စားလို့မကုန် မှားလို့ကုန်တယ်
စားလို့မကုန် မှားလို့ကုန်တယ်။ကိုယ်မကျွမ်းကျင်တဲ့ဂိမ်း (နယ်ပယ်) မှာမရှိတဲ့ ပိုက်ဆံ (ချေးငှား) ထည့်ခြင်းကမွဲဆေးဖော်တာပဲ။ Phyo Paing @ Derek
စားလို့မကုန် မှားလို့ကုန်တယ် Read More »
စားလို့မကုန် မှားလို့ကုန်တယ်။ကိုယ်မကျွမ်းကျင်တဲ့ဂိမ်း (နယ်ပယ်) မှာမရှိတဲ့ ပိုက်ဆံ (ချေးငှား) ထည့်ခြင်းကမွဲဆေးဖော်တာပဲ။ Phyo Paing @ Derek
စားလို့မကုန် မှားလို့ကုန်တယ် Read More »
တစ်ရက်တာစဖို့ ထလာတိုင်းဘဝက ရင်ခုန်စရာပဲ။ဘဝမှာ ရည်မှန်းထားတဲ့ အရာတွေ အကောင်အထည်ဖော်ဖို့နေ့သစ်တစ်နေ့ စတင်တာပဲ။ ဘဝမှာ ကိုယ်ဖြစ်ချင်တာတွေကို ဥာဏ်နဲ့ ဝိရိယပေါင်းစပ်ပြီးကံကို ဖန်တီးနိုင်ရင်အကုန်ဖြစ်နိုင်တယ်လို့ အကြွင်းမဲ့ ယုံကြည်ထားတယ်။ Phyo Paing @ Derek
ကိုယ်ထိန်းချုပ်မရတဲ့ အရာတွေလောကမှာ ဘယ်လိုပဲဖြစ်နေမှာပဲ အကြည်ဓာတ်အပြည့်နဲ့ ဖြတ်သန်းနိုင်ဖို့အရေးအကြီးဆုံးပဲ။ အကြည်ဓာတ်ဆိုတာ ဗုဒ္ဓဟောကြားခဲ့တဲ့ကောင်းမွန်တဲ့ စေတသိက်တွေစိတ်ကို ခြယ်လှယ်နေဖို့လိုတယ်။ ဒီလို ဖြစ်ဖို့ လောကရဲ့ “မာယာ” ကိုသိဖို့၊ လောဘ၊ ဒေါသ၊ မောဟကို ကိုင်တွယ်တတ်ဖို့ လိုတယ်။ အသက်ကြီးလာလေ ဒီ လောကရဲ့ မာယာကို နားလည်စပြုလာလေ၊ လောဘ၊ ဒေါသ၊ မောဟက လူဆိုတော့ မရှိပဲမနေဘူး။ ကိုင်တွယ်တတ်ဖို့ပဲလိုတယ်။ဒါကို နေ့စဥ် ကျင့်ယူနေဖို့က ကိုယ့်တာဝန်ပဲ။ Phyo Paing @ Derek
အကြည်ဓာတ်အပြည့်နဲ့ ဖြတ်သန်းနိုင်ဖို့ Read More »
လောကကို ခပ်ချေချေနေချင်ရင်ချေလို့ ရတဲ့ စကေးလိုနိုင်တယ်။ မဟုတ်ရင် ကိုယ်ကကြီးအချေခံနေရတာ။ အခြေခံ စကေးပြီးရင်ပြန်ချေနိုင်ဖို့ အချေပြန်စကေးကျွမ်းကျင်မှရမယ်။Cal Newport ကတော့So good they can’t ignore you တဲ့။ 😀
So good they can’t ignore you Read More »
ဘဝ ခက်ခဲတယ်ဆိုတာ ကျွမ်းကျင်မှုက လုပ်ချင်တာ၊ ဖြစ်ချင်တာထက် နည်းလို့။ ဒါကြောင့် နေ့တိုင်း ကိုယ့်ရဲ့ တစ်ကိုယ်ရည်စွမ်းဆောင်ရည်မြင့်ဖို့အချိန်စီမံခန့်ခွဲမှု၊ စွမ်းအင်စီမံခန့်ခွဲမှု၊ စိတ်ဓာတ်ပိုင်းဆိုင်ရာ စီမံခန့်ခွဲမှု၊ လေ့ကျင့်ခန်း၊ အစားအသောက်၊ အိပ်ချိန်၊တစ်ကိုယ်ရည်ငွေရေးကြေးရေး စီမံခန့်ခွဲမှု၊ဘာသာရေးနဲ့ စိတ်ငြိမ်းချမ်းမှု၊အပေါင်းအသင်းနဲ့ ပတ်သက်တဲ့အပိုင်းစီမံခန့်ခွဲနိုင်တဲ့Personal Development ကောင်းအောင်လုပ်ဖို့လိုတယ်။ ကိုယ့်ကို ထမင်းကျွေးတဲ့ အသက်မွေးဝမ်းကျောင်းအလုပ်Professional development ကျွမ်းကျင်ဖို့လိုတယ်။ ကိုယ့်ကို ချမ်းသာစေမည့်လူတွေစီမံခန့်ခွဲတာ၊ စီးပွားရေး စနစ်ချတတ်တာ၊ စီးပွားရေးမှာ လူမှန်၊ နေရာမှန် နေရာချတတ်တာ၊ ဦးဆောင်နိုင်တဲ့စွမ်းရည်၊ စျေးကွက်ရှာအတတ်ပညာ၊ လုပ်ငန်းငွေကြေးစီမံခန့်ခွဲမှု၊ စွန့်ဦးတီထွင်မှု အစရှိတဲ့စီးပွားရေးစွမ်းရည်တိုးတက်မှု Business Development အတွက်နေ့တိုင်းဖြည့်နေဖို့လိုတယ်။ ဒါကတော့ လူတွေ မမှတ်မိလောက်အောင်တိုးတက်ပြောင်းလဲလိုက်ပါ။ Toe Tet Philosophy ရဲ့ တိုးတက်မှု သုံးဆင့်ဖြစ်တယ်။ Personal, Professional နဲ့ Business
ကိုယ့်ဘဝ ကိုယ့်တာဝန်ပဲ။ Read More »
ဘဝကို အဓိပ္ပာယ်ရှိရှိဖြတ်သန်းနိုင်ဖို့ ၁။ ကိုယ့်ကိုယ့်ကို နားလည်အောင်လေ့လာ။ ၂။ ကိုယ်ချစ်တဲ့အလုပ်ကိုရွေးချယ်။၃။ ကိုယ်အစွမ်းအစဘယ်လောက်ရှိလဲ စမ်းကြည့်။၄။ ဒီနေ့လုပ်တဲ့အလုပ် အနာဂတ်အချိန်ကိုခြွေတာပေးဖို့ လုပ်ဆောင်။၅။ ကိုယ်မကြိုက်တာ သူများကိုမလုပ်နဲ့။၆။ အရာရာမှာ အကန့်လေးတွေထား။၇။ မလုပ်ဖူးတဲ့ အသစ်အစမ်းတွေစမ်းကြည့်ရမှာ အရမ်းမကြောက်နဲ့။အရှုံးတွေကို ကန့်သတ်ထား။၈။ ကိုယ်သေသွားရင်တော့ကိုယ့်လိုဝါသနာတူ လူတချို့အတွက်တချို့အရာတွေ ချန်သွားနိုင်ဖို့လိုတယ်။ To live a meaningful life: 1. Understand yourself through self-study.2. Choose a job or career you love.3. Test your limits and capabilities.4. Allocate today’s tasks for the future.5. Don’t do things you
ဘဝကို အဓိပ္ပာယ်ရှိရှိဖြတ်သန်းနိုင်ဖို့ Read More »
ကိုယ့်ဘဝက လုပ်ငန်းအတွက်မဟုတ်ပဲ၊လုပ်ငန်းက ကိုယ့်ဘဝအတွက်ယာဉ်တစ်စီးလိုဖြစ်အောင် ပုံဖော်ပြီးကိုယ်လိုချင်၊ ကိုယ်ဖြတ်သန်းချင်တဲ့ပုံစံအတိုင်း ဘဝကို ဖြတ်သန်းတာကိုဘဝနေထိုင်မှုအသားပေး စွန့်ဦးတီထွင်လို့ခေါ်တယ်။ သူတို့က သူတို့တည်ထောင်တဲ့ကုမ္ပဏီတွေထက် ပိုကြီးတယ်။အတွေးအခေါ် ကောင်းတယ်။ဥာဏလုပ်အား အားသန်တယ်။လွတ်လပ်မှုကို ခုံမင်တယ်။ တခြားသူတွေရဲ့ လက်ခုပ်သံတွေထက်ကိုယ့်နှလုံးသားအသံကို ကိုနားထောင်တယ်။နှလုံးသားခေါ်ဆောင်ရာကို ဖန်တီးတယ်။ကိုယ်ပျော်တဲ့ အလုပ်ကို လုပ်တယ်။ Phyo Paing @ Derek
Lifestyle Entrepreneur Read More »
၂၄ နာရီရှိပေမည့် ဦးနှောက်ရဲ့အလုပ်လုပ်နိုင်စွမ်းရှိတယ်။ အကောင်းဆုံးလုပ်နိုင်တဲ့ဇုန်ကိုGoldilocks Zone လို့ခေါ်တယ်။ တစ်ယောက်နဲ့ တစ်ယောက်မတူဘူး။ ဥာဏလုပ်သားတစ်ယောက်ဆိုရင်ဒီဦးနှောက်ကို ပိုအလုပ်လုပ်နိုင်အောင် စီမံမှုတွေ စနစ်တကျပြုလုပ်ရတယ်။ စာဖတ်တဲ့အခါ မပင်ပန်းဖို့၊ လေ့လာတဲ့အခါ မပင်ပန်းဖို့၊ စဥ်းစားတဲ့အခါ မပင်ပန်းဖို့၊ဆုံးဖြတ်ချက်တွေ ချတဲ့အခါမပင်ပန်းဖို့။ အစားအသောက်၊ လေ့ကျင့်ခန်း၊ဘဝနေထိုင်မှုပုံစံတော်တော်လေး အနေအထိုင်ဆင်ခြင်ရတယ်။ Phyo Paing @ Derek
အကောင်းဆုံးလုပ်နိုင်တဲ့ဇုန်ကို
Goldilocks Zone လို့ခေါ်တယ်။ Read More »
အသက်ကိုခပ်ပြင်းပြင်းလေးနှာခေါင်းနဲ့ရှူသွင်း လေးစက္ကန့်လောက်အောင့်ထားပြီး၊အကုန်ပြန်ရှုထုတ်။သုံး၊ လေးခါ လောက်လုပ်ကြည့်။ တခါတလေ အသက်ရှင်နေတာကိုမေ့နေတတ်တဲ့ အခိုက်အတန့်တွေရှိတတ်တယ်။
မေ့နေတတ်တဲ့ အခိုက်အတန့်တွေရှိတတ်တယ်။ Read More »
ဘဝရှိရင် ခန္ဓာရှိတယ်။ ခန္ဓာရှိရင် တဏှာရှိတယ်။ တဏှာက ဝေဒနာပဲ။ ဝေဒနာကို အဖြေရှာဖို့ဘဝရဲ့ပေးထားတဲ့ ဒေတာတွေကိုနားလည်ဖို့ ပညာရှာကြတယ်။ Phyo Paing @ Derek