marketing

Marketing Game တကယ် ကစားတတ်ပြီလား?

ကျွန်တော်တို့ Marketer တွေမှာunderground community တစ်ခုရှိတယ်။ဒီ Community က တခြားသူတွေနဲ့ မတူဘူး။Investor တွေရဲ့ အကူညီမယူဘူး။ကိုယ့်ရှိတဲ့ အရင်းအနှီးနဲ့လုပ်ငန်းကို စတင်ပြီး အမြန်ကြီးအောင်စရိတ်နည်းပြီး အရှိန်အဟုန်နဲ့ထိရောက်မှုဆပွါးအောင် growth hackingနည်းစနစ်တွေနဲ့ လုပ်ကြတယ်။ ကျွန်တော်တို့ရဲ့ goal ဟာ IPO မဟုတ်ဘူး။ လုပ်ခဲ့တဲ့ လုပ်ငန်းတိုင်းဟာMoney Capital နည်းနည်းနဲ့ပဲ စခဲ့ကြတယ်။Growth hacking နည်းစနစ်တွေကိုအလျှံပယ် ထိထိရောက်ရောက်အသုံးပြုတယ်။လုပ်ငန်းအသစ်စတိုင်း သုညက ပြန်စစရာမလိုဘူး။နည်းစနစ် ၁၈ ခုကို အသုံးပြုပုံကိုအသေးစိတ် ပြောပြသွားမယ်။ Phyo Paing @ Derek

Marketing Game တကယ် ကစားတတ်ပြီလား? Read More »

စျေးကွက်က ဒိုင်လူကြီးပဲ။

သင့်ကုန်ပစ္စည်းဘယ်လောက်ကောင်းတယ်ပြောပြော စျေးကွက်ကလက်မခံရင်သင့်ကုန်စ္စည်း၊ ဝန်ဆောင်မှုအောင်မြင်မှာမဟုတ်ဘူး။သင့် content တွေ ဘယ်လောက်အဆင့်မြင့်တယ်ပြောပြော ဖတ်တဲ့သူတွေအကျိုးမရှိ၊ လက်မခံရင်အောင်မြင်မှာ မဟုတ်ဘူး။ ဘာပွဲမှာ ဘာဆုရရ စျေးကွက်ကလက်မခံရင်အောင်မြင်ဖို့မလွယ်ဘူး။ စျေးကွက်ဆိုတာ ဒိုင်လူကြီးပါ။ Phyo Paing @ Derek

စျေးကွက်က ဒိုင်လူကြီးပဲ။ Read More »

Content Marketing Plan တည်ဆောက်ဖို့ ကိုးဆင့်

Content Marketing စလုပ်တဲ့အခါ နှစ်ခုကို အဓိကစဥ်းစားပါတယ်။ ၁။ ကိုယ့်ရဲ့ Business/Marketing Goals နဲ့ကိုက်သလား?၂။ အချိန်နဲ့ ငွေအနည်းဆုံးနဲ့ အထိရောက်ဆုံးဖြစ်မလား? နောက်အဆင့်ကိုးဆင့်နဲ့ စဥ်းစားပါတယ်။ 1. Theme Content Marketing တည်ဆောက်တဲ့အခါ Content Theme အရင်တည်ဆောက်ပါတယ်။ ဥပမာ ကိုယ့်လုပ်ငန်းက Cosmetics တွေကို Online Shop လုပ်နေတယ်ဆိုရင် ၁။ အလှအပအတွက် ၂။ Celebrity ၃။ Knowledge Corner အစရှိတဲ့ theme တွေခွဲလိုက်လို့ရပါတယ်။ 2. Idea Theme တစ်ခုချင်းစီအတွက် Idea တွေ ပြန်ထုတ်ရပါတယ်။ ဥပမာ Beauty Theme အတွက်ဆို 1. အသားအရည်စိုပြေအောင် 2. အသားဖြူစေတဲ့လူသိနည်းလျို့ဝှက်ချက်

Content Marketing Plan တည်ဆောက်ဖို့ ကိုးဆင့် Read More »

စရိတ်နည်းနည်းနဲ့ Facebook ကြော်ငြာလုပ်ဖို့ အချက် ၈ ချက်

၁။ Video တွေတင်ပါ။ ကိုယ့် Video ကြည့်တဲ့နှုန်းမများရင် Boost လုပ်ပါ။ နောက် ဒီ Video ကို ၂၅% နဲ့အထက် ကြည့်သွားတဲ့သူတွေကို retargeting ပြန်လုပ်ပါ။ ၂။ Lead တွေကို Qualified လုပ်ပါ။ စုံစမ်းမေးမြန်းမှုတွေရောက်လာတိုင်း ဒီစုံစမ်းမေးမြန်းမှုတွေကို category ခွဲပါ။ ဥပမာ ကိုယ်က Business တွေကို service ပေးနေတဲ့သူဆို လုပ်ငန်းအခုမှ စတင်မှလား၊ လုပ်ငန်းစတင်ပြီးသားလား၊ ငါးနှစ်အထက်ရှိနေတဲ့လုပ်ငန်းလား။ နာမည်နဲ့ email ကို excel မှာမှတ် ပြီးရင် retargeting ပြန်လုပ်ပါ။ ၃။ ကိုယ့်ရဲ့ ပေါက်တဲ့ Video နဲ့ Page Like run ပါ။ တချို့အရမ်းပေါက်တဲ့ Video

စရိတ်နည်းနည်းနဲ့ Facebook ကြော်ငြာလုပ်ဖို့ အချက် ၈ ချက် Read More »

ကြော်ငြာတစ်ခု ဘယ်လိုရေးမလဲ?

ကြော်ငြာတစ်ခုရေးတဲ့အခါ အကြမ်းဖျင်း ခြောက်ပိုင်းရှိပါတယ်။ ၁။ ခေါင်းကြီးပိုင်း Headline၂။ နိဒါန်း Introduction ၃။ စာကိုယ် Body၄။ အကူးအပေါင်း Transition၅။ အရောင်း Call to Action ၆။ ရုပ်ထွက် Visual ဒီခြောက်ခုထဲမှာ အရေးအကြီးဆုံးကတော့ ရုပ်ထွက် Visual ဖြစ်ပါတယ်။ ၆၀% အရေးပါပါတယ်။ သုတေသနတွေအရ ကလေးပုံပါရင် လူတွေသတိပိုပြုမိတာ၊ reaction ပုံတွေပါရင် click ပိုနှိပ်တယ်လို့ဆိုကြပါတယ်။ ဒုတိယကတော့ ခေါင်းကြီးပိုင်းပါ။ ခေါင်းကြီးပိုင်းရေးနည်းတွေ အများကြီးရှိပါတယ်။ အလွယ်ကူဆုံးပြောရရင် BWO ပါ။ Benefit without obstracles လို့ခေါ်ပါတယ်။ ဥပမာ Diet Plan ကြော်ငြာတစ်ခုအနေနဲ့ “လေ့ကျင့်ခန်းမလုပ်ပဲ ဝိတ်ကျချင်ပါသလား။” ဒါမျိုးသုံးလို့ရပါတယ်။ ဝိတ်ကျတာက = Benefit,

ကြော်ငြာတစ်ခု ဘယ်လိုရေးမလဲ? Read More »

လိုအပ်တာထက်ပို အထင်ကြီးပြီး
ကိုယ့်ကိုကိုယ် အထင်မသေးလိုက်ပါနဲ့။

ဒီနေ့လို social media ခေတ်မှာ အထင်နဲ့အမြင်က အပြင်နဲ့ကွာနေတတ်တယ်။လူတိုင်းနေရာတိုင်းမှာတော်မှာမဟုတ်ဘူး။ဒါပေမယ့် ဒီနေ့ခေတ်မှာ showmanship ကလူတွေကို အရှိထက်ပိုတော်တယ်လို့ထင်စေတတ်တယ်။ Steve Jobs ပြောသလို သင့်ဘေးမှာရှိတဲ့သူတွေဟာ သင့်လိုပါပဲ။ သင့်ထက်ပိုမတော်ဘူးဆိုတာသိတဲ့အချိန်အရာရာကို သင်ပြောင်းလို့ရတယ်ဆိုတာသိတဲ့အချိန်သင့်ဘဝ စတင်ပြောင်းလဲတယ်တဲ့။အတိအကျတော့မဟုတ်ဘူး။ အဲ့သဘောပဲပြောခဲ့တာ။ လိုအပ်တာထက်ပို အထင်ကြီးပြီးကိုယ့်ကိုကိုယ် အထင်မသေးလိုက်ပါနဲ့။ Phyo Paing @ Derek

လိုအပ်တာထက်ပို အထင်ကြီးပြီး
ကိုယ့်ကိုကိုယ် အထင်မသေးလိုက်ပါနဲ့။
Read More »

Social Media Marketing ကိုစနစ်ချဖို့

သုံးလစာအတွက် တစ်ရက် Video ရိုက်လိုက်တယ်။ လေးရက်တစ်ခါ၊ ငါးရက်တစ်ခါ Video တစ်ခု Facebook Page မှာတင်တယ်။ ဒီ Video တွေကို Tik Tok, Instagram, IGTV, Youtube, တခါတလေ LinkedIn မှာသူနဲ့ ကိုက်ညီတဲ့ Format လုပ်ပြန်တင်တယ်။ လအစမှာ ကြော်ငြာနှစ်ခုလုပ်ထားတယ်။၁၅ ရက်တစ်ခါ အသစ် run တယ်။ အရာရာ automate လုပ်ထားတယ်။ ညနေ Sale ရလဒ်ကြည့်တယ်။ လိုအပ်ရင် Ad ကို adjust လုပ်တယ်။ ကိုယ့် page က video ကို 3 sec viewကြည့်သွားတဲ့သူတွေကို retageting ပြန်လုပ်။ တချို့အရာတွေက နည်းသိရင် အရမ်းပင်ပန်းခံစရာမလိုဘူး။

Social Media Marketing ကိုစနစ်ချဖို့ Read More »

Motivation ဆိုတာ?

ဒူးရင်းသီးမကြိုက်တဲ့သူကို ဒူးရင်းသီးစားဖို့ သေနတ်နဲ့ခေါင်းကိုချိန် စားခိုင်းရင်လုပ်ကောင်းလုပ်လိမ့်မယ်။ ဒါပေမယ့် ရေရှည်ခံမှာ မဟုတ်ဘူး။ Motivation ဆိုတာ စိတ်ကိုနှိုးဆွမှုကို ခေါ်ပါတယ်။ တနည်းအားဖြင့် တစ်ယောက်နဲ့တစ်ယောက် အရာဝတ္ထုတွေအပေါ်မှာ ဖြစ်ပေါ်တဲ့ Motivation မတူပါဘူး။ တချို့လူတွေအဖို့ တက်ကျမ်းတွေဖတ်ဖို့ လွယ်ကူနေပေမယ့် ဝတ္ထုတွေဖတ်ဖို့ Motivation ရချင်မှ ရပါမယ်။ လွန်ခဲ့တဲ့ နှစ်နှစ်သုံးနှစ်က Motivation အခြေခံက Pain & Pleasure လို့ရေးခဲ့ဖူးပေမယ့် နောက် အရေးအကြီးဆုံး P တစ်လုံးကို မိတ်ဆက်ပေးပါရစေ။ ဒါကို Perception လို့ခေါ်ပါတယ်။ အထင်အမြင်ပါ။ Gym သွားဖို့ ပျင်းတဲ့လူတစ်ယောက်နဲ့ Gym သွားရတာပျော်တဲ့သူတစ်ယောက်မှာ ကွာခြားတဲ့ Perception အထင်အမြင်တွေရှိပါတယ်။ ဒါတွေဟာ Neuro-Association လို့ခေါ်တဲ့ ဦးနှောက်မှာရှိတဲ့ Dendrite လေးတွေရဲ့

Motivation ဆိုတာ? Read More »

Marketing လုပ်တဲ့အခါ

Marketing လုပ်တဲ့အခါ ရိုးသားမှုအရေးကြီးတယ်။ လူတွေ စိတ်၀င်စားရင်ပြီးရော အဆင်မပြေဘူး။ Marketing ဆိုတာ ကောင်းမွန်တဲ့ အပြောင်းအလဲတွေအတွက် ဖြစ်ရမယ်။ Phyo Paing @ Derek

Marketing လုပ်တဲ့အခါ Read More »

မွဲဆေး Vs ငွေကြေးလွတ်မြောက်မှု

စီးပွားရေးမလုပ်ဖူးပဲ ပထမဆုံး စီးပွားရေးကို အတိုးယူပြီးလုပ်တယ်ဆိုတာ မွဲဆေးဖော်တာနဲ့ အတူတူပါပဲ။ ဒီနေ့ခေတ် သိန်း ၅၀-၁၀၀-၂၀၀ နဲ့ လုပ်လို့ရတာ များများစားစားမရှိပါဘူး။ ဒီတော့ ကိုယ်ထူကိုယ်ထ လူငယ်တွေအနေနဲ့ ပထမဆုံးမေးရမှာ “သိန်း ဘယ်လောက်ဘယ်လောက်ရှိတယ်။ ဘာလုပ်မရလဲ မသိဘူး” ဆိုတဲ့မေးခွန်းမဟုတ်ပါဘူး။ မေးရမည့်မေးခွန်းက “ငါ့အနေနဲ့ High Income Skill” ရှိပြီလား။ “ငါဘယ်အပိုင်းမှာ ကျွမ်းကျင်အောင်လုပ်မလဲ” ဒီမေးခွန်းကို အဓိကမေးရမှာဖြစ်ပါတယ်။ High Income Skill တွေထဲမှာ အရောင်းပညာ၊ ဒီဂျစ်တယ်မားကတ်တင်းပညာ၊ လူရှေ့သူရှေ့မှာ ဟောပြောနည်းအတတ်ပညာ၊ ကြော်ငြာရေးနည်းအတတ်ပညာ၊ Design အတတ်ပညာ၊ တခြားသူကို ပြန်သင်ပေးနိုင်တဲ့အတတ်ပညာ အစရှိတာတွေပါဝင်ပါတယ်။ ပထမဆုံး ဒီ High Income Skills တစ်ခုခုကိုရှိအောင် အရင်လုပ်ရမှာဖြစ်ပါတယ်။ ဒုတိယအဆင့်က ဒီ Skill

မွဲဆေး Vs ငွေကြေးလွတ်မြောက်မှု Read More »