marketing

ငွေရှာဖို့ Marketing နဲ့ Management
အရေးကြီးတယ်

သိန်းတစ်ထောင်ကို နှစ်ထောင်တစ်သောင်းကို နှစ်သောင်းပွားနိုင်ပြီးမြန်မြန်ပွားနိုင်တဲ့ ကျွမ်းကျင်မှုရှိလေလေပိုကောင်းလေလေပဲ။ ဒီလိုလုပ်ဖို့ တခြားသူတွေရဲ့အချိန်နဲ့ ကျွမ်းကျင်မှုကို အသုံးချနိုင်ဖို့လိုတယ်။ ဒီအဆင့်ကျွမ်းကျင်သွားရင်တခြားသူတွေရဲ့ ငွေကိုပါပွားပေးပြီးရာခိုင်နှုန်းယူလို့ရပြီ။ ဒါကြောင့် Other People’s Time, Other People’s Experience,Other People’s Money ကို အသုံးချနိုင်ဖို့ စီမံခန့်ခွဲမှုတို့၊မားကတ်တင်းတို့၊ မဟာဗျူဟာတို့လေ့လာခဲ့တာပဲ။ ခုထိသင်ယူနေတုန်း။ စီမံခန့်ခွဲမှုဆိုတာ ဒိုရေမီဖာလိုပဲ။ အခြေခံကျတဲ့ သင်ခန်းစာသင်ပြီးစီမံခန့်ခွဲတဲ့ စွမ်းရည်ကတော့ ကိုယ်နဲ့ပဲ ဆိုင်တယ်။ တရုတ်နယ်မြို့လေးက supermarket လည်ပတ်ပုံကြည့်လိမ့်ရင်ဒီကောင်တွေရဲ့ စွမ်းဆောင်ရည်ဘယ်လောက်တိုးတက်လာလဲတွေ့လိမ့်မယ်။ အလောင်းအစားလုပ်တာတောင်ဒိုင်ပဲနောက်ဆုံးနိုင်တာဒါကလဲ စီမံခန့်ခွဲမှုနဲ့ statistics ပဲ။ ငွေရှာဖို့ Marketing နဲ့ Management အရေးကြီးတယ် အားတီ၊ အားမေတို့။ Phyo Paing @ Derek

ငွေရှာဖို့ Marketing နဲ့ Management
အရေးကြီးတယ်
Read More »

Marketing ပြီးရင်
ဆရာကျရမည့်အရာက Management

ကိုယ်ပေးချင်တဲ့ message ကို လူသန်းချီတွေ့အောင်လုပ်နိုင်တာ၊ကိုယ်လိုချင်တဲ့ရလဒ်ရအောင်လူထောင်၊ သောင်းချီကို အုပ်ချုပ်နိုင်တာဒါက ပါဝါတစ်ခုပဲ။ ဒါကို leverage လို့ခေါ်တယ်။ ဘယ်လောက်တော်တဲ့သူတစ်ယောက်ဖြစ်ဖြစ်တစ်ယောက်အားနဲ့ ပိရမစ်ကို မတည်ဆောက်နိုင်ဘူး။ ကြီးမားတဲ့ project တစ်ခုလုပ်ဖို့ လူတွေကို စီမံခန့်ခွဲနိုင်ဖို့လိုတယ်။ ဒါကြောင့် marketing ပြီးရင်ဆရာကျရမည့်အရာက management လို့ထင်တယ်။ Phyo Paing @ Derek

Marketing ပြီးရင်
ဆရာကျရမည့်အရာက Management
Read More »

ဒီနေ့ခေတ်က ကြီးတဲ့ငါးက
ငယ်တဲ့ငါးစားတာမဟုတ်ဘူး
မြန်တဲ့ငါးက ကြီးတဲ့ငါးကိုစားတာဆိုတာ
ကြားဖူးလိမ့်မယ်။

အားချန့်နင်က မားကတ်တင်းဆရာကြီးလုပ်နေပြီး ငါ့ကိုလဲဘာလုပ်ရမလဲ အကြံပေးအုံး။ ထုံးစံအတိုင်း ကိုယ့်အမေက ကိုယ့်ကိုရစ်ပြီ။ 7P တွေ၊ STP တွေပြောနေရင်တိုင်ပတ်နေအုံးမယ်။ ဒါကြောင့် တစ်ခုပဲပြောလိုက်တယ်။ “ဘာလုပ်လုပ်တင်” လို့။ LOL ထမင်စားလဲ တင်၊ ရေသောက်လဲ တင်၊ စျေးရောင်းလဲ တင်၊ ဖောက်သည်လာလဲ တင်။ တချို့တွေ Boost ဆိုတာ ဘာလဲမသိတင်ချင်တာတွေ တင်ပြီး အလုပ်ဖြစ်နေတာ အများကြီးပဲ။ တချို့ Influencer တွေဆို Boost မလုပ်ဖူးတာမှ အများကြီး။ ဟဲ့ ငါတင်တာတွေ သူများကပြောရင်ဘယ်လို လုပ်မလဲတဲ့။Post now, edit later လို့၊တင်ပြီးမှ ပြင်လို့။ သတင်းစာတိုက်တွေတောင်သတင်းတစ်ခုတက်လာရင် အရင်တင်ပြီး မှားရင်မှားကြောင်းပြန်တင်တာလို့။ ဒီနေ့ခေတ်က ကြီးတဲ့ငါးက ငယ်တဲ့ငါးစားတာမဟုတ်ဘူးမြန်တဲ့ငါးက ကြီးတဲ့ငါးကိုစားတာဆိုတာကြားဖူးလိမ့်မယ်။ ဒါကတော့ ကျွန်တော်ပေးနေကျMarketing

ဒီနေ့ခေတ်က ကြီးတဲ့ငါးက
ငယ်တဲ့ငါးစားတာမဟုတ်ဘူး
မြန်တဲ့ငါးက ကြီးတဲ့ငါးကိုစားတာဆိုတာ
ကြားဖူးလိမ့်မယ်။
Read More »

မားကတ်တင်းမှာ Riches in Niches ဆိုတာသုံးကြတယ်။

အမြတ်ငွေများများရချင်ရင်လူတွေဖြေရှင်းမှုနည်းတဲ့ အမြတ်များတဲ့ပြဿနာကိုဖြေရှင်း။ လူတွေဖြေရှင်းဖို့ ကျော်သွားတဲ့ စျေးကွက် (niches)ဆိုတာ ဥပမာ ယောဂဆို ဗိုက်ကြီးသည်တွေအတွက် ယောဂ အဓိကသင်တာမျိုးလုပ်တဲ့အခါသာမာန်ထက် ပို ယူလို့ရတာမျိုး။ယူနီဖောင်းရောင်းတာကို လေကျောင်းလိုင်းယူနီးဖောင်းအတွက်ကိုပဲ သီးသန့်လုပ်တာမျိုး။ကျောက်ရောင်းတာကို မိုးကုတ်ကျောက်တစ်မျိုးပဲ သီးသန့်လုပ်တာမျိုး။ ဒါကို Crazy Egg တို့၊ Kissmetrics တို့လို Product တွေထုတ်နေတဲ့ Neil Patel လို Digital Marketing ဆရာကြီးကRiches are not in the niches တဲ့။Mass market လူသုံးများတဲ့ စျေးကွက်ကိုသွားတဲ့။ ဒါကို Business Philosophy လို့ခေါ်တယ်။Customer is always right နဲ့Choose your clients, choose your futureဘူစတာမာ( ဘူကောင်ဖောက်သည် Bustomer)တွေကို

မားကတ်တင်းမှာ Riches in Niches ဆိုတာသုံးကြတယ်။ Read More »

Social psychology နဲ့
Social Neuroscience နဲ့မတူဘူး

လူတွေက တစ်ယောက်တည်းနေတာနဲ့ အများကြားနေတာနဲ့တောင်ပုံစံမတူဘူး။ အိမ်မှာတစ်ယောက်တည်းနေရင်ပြုမူတဲ့ပုံစံတစ်မျိုး။အမျိုးတွေနဲ့ တွေ့ရင်တစ်မျိုး။သူငယ်ချင်းတွေနဲ့တွေ့ရင်တစ်မျိုး။ မင်္ဂလာဆောင်သွားရင်တစ်မျိုး။ Club သွားရင်တစ်မျိုး။ လူတွေဟာ တစ်ယောက်ထဲနေတဲ့အချိန်နဲ့Group အလိုက်နေတဲ့အချိန်ကွာတယ်။ ဒါကြောင့် Social psychology နဲ့ Social Neuroscience နဲ့မဘူဘူး။ Neurobiology မှာက ဦးနှောက်မှာရှိတဲ့motor neuron တွေ၊ mirror neuron နဲ့ frontal, parietal, occipital, temporal lobe ဘယ်လိုအလုပ်လုပ်သလဲ လေ့လာပြီးSocial Psychology က လူတွေက ဘယ်လို အခြေအနေမျိုးမှာ ဘယ်လိုပြုမူတယ်ဆိုတာ social lab ကြီးထဲမှာလေ့လာတာဖြစ်တယ်။ ကမ္ဘာကျော်စမ်းသပ်မှုကြီးဖြစ်တဲ့ Professor Zimbardo ဦဆောင်တဲ့ Stanford Prison Experiment မှာဆို လူတွေဟာ အာဏာကို လိုက်နာမှုobedience နဲ့ group

Social psychology နဲ့
Social Neuroscience နဲ့မတူဘူး
Read More »

Marketing သမားမဟုတ်ရင်
ဒါမဖတ်နဲ့နော်။

ဗျူဟာက ကြော်ငြာခေါင်းကြီးပိုင်းကိုဘယ်လိုလေးရေးမယ်။ကြော်ငြာဘယ်လိုလေးရေးမယ်။ ရက် ၃၀ မကြိုက်ရင် ပြန်ပေးငွေပြန်အမ်းမယ်။ကလေးမျက်နှာပါရင် လူတွေEngagement ပိုကောင်းတယ်။Free, Sex, For You, Now,New, Easy, Fast, Betterဒီစကားလုံးတွေပါရင်လူတွေ click ပိုနှိပ်တယ်။ Video တင် နောက် 25% ကြည့်တဲ့သူကိုRetargeting လုပ်၊ Meta Pixel Tracking လုပ်ဒါတွေက Baby steps တွေ။ Live လွင့်ရင် ကြည့်တဲ့သူများအောင်ဘယ်လိုပြော၊ ဟိုလိုပြော။ပစ္စည်းတွေ ကုန်တော့မယ်၊စာရင်းပိတ်တော့မယ်။ဝယ်တဲ့သူတွေက ဘယ်လောက်တောင်စိတ်ချမ်းသာသာကြည့်။ဒါတွေလူတိုင်းလုပ်နေတော့လူတွေက ရိုးလာပြီ။ တကယ်အရေးကြီးတာ မားကတ်တင်းရဲ့မဟာဗျူဟာ။ကိုယ်ဘာအတွက် ရပ်တည်တယ်။ဘယ်လိုမဟာဗျူဟာနဲ့ငါးနှစ်အတွင်း စျေးကွက်မှာပုံစံတူ၊ လုပ်ငန်းတူတွေကိုသုံးလေးငါးနှစ်မှာ ချန်ခဲ့ဖို့မဟာဗျူဟာ အရေးကြီးတယ်။ ဗျူဟာဆိုတာ ဆိုက္ကားဆရာတွေထဲမှာအမြန်ဆုံး ဆိုက္ကားဆရာဖြစ်အောင်လုပ်တာ။မဟာဗျူဟာက ကိုယ်သွားချင်တဲ့လမ်းကြောင်းကိုလူတွေမမြင်တဲ့ 🚗 vehicle နဲ့သွားတာ။ ကိုယ်က boost လုပ်နည်းသင်နေတုန်းကိုယ့်လုပ်ငန်းတူတွေက ငွေသုံးစရာမလိုပဲဝက်ဝက်ကွဲရောင်းနေရတယ်။

Marketing သမားမဟုတ်ရင်
ဒါမဖတ်နဲ့နော်။
Read More »

မားကတ်တင်းဆိုတာကတော့

ကိုယ့် ကုမ္ပဏီ၊ ကိုယ့်လုပ်ငန်းအကြောင်းကိုယ်သိစေချင်တဲ့လူတွေသိပြီးကြွေအောင် ထုတ်ဖော်ပြသပေးတဲ့လုပ်ငန်းစဥ်ပဲ။ တချို့က ကြွေအောင်အရင်မလုပ်ပဲရေဆာနေချိန် ရေရောင်းဖို့စဥ်းစားကြတယ်။ဒါက စျေးကွက်လိုအပ်ချက်အရမ်းကောင်းနေတဲ့အချိန်အဆင်ပြေနိုင်တယ်။ဒါပေမယ့် ရေရှည်အတွက်ကတော့raving fans တည်ဆောက်ဖို့လိုတယ်။ ဒီနေ့ခေတ် တစ်ကမ္ဘာလုံးကလဲFans Economy ပိုင်းကိုသွားနေတယ်။ ကုန်ပစ္စည်းထုတ်လုပ်နေဆိုတာတဖြည်းဖြည်းနဲ့ commodity ဆန်လာတယ်။ထုတ်လုပ်တဲ့သူက စားသုံးနိုင်တာထက်ပိုထုတ်နိုင်တဲ့ အဆင့်တဖြည်းဖြည်းရောက်လာတယ်။ ဒီတော့ branding နဲ့ marketing ကအရင်ကထက် ပိုအရေးကြီးလာတယ်။ Phyo Paing @ Derek

မားကတ်တင်းဆိုတာကတော့ Read More »

အခု ပြဿနာပဲ မဖြေရှင်းနဲ့

2014 က $13 လောက်ကြော်ငြာရင်ကိုဖုန်း အလုံး ၁၀၀ လောက် ရောင်းရတယ်။2017 မှာကျတော့ $73 လောက်ကြော်ငြာရင်သင်တန်းသား အယောက် ၁၂၀ ရတယ်။2019 မှာ $100 ကြော်ငြာရင် သင်တန်းသား အယောက် ၁၀၀ ရတယ်။ အရင် paid ad marketer လိုပဲစဥ်းစားတယ်။$1 ထည့်တိုင်း ဘယ်လောက် ပြန်ရှာပေးမလဲ။ ဒီအတိုင်းလုပ်လာတာ သုံးခဲ့တဲ့ငွေက$150,000 ကျော်လောက်ရှိတယ်။ ဒီငွေအကုန်လုံးက Facebook က ရတာတွေပဲ။အဲ့တုန်းက Social Media တွေကိုမြင်တာငွေရိုက်စက်ပေါ့။ အဲ့ဒီအချိန်မှာစဥ်းစားမိတယ်။ဒီ ROAS က တဖြည်းဖြည်းကျလာမှာပဲ။ Return On Ad Spent က စျေးကွက်ထဲမှာ ရှိတဲ့ noise တွေကြားမှာကိုယ့် message က voice

အခု ပြဿနာပဲ မဖြေရှင်းနဲ့ Read More »

Website လုပ်လိုက်တာနဲ့
လူတွေ လာဝယ်မယ်ထင်တတ်ကြတယ်။

Website ပေါ်မှာ ဒီအတိုင်းလာဝယ်ဖို့က consumer buying behavior ကိုကြည့်ရတယ်။စိန်ရွှေရတနာ၊ IT ပစ္စည်း၊ lifestyle productမတူနိုင်ဘူး။ အရင် ၂၀၁၆၊ ၂၀၁၇ လောက်က ဖုန်းခေါ်ရင် သိပ်ကိစ္စမရှိပေမယ့် ဆိုင်တစ်ဆိုင်သွားလို့ ဖုန်းနံပတ်ပေးခဲ့မိပြီးဖုန်းပြန်ဆက် follow-up လုပ်တဲ့အခါတော်တော် annoy ဖြစ်တယ်။ တစ်ခုခုမေးလိုက်လို့ ဖုန်းဆက်ပြန်ရှင်းပြမယ်ဆိုလဲတော်တော် လေးအဆင်မပြေဘူး။ အိမ်ခြံမြေလို ကိစ္စတို့၊ ကားတို့လို စျေးကြီးတဲ့ ကုန်ပစ္စည်းတွေဆို ကိစ္စမရှိပေမယ့်သေးသေးတောတော ဝယ်ယူမှုအတွက်ကအကုန်လုံး messenger လောက်မှပြီးချင်ကြတယ်။ Website တစ်ခုရှိရုံနဲ့လဲ လူတွေမလာဘူး။ ဒီ website ကို launch လုပ်တာ၊ post-launch နဲ့ လိုအပ်ရင် ပြန်လည်ပြင်ဆင်ရတာတွေလုပ်ရတာမျိုးရှိတယ်။ ဘယ်ခလုပ်ကိုတော့ လူတွေအနှိပ်များတယ်။ ဒါကိုသိဖို့ ဥပမာ hotjar လိုမျိုး tool နဲ့ကြည့်ပြန်သုံးသပ်ရသလို၊

Website လုပ်လိုက်တာနဲ့
လူတွေ လာဝယ်မယ်ထင်တတ်ကြတယ်။
Read More »

Marketing ဆိုတာ ရင်းနှီးမြုပ်နှံမှုတစ်ခုပဲ။

နေ့တိုင်း စာရေးတယ်။ ဒါကို content marketing လို့ခေါ်တယ်။ဆယ်စုနှစ်ဝက်တစ်ခုကျော်လောက် ပုံမှန်လုပ်လာတော့ ကိုယ့်အတွေးနဲ့တူတဲ့ လူလက်ခံမှု တစ်ခုရလာတယ်။ ကိုယ့်ကို လူသိလာတယ်။သဘောကျတဲ့သူတစ်ချို့ရှိလာတယ်။ယုံကြည်တဲ့သူတစ်ချို့ရှိလာတယ်။ကိုယ်လုပ်တဲ့ လုပ်ငန်းနယ်ပယ်မှာလွမ်းမိုးမှုတစ်ခု တည်ဆောက်လို့ရလာတယ်။ မားကတ်တင်းဆိုတာ အဲ့လိုပဲ။ ရင်းနှီးမြုပ်နှံမှုတစ်ခု။ relationship တည်ဆောက်ရေးဖြစ်စဉ်။အခု ရေတွင်းတူအခုရေကြည်သောက်ချင်ရင်ချက်ချင်း အမြတ်ငွေတော့ရကောင်းရလိမ့်မယ်။ ကျွန်တော်တို့ တည်ဆောက်နေတာ တစ်လ၊ နှစ်လ ရမည့် အမြတ်မှမဟုတ်တာ။သေတဲ့အထိ စီးပွါးရေးလုပ်လို့ရမည့်ယုံကြည်မှု တည်ဆောက်နေတာ။ ယုံကြည်ရင် အရမ်းပြောရောင်းနေစရာမလိုဘူး။ကိုယ့်ကို ချည်းကပ်လာဝယ်လိမ့်မယ်။ လောက ကြီးကို မြင်တဲ့အမြင်လိုတယ်။ ကျွန်တော့်အတွက် ချက်ချင်းငွေမလိုသေးဘူး။desperate လဲမဖြစ်ဘူး။ချက်ချင်းကြီး hype ဖြစ်သွားစရာလဲမလိုဘူး။ဖြေးဖြေးမှန်မှန်ပေါ့။ ကိုယ်အသက်ရှင်နေသမျှ ငွေရှာရမခက်ဘူးလို့အကြွင်းမဲ့ယုံကြည်ထားတယ်။ Marketing ဆိုတာ ရေရှည် game တစ်ခုပဲ။ကျွန်တော်က နွားမ နို့ညစ်နေတာမဟုတ်ဘူး။Brand and Business တည်ဆောက်နေတာ။ ဆယ်နှစ်၊ နှစ်နှစ်ဆယ် အချိန်ပေးလို့ရတယ်။ဆေးအောင်တဲ့အချိန်တော့

Marketing ဆိုတာ ရင်းနှီးမြုပ်နှံမှုတစ်ခုပဲ။ Read More »