marketing

တကယ်လို့ မားကတ်တင်းပညာသာ
မလေ့လာဖြစ်ခဲ့ရင်

တကယ်လို့ မားကတ်တင်းပညာသာမလေ့လာဖြစ်ခဲ့ရင်သမိုင်းပေးတာဝန်ဖြစ်တဲ့လူသားတွေရဲ့ ဘဝကိုပညာရေးနဲ့ နည်းပညာအသုံးပြုအပြောင်းအလဲ လုပ်မယ်ဆိုတဲ့သမိုင်းပေးတာဝန်ဟာနီးမလိုနဲ့ ဝေးနေအုံးမယ်။ #GMC #Sapwar

တကယ်လို့ မားကတ်တင်းပညာသာ
မလေ့လာဖြစ်ခဲ့ရင်
Read More »

M သုံးလုံး

Mastery, Marketing နဲ့ Managementဒီသုံးခု ကတော့ လက်ကိုင်ထားတဲ့M သုံးလုံးပဲ။ အလုပ်တစ်ခုမှာ တစ်ဖက်ကမ်းခပ်ကျွမ်းကျင်ရမယ်။ ကိုယ့်အိုင်ဒီယာကို လူတွေ လက်ခံပြီးအမာခံ ပရိသတ်တွေ တည်ဆောက်နိုင်ရမယ်။ ကိုယ်ဖန်တီးမှုတွေ၊ ကုန်ပစ္စည်း၊ ဝန်ဆောင်မှုတွေဟာ ကိုယ်မရှိတော့သည့်တိုင် လည်ပတ်ပြီးအထာကျကျသွားနေဖို့ စီမံခန့်ခွဲမှုလိုတယ်။ #GMC #Sapwar

M သုံးလုံး Read More »

ကိုယ့်ဖောက်သည်ကို နားလည်ဖို့။

မားကတ်တင်းမှာ အရေးအကြီးဆုံးကကိုယ့်ဖောက်သည်ကို နားလည်ဖို့။တိုးတက်ရေးမှာ အရေးအကြီးဆုံးကကိုယ့်ကိုကိုယ် နားလည်ဖို့။ အချစ်ရေးမှာ အရေးကြီးတာ တစ်ဖက်လူကို နားလည်ဖို့။ ဝန်ထမ်းအုပ်ချုပ်ရေးမှာ အရေးကြီးတာကိုယ့်ဝန်ထမ်းတွေကို နားလည်ဖို့။ Phyo Paing @ Derek

ကိုယ့်ဖောက်သည်ကို နားလည်ဖို့။ Read More »

အဆင့်မြင့်မားကတ်တင်းဆိုတာ
ဘိတ်သိတ်ပညာပဲ။

ငညံ့ မားကတ်တင်းသမားကတင်ချင်တာ တင်တယ်။ သာမာန်မားကတ်တင်းသမားကလူတွေစိတ်ဝင်စားမယ်ထင်တာတင်တယ်။ ငဂျွတ်မားကတ်တင်းသမားကကိုယ်တင်တာ လူတွေစိတ်ဝင်စားအောင်လုပ်တယ်။ အဆင့်မြင့်မားကတ်တင်းဆိုတာ ဘိတ်သိတ်ပညာပဲ။ မားကတ်တင်းဆိုတာ ကုန်ပစ္စည်းတွေပြိုင်တာမဟုတ်။အထင်အမြင်ကိုလွမ်းမိုးမှုပြိုင်ပွဲဖြစ်တယ်။ အိုင်ဒီယာတွေ ပြန့်အောင်လုပ်တာမားကတ်တင်း အတတ်ပညာ။ အိုင်ဒီယာတွေကို ကိုးကွယ်အောင်လုပ်တာဘိတ်သိတ်ခြင်းအနုပညာ။ ဆေးအောင်တဲ့ အိုင်ဒီယာတွေထွက်ပေါ်လာဖို့ မတူညီတဲ့အိုင်ဒီယာတွေကိုပေါင်းစပ်ဓာတ်ပြုဖို့လိုတယ်။ဒီလို ပေါင်းစပ်ဓာတ်ပြုတာကိုအိုင်ဒီယာ ဖိုထိုးတယ်လို့ခေါ်တယ်။ အိုင်ဒီယာဖိုထိုးအောင်မြင်သွားတာကိုဘိတ်သိတ်ခြင်းအတတ်ပညာနဲ့ပေါင်းစပ်ဘဝတွေကို အပြောင်းအလဲလုပ်မြှင့်တင်ပေးတယ်။ Phyo Paing @ Derek

အဆင့်မြင့်မားကတ်တင်းဆိုတာ
ဘိတ်သိတ်ပညာပဲ။
Read More »

စဥ်းစားပုံ၊ စဥ်းစားနည်း

၁။ Lateral Thinkingဖြာထွက် စဥ်းစားခြင်း၂။ Critical Thinkingစဥ်းစားမှုအပိုင်းမှာ ယုတ္တိကျမကျအမှာရှာခြင်း၃။ First Principle Thinkingကိုယ့်ယူဆချက်တွေ အားလုံးကိုမေးခွန်းထုတ်ပြီးပြဿနာကို အစက ပြန်လည်ဖြေရှင်းခြင်း၄။ Systems Thinkingစနစ်တစ်ခုအနေနဲ့ ချိပ်ဆက်ပြီးစဥ်းစားခြင်း၅။ Abstract Thinkingပြဿနာကို အဓိပ္ပာယ်တစ်ခုပေးပြီးမလိုအပ်တာတွေကို ဖယ်ထုတ်အယူအဆတစ်ခုဖန်တီးပြီးစဥ်းစားခြင်း၆။ Associative Thinkingဆက်စပ်စဥ်းစားခြင်း၇။ Analytical Thinkingခွဲခြမ်းစိတ်ဖြာစဥ်းစားခြင်း ဆရာဝန်တစ်ယောက်အနေနဲ့လူနာတဲ့တွေ့တဲ့အခါအထင်အမြင်နဲ့ ဆေးကုလို့မရဘူး။သတင်းအချက်အလက်တတ်နိုင်အမျှ အကုန်ယူရတယ်။မေးရတယ်။ကြည့်ရတယ်။စမ်းရတယ်။​ဒီ မေးကြည့်စမ်းလုပ်တာကိုHistory taking, Observing signs and symptoms,Physical examination လို့ခေါ်တယ်။ ပြီးရင် အရင်းအမြစ်ရှာခြင်းRoot cause analysis ကိုလုပ်ဖို့Analytical thinking ဆွဲခြမ်းစိတ်ဖြာစဥ်းစားခြင်းလုပ်ရတယ်။​ ဥပမာ ဗိုက်ရဲ့ ချက်အလယ်တည့်တည့်နာတယ်ဆိုပါတော့။​လေနာတာ ဆိုပြီး အလွယ်မပြောလိုက်ပဲ။မေးခွန်းတွေမေးရတယ်။​ဘယ်လိုနာသလဲ၊​ တစ်ခုတည်းနာသလား၊တစ်ပြင်လုံးနာသလား၊ နာတာက ပေါ်လိုက်ပျောက်လိုက်မလား၊ အမြဲနာနေသလား၊အတွင်းထဲကနာသလား၊ အပြင်ကနာသလား၊ဘယ်လိုလုပ်လိုက်ရင် ပျောက်သွားသလဲ၊ဘယ်လိုလုပ်လိုက်ရင် ပိုနာသလဲအစရှိတဲ့ မေးခွန်းတွေ

စဥ်းစားပုံ၊ စဥ်းစားနည်း Read More »

အောင်မြင်တဲ့ အဖွဲ့အစည်းတိုင်းဟာ
Marketing နဲ့ Management ကောင်းကြတယ်။

ဒီနှစ်ခုက leverage ကုတ်အားကန်အားယူလို့ရတဲ့ကျွမ်းကျင်မှုနှစ်မျိုးဖြစ်တယ်။ Marketing ကောင်းရင်ကိုယ်ပေးချင်တဲ့ မက်ဆေ့ကို လူအများအများသိအောင် လုပ်ဆောင်နိုင်တယ်။ Management ကောင်းရင်လူအများကြီးအသုံးပြုပြီးကိုယ့်လုပ်ငန်းရည်မှန်းချက်ပန်းတိုင်ရောက်အောင်မြန်မြန် လုပ်နိုင်တယ်။ ဒါပေမယ့် ဒီနှစ်ခုစလုံးကျွမ်းကျင်ဖို့ဆိုတာ တော်တော်လေးမလွယ်ဘူး။ဘာကြောင့်လဲဆိုတော့ ပုံစံမတူလို့။ Marketing က ဖန်တီးမှု Creativity ကိုအသားပေးတယ်။မတူညီတဲ့ အိုင်ဒီယာတွေကို ပေါင်းစပ်ပြီးဘိတ်သိတ်ဖို့ ဘိတ်သုကာပညာအမြင်ပြောင်း အတတ်ပညာတစ်ခုပဲ။ Management ကျတော့Control လို့ခေါ်တဲ့ ထိန်းချုပ်မှုအသားပေး။ အတိတ်ကိုကြည့်ပြီး ထိန်းချုပ်မှုကိုသွားတယ်။ သတ်မှတ်ထားတဲ့ စည်းနဲ့ဘောင်နဲ့အတွင်းမှာပြီးအောင် မူဝါဒတွေ၊ လုပ်ငန်းစဥ်တွေနဲ့သွားတယ်။ ဒါကြောင့် ကုမ္ပဏီကြီးတွေက သူတို့ မားကတ်တင်း ကုမ္ပဏီတွင်း in-house အပြင်အပြင် ကျွမ်းကျင် agency တွေနဲ့ အလုပ်လုပ်ကြတာသိကြလိမ့်မယ်။ ကိုယ့်လုပ်ငန်းမှာ အောင်မြင်ဖို့ ကျွမ်းကျင်မှုတွေ အများကြီးလိုတယ်။အဲ့ထဲမှာ ကျွန်တော်စဥ်းစားမိတဲ့scale ချဲ့ထွင်လို့ရတဲ့leverage အသုံးချလို့ရတဲ့ ကျွမ်းကျင်မှုကMarketing နဲ့ Management

အောင်မြင်တဲ့ အဖွဲ့အစည်းတိုင်းဟာ
Marketing နဲ့ Management ကောင်းကြတယ်။
Read More »

မားကတ်တင်းဆိုတာ

လူတွေကို ဒုက္ခအပေးဆုံးကတခြားသူတွေရဲ့ အထင်အမြင်။ ကံကောင်းချင်တော့ ကိုယ်က အထင်အမြင်ပြောင်းအလုပ်ဖြစ်တဲ့ marketing လုပ်နေရတာပဲ။ မားကတ်တင်းဆိုတာ “အထင်အမြင်ပြောင်းပညာ”။ Phyo Paing @ Derek

မားကတ်တင်းဆိုတာ Read More »

အိပ်နေလဲ ငွေဝင်တဲ့လုပ်ငန်း
တည်ဆောက်ထားဖို့လိုတယ်။

မားကတ်တင်းသမားဆိုတာ ဘိတ်သိတ်ဆရာပဲ။ကိုယ်ယုံကြည်တာလူတွေယုံကြည်လာအောင်သိမ်းသွင်းရတာပဲ။ကိုယ်ကိုးကွယ်တာကိုတခြားသူတွေကိုးကွယ်အောင်လုပ်ရတာမျိုး။ ကျွန်တော်ယုံကြည်တာမွေးတဲ့အတိုင်းသေလို့မဖြစ်ဘူး။လူတွေမမှတ်မိအောင်တိုးတက်ပြောင်းလဲဖို့လိုတယ်။ စီးပွါးရေးလုပ်တဲ့အခါလုပ်ငန်းက ကိုယ့်ကိုခိုင်းတာမဟုတ်ပဲကိုယ်ကလုပ်ငန်းကိုခိုင်းနိုင်ဖို့ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေတည်ဆောက်နိုင်ဖို့လိုတယ်။ ဒီနေ့လို အိုင်တီနည်းပညာခေတ်မှာနည်းပညာစွမ်းပကားအသုံးပြုအိပ်နေလဲ ငွေဝင်တဲ့လုပ်ငန်းတည်ဆောက်ထားဖို့လိုတယ်။ Phyo Paing @ Derek

အိပ်နေလဲ ငွေဝင်တဲ့လုပ်ငန်း
တည်ဆောက်ထားဖို့လိုတယ်။
Read More »

ဒဲရစ်မားကတ်တင်း

၁။ မယူခင်အရင်ပေးပါ။ (reciprocity)၂။ တစ်ကွက်ကောင်းရှိပါစေ။ (preposition USP)၃။ အတွေးအခေါ်ရှိပါစေ။ (a brand with an opinion)၄။ လူတိုင်းကို ရောင်းဖို့မကြိုးစားပါနဲ့။ (choose your customers)၅။ နေ့တိုင်းစမ်းသပ်မှုလုပ်ပါ။ (always be testing)၆။ နည်း+ပညာ = နည်းပညာကို အသုံးပြုပါ။ (technology-driven)၇။ ကိုယ့်ဖော်မြူလာကိုယ်သိ။ (winning formula & CSF)၈။ စိတ်ခံစားမှုကူးစက်အောင်လုပ်ပါ။ (emotional contagion)၉။ အဟောင်းကြီးတွေကို ထားခဲ့လိုက်။ (innovation)၁၀။ ကိုယ့်ကိုကိုယ်မပြင်ရင် သူများပြင်တာခံလိုက်ရမယ်။ (carnivalization)၁၁။ အရင်လိုဆိုတဲ့စကားလုံးကိုမေ့လိုက်။ (rejuvenation)၁၂။ အရေးကြီးတာအရင်လုပ်။ (priority)၁၃။ စိတ်ကြီးဝင်အောင်လုပ်။ (pride)၁၄။ ဘုံရန်သူသတ်မှတ်ပါ။ (pick a fight)၁၅။ ဆရာကျပါစေ။ (expert power)၁၆။ ပြန့်အောင်လုပ်။ (those

ဒဲရစ်မားကတ်တင်း Read More »