တစ်ခုတည်းကို အားကုန်စိုက်။
တစ်ခုတည်းကို အားကုန်ထည့်လုပ်။အဲ့တစ်ခုကိုတွေ့ဖို့အချိန်ပေးရှာ၊သေချာအောင်စမ်းကြည့်၊တကယ်လုပ်သင့်တာ သေချာပြီဆိုတာနဲ့တစ်ခုတည်းကို အားကုန်စိုက်။ Phyo Paing @ Derek
တစ်ခုတည်းကို အားကုန်စိုက်။ Read More »
တစ်ခုတည်းကို အားကုန်ထည့်လုပ်။အဲ့တစ်ခုကိုတွေ့ဖို့အချိန်ပေးရှာ၊သေချာအောင်စမ်းကြည့်၊တကယ်လုပ်သင့်တာ သေချာပြီဆိုတာနဲ့တစ်ခုတည်းကို အားကုန်စိုက်။ Phyo Paing @ Derek
တစ်ခုတည်းကို အားကုန်စိုက်။ Read More »
ပိုက်ဆံအများဆုံးရှာတာ မဟုတ်ဘူး။ဘဝအကောင်းဆုံးနေတာ။ဒါက Lifestyle Entrepreneur ရဲ့ ဂိမ်းပဲ။ သူဌေးနှစ်မျိုးသူဌေးတစ်မျိုးရှိတယ်။ပိုက်ဆံအများကြီးရှာတယ်။ဒါပေမယ့် မနက် ၆ နာရီက ည ၁၂ နာရီထိ အလုပ်လုပ်တယ်။မိသားစုနဲ့ အချိန်မရဘူး။ကျန်းမာရေး ပျက်တယ်။Stress တွေနဲ့ နေရတယ်။ဝင်ငွေက များပေမယ့်ဘဝက မပိုင်ဘူး။နောက်သူဌေးတစ်မျိုးရှိတယ်။ဝင်ငွေက ပထမတစ်ယောက်လောက် မများဘူး။ဒါပေမယ့် မနက်ကိုယ်နိုးချင်တဲ့အချိန် နိုး။လိုချင်တဲ့နေရာ သွားလို့ရတယ်။မိသားစုနဲ့ အချိန်ရတယ်။ကိုယ်လုပ်ချင်တဲ့အရာ လုပ်နိုင်တယ်။ဝင်ငွေက နည်းနိုင်ပေမယ့်ဘဝကို ပိုင်တယ်။ဒုတိယတစ်ယောက်က Lifestyle Entrepreneur။ ကျွန်တော် ဘာကြောင့် ဒီလမ်းရွေးခဲ့လဲငယ်ငယ်က ချမ်းသာတာကို အောင်မြင်တယ်လို့ထင်ခဲ့တယ်။ပိုက်ဆံများများရှာ။လုပ်ငန်းကြီးကြီးလုပ်။နာမည်ကြီးကြီးရ။ဒီလမ်းကြောင်းအတိုင်း သွားခဲ့တယ်။လုပ်ငန်းတွေ တိုးချဲ့ခဲ့တယ်။ဝင်ငွေတွေ တက်လာတယ်။ဒါပေမယ့် တစ်ခုသတိထားမိတယ်။ပိုက်ဆံ ပိုရလာတယ်။အချိန် ပိုမရတော့ဘူး။စိတ်ဖိစီး ပိုများလာတယ်။ပျော်ရွှင်မှု ပိုနည်းလာတယ်။တစ်ခုခု မှားနေပြီ။အဲ့အချိန်မှာ မေးခွန်းတစ်ခု မေးမိတယ်။“ငါ ဘာအတွက် ဒီလောက် ရုန်းကန်နေတာလဲ?”အဖြေက ရှင်းတယ်။ပျော်ရွှင်တဲ့ဘဝနေချင်လို့။လွတ်လပ်တဲ့ဘဝနေချင်လို့။အဓိပ္ပာယ်ရှိတဲ့ဘဝနေချင်လို့။ဒါပေမယ့် ပိုက်ဆံရှာရင်းဒီသုံးခုကို ပျောက်ဆုံးနေတယ်။ဒီကနေ Lifestyle Entrepreneur
Lifestyle Entrepreneur Read More »
ဘဝမှာ၊ စီးပွားရေးမှာ၊ နိုင်ငံရေးမှာ အမြဲတွေ့ရတယ်။ Chicken Game ဆိုတာကားနှစ်စီး မျက်နှာချင်းဆိုင် အရှိန်ပြင်းပြင်းနဲ့ မောင်းလာတယ်။တိုက်မိမယ့် အခြေအနေ။ဘယ်သူ အရင်ရှောင်မလဲ။အရင်ရှောင်တဲ့သူက “Chicken” – ကြက်ကြောက်။မရှောင်တဲ့သူက “Brave” – ရဲရင့်သူ။ဒါပေမယ့် နှစ်ယောက်လုံး မရှောင်ရင် –နှစ်ယောက်လုံး သေတယ်။ အကောင်းဆုံး ရလဒ်က –သူ ရှောင်၊ ငါ မရှောင်။ငါ နိုင်တယ်။အဆိုးဆုံး ရလဒ်က –နှစ်ယောက်လုံး မရှောင်ဘူး။နှစ်ယောက်လုံး သေတယ်။ Prisoner’s Dilemma နဲ့ ဘာကွာလဲPrisoner’s Dilemmaအကောင်းဆုံးက နှစ်ယောက်လုံး ပူးပေါင်းတာ။ဒါပေမယ့် တစ်ယောက်ချင်းစီက သစ္စာဖောက်ချင်တယ်။Chicken Gameအကောင်းဆုံးက တစ်ယောက် ရှောင်တာ။ဒါပေမယ့် ဘယ်သူမှ မရှောင်ချင်ဘူး။နှစ်ယောက်လုံး မရှောင်ရင် နှစ်ယောက်လုံး အဆိုးဆုံး။ တကယ့် ဘဝမှာ Chicken Game ၁။
ဂိမ်းသီအိုရီမှာ အကျော်ကြားဆုံး ဂိမ်းတစ်ခု။ Read More »
တိုးတက်မှုမရှိတဲ့ဘဝကလူဖြစ်ရှုံးတဲ့ဘဝပဲ။စိတ်ပိုင်းဆိုင်ရာ၊ကိုယ်ပိုင်းဆိုင်ရာ၊ဥာဏပိုင်းဆိုင်ရာ၊ပညာပိုင်းဆိုင်ရာတိုးတက်မှုမရှိနေတာလူဖြစ်ရှုံးတာပဲ။ နေသလိုဖြစ်တဲ့ဘဝကိုဖြစ်သလိုနေပြီးရေစုန်မျှောရေမျှောကမ်းတင်ဖြတ်သန်းတာလူဖြစ်ရှုံးတာပဲ။ လောကနဲ့ လူတွေဆီကပဲယူပြီးပြန်မပေးတာ လူဖြစ်ရှုံးတာပဲ။ ကိုယ့်ရဲ့အစွမ်းအစဘယ်လောက်ရှိလဲမကြိုးစားကြည့်တာလူဖြစ်ရှုံးတာပဲ။ ကိုယ်နဲ့ မထိုက်တန်တဲ့လူ၊ နေရာ၊ အိုင်ဒီယာနဲ့ပေတေတွယ်ကပ်ပြီးနေတာလူဖြစ်ရှုံးတာပဲ။ ကိုယ့်အတွက် အကျိုးမရှိတဲ့ကစားပွဲကိုမစဥ်းစားမိဘဲဖန်တီးထားသူရဲ့လှည့်ကွက်ထဲသတိမရှိဘဲ ကစားနေတာလူဖြစ်ရှုံးတာပဲ။ လူဖြစ်မရှုံးဖို့လိုတယ်။ Phyo Paing @ Derek
လူဖြစ်မရှုံးချင်ဘူး။ Read More »
ကိုယ့်ကိုကြည့်မရတဲ့သူတွေစိတ်ညစ်စေချင်ရင်အောင်မြင်အောင်လုပ်။ Phyo Paing @ Derek
အောင်မြင်အောင်လုပ် Read More »
တချို့လူတွေနဲ့တွေ့ရင်လောဘကြီးလာတယ်။တချို့နဲ့တွေ့ရင်ဒေါသကြီးလာတယ်။တချို့နဲ့ကရည်မှန်းချက်ကြီးလာတယ်။တချို့နဲ့ကဥာဏ်တွေပွင့်လာတယ်။ Phyo Paing @ Derek
ကိုယ်နဲ့တွေ့တဲ့လူတွေကိုဂရုစိုက်ပြီးခံစားကြည့်ပါ။ Read More »
၁။ နေ့စဥ် စာဖတ်ပြီး မှတ်တမ်းတင်တယ်။Read and Record ၂။ စဥ်းစား၊ ချိပ်ဆက်၊ ရေးချတယ်။Think, Link, Ink ၃။ လမ်းလျောက်ပြီး အေအိုင်နဲ့ အင်္ဂလိပ်အမေးအဖြေလုပ်တယ်။Walk and Talk ၄။ စမ်းသပ်တယ်၊ ပြန်မျှဝေတယ်။Experiment and Express ၅။ နေ့စဥ်နီးပါး အကြံပေးတယ်၊ စနစ်ကိုပိုကောင်းအောင်လုပ်တယ်။Consult and Convert the knowledge into system ၆။ ပြန်စဉ်းစားတယ်၊ လမ်းကြောင်းညှိတယ် (ဂျာနယ်ရေးတယ်)Reflect and Recalibrate ၇။ လေ့ကျင့်ခန်းလုပ်တယ်၊ ၁၅ မိနစ်တရားထိုင်တယ်။Activate, Then Align ဘယ်လောက်ပဲချမ်းသာအောင်မြင်ပါစေ၂၄ နာရီပဲရမှာပဲ။ကိုယ်ဖြတ်သန်းချင်တဲ့ ၂၄ နာရီကအိပ်ချိန်နဲ့ ဒီ ၇ ချက်ပဲ။နေ့စဥ်လဲ ဖြတ်သန်းနေတယ်။ Phyo Paing
ဘဝမှာ checklist လိုတယ် Read More »
အောင်မြင်မှုဆိုတာဘာလဲ။လုပ်ချင်တာလုပ်ပြီးဖြစ်ချင်တဲ့အရာတွေဖြစ်လာဖို့။ ကိုယ်လုပ်ချင်တာလုပ်နေရလား။ဖြစ်ချင်တာဖြစ်လာနေလား။ လုပ်ချင်တာလုပ်ပြီးဖြစ်ချင်တာဖြစ်လာနေရင်အောင်မြင်တာပဲ။ Phyo Paing @ Derek
လူတွေမျက်စိထဲမှာ အားကျနေမှအောင်မြင်တာမဟုတ်ဘူး။ Read More »
ဘယ်လောက်အောင်မြင်မြင်၂၄ နာရီပဲရှိမှာ။ ၈ နာရီလောက်က အိပ်မယ်။ကျန်တဲ့ ၄ နာရီကစား၊ သောက်၊ ရေချိုး၊လမ်းသွား၊ စကားပြောကုန်မယ်။၁၂ နာရီလောက်ကျန်မယ်။ ဒီ ၁၂ နာရီမှာကိုယ်လုပ်ချင်တာလုပ်ပြီးကိုယ်ဖြစ်ချင်တာ ဖြစ်လာနေတဲ့ဘဝဖြစ်ဖို့လိုလာတယ်။ ကျွန်တော်ကတော့ ဒီ ၁၂ နာရီသည်ကိုယ့်ကိုကိုယ် နားလည်ဖို့အလုပ်၊လောကနဲ့ လူတွေကို ပိုနားလည်စေတဲ့အလုပ်၊နေ့စဥ် ပိုတိုးတက်သွားစေတဲ့အလုပ်၊ဒီအလုပ်တွေကို ကြိုက်တဲ့နေရာမှာနေပြီးလုပ်ဆောင်ရင်းကိုယ်မပါဘဲဝင်ငွေနေမည့်အရာတွေကိုဖန်တီးပြီးဒီနေ့အသုံးစရိတ်၊ မိသားစုစရိတ်တွေကိုတစ်သက်လုံးအလုပ်မလုပ်ရင်တောင်ကာဗာဖြစ်နေပြီး စိုးရိမ်မှုမရှိဘဝကိုဖြတ်သန်းချင်တယ်။ဒီလိုပဲ ဖြတ်သန်းနေတယ်။ ဘဝမှာ ဘာဖြစ်ချင်တယ်၊ညာဖြစ်ချင်တယ်ဆိုတာထက်တစ်ရက်တာကို ဘယ်လိုဖြတ်သန်းမလဲအဓိက စဥ်းစားလိုက်တာကလိုက်တွေ့ပိုကျတယ်။ ဒါကတော့ ကျွန်တော့်ရဲ့Lifestyle Design (LSD) နည်းပဲ။ ၁၂ နာရီကတော့ အလုပ်ကြီးပဲမဟုတ်ဘူး။ဘဝလဲပါတယ်။အလုပ်နဲ့ဘဝ lifestyle integration. ပုံမှန် ၈ + ၈ + ၈ ကို ဝန်ထမ်းဘဝမှာ လုပ်ခဲ့ပြီးနောက်ပိုင်းတော့ကိုယ့်အချိန်ကိုယ်ပိုင်လာရင်တော့၁၂ နာရီိက ကိုယ်စိတ်ကြိုက်လုပ်လို့ရလာမယ်။ဖြည်းဖြည်းချင်းပေါ့။ Phyo Paing @
ဘယ်လောက်အောင်မြင်မြင်၂၄ နာရီပဲရှိမှာ။ Read More »
၁။ ကျန်းမာကြံ့ခိုင်ရေး၊၂။ အလုပ်အကိုင် စီးပွါး၊၃။ ငွေကြေးဓန၊ ၄။ အချစ်အိမ်ထောင် မိသားစုရေး၊ ၅။ ပေါင်းသင်းဆက်ဆံရေး၊ ၆။ ဘဝတိုးတက်ရေး၊၇။ စိတ်ငြိမ်းချမ်းရေး။ တစ်ဘာသာကျနေရင်ဘဝစာမေးပွဲကျတတ်တယ်။ဘဝစာမေးပွဲကျရင်လူဖြစ်တဲ့ အရေအသွေးကျတယ်။ ကံကောင်းတဲ့အချက်တစ်ခုက စာမေးပွဲကျရင် မအောင်မချင်း ပြန်ဖြေလို့ရတယ်။ တချို့က ဘဝတက္ကသိုလ်မှာ အောင်မှတ်ရတယ်။ တချို့က ဘာသာရပ်တစ်ခုမှာထူးချွန်ပြီးတချို့ဘာသာရပ်မှာစာမေးပွဲကျနေတယ်။တချို့က ဘာသာရပ်တိုင်းမှာဂုဏ်ထူးထွက်နေတယ်။ ဘဝတက္ကသိုလ်မှာ အချိန်အလိုက်အမှတ်တွေမတူကြဘူး။ အရေးကြီးတာ အောင်မှတ်တွေကိုတော့အနည်းဆုံး ထိန်းထားနိုင်ဖို့ပဲ။ Phyo Paing @ Derek
ဘဝတက္ကသိုလ်မှာ ဘာသာရပ် ၇ ခုရှိတယ်။ Read More »