life

ကိုယ့်ကိုကိုယ် ဆုလဒ်လို့စဉ်းစားပါ။

ကိုယ်က ဆုလဒ်ပဲ။你就是奖品 ကိုယ်က ဆုတံဆိပ်လို့မှတ်ယူဖို့လိုတယ်။ဒီအတွေးအခေါ်ကို တခြားသူတွေပါဟိုးအရင်ကတည်းက ပြောပြဖြစ်တယ်။ စီးပွါးရေးမှာ ကိုယ်ကနေနောက်ကလိုက်ရောင်းနေတာထက်ကိုယ့်ဆီလာအောင် ခံယူချက်အရေးကြီးတယ်။ဒါကတော့ ကိုယ့်ကိုကိုယ်ကိုယ့်လုပ်ငန်းကိုကိုယ် ကိုယ့်ဖောက်သည်တွေအတွက်ဆုတံဆိပ်ပေးတယ်ဆိုတဲ့ စိတ်ထားဖို့လိုတယ်။ အချစ်ရေး relationship မှာလဲတူတူပဲ။သူနဲ့တွေ့လို ကိုယ်ကံကောင်းတာမဟုတ်ဘူး။ကိုယ်နဲ့တွေ့လို့ သူကံကောင်းတာ။ HR မှာလဲ အလားတူပဲ။သူရှိလို့ ကိုယ့်လုပ်ငန်းရပ်တည်တာမဟုတ်ဘူး။ကိုယ့်လုပ်ငန်းလည်ပတ်လို့ Top Talent ရှိတာ။ ဒီအတွေးအခေါ်က radical ဆန်ပေမယ့်ဘဝအမြင်ကို လှုပ်ခတ်ပြောင်းလဲပေးနိုင်စွမ်းရှိတယ်။ ကိုယ့်ကိုကိုယ် အမှိုက်လို့စဉ်းစားတာ၊အသုံးမကျဘူးလို့ စဉ်းစားတာ၊လိုအပ်နေသေးတယ်လို့စဉ်းစားပြီးစိတ်ညစ်တတ်တာ ဖျောက်ပါ။ကိုယ့်ကိုကိုယ် ဆုလဒ်လို့စဉ်းစားပါ။ Your are the reward. ဆုတံဆိပ်နဲ့ထိုက်တန်တဲ့သူကဆုရမှာပဲ။မထိုက်တန်တဲ့သူက သာမာန်ပဲရမှာပဲ။ Phyo Paing @ Derek

ကိုယ့်ကိုကိုယ် ဆုလဒ်လို့စဉ်းစားပါ။ Read More »

ခဏတာ ပြဿနာကိုဖြေရှင်းဖို့
တစ်သက်တာပေးဆပ်ရတဲ့
ဖြေရှင်းချက် solution မချမိဖို့လိုတယ်။

ဘဝမှာ အသိဥာဏ်တဖြည်းဖြည်းရှိလာတဲ့အခါ အရာရာကိုဆုံးဖြတ်ရလွယ်အောင် ပြဿနာဖြေရှင်းနည်းAlgorithm တွေဖန်တီးဖြစ်တယ်။ နေ့စဉ်လုပ်နေကျသေးသေးလေးတွေပြန်စဉ်းစားရတဲ့အခါ ဦးနှောက်ပင်ပန်းတာDecision fatigue ကိုကာကွယ်ဖို့သော့ကိုထားနေကျနေရာ၊အလုပ်လုပ်တဲ့ workflow နဲ့၊နေ့စဉ်နေထိုင်တဲ့ routine နဲ့ဝတ်မည့်အဝတ်အစားကို ပုံစံစနစ်ချတဲ့အခါ အလုပ်ပိုပြီးပိုလွယ်၊ ပိုမြန်လာတယ်။နေ့စဉ်ဘဝရဲ့ optimization ပေါ့။ နောက် ဘဝမှာ နောင်တမရဖို့သဒင်္ဂပျော်ရွင်မှုနဲ့ အနာဂတ်နဲ့မလဲမိဖို့လိုသလို၊ခဏတာ ပြဿနာကိုဖြေရှင်းဖို့တစ်သက်တာပေးဆပ်ရတဲ့ဖြေရှင်းချက် solution မချမိဖို့လိုတယ်။ ဆုံးဖြတ်ချက်ချတဲ့အခါထားရမည့်Decision-making Rules တွေ၊ Principles တွေချမှတ်ထားဖို့လိုတယ်။ဒါကဘိုးဘေးတွေခေတ်ဖြစ်တဲ့ကွန်ဖြူးရှပ်ခေတ်ကတည်းကအတွေးအခေါ်တွေထားခဲ့တဲ့Playbook က ဘဝအတွက်အလွန်အသုံးဝင်တယ်။ Phyo Paing @ Derek

ခဏတာ ပြဿနာကိုဖြေရှင်းဖို့
တစ်သက်တာပေးဆပ်ရတဲ့
ဖြေရှင်းချက် solution မချမိဖို့လိုတယ်။
Read More »

လောကသဘာဝ

ကိုယ့်ထက်ရှေ့ရောက်နေတဲ့သူအများစုက နောက်လှည်ကြည့် ဝေဖန်ဖို့ အချိန်သိပ်မရှိတတ်ဘူး။ ဒါက လောကသဘာဝပဲ။ ဒါကြောင့်သူ့ထက်နည်းနည်းသာရင်မနာလိုဖြစ်မယ်။အများကြီးသာသွားရင် လေးစားလာလိမ့်မယ်တဲ့။ Phyo Paing @ Derek

လောကသဘာဝ Read More »

Serious

2016 နှစ်စမှာ ကိုယ့်နာမည်နဲ့Page စထောင်တော့ကုမ္ပဏီမှာအတူတူလုပ်ခဲ့တဲ့ဆေးတက္ကသိုလ်ကျောင်းနေဖက်အသိကဟာသလုပ်ပြီး နောက်တယ်။2017 နှစ်ကုန်ကျတော့ကိုယ့်သင်တန်းပြန်လာတတ်တယ်။ ဘဝကအဲ့လိုပဲ အစမှာဟာသလိုဖြစ်နေနိုင်ပေမယ့်သေချာ serious ဖြစ်ဖြစ်လုပ်ရင်တချိန်ကျရင်လဲ သာမညမဟုတ်ဘူးဆိုတာသိလာကြလိမ့်မယ်။ကိုယ့် profession ကိုတော့serious ဖြစ်ဖို့လိုတယ်။ Phyo Paing @ Derek

Serious Read More »

Ideavirus

ကုန်ပစ္စည်းတွေ အရမ်းများတဲ့ခေတ်မှာ ကိုယ့်ရဲ့ Product/ Service ကိုပြန့်စေချင်ရင် တစ်ယောက်နဲ့တစ်ယောက် အပြောများအောင် ideavirus တစ်ခုဖန်တီးဖို့အရေးကြီးတယ်။ ဥပမာ 4-hour work week ကိုရေးတဲ့ Tim Ferriss ဆို တစ်ပတ်မှာ လေးနာရီပဲအလုပ်လုပ်ပြီး ဘယ်လိုဘဝကို အထားကျကျဖြတ်သန်းမလဲဆိုတာကို Mini-retirement concept နဲ့ရေးသွားတယ်။ အရမ်းပေါက်တယ်။ နောက်ပိုင်းမှာ 4-hour body နဲ့ 4-hour chef တို့ထက်လာတယ်။ Seth Godin အနေနဲ့လည်း ၂၀၀၁ မှာ ideavirus နာမည်နဲ့စရအုပ်တစ်အုပ်ထုတ်ဖူးတယ်။ Iphone ကို ၂၀၁၇ မှာ စတင်မိတ်ဆက်တော့ တခြားဖုန်းတွေနဲ့ comparison လုပ်ပြီး A Phone + IPod + Breakthrough internet

Ideavirus Read More »

ဖြစ်ချင်တာတွေဖြစ်လာဖို့ DRC

မြန်မာပြည်မှာ ဘယ်လောက်ကြိုးစားကြိုးစား ______________ မဖြစ်နိုင်ဘူး။ သင်တန်းတွေ တက်ပြီး Over-confident ဖြစ်နေတာနဲ့ ပတ်သက်လို့ ဘယ်လိုမြင်လဲ? ဒီနှစ်ပိုင်းကို ကြည့်တဲ့အခါ DRC Dream Dream အိပ်မက်တွေကြီးပြီး မဖြစ်နိုင်တာမရှိဘူးဆိုတာကတော့ ဟုတ်ပါတယ်။ အချိန်တစ်ခုပေးရင် ဘယ်မရာမဆိုဖြစ်တယ်။ ဒါပေမယ့် Reality Check ကတော့ လုပ်ပေးရမယ်။ Reality Check ဒါ့ကြောင့် ဆေးကုမ္ပဏီကြီးတွေ ပြည်တွင်းလာရင် data ကြည့်ပြီး ဖြစ်နိုင်ခြေကိုဆုံးဖြတ်တယ်။ သင်္ချာသင်တယ်ဆိုတာ အလကားသင်ထားတာမှ မဟုတ်တာ။ ဆေးရုံအရေအတွက်၊ ကုတက်အရေအတွက်၊ ဆေးရုံတက်နှုန်း Occupancy rate နဲ့ ဆေးဝါးရောင်းမည့်ရောဂါဖြစ်နှုန်း၊ ဒီနိုင်ငံကလူတွေရဲ့ ဝင်ငွေနဲ့ သုံးနိုင်စွမ်းအပြင် နောင်ငါးနှစ်အတွင်းဖြစ်လာနိုင်တဲ့ ဝင်ငွေ GDP per capita တွက်ချက်ပြီးမှဝင်တယ်။ ဒါ့ကြောင့်အိမ်မက်တွေကိုအကောင်အထည်ဖော်ဖို့ အရှိကို အရှိအတိုင်းမြင်ဖို့လိုတယ်။

ဖြစ်ချင်တာတွေဖြစ်လာဖို့ DRC Read More »

သူများကိုဝေဖန်တာ သင့်အပြစ်မဟုတ်ဘူး။

သူများကိုသာ ဝေဖန်ပြီးသင် အဝေဖန်မခံရတာက သင့်အပြစ်ဖြစ်သွားပြီ။ဘာကြောင့်လဲဆိုတော့အပြစ်ပြောစရာရှိလောက်အောင်အဖြစ်ရှိအောင် မကြိုးစားသေးလို့။ Phyo Paing @ Derek

သူများကိုဝေဖန်တာ သင့်အပြစ်မဟုတ်ဘူး။ Read More »

ဘဝဆိုတာ Game တစ်ခုလိုဘဲ

အကြံဉာဏ်တိုင်းက လူတိုင်းအတွက် အသုံးဝင်မှာ မဟုတ်ပါဘူး။ လူတစ်ယောက်ရဲ့ personality နဲ့ရောက်နေတဲ့ Level ပေါ်မူတည်ပါတယ်။ နံပတ်တစ် ကိုယ်ဘယ်လိုလူလည်းClear ဖြစ်ရမယ်။ဘယ်ကိုသွားမလည်းသိရပါမယ်။ ဘယ်နေရာရောက်ပြီလည်းသိရသလို ဘာဆက်လုပ်ရမလည်းလည်းသိဖို့လိုပါတယ်။ ဘဝဆိုတာ Game တစ်ခုလိုဘဲ ရောက်နေတဲ့အဆင့်ပေါ်မူတည်ပြီး ယူရမည့်အကြံဉာဏ်မတူပါဘူး။ Marshall Goldsmith ပြောသလိုဆိုWhat got you here won’t get you there. Phyo Paing @ Derek

ဘဝဆိုတာ Game တစ်ခုလိုဘဲ Read More »

Label မတပ်နဲ့။

ဟိုးရှေးရှေးက လူငယ်တစ်ယောက်ရှိတယ်။ ငယ်ငယ်တည်းက အနှိုင်းယှဉ်ခံရတယ်။ ညီအစ်ကိုအချင်းချင်း၊ အမျိုးအချင်းချင်း။နောက်ဆုံး အိမ်ဘေးက ဘုတ်ဆုံမနဲ့ နှိုင်းယှဉ်ခံရတယ်။လူတိုင်းဟာ နှိုင်းယှဉ်ခံရတဲ့အခါ လူတစ်ယောက်ရဲ့ မိမိကိုယ်ကိုယုံကြည်မှုSelf-confident အပေါ် အနည်းနဲ့အများသက်ရောက်မှုရှိတယ်။ နောက်ပိုင်း တစ်ယောက်တည်းရပ်တည်လာတာအိမ်နဲ့တဖြည်းဖြည်းဝေးလာတယ်။ သူ ပြောချင်တဲ့ စကားရှိတယ် I am different. လူတိုင်းဟာ မတူညီမှုတွေနဲ့ ဖွဲ့စည်းထားတယ်။ တချို့တွေ ပေါင်းသင်းဆက်ဆံရေးကောင်းတယ်။ တချို့တွေ အနုပညာတော်တယ်။ တချို့တွေ သိပ္ပံနဲ့ သချာင်္မှာတော်တယ်။ တချို့တွေ အဟောအပြောကောင်းတယ်။ ကျွန်တော်သမီးလေးရှိလာတဲ့အခါ မတူညီမှုတွေကို နှိုင်းယှဉ်ပြီး ငတုံးလို့ ဒါမှမဟုတ် အမြဲလိုအပ်နေတယ်ဆိုတဲ့ အထင်ဖြစ်အောင် Label မတပ်ဖြစ်အောင်ကြိုးစားပါမယ်။ Phyo Paing @ Derek

Label မတပ်နဲ့။ Read More »

ကိုယ့်ကို မုန်းတဲ့သူတွေရှိလို့ အားငယ်နေသလား?

လူတိုင်းလူတိုင်းမှာ လိုသူရှိသလို မလိုသူတွေရှိပါတယ်။ လူအများစုဟာ အချိန်အများစုမှာ အများအကြောင်းစဉ်းစားနေတာထက် ကိုယ့်အကြောင်းကိုယ်စဉ်းစားနေကြတာလူတိုင်းသိကြပါတယ်။ လူတွေငါ့ကို ဘယ်လိုထင်နေမလည်း? ငါလုပ်တာမှားနေလို့လား? ငါ့ကို တခြားအပေါင်းအဖော်တွေ ဘယ်လိုထင်နေမလည်း? Hey, forget about it! သူထင်ချင်သလိုထင် ကိုယ့်ဘဝကို ကိုယ်ရွက်လွင့်ဖို့ အရေးကြီးတယ်။ ဟုတ်တယ်ဟုတ်? အခြေနေပေါ်မူတည်ပြီး အကောင်းဆုံးလုပ်တယ်။ အဲ့ဒါမှန်တယ်။ အဲ့အချိန်မှာရှိတဲ့ အတွေး၊ အခြေအနေ၊ ဦးနှောက်၊ခံစားချက် နဲ့လုပ်ခဲ့တာ။ ဘာမှ ကိုယ့်ကိုကိုယ် ခွင့်မလွတ်နိုင်စရာအကြောင်းမရှိဘူး။ တစ်ခုပြောပါရစေ။ You are right! You are right! There is nothing wrong with you! HustlePhyo Paing @ Derek

ကိုယ့်ကို မုန်းတဲ့သူတွေရှိလို့ အားငယ်နေသလား? Read More »