life

ဘဝကို နေသာထိုင်သာရှိတဲ့
ငွေကြေးပမာဏနဲ့ ဝင်ငွေတစ်ခု
ဖန်တီးနိုင်တဲ့အခါ
ပျော်ရွင်မှုဆိုတာ ကိုယ့်ရဲ့ရွေးချယ်မှု
ဖြစ်သွားပြီ။

ဘဝမှာ အမြဲမေးတာ “ငါဒါ လုပ်ရင် ပျော်မလား?”ပစ္စုပ္ပန်အတွက်ရော၊အနာဂတ်အတွက်ရော ပျော်မယ်ဆို ဒါကိုဆုံးဖြတ်လိုက်တယ်။ ဘဝကို နေသာထိုင်သာရှိတဲ့ငွေကြေးပမာဏနဲ့ ဝင်ငွေတစ်ခုဖန်တီးနိုင်တဲ့အခါ ပျော်ရွင်မှုဆိုတာ ကိုယ့်ရဲ့ရွေးချယ်မှုဖြစ်သွားပြီ။ အိုင်စတိုင်းပြောသလို ဘဝရဲ့ပျော်ရွင်မှုကို ရည်ရွယ်ချက်တစ်ခုလိုထားတဲ့။ ကိုယ်စဉ်းစားတဲ့ပုံကတော့နေ့စဉ် တိုးတက်ပြီးကိုယ့်ရဲ့အကောင်းဆုံး version ကိုဖန်တီးနေရမယ်။ဒီမြေမှာမွေးဖွားကြီးပြင်းလာတဲ့အတွက်ကိုယ့်အနေနဲ့ ဘာလူမျိုးဖြစ်ဖြစ်အကျိုးတစ်ခုတော့ ပြန်ပြုရမယ်။နေ့စဉ် လွတ်လပ်၊ ပျော်ရွင်၊ ရင်ခုန်တဲ့ ခံစားချက်ခံစားရရမယ်။ ဒီလောက်ပါပဲ။ ℙ𝕙𝕪𝕠 Paing @ Derek

ဘဝကို နေသာထိုင်သာရှိတဲ့
ငွေကြေးပမာဏနဲ့ ဝင်ငွေတစ်ခု
ဖန်တီးနိုင်တဲ့အခါ
ပျော်ရွင်မှုဆိုတာ ကိုယ့်ရဲ့ရွေးချယ်မှု
ဖြစ်သွားပြီ။
Read More »

ငွေဆိုတာက motivation အနိမ့်စား

ပိုက်ဆံအရေးကြီးတယ်။ဒါပေမယ့်အလုပ်လုပ်တဲ့ ရည်ရွယ်ချက်ကပိုက်ဆံတစ်ခုထက်အများကြီးပိုဖို့လိုတယ်။ကိုယ့်ကို ပျော်ရွင်စေဖို့၊တစ်ဖက်ကမ်းခက်ကျွမ်းကျင်စေဖို့အပြင်တခြားသူတွေရဲ့ ဘဝကိုပိုကောင်းအောင် ကူညီပေးဖို့လိုတယ်။​ ဘဝမှာ ကိုယ်လုပ်ပေးနိုင်တာတစ်ခုကပညာရေးနဲ့ နည်းပညာအသုံးပြုပြီးဘဝတွေကို အပြောင်းအလဲလုပ်ပေးချင်တယ်။ ဒီခံယူချက်တစ်ခုတည်းနဲ့နယ်ပယ်တစ်ခုတည်းကိုပဲ ဇောက်ချလုပ်ဖြစ်တယ်။ ဘဝရဲ့ အနှစ်သာရဆိုတာကိုယ်တစ်ကိုယ်စာထက် ပိုကြီးတဲ့အရာအတွက်လုပ်ဆောင်ရာက စတယ်။committed to something bigger than yourself. ဒါက Motivation အမြင့်စားပဲ။ငွေဆိုတာက motivation အနိမ့်စား။meaning က motivation အမြင့်စား။ ငွေဆိုတာက အပြင်ကလာတဲ့ extrinsic motivation.အဓိပ္ပာယ်ဆိုတာ အတွင်းကလာတဲ့ intrinsic motivation. Phyo Paing @ Derek

ငွေဆိုတာက motivation အနိမ့်စား Read More »

ဘဝကို အကြည်ဓာတ်အပြည့်နဲ့ဖြတ်သန်းဖို့

၁။ တစ်ခုခုဆို တည့်ဒိုးပြော။ အဆင်ပြေရင် ပြေတယ်။မပြေရင်မပြေဘူး။အိညောင်၊ အိညောင်မလုပ်နဲ့။ ၂။ ဘူကောင်တွေကို ရှောင်။ ပျော်လဲမပျော်၊ အမြဲလဲစိတ်တိုင်းမကျ၊မလိုချင်တာတွေပဲမြင်တဲ့ ဘူပိတ်နေတဲ့သူ။ ၃။ ကိုယ့် personal နဲ့ အလုပ်ကိုခွဲထား။ကိုယ့် personal ကို ဝင်ရောက်အစွက်ဖက်မခံနဲ့။ ၄။ ကိုယ့်အလုပ်ကို သေချာ design လုပ်။ ၅။ ကိုယ်နဲ့အလုပ်လုပ်တဲ့သူတွေကိုသေချာ ဂရုပြု။ အဖြစ်လုပ်ပြီး အလုပ်မဖြစ်တဲ့သူတွေကိုရှောင်။ ၆။ ကိုယ်သွားနေတဲ့ ရည်မှန်းချက်ပန်းတိုင်ကိုလာမေးခွန်းထုတ်တာမျိုးမလုပ်ခိုင်းနဲ့။ ၇။ ဘာလုပ်လုပ် အကန့်ခြားထား။Boundaries လိုတယ်။မဟုတ်ရင် လူမလေး၊ ခွေးမခန့်။ ℙ𝕙𝕪𝕠 Paing @ Derek

ဘဝကို အကြည်ဓာတ်အပြည့်နဲ့ဖြတ်သန်းဖို့ Read More »

နေ့စဥ်ဘဝကို လတ်လတ်ဆတ်ဆတ်
ဖြတ်သန်း

လူတွေရဲ့ အထင်အမြင်မှာ အသက်မရှင်နဲ့။ကိုယ်ကြိုက်တာကိုယ်လုပ်။ ပတ်ဝန်းကျင်က သတ်မှတ်ထားတဲ့အလုပ်မဖြစ်တဲ့ ရှေးရိုးစွဲအယူအဆတွေကိုမလိုက်နာရဲတဲ့ သတ္တိလိုတယ်။ လူအများနဲ့ မတူတဲ့ လမ်းကိုလျှောက်ရဲဖို့မတူတဲ့ အလုပ်ကို လုပ်ရဲဖို့က သတ္တိအကြီးကြီးလိုတယ်။ ဒီလို ပတ်ဝန်းကျင်နဲ့ သဟဇာတမဖြစ်တဲ့လူတွေကို misfit လို့ခေါ်တယ်။ ဒီလို ပတ်ဝန်းကျင်ကချမှတ်ထားတဲ့ သိုးကလေးဖြစ်စေမည့် အလုပ်မဖြစ်တဲ့ စည်းကမ်းတွေကိုချိုးဖောက်ရဲတဲ့သူ misfit တွေက အပြောင်းအလဲကို အမှန်တကယ်ဖော်ဆောင်ပေးသူတွေဆိုတာကြားဖူးလိမ့်မယ်။ လောကကြီးနဲ့ အံဝင်ဂွင်ကျမဖြစ်လို့ လူတွေကိုယ့်ကို နားမလည်လို့ စိတ်မညစ်နဲ့။ လောကနဲ့ သဟဇာတမဖြစ်လဲကိုယ့်ရဲ့ နှလုံးသားက လုပ်သင့်တယ်လို့ပြောတဲ့အရာတွေကိုကိုယ်ကလုပ်ရမှာပဲ။ လူတွေက သူတို့နဲ့ မတူလို့ငါ့ကိုပြက်ရယ်ပြုကြတယ်။ ငါကလဲ သူတို့အားလုံးက အတူတူဖြစ်နေလို့ပြန်ရယ်မိတယ်ဆိုတာ ကြားဖူးလိမ့်မယ်။ မတူတာက ပြဿနာဟုတ်ချင်မှ ဟုတ်လိမ့်မယ်။ Phyo Paing @ Derek

နေ့စဥ်ဘဝကို လတ်လတ်ဆတ်ဆတ်
ဖြတ်သန်း
Read More »

တခါတလေကျရင်လူတွေက
သူတို့ကိုယ်တိုင် အ play ခံလို့
ခံနေရမှန်းမသိကြဘူး
အားတီ၊ အားမေတို့။

သူတို့ ဟားတိုက်နေတဲ့ သူကအဲ့ဒီ ဟားတိုက်မှုတွေကသိန်းထောင်ပေါင်းများစွာရှာသွားတာမသိကွဘူး။ ဒါက social media ဂိမ်းမှာပလေတိုပြောခဲ့တဲ့ plato cave လိုပဲ။ လူအများစုက နောက်ကွယ်ကနေတချို့လူတွေကပြတဲ့အရိပ်တွေကိုပဲ မြင်တယ်။ အဲ့ဒီအရိပ် (shadow) တွေကို အမှန်တရား (reality) ထင်ပြီးငြင်းကြ၊ ခုန်ကြ၊ ဟားတိုက်ကြနဲ့ပွဲကြည့်သူအဖြစ်နဲ့ ဘဝတွေကုန်သွားတယ်။ ဒီ Media Manipulation ဟာလူတွေရဲ့ အားနည်းချက်ဖြစ်တဲ့စိတ်ခံစားမှု၊ ပျင်းရိစိတ်နဲ့၊ သိမ်ငယ်စိတ် (inferiority complex) ကိုအသုံးချပြီး social media manipulator တွေကလုပ်သွားတယ်။ ကြည့်ပါအုံး သူက နာမည်ကြီးစောက်ပေါပဲတို့၊ငပေါပါကွာတို့ အဲ့လိုလေး ဝေဖန်ဟားတိုက်မှုကego massage အတ္တကိုအရောင်တင်မှုတစ်ခုကို ဖြစ်သွားစေတယ်။ ဝေဖန်သူတွေကို နေလို့ထိုင်လို့ ကောင်းသွားတယ်။ သူတို့မသိတာက ဒီအချက်ကိုအသုံးပြုပြီးSocial Media Manipulator က monetization ပဲဖြစ်ဖြစ်၊

တခါတလေကျရင်လူတွေက
သူတို့ကိုယ်တိုင် အ play ခံလို့
ခံနေရမှန်းမသိကြဘူး
အားတီ၊ အားမေတို့။
Read More »

တကယ်တမ်းအောင်မြင်မှုဖြစ်စဥ်က
ကျရှုံးမှုတွေနဲ့ အလုပ်မဖြစ်မှုတွေ
အများကြီးပြီးမှ လာတာ။

Rich Kid တွေနဲ့ Self-made နဲ့အဓိက ကွာတဲ့အချက်က ပျော်ရွင်မှုကိုခံစားရတဲ့ ခံစားချက်ပဲ။ Rich Kid အနေနဲ့ မိဘဆီကကားတစ်စီးလက်ဆောင်ပေးတဲ့အရသာကSelf-made တစ်ယောက်က ကိုယ့်အားကိုယ်ကိုးပြီး ဝယ်လိုက်ရတဲ့ခံစားချက်နဲ့ ဘယ်လိုမှမတူနိုင်ဘူး။ Rich Kid အနေနဲ့ မိဘကထုတ်ပေးလိုက်တဲ့လုပ်ငန်းလုပ်ဖို့ သိန်း ၁၀၀၀ ကSelf-made အနေနဲ့ လုပ်ငန်းပြန်လုပ်ဖို့ ရှာတဲ့ သိန်း ၁၀၀၀ နဲ့ စိတ်ခံစားမှုတန်ဖိုးချင်း မတူနိုင်ဘူး။ ကိုယ်နေတဲ့ လူ့အဖွဲ့အစည်းရဲ့ တချို့အတွေးအခေါ်တွေက လူတချို့ကို အဆိပ်သင့်စေတယ်။ မိဘတွေကလဲ ကိုယ့်သားသမီးကိုစင်းလုံးချောဖြစ်စေချင်တာ။ အောင်မြင်နေတာပဲ မြင်ချင်တာ၊ကျဆုံးနေတာကို မမြင်ချင်ဘူး၊ မကြားချင်ဘူး၊ မပြောချင်ဘူး။ တကယ်တမ်းအောင်မြင်မှုဖြစ်စဥ်ကကျရှုံးမှုတွေနဲ့ အလုပ်မဖြစ်မှုတွေအများကြီးပြီးမှ လာတာ။ Phyo Paing @ Derek

တကယ်တမ်းအောင်မြင်မှုဖြစ်စဥ်က
ကျရှုံးမှုတွေနဲ့ အလုပ်မဖြစ်မှုတွေ
အများကြီးပြီးမှ လာတာ။
Read More »

ကိုယ့်ဘဝရဲ့ အဓိပ္ပာယ်က
ဘာလဲ?

လူတစ်ယောက်နဲ့ တွေ့လိုက်တဲ့အခါဘဝကြီး အဓိပ္ပာယ်ပိုရှိလာတာမျိုးကြုံဖူးလား? ကိုယ့်ရဲ့ကလေးဖြစ်ရင်ဖြစ်မယ်၊ ချစ်သူ၊ ရည်းစား၊ လင်မယားဖြစ်ရင်ဖြစ်မယ်၊သူငယ်ချင်းတစ်ယောက်ဖြစ်ရင်ဖြစ်မယ်၊ကိုယ့်ကို အလင်းဖွင့်ပေးတဲ့ သူတစ်ယောက်ဖြစ်ရင်ဖြစ်မယ်။ ဒါက ဘဝရဲ့ အဓိပ္ပာယ်ကိုရှာဖွေတဲ့ပထမနည်း။ ဒုတိယနည်းကတော့ အရာတစ်ခုခုကို ဖန်တီးရင်းဘဝရဲ့ အဓိပ္ပာယ်ကို ရှာတာ။ ပညာရပ်တစ်ခု၊ ကောင်းမှုတစ်ခု၊ လူတွေကို ကူညီချင်တာတစ်ခုပေါ်မှာပေးဆပ်ပြီး ဘဝအဓိပ္ပာယ်ရှာတာ။ တတိယတစ်ခုကတော့ ဘဝကို ပေးဆပ်ပြီး ဘဝအဓိပ္ပာယ်ရှာတာ။လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်းပေးဆပ်ပြီးသတ္တဝါတွေ ကယ်တင်ဖို့ဆိုတာမျိုး။ ဒီနေ့အောင်မြင်တဲ့ စင်္ကာပူဖြစ်လာတယ်။ဘာတွေပေးဆပ်လိုက်ရလဲ?ငါ့ဘဝတစ်ခုလုံးပေါ့တဲ့ သူဖြစ်ချင်တဲ့ ရှေ့နေအလုပ်ကိုစွန့်ပြီးသူ့နိုင်ငံကလူတွေ မလေးရှားကခွဲထုတ်လိုက်လို့ ဒုက္ခရောက်နေတာမကြည့်ရက်လို့နိုင်ငံရေးထဲ ဝင်ခဲ့တဲ့ လီကွမ်းယူ။ Phyo Paing @ Derek

ကိုယ့်ဘဝရဲ့ အဓိပ္ပာယ်က
ဘာလဲ?
Read More »

ကိုယ့်ရဲ့နေ့စဉ်ဘဝနေထိုင်မှုမှာ
ပျော်နေဖို့ အရေးကြီးတယ်။

ကိုယ့်ကမ္ဘာနဲ့ ကိုယ်။ လူတိုင်းက ကိုယ်လုပ်တဲ့အလုပ်အကိုင်ဝင်ငွေ၊ အပေါင်းအသင်း၊ အသိုင်းအဝိုင်းမတူကြဘူး။ ဒါကို နှိုင်းယှဉ်ပြီး စိတ်ညစ်နေစရာမလိုဘူး။ကိုယ့်ရဲ့နေ့စဉ်ဘဝနေထိုင်မှုမှာပျော်နေဖို့ အရေးကြီးတယ်။ ဒီလိုဖြစ်ဖို့ ၁။ Mastery တစ်ဖက်ကမ်းခတ်ကျွမ်းကျင်တဲ့အလုပ်၂။ Money ကိုယ်နေချင်တဲ့ ဘဝနေထိုင်မှုပုံစံအတွက်ဝင်ငွေ၃။ Muscle နေ့စဉ် လေ့ကျင့်ခန်းလုပ်တာကလဲ ပျော်စေတယ်။ ၄။ Mate သူငယ်ချင်း သို့ ကိုယ့်ချစ်သူရည်းစားလင်မယားဒီအချက်လေးချက်က အရေးကြီးတယ်လို့ထင်တယ်။ Phyo Paing @ Derek

ကိုယ့်ရဲ့နေ့စဉ်ဘဝနေထိုင်မှုမှာ
ပျော်နေဖို့ အရေးကြီးတယ်။
Read More »

ဘဝက ပေးတဲ့ သင်ခန်းစာတွေကို
ကျော်လွှားနိုင်ဖို့ အိမ်စာလုပ်နေဖို့လိုတယ်။

ဘဝက ကိုယ့်ကို ဆုလဒ်တွေပေးဖို့ကိုယ်နဲ့ ထိုက်တန်လား၊ မထိုက်တန်လားသိဖို့သင်ခန်းစာတွေ တစ်ခုပြီးတစ်ခုပေးတယ်။ဒီသင်ခန်းစာတွေကို ကျေညက်ပြီးနောက်တစ်ဆင့်တက်လေလေဆုလဒ်တွေ unlock ဖြစ်ပိုင်ဆိုင်ရ လေလေပဲ။ ဘဝက ပေးတဲ့ သင်ခန်းစာတွေကိုကျော်လွှားနိုင်ဖို့ အိမ်စာလုပ်နေဖို့လိုတယ်။ Phyo Paing @ Derek

ဘဝက ပေးတဲ့ သင်ခန်းစာတွေကို
ကျော်လွှားနိုင်ဖို့ အိမ်စာလုပ်နေဖို့လိုတယ်။
Read More »

တစ်ရက်တစ််ရက် တိုက်ပွဲဝင်နေရတယ်။

ကိုယ်နှလုံးသားထဲက ဖြစ်ချင်တဲ့စိတ်ကူးတွေကို သွေဖယ်သွားစေမည့်အတွေးအခေါ် အယူအဆတွေ၊ခန္ဓာကိုယ် စေ့ဆော်မှု၊စိတ်ခံစားချက်တွေ၊ပတ်ဝန်းကျင် ပြင်ပ ပယောကတွေ၊ကိုယ်နဲ့အနီးစပ်ဆုံးလူတွေနဲ့ထိတွေ့ဆက်ဆံမှုတိုင်းကဘဝရဲ့ တိုက်ပွဲဖြစ်တယ်။ ပထမဆုံးက ကိုယ့်ရဲ့အတွေးအခေါ်ကိုကိုယ်အနိုင်ယူဖို့ တိုက်ယူရတယ်။​ဒုတိယ ကိုယ့်ရဲ့ စိတ်ခံစားချက်ကိုကိုယ်လိုချင်သလို ပုံသွင်းနိုင်ဖို့၊တတိယက ကိုယ့်အပြုအမူကိုကိုယ်လိုချင်သလို ပုံသွင်းနိုင်ဖို့နေ့စဥ် လေ့ကျင့်ယူနေရတယ်။ ဒါမှ ပြင်ပ လွမ်းမိုးမှုတွေကိုတွန်းလှန်နိုင်မှာ။ ကျွန်တော်တို့ရဲ့ အတွင်းပိုင်းtraining အားနည်းရင်အပြင်က ကိုယ်မစားသင့်တဲ့အစားအစာတွေကို စားမိမယ်။မပေါင်းသင့်တဲ့ သူတွေနဲ့ပေါင်းမိမယ်။မလုပ်သင့်တာတွေကို တဒင်္ဂစိတ်ခံစားမှုကြောင့် လုပ်မိမယ်။ ဘဝရဲ့ တိုက်ပွဲမှာ အနိုင်ရဖို့ကိုယ့်ကိုကိုယ် နေ့စဥ် trainနေဖို့လိုတယ်။ Phyo Paing @ Derek

တစ်ရက်တစ််ရက် တိုက်ပွဲဝင်နေရတယ်။ Read More »