့်အလမ်းတစ်ခု၊အသိပညာတစ်ခုကိုသိပြီး အသုံးမချတာကနှမြောဖို့ကောင်းတယ်။ လမ်းတွေတွေ့ဖို့ Learn နေကြတယ်။အရေးကြီးတာ ပြန်ပြီးအသုံးချဖို့ပဲ။ Phyo Paing @ Derek

လမ်း Read More »

ဘဝက ရေလိုပဲ

အသက်ရှင်နေတာ အမြဲစိတ်ညစ်နေဖို့မှမဟုတ်တာ။ဘဝမှာ အရေးအကြီးဆုံးကစိတ်ချမ်းသာဖို့။ဒီနေ့နဲ့ မနက်ဖြန် စိတ်ချမ်းသာရမယ်။ဒီလိုဖြစ်ဖို့ အစွဲတွေလျော့ရမယ်။ဘဝကို သတိလေးနဲ့ ဖြတ်သန်းရမယ်။စဉ်းစားတွေးခေါ်တတ်ရမယ်။ဘဝရဲ့ လမ်းညွှန်ရာကိုသွားရမယ်။ဘဝကို ရေလိုပဲပျော့ပျော့ပျောင်းပျောင်းဖြတ်သန်းတယ်။ ယူနီဗာ့က ပေးတဲ့မက်ဆေ့ပေါ်မှာလုပ်သင့်တဲ့အချိန် လုပ်သင့်တာကိုလုပ်တယ်။ Phyo Paing

ဘဝက ရေလိုပဲ Read More »

စဉ်းစားကြည့်ကြည့်

ဘတ်တံနဲ့ ဘောလုံးက ၁၁၀၀၀ ကျပ်ကျတယ်။ဘတ်တံက ဘောလုံးထက် ၁၀၀၀၀ ကျပ်ပိုတယ်။ဘောလုံးစျေးနှုန်းက ဘယ်လောက်လဲ။အရမ်းလွယ်တယ်ဟုတ်။၁၀၀၀ ကျတာပေါ့လို့ဖြေလိမ့်မယ်။ ဒါက ကမ္ဘာကျော်စာအုပ်ဖြစ်တဲ့Thinking fast and slow မှာBehavioral Economics Professor လဲဖြစ်စာရေးဆရာလဲဖြစ်တဲ့ Daniel Kahneman ကSystem I နဲ့ System IIအလုပ်လုပ်ပုံကိုရှင်းပြတဲ့ဥပမာလေးဖြစ်ပါတယ်။ ပုံမှန် အော်တိုမစ်တစ်ချလိုက်တဲ့ဆုံးဖြတ်ချက်တွေကို System I ကလုပ်ဆောင်တယ်။ တကယ်တွက်ချက်ပြီး ယုတ္တိကျကျသေချာစဉ်းစားရတာကိုSystem II က အလုပ်လုပ်တယ်။ တကယ့်အဖြေအမှန်ကဘတ်တံ + ဘောလုံး = ၁၁၀၀၀ ကျပ်ဘတ်တံ = ဘောလုံး + ၁၀၀၀၀ ကျပ် (ဘတ်တံက ဘောလုံးထက် ၁၀၀၀၀ ကျပ်ပိုများ) ဒါဆိုဘောလုံး + ၁၀၀၀၀ ကျပ် +

စဉ်းစားကြည့်ကြည့် Read More »

တကယ်ဆိုရင် Grit ပဲလိုတယ်

တကယ်ဆို Grit ပဲလိုတယ်။Grit (ဂရစ်) ဆိုတာ စိတ်ဓာတ်ကြံ့ခိုင်ခြင်း။ Talent ပါရမီတစ်ခုတည်းနဲ့မရဘူး။Talent x Effort = Skillပါရမီ x ကြိုးစားအားထုတ်မှု = ကျွမ်းကျင်မှု Skill x Effort = Achievementကျွမ်းကျင်မှု x ကြိုးစားအားထုတ်မှု = ဆွတ်ခူးမှု ဒါကတော့ ပရော်ဖက်ဆာAngela Duckworth ရဲ့ ကမ္ဘာ့အရောင်းရဆုံးစာအုပ်ဖြစ်တဲ့ Grit က ဖြစ်တယ်။ ပါရမီပါပြီး ဘာမှ ဖြစ်မလာတာတွေအများကြီးပဲ။ကျွမ်းကျင်မှုရှိပြီး တစ်ဝက်တစ်ပျက်နဲ့ဘားမှဖြစ်မလာတာတွေအများကြီးပဲ။ ဆွတ်ခူးမှု ဆုတံဆိပ်တွေနဲ့အောင်မြင်မှုတွေအတွက်တကယ်ဆိုရင် Grit ပဲလိုတယ်။ Phyo Paing @ Derek

တကယ်ဆိုရင် Grit ပဲလိုတယ် Read More »

ကျွန်တော့်ရဲ့ အကောင်းဆုံးတစ်ရက်တာဖြစ်ဖို့
တစ်ရက်မှာ လေးခုဖြစ်ဖို့လိုတယ်

၁။ သင်ယူခြင်း Learning၂။ စဥ်းစားခြင်း Thinking၃။ စမ်းသပ်ခြင်း Experimenting၄။ မျှဝေခြင်း Sharing ဒီလေးခုစလုံးကနေ ဝင်ငွေပြန်ရှာမလဲစဥ်းစားတယ်။ဒါကိုတော့ Monetize your moments လို့ခေါ်လိုက်တယ်။ မနက်စာဖတ်တယ်။ဒါကို video ရိုက် Toe Tet Insidernote လုပ်Subscription ပြောင်းတယ်။ ဒါပြီးစဥ်းစားခြင်းလုပ်ဆောင်ဖို့နေ့စဥ် Coaching လုပ်ပြီးClient ကို Thinking Partner လုပ်ပေးတယ်။ ဒါပြီးရင် ကိုယ်စမ်းသပ်ချင်တဲ့နည်းပညာနဲ့ ပတ်သက်တဲ့အပိုင်းBiohacking အပိုင်းတွေ စမ်းသပ်တယ်။ဒီကမှ Akyanpay .com တို့၊Dream Lab တို့၊ Insidernote App တို့ထွက်လာတယ်။နောက် business model အသစ်နဲ့creative investing လုပ်တဲ့စနစ်တွေစမ်းကြည့်တယ်။​ နောက်ပြီး ညပိုင်းကို စာသင်တယ်။တချို့အိုင်ဒီယာရတဲ့အချိန်တွေမှာစာရေးတယ်။ နေ့တိုင်းက အလုပ်လုပ်နေတာမဟုတ်ဘူး။ဂိမ်းဆော့နေသလိုပဲ။ဒီလိုဖြစ်ဖို့ ဘဝကို သေချာဒီဇိုင်းလုပ်ဖို့လိုတယ်။​ဒါကို

ကျွန်တော့်ရဲ့ အကောင်းဆုံးတစ်ရက်တာဖြစ်ဖို့
တစ်ရက်မှာ လေးခုဖြစ်ဖို့လိုတယ်
Read More »