lifestyle

ဘဝဆိုတာ မေးခွန်းတွေပေးထားပြီး
အဖြေရှာဖို့ စနစ်တကျ စဥ်းစားတတ်ဖို့လိုတယ်။

မေးခွန်းမှားရင် အဖြေအမှားပဲရတယ်။ငယ်ငယ်က ကျွန်တော်တို့ကို စဥ်းစားနည်းမသင်ပေးလိုက်ဘူး။ ဒါကြောင့် ကျွန်တော်တို့နဲ့ရှေ့မျိုးဆက်ရဲ့ ပညာရေးစနစ်အရယုတ္တိကျကျ သေချာစဥ်းစားတတ်တဲ့လူဦးရေက ရာခိုင်နှုန်းမများဘူး။ စနစ်တကျ နားလည်အောင်ကြိုးစားစဥ်းစား၊ ချင့်ချိန်၊ သုံးသပ်မှုနဲ့မလုပ်တတ်တဲ့ အခါ“အထင်အမြင်” နဲ့ တွေးတောခြင်းကိုပဲလုပ်နိုင်ကြတယ်။ လူမှုကွန်ယက်မှာ ပြထားတဲ့ပုံရိပ်ယောင်တိုင်းကို အမှန်လို့ထင်တတ်တယ်။အထင်အမြင် perception နဲ့စဥ်းစား ဆုံးဖြတ်ခြင်းဟာအန္တရာယ်များလှတယ်။ အလွယ်တကူ ပရိယာယ်သုံးသိုးကလေးတွေလို ဖြစ်အောင်မွေးထားပြီးဒေါသထွက်အောင်လုပ်လို့ရတယ်။ ဆဲဆိုအောင်လုပ်လို့ရတယ်။ ထောက်ခံအောင်လုပ်လို့ရတယ်။ ယုတ္တိကျကျ စဥ်းစားတတ်ခြင်းသည်လူတိုင်းမှာရှိသင့်တဲ့ ကျွမ်းကျင်မှုတစ်ခုဆို မမှားဘူး။ဘာကြောင့်လဲဆိုတာ ကိုယ့်ဘဝကိုယ်တိုင်ပဲ ဖန်တီးရမှာ။ အမှန်အမှား သုံးသပ်ရမှာ ကိုယ်ပဲ။ ဘဝဆိုတာ မေးခွန်းတွေပေးထားပြီးအဖြေရှာဖို့ စနစ်တကျ စဥ်းစားတတ်ဖို့လိုတယ်။ Phyo Paing @ Derek

ဘဝဆိုတာ မေးခွန်းတွေပေးထားပြီး
အဖြေရှာဖို့ စနစ်တကျ စဥ်းစားတတ်ဖို့လိုတယ်။
Read More »

ဗုဒ္ဓအလိုကျ နေ့စဥ်ဘဝဖြတ်သန်းမှု

ဗုဒ္ဓအလိုကျ နေ့စဥ်ဘဝဖြတ်သန်းမှု လူတွေမမှတ်မိလောက်အောင်တိုးတက်ပြောင်းလဲဖို့အတွက်ကိုယ့်ရဲ့အကောင်းဆုံး ဗားရှင်းကိုတည်ဆောက်တဲ့အခါဗုဒ္ဓရဲ့အဆုံးအမဖြစ်တဲ့ လောကုတ္တရာလမ်းညွှန်မဂ္ဂင်ရှစ်ပါးကို လောကီနေ့စဥ်ဘဝမှာ အသုံးပြုနိုင်အောင် နှလုံးသွင်းကြည့်တယ်။ ဗုဒ္ဓရဲ့ အဆုံးအမဖြစ်တဲ့မဂ္ဂင်ရှစ်ပါးကို အတွေး၊ အကြံ၊ အလုပ်လို့သုံးပိုင်းအလွယ်မှတ်ပြီးကျင့်သုံးဖို့ ကြိုးစားကြည့်တယ်။ ၁။ အတွေး သမ္မာဒိဋ္ဌိ (Sammā diṭṭhi) = မှန်သော အယူအမြင် ၂။ အကြံသမ္မာသင်္ကပ္ပ (Sammā saṅkappa) = မှန်သော အကြံ ၃။ အလုပ် (ကာယကံ၊ ဝစီကံ၊ မနောကံ)၃.၁။ ဝစီကံသမ္မာဝါစာ (Sammā vācā) = မှန်သော စကား ၃.၂။ ကာယကံသမ္မာကမ္မန္တ (Sammā kammanta) = မှန်သော အမှုအလုပ်သမ္မာအာဇီဝ (Sammā ājīva) = မှန်သော အသက်မွေးဝမ်းကျောင်းမှု၊ ၃.၃။ မနောကံသမ္မာဝါယာမ (Sammā

ဗုဒ္ဓအလိုကျ နေ့စဥ်ဘဝဖြတ်သန်းမှု Read More »

ဘဝရဲ့ ဖြတ်သန်းမှုတိုင်းမှာ
အဓိပ္ပာယ်တွေရှိတယ်။

အသက်ကို ခပ်ပြင်းပြင်းရှူသွင်း။ပြန်ရှူထုတ်ကြည့်။ နောက် သေချာစဥ်းစားကြည့်။ စဥ်းစားလေ အရှင်းသားသိလေဖြစ်လိမ့်မယ်။ နေ့စဥ် ဖြတ်သန်းမှုတိုင်းမှာ အဓိပ္ပာယ်တစ်ခုရှိတယ်။ ဟုတ်တယ်။ဒီနေ့၊ ဒီလို၊ ဒီအခြေအနေဖြစ်နေတာ အလဟသမဟုတ်နိုင်ဘူး။ သူ့မှာ အဓိပ္ပာယ်တစ်ခုရှိနိုင်တယ်။ဒီ အဓိပ္ပာယ်ကို မြင်တာနဲ့ မမြင်တာ၊ရှင်းတာနဲ့ ဝေဝါးနေတာပဲဖြစ်ရင်ဖြစ်မယ်။ ဘဝရဲ့ ရုန်းကန်မှု၊ ဖြတ်သန်းမှု၊ကျော်ဖြတ်နိုင်မှု၊ တိုးတက်ပြောင်းလဲမှုတိုင်းမှာအဓိပ္ပာယ်ရှိတယ်။ ဘာကြောင့်လဲဆိုတော့ဘဝရဲ့ ပေးထားချက်ကို အရေးထားမယ်။ပေးထားတဲ့ အဓိပ္ပာယ်တွေကို တူးဆွဖော်ထုတ်မယ်။ နားလည်သလောက် ပေါင်းစပ်မယ်။အဖြေထုတ် လုပ်ဆောင်ကြည့်မယ်ဆိုရင်ကိုယ်မတွေ့သေးတဲ့ ကမ္ဘာကြီးတစ်ခု စောင့်ကြိုနေနိုင်တယ်။ မှန်ပါတယ်။အဖြစ်အပျက်တိုင်းမှာ အဓိပ္ပာယ်တစ်ခုရှိတယ်။လျစ်လျူရှုလို့ရတယ်။သာမန်ကာလျှံကာ ကျော်သွားလို့ရတယ်။ နောက်ပြီး သေချာသတိမူတဲ့အခါဘဝရဲ့ ဖြတ်သန်းမှုတိုင်းမှာဆက်လုပ်လို့ရတဲ့ လမ်းကြောင်း၊ ရွေးချယ်လို့ရတဲ့ လမ်းတွေကို ကွက်ကွက်ကွင်းကွင်းကြီးတွေ့မယ်။ ဒီလိုတွေ့တဲ့အခါ နားလည်လာလိမ့်မယ်။ဘဝမှာ ရွေးချယ်ပိုင်ခွင့်ပေးထားတဲ့အရာတွေရှိတယ်။ဒီရွေးချယ်ပိုင်ခွင့်ပေးထားတဲ့အရာတွေကိုရွေးချယ်မှု တခုချင်းပြုလုပ်ရင်းဒီနေ့ဒီအခြေအနေ ရောက်ခဲ့သလို အနာဂတ်ကမ္ဘာအသစ်ကလဲစောင့်ကြိုနေတယ်။ ဘာကြောင့်လဲဆိုတော့ဘဝရဲ့ ဖြတ်သန်းမှုတိုင်းမှာ အဓိပ္ပာယ်တွေရှိတယ်။သဲလွန်စတွေ ချန်ခဲ့တယ်။ ဒါကို မြင်အောင်ကြည့်။

ဘဝရဲ့ ဖြတ်သန်းမှုတိုင်းမှာ
အဓိပ္ပာယ်တွေရှိတယ်။
Read More »

ကောင်းမွန်တဲ့အရာအများစုက”သူ့အလိိုလို” ဖြစ်လာတာ နည်းတယ်။

ကောင်းမွန်တဲ့အရာအများစုက“သူ့အလိိုလို” ဖြစ်လာတာ နည်းတယ်။ အလိုလိုပေါက်နေတာ မြက်ပင်များတယ်။​ပန်းကောင်းပန်းမံအတွက် ပြုစုပျိုးထောင်ဖို့လိုတယ်။ အလိုလိုနေ့စဥ် ဖြစ်နေတာ “အို” နေတာပဲ။ ကိုယ့်ကျန်းမာရေး၊ကိုယ့်အချစ်ရေး၊ကိုယ့်စိတ်ငြိမ်းချမ်းရေး၊ငွေရေးကြေးရေး၊လုပ်ငန်းစီးပွားဆောင်တာ၊ဥာဏဖွင့်ဖြိုးရေးဒါတွေ တိုးတက်ဖို့သူ့အလိုလိုဖြစ်နေတာရှားတယ်။ ကောင်းတာ မှန်သမျှကသေချာပြုစုပျိုးထောင်ရတယ်။ ဘဝရဲ့ ငါးပုံနှစ်ပုံကို သုံးပြီးမှတဖြည်းဖြည်း ပိုနားလည်လာတာလေး။ Phyo Paing @ Derek

ကောင်းမွန်တဲ့အရာအများစုက”သူ့အလိိုလို” ဖြစ်လာတာ နည်းတယ်။ Read More »

နေသလိုဖြစ်တဲ့ဘဝမှာ
ဖြစ်သလို မနေပါနဲ့။

ပင်ပန်းပြီး အလုပ်မဖြစ်ဖြစ်နေပြီလား။ ဒါလေး သိသွားရင် အကြံတစ်ခုရသွားလိမ့်မယ်။ ပင်ပင်ပန်းပန်းအားမထုတ်ပဲအလုပ်တွေ ပြီးအောင်လုပ်လို့ရတယ်။ဒါကို effortless productivity လို့ခေါ်ပြီးဒီလိုရအောင်လုပ်တကို Flow လို့ခေါ်တယ်။ Flow ဆိုတာ အထာကျတဲ့ဘဝကိုခေါ်တာ။ အထာကျဖို့ အလုပ်၊ ဘဝ၊ အချစ်၊ကျန်းမာရေး၊ ဝမ်းစာရေး၊ ဝမ်းသာရေး၊ သဟဇာတဖြစ်ဖို့လိုတယ်။ ၁။ Reborn ဒီလို သဟဇာတမဖြစ်ခင်အသစ်ပြန်လည်မွေးဖွားဖို့ သန္ဓေတည်တဲ့ Incubation အဆင့်ရှိတယ်။ ကိုယ်မချစ်တဲ့အလုပ်ကို ရှောင်လွဲလို့မရ လုပ်နေတဲ့အချိန်။ အဆင်မပြေတဲ့ အချစ်ရေး relationship မှာဘာမှ လုပ်မရ ပိတ်မိနေတဲ့အချိန်။ ဆပ်စရာအကြွေးတွေနဲ့ ပိတ်မိနေတဲ့အချိန်။ ခန္ဓာကိုယ်က ဝိတ်တွေအရမ်းတက်ပြီးကိုယ့်ကျန်းမာရေးကို စိတ်တိုင်းမကျတဲ့အချိန်။ပျော်ရာမှာ မနေရ တော်ရမှာနေနေရတဲ့အချိန်။ လုပ်ချင်တာတစ်မျိုး လုပ်နေရတာတစ်မျိုး ဖြစ်နေတဲ့အချိန်။ ဒီလို အချိန်က ကိုယ်ပြန်လည်မွေးဖွားဖို့reborn လုပ်ဖို့ သန္ဓေတည်တဲ့အချိန်ဖြစ်ပါတယ်။ ပြန်လည်မွေးဖွားဖို့ အချက်လေးချက်ကို

နေသလိုဖြစ်တဲ့ဘဝမှာ
ဖြစ်သလို မနေပါနဲ့။
Read More »

စားလို့မကုန် မှားလို့ကုန်တယ်

စားလို့မကုန် မှားလို့ကုန်တယ်။ကိုယ်မကျွမ်းကျင်တဲ့ဂိမ်း (နယ်ပယ်) မှာမရှိတဲ့ ပိုက်ဆံ (ချေးငှား) ထည့်ခြင်းကမွဲဆေးဖော်တာပဲ။ Phyo Paing @ Derek

စားလို့မကုန် မှားလို့ကုန်တယ် Read More »

တစ်ရက်တာစဖို့

တစ်ရက်တာစဖို့ ထလာတိုင်းဘဝက ရင်ခုန်စရာပဲ။ဘဝမှာ ရည်မှန်းထားတဲ့ အရာတွေ အကောင်အထည်ဖော်ဖို့နေ့သစ်တစ်နေ့ စတင်တာပဲ။ ဘဝမှာ ကိုယ်ဖြစ်ချင်တာတွေကို ဥာဏ်နဲ့ ဝိရိယပေါင်းစပ်ပြီးကံကို ဖန်တီးနိုင်ရင်အကုန်ဖြစ်နိုင်တယ်လို့ အကြွင်းမဲ့ ယုံကြည်ထားတယ်။ Phyo Paing @ Derek

တစ်ရက်တာစဖို့ Read More »

အကြည်ဓာတ်အပြည့်နဲ့ ဖြတ်သန်းနိုင်ဖို့

ကိုယ်ထိန်းချုပ်မရတဲ့ အရာတွေလောကမှာ ဘယ်လိုပဲဖြစ်နေမှာပဲ အကြည်ဓာတ်အပြည့်နဲ့ ဖြတ်သန်းနိုင်ဖို့အရေးအကြီးဆုံးပဲ။ အကြည်ဓာတ်ဆိုတာ ဗုဒ္ဓဟောကြားခဲ့တဲ့ကောင်းမွန်တဲ့ စေတသိက်တွေစိတ်ကို ခြယ်လှယ်နေဖို့လိုတယ်။ ဒီလို ဖြစ်ဖို့ လောကရဲ့ “မာယာ” ကိုသိဖို့၊ လောဘ၊ ဒေါသ၊ မောဟကို ကိုင်တွယ်တတ်ဖို့ လိုတယ်။ အသက်ကြီးလာလေ ဒီ လောကရဲ့ မာယာကို နားလည်စပြုလာလေ၊ လောဘ၊ ဒေါသ၊ မောဟက လူဆိုတော့ မရှိပဲမနေဘူး။ ကိုင်တွယ်တတ်ဖို့ပဲလိုတယ်။ဒါကို နေ့စဥ် ကျင့်ယူနေဖို့က ကိုယ့်တာဝန်ပဲ။ Phyo Paing @ Derek

အကြည်ဓာတ်အပြည့်နဲ့ ဖြတ်သန်းနိုင်ဖို့ Read More »

So good they can’t ignore you

လောကကို ခပ်ချေချေနေချင်ရင်ချေလို့ ရတဲ့ စကေးလိုနိုင်တယ်။ မဟုတ်ရင် ကိုယ်ကကြီးအချေခံနေရတာ။ အခြေခံ စကေးပြီးရင်ပြန်ချေနိုင်ဖို့ အချေပြန်စကေးကျွမ်းကျင်မှရမယ်။Cal Newport ကတော့So good they can’t ignore you တဲ့။ 😀

So good they can’t ignore you Read More »

ကိုယ့်ဘဝ ကိုယ့်တာဝန်ပဲ။

ဘဝ ခက်ခဲတယ်ဆိုတာ ကျွမ်းကျင်မှုက လုပ်ချင်တာ၊ ဖြစ်ချင်တာထက် နည်းလို့။ ဒါကြောင့် နေ့တိုင်း ကိုယ့်ရဲ့ တစ်ကိုယ်ရည်စွမ်းဆောင်ရည်မြင့်ဖို့အချိန်စီမံခန့်ခွဲမှု၊ စွမ်းအင်စီမံခန့်ခွဲမှု၊ စိတ်ဓာတ်ပိုင်းဆိုင်ရာ စီမံခန့်ခွဲမှု၊ လေ့ကျင့်ခန်း၊ အစားအသောက်၊ အိပ်ချိန်၊တစ်ကိုယ်ရည်ငွေရေးကြေးရေး စီမံခန့်ခွဲမှု၊ဘာသာရေးနဲ့ စိတ်ငြိမ်းချမ်းမှု၊အပေါင်းအသင်းနဲ့ ပတ်သက်တဲ့အပိုင်းစီမံခန့်ခွဲနိုင်တဲ့Personal Development ကောင်းအောင်လုပ်ဖို့လိုတယ်။ ကိုယ့်ကို ထမင်းကျွေးတဲ့ အသက်မွေးဝမ်းကျောင်းအလုပ်Professional development ကျွမ်းကျင်ဖို့လိုတယ်။ ကိုယ့်ကို ချမ်းသာစေမည့်လူတွေစီမံခန့်ခွဲတာ၊ စီးပွားရေး စနစ်ချတတ်တာ၊ စီးပွားရေးမှာ လူမှန်၊ နေရာမှန် နေရာချတတ်တာ၊ ဦးဆောင်နိုင်တဲ့စွမ်းရည်၊ စျေးကွက်ရှာအတတ်ပညာ၊ လုပ်ငန်းငွေကြေးစီမံခန့်ခွဲမှု၊ စွန့်ဦးတီထွင်မှု အစရှိတဲ့စီးပွားရေးစွမ်းရည်တိုးတက်မှု Business Development အတွက်နေ့တိုင်းဖြည့်နေဖို့လိုတယ်။ ဒါကတော့ လူတွေ မမှတ်မိလောက်အောင်တိုးတက်ပြောင်းလဲလိုက်ပါ။ Toe Tet Philosophy ရဲ့ တိုးတက်မှု သုံးဆင့်ဖြစ်တယ်။ Personal, Professional နဲ့ Business

ကိုယ့်ဘဝ ကိုယ့်တာဝန်ပဲ။ Read More »