life

တကယ်လို့ ကိုယ်သာတစ်နှစ်ပဲ

အသက်ရှင်ရတော့မယ်ဆို ကျန်တဲ့တစ်နှစ်ကို ဘယ်လိုဖြတ်သန်းမလဲ? ဒီနေ့ Self-discovery journal စာအုပ်ဖတ်ရင်းသဘောကျတဲ့ မေးခွန်းလေးတစ်ခု။ ကိုယ့်ဘဝမှာ အခုအချိန်ထိဘဝက ပေးသွားတဲ့ သင်ခန်းစာသုံးခုကဘာလဲ။ ဒါလေးလဲ မိုက်တယ်။ ကိုယ်နဲ့ နေ့စဥ်ပေါင်းနေတဲ့သူငါးယောက်က ဘယ်သူတွေလဲ၊ ကိုယ့်ဘဝကို မြင့်တင်ပေးသလား၊ ဆွဲချတွေလား။ ဒါကတော့ သိပြီးထားဖြစ်မယ်။ ကိုယ့်ဘဝရဲ့ ideal partner က ဘယ်လိုမျိုးလဲ။ သူနဲ့ နီးစပ်၊ အဆင်ပြေဖို့ ဘယ်အရာတွေက အတားအဆီးဖြစ်နေစေလဲ။ ဒါကတော့ အားတီ၊ အားမေတို့အတွက်။ ကိုယ့်ဘဝမှာ အခုအချိန်ထိ ကိုယ်ဂုဏ်ယူတဲ့ ဆွတ်ခူးမှုကဘာတွေလဲ။ ကိုယ့်ဘဝမှာ ကျေးဇူးအတင်ဆုံးအရာတစ်ခုကဘာများဖြစ်မလဲ။ ကိုယ့်ဘဝမှာ အရေးအကြီးဆုံးသူကဘယ်သူဖြစ်မလဲ။ လွန်ခဲ့တဲ့ သုံးနှစ်က ကိုယ့်ကိုကိုယ်အကြံတစ်ခုပေးရမယ်ဆို ဘာအကြံပေးမလဲ။ ဒါနဲ့ ကိုယ်ဘယ်သူလဲ။ ကိုယ့်အတွက် အကောင်းဆုံး ideal အလုပ်အကိုင်က ဘာအလုပ်အကိုင်များဖြစ်မလဲ။ တစ်သက်လုံး […]

တကယ်လို့ ကိုယ်သာတစ်နှစ်ပဲ Read More »

နေ့စဥ်ကိုယ့်ကိုကိုယ် train နေမှ။

တချို့လူတွေက သေဖို့အတွက် သံသရာထဲက လွတ်မြောက်ဖို့ နေ့စဥ် တရားအားထုတ်ပြီး train တယ်။တချို့လူတွေက နေဖို့အခါနေ့စဥ် ဘဝလတ်ဆတ်ဖို့ train တယ်။ဘယ်လိုနေနေ ဘဝက နေ့စဥ် train နေရမှာ။ Use it or Lose it ပဲ။ ဘာသာစကားတစ်ခု မသုံးတာကြာရင်မေ့မယ်။ကြွက်သားတွေလိုပဲ မ train တာကြာရင် ပျော့တွဲသွားမယ်။ဦးနှောက်လိုပဲ မသုံးတာကြာရင် သံချေးတက်သွားမယ်။ ဘဝမှာ အခြေခံလိုအပ်တယ်လို့ယူဆထားတာဘာသာစကား – အင်္ဂလိပ်၊ တရုတ်၊ မြန်မာ။နောက်ကျန်းမာရေး။ ကိုယ်အိပ်နေလဲ ငွေဝင်အောင်ရှာပေးနေတဲ့လုပ်ငန်းတွေဖန်တီးနိုင်ထားနိုင်ဖို့။ ပေါင်းတတ်သင်းတတ်တဲ့ လူရာဝင်ဖို့၊ လူရှေ့သူရှေ့မှာ ကိုယ့် idea ကိုချပြနိုင်ဖို့၊ ကိုယ့်ကိုကိုယ် ဂုဏ်ယူတဲ့အလုပ်တွေနေ့စဥ်လုပ်ဖို့၊ဘဝမှာ တစ်ဖက်ကမ်းခတ်ကျွမ်းကျင်တဲ့အရာတစ်ခုရှိဖို့။ ဘဝမှာ ဖြတ်သန်းခဲ့တဲ့ metrics တွေကိုပြန်ကြည့်ရင်သာမာန်မဖြစ်ချင်ဘူး။ပညာရေး၊ စီးပွားရေး၊ လူမှုရေး အရာရာပေါ့။ဒီလို မဖြစ်ဖို့

နေ့စဥ်ကိုယ့်ကိုကိုယ် train နေမှ။ Read More »

ဘဝမှာ အရေးအကြီးဆုံးက
ကိုယ့်ရဲ့ best version တည်ဆောက်ဖို့ဖြစ်တယ်။

ငယ်ငယ်ရွှေနှင်းဆီပုဆိုး ၃၈၀ခေတ်ကတည်းက စျေးထဲမှာကြီးတယ်။မြင်းခေါင်းစွပ်ကျယ်ခေတ်ပေါ့။ စျေးထဲလူလာရင် “ဘာရှာသလဲ” ဆိုပြီးဘေးက ဆိုင်တွေနဲ့ လုခေါ်ရတယ်။ အမေက ကျောင်းဆရာမအလုပ်ထွက်ဆိုင်စဖွင့် ကိုယ်ကလဲသားအကြီးဆုံးဆိုတော့လေးတန်းကတည်းက စျေးထဲကြီးတယ်။ ဆိုင်ကယ်တွေ ကချင်ပြည်နယ်ကဝင်တဲ့ခေတ်ဆိုတော့ အဲ့အချိန် ဆိုင်ကယ်ကယ်ရီ ဂျယ်ခေါင်နဲ့မန်းလေးဆင်းရင်ကို တစ်ရက်တစ်သောင်းလောက်ရတဲ့ခေတ်ဆိုတော့စျေးအရမ်းရောင်းကောင်းတဲ့ ဇော်ပိုင်ရဲ့ မင်းနဲ့မှ ချစ်တတ်ပြီပေါ့ခေတ်။ ၆ တန်း၊ ၇ တန်းလောက်မှာ စျေးထဲကြီးတော့ ပိုက်ဆံလေးရှာတတ်တော့တရုတ်ကျောင်းတက်တဲ့အချိန် ကျောင်းမသွားတော့ပဲ ကျောင်းဘေးမှာသူငယ်ချင်းနဲ့ အတူ ကြက်တိုက်လိုက်ဖဲရိုက်လိုက်နဲ့ တော်တာ် ကျောင်းပြေးတတ်လာတယ်။ ၈ တန်းမှာ အဒေါ်အိမ်ရောက်သွားတယ်။ ၉ တန်း အဆောင်ရောက်သွားတယ်။ ၁၀ တန်းပြီးထွက်လာတော့ စိတ်ဓာတ်ကနေ့တိုင်းကျနေတာ။ ငြိမ်းချမ်းမှုကို လိုက်ရှာဖို့ နည်းလမ်းမျိုးစုံလိုက်ရှာတယ်။စာအုပ်တွေလဲ ဖတ်တယ်။ တော်တော် တိုင်ပတ်တယ်။ အဲ့အချိန်ရန်ကုန်ရောက်တော့ ဘတ်စကားခတွေ စျေးစတတ်တဲ့အချိန်။ အဲ့အချိန်မှာ New Thought Movementအတွေးအခေါ်တစ်ခုနဲ့

ဘဝမှာ အရေးအကြီးဆုံးက
ကိုယ့်ရဲ့ best version တည်ဆောက်ဖို့ဖြစ်တယ်။
Read More »

လူတိုင်း ကလေးဘဝ trauma တွေ အနည်းနဲ့ အများရှိတတ်ကြတယ်။

နောက်ပြီး ဘဝမှာ ခွင့်လွတ်ရမည့်လူတွေရှိတတ်ကြတယ်။စဥ်းစားရင်တောင် မျက်ရည်ကျချင်တဲ့ခံစားချက်တွေ ဝင်လာတတ်တယ်။ ကြမ်းတမ်းခက်ခဲတဲ့ ဘဝအခြေအနေကိုဖြတ်သန်းခဲ့သူတွေဆို ပိုလို့တောင်ဆိုးသေးတယ်။ဒီ ခံစားချက် အစိုင်အခဲကြီးစုလာတဲ့အခါလောကကြီးကို အကောင်းမမြင်တော့ဘူး။အရွဲ့တိုက်တတ်လာတယ်။ ဒါဟာ trauma လက္ခဏာဖြစ်ကောင်းဖြစ်လိမ့်မယ်။ ဒါကို သတိမပြုမိတဲ့အခါ စိတ်ထဲမှာ ရှိတဲ့အမှိုက်က ကြာလေများလေလေ ဖြစ်လာတတ်တယ်။ ဒါကြောင့် ဒီ emotion တွေကို ဖယ်ဖို့နည်းစနစ်တွေ လိုတယ်။PTSD တို့လို အဖြစ်အပျက်ဖြစ်ပြီးတာဖြစ်ဖြစ်Injury ရပြီးတာဖြစ်ဖြစ် ဒါတွေဖြစ်တတ်တယ်။ လူတွေကို မယုံတော့တာ။ ဘဝကို အရွဲ့တိုက်တတ်တာ။ဒါတွေက Trauma response တွေဖြစ်တတ်တယ်။ ဒါကို heal လုပ်တဲ့ ဖြစ်စဥ်လိုတယ်။ အလွယ်ဆုံးဖြစ်စဥ်တစ်ခုက Six Phases Meditation လုပ်တာပဲ။ Phyo Paing @ Derek

လူတိုင်း ကလေးဘဝ trauma တွေ အနည်းနဲ့ အများရှိတတ်ကြတယ်။ Read More »

“ဘဝမှာ ဖြစ်ချင်ပြီး
မဖြစ်သေးတဲ့ အရာရှိသလား?”

ဒီမေးခွန်းမေးကြည့်။ လူအများစုက ပြုံးပြီးတချို့က သက်ပျင်းချပြီးသူ့အိမ်မက်တွေ အကြောင်းပြောလိမ့်မယ်။ မြန်မာပြည်ရဲ့ ပျမ်းမျှ သက်တမ်းက67.36 နှစ်ရှိတယ်။ 24586 ရက်။ တကယ်လို့ ကိုယ်ကအသက်သုံးဆယ်ဆို 10950 ရက်သုံးပြီးသွားပြီ။ ဘဝဆိုတာ တကယ့်ကို တိုတိုလေး။ ကိုယ့်အတွက် မလိုတဲ့အရာတွေကို ဖက်တွယ်ထားနေတာဟာ ကိုယ့်ကို next level ရောက်ဖို့ ကူညီပေးနိုင်မှာ မဟုတ်ဘူး။ ကိုယ့်ဘဝမှာ မရောက်ဖူးတဲ့နေရာတွေရှိရင်ရှိမယ်။ အကောင်အထည်ဖော်ချင်တဲ့အလုပ်တွေရှိရင်ရှိမယ်။ ငယ်ငယ်တုန်းက ကိုယ့်ကိုကိုယ်ကတိပေးခဲ့တဲ့ လုပ်မယ်ဆိုတဲ့အိမ်မက် dream list တွေရှိမယ်။ ဒါတွေ ဖြစ်လာဖို့က ဆုတောင်းနေရုံနဲ့ မရဘူး။ စဥ်းစားကြည့်ကြည့် ကိုယ်သွားချင်တဲ့နေရာတွေ မသွားဖူးပဲTV ထဲမှာပဲ မြင်ဖူးပြီးသေသွားမှာလား။ ကိုယ့်ဘဝမှာ ဖြစ်ချင်ပြီးမဖြစ်သေးတဲ့အရာတွေကို ချရေးထားတဲ့ dream list လိုတယ်။ ဒါက ကိုယ့်ဘဝသွားရမည့် လမ်းပဲ။ Phyo

“ဘဝမှာ ဖြစ်ချင်ပြီး
မဖြစ်သေးတဲ့ အရာရှိသလား?”
Read More »

ဘဝမှာ ဘယ်လောက်ကြိုးစားကြိုးစား မအောင်မြင်တိုင်ပတ်ဘူပိတ်တဲ့
အချိန်တွေရှိတတ်တယ်။

တခါတလေကျရင်လဲ ဘားမှသိပ်မလုပ်ပဲထိုင်နေရင်းနဲ့ကို ကံက ကောင်းနေတာမျိုးအဲ့လို အခိုက်အတန့်တွေ လူတိုင်းကြုံဖူးလိမ့်မယ်။ ကိုယ်က ဖုန်းခေါ်ပြီးဆို ခေါ်လိုက်တဲ့သူတိုင်းက ဖုန်းမကိုင်တာမျိုးကြုံဖူးလိမ့်မယ်။တခါတလေလဲ ကိုယ့်ကို တစ်ယောက်ပြီးတစ်ယောက် ဖုန်းခေါ်နေတာမျိုး။ တခါတလေ ငွေဝင်ပြီဆို မထင်ထားတဲ့နေရာတွေက ဝင်တာမျိုး၊တခါတလေကျရင်လဲ ထွက်ပြီဟေ့ဆိုမထင်ထားတဲ့အပေါက်က ထွက်တာမျိုး။ အရေးကြီးတာကတော့ ကံကောင်းတဲ့အချိန်ပဲထိုင်စောင့်နေလို့မရဘူး။ ကံဆိုးတဲ့အချိန်မှာ ဒူပေဒါပေခံဖို့လိုတယ်။ ငယ်ငယ်ကဆို numerology နဲ့ အခါတော်ပေးအချိန်တွေလုပ်ပြီးသတ်မှတ်တဲ့အချိန်မှာ သတ်မှတ်တဲ့အရောင်ဝတ်တာပြီး ကံကောင်းအောင်လုပ်တာတို့။လောင်းကစားလုပ်တာ၊ Russian roulette ဆော့တာမျိုးစုံစမ်းသပ်ခဲ့ဖူးတယ်။မင်းသိင်္ခခြံလဲ မော်ဘီထိ bus ကားစီးသွားခဲ့ဖူးတယ်။ ဘုရားရဲ့တောင်ပိုင်းသွားပြီးဘယ်ပန်းကပ်၊ ဘာဖယောင်းတိုင်ထွန်းတာလုပ်ခဲ့ဖူးတယ်။တစ်လအတွင်း ထောင်ကျမယ်ဆိုပြီးယတြာချေ ခိုင်းတယ်။ပြောတဲ့ ၃၄ လမ်းက ပုဏ္ဏားကို မကျခဲ့ရင်ခင်ဗျာ ဘာပြန်လျော်မလဲဆိုမှသူအတွက်မှားတာတွေ ဘာတွေဖြစ်ခဲ့ဖူးတယ်။ နောက်ပိုင်း အဲ့ဒါတွေ မလုပ်တော့ဘူး။တချို့အရာတွေက probability ကြောင့်လားလူတွေရဲ့ superstitious ဖြစ်တဲ့ Daniel Kahneman ပြောတဲ့

ဘဝမှာ ဘယ်လောက်ကြိုးစားကြိုးစား မအောင်မြင်တိုင်ပတ်ဘူပိတ်တဲ့
အချိန်တွေရှိတတ်တယ်။
Read More »

ကိုယ်ဖြစ်ချင်တယ်လို့ ထင်တာနဲ့
တကယ်ဖြစ်ချင်တာနဲ့ကြား
ကွာဟမှုတွေ ရှိနိုင်တယ်။

တောင်ပေါ်မြို့လေးမှာ ဘဝကိုအေးဆေးဖြတ်သန်းဖို့ စဉ်းစားဖူးတယ်။တကယ်သွားနေတော့တစ်ပတ်တောင် မနေနိုင်တာတွေ့ရတယ်။ဘဝမှာ ကိုယ်ဖြစ်ချင်တယ်လို့ ထင်တာနဲ့တကယ်ဖြစ်ချင်တာနဲ့ကြားကွာဟမှုတွေ ရှိနိုင်တယ်။ အကောင်းဆုံးနည်းလမ်းကtrial period တစ်ခုပေးပြီး စမ်းတာပဲ။တစ်ဘဝစာအတွက် ဆုံးဖြတ်ချက်ကိုခဏတာပဲရှိတဲ့ data ပေါ်မှာမူတည်ပြီးချလိုက်ရင်ရေရှည်မှာ ဝေဒနာပေါ်မယ်။ Phyo Paing @ Derek

ကိုယ်ဖြစ်ချင်တယ်လို့ ထင်တာနဲ့
တကယ်ဖြစ်ချင်တာနဲ့ကြား
ကွာဟမှုတွေ ရှိနိုင်တယ်။
Read More »

မှန်ကန်တဲ့ ရွေးချယ်မှု

ဘဝမှာ အရေးကြီးတာ မှန်ကန်တဲ့ ရွေးချယ်မှုလုပ်နိုင်ဖို့ပဲ။ကျွန်တော့်ရဲ့ မှန်ကန်တဲ့ ရွေးချယ်မှုရဲ့definition က ကိုယ့်ကို ရေရှည်မှာ“ဒုက္ခမရောက်စေတဲ့” ရွေးချယ်မှု။ကိုယ့်ကို “ရေရှည်ပျော်ရွင်စေမည့်” ရွေးချယ်မှု။ Phyo Paing @ Derek

မှန်ကန်တဲ့ ရွေးချယ်မှု Read More »

ကိုယ့် ရဲ့ Flow ကို သိမှ
ကိုယ့်ဘဝ ကံကြမ္မာ destiny ကို စိတ်ကြိုက်
ပုံဖော်နိုင်မယ်။

ဆေးရုံမှာလဲ အူတွေအပြင်ထုတ်ထားရတဲ့colostomy ထုတ်ထားရတဲ့ case တွေ၊ကင်ဆာလူနာတွေ၊အသက်ရှူမဝဖြစ်ပြီးအသက်ငင်နေရတဲ့လူနာတွေ၊HIV ကြောင့်စိတ်ဓာတ်ကျနေတဲ့လူတွေ၊အင်္ဂါမစုံမွေးတဲ့ကလေးတွေ၊ဘဝရဲ့ အနိဓ္ဓာရုံတွေတွေ့တာတွေဆေးရုံနှစ်ခါလောက် တက်ရတာ၊သေဘေးနဲ့ နီးနီးလေးကနှစ်နောက်လောက်လွတ်လာတာက ကိုယ့်ဘဝအမြင်ကိုတော်တော်လေးအပြောင်းအလဲဖြစ်စေတယ်။ ဘဝဆိုတာ တိုတိုလေးဖင်လှည့်ခေါင်းလှည့်နဲ့ တစ်နှစ်ဆိုတာကုန်သွားတာ။ကိုယ့်ဘဝ ကိုယ်ပြန်ကြည့်လိုက်ရင်အော် ငါ ဒီတစ်နှစ်ကို အကောင်းဆုံးအသုံးပြုခဲ့တယ်ဆိုတဲ့ ခံစားချက်ရဖို့ကိုယ့်ကိုကိုယ် ကျေးဇူးတင်ဖို့ကိုယ့်ကိုကိုယ် ဂုဏ်ယူတဲ့အလုပ်တွေနေ့တိုင်းလုပ်ဖို့လိုတယ်။ Soceity ကြီးက ကျွန်တော်တို့ကိုတခြားလူတွေ လုပ်သလိုလိုက်လုပ်ဖို့တွန်းအားပေးတတ်တယ်။တခါတလေ ကိုယ်ဖြစ်ချင်တာကိုတခြားသူတွေ ဘယ်လိုထင်မလဲဆိုတဲ့အတွေးကို မလွန်ဆန်နိုင်တဲ့အတွက်စွန့််လွတ်လိုက်ကြရတယ်။ ဘဝမှာ ကိုယ်သွားမည့်လမ်းကြောင်းကိုသေချာသိဖို့လိုတယ်။ငွေက အရေးအရမ်းအရေးကြီးတာမှန်တယ်။ဒီငွေရဖို့ ရေတိုကြည့်ပြီး ကိုယ့်ဘဝလမ်းကြောင်းတွေ မပိတ်မိဖို့လိုတယ်။ ကိုယ့်ရဲ့ ရေစီးကြောင်းကိုသိရမယ်။ကိုယ့် ရဲ့ Flow ကို သိမှကိုယ့်ဘဝ ကံကြမ္မာ destiny ကို စိတ်ကြိုက်ပုံဖော်နိုင်မယ်။Find Your Flow, Design Your Destiny ဆိုပြီးအမြဲကိုယ့်ကိုကိုယ် သတိပေးမိတယ်။ Phyo Paing @ Derek

ကိုယ့် ရဲ့ Flow ကို သိမှ
ကိုယ့်ဘဝ ကံကြမ္မာ destiny ကို စိတ်ကြိုက်
ပုံဖော်နိုင်မယ်။
Read More »

High-value man

လူတွေ အသက်ကြီးရင်ဘာအရာကို နောင်တရမယ်လို့ထင်သလဲ အားတီတို့။ အသက် ၆၀၊ ၇၀၊ ၈၀ ရောက်တဲ့အခါ သန်တုန်းမြန်တုန်းက ကိုယ့်အစွမ်းအစကို အလဟသဖြုန်းတီးခဲ့တာကိုတွေးပြီး နောင်တပြန်ရကြတယ်။ ကိုယ်အကောင်အထည်ဖော်ချင်တဲ့idea ရှိရင် အုံ့ပုံးထားမနေနဲ့။ လုပ်သာလုပ်ချလိုက်။ အချိန်တွေ ဖြုန်းနေရင်high-value man ဖြစ်ဖို့မလွယ်ဘူး။ Phyo Paing @ Derek

High-value man Read More »