marketing

ကိုယ်ဘာရောင်းလဲဆိုတာ ထက်
ဘယ်သူကို ရောင်းလဲ အရေးကြီးတယ်။

ဘယ်လို ရောင်းလဲအရေးကြီးတယ်။ဘာကြောင့်ရောင်းလဲ အရေးကြီးတယ်။ ငွေမရှိတဲ့သူတွေကိုရောင်းနေပြီး ကြီးပွါးဖို့မလွယ်ဘူး။လူတွေ ငွေပေါ်တန်ဖိုးထားမှုကမတူဘူး။တချို့တွေအတွက် သိန်း ၁၀၀ ဆိုတာစကားလေးငါးခွန်းပြောလိုက်ရနေတာ။တချို့အတွက်က ပင်ပင်ပန်းပန်းနှစ်ချီရှာရတာ။ ဒီတော့ သူတို့တွေအနေနဲ့ငွေသုံးစွဲမှုပေါ်မှာ ပြန်ရချင်တဲ့expectation က တစ်ယောက်နဲ့တစ်ယောက်မတူဘူး။ လွန်ခဲ့တဲ့ ၉ နှစ်လောက်က ကိုယ်က SIM card နံပတ်လှတစ်ကဒ်ရောင်းလို့ တစ်သိန်းလောက်မြတ်ရင်မဆိုးဘူးဆိုပြီး တစ်လတစ်လကဒ်နှစ်ဆယ်လောက်ရောင်းပြီးကျေနပ်နေချိန်မှာအဲ့အချိန် ကိုယ့် girlfriend က ကျောက်သူဌေးတွေကို တစ်ကဒ်ရောင်းတိုင်းသိန်း ၂၀ – ၃၀ လောက်မြတ်တဲ့အခါကောင်းကောင်းနားလည်သွားတယ်။ ဘာရောင်းလဲဆိုတာထက် ဘယ်သူ့ကိုဘယ်လို ရောင်းလဲဆိုတာအရေးကြီးတယ်။ Phyo Paing @ Derek

ကိုယ်ဘာရောင်းလဲဆိုတာ ထက်
ဘယ်သူကို ရောင်းလဲ အရေးကြီးတယ်။
Read More »

ကိုယ့် profession ကိုချစ်ဖို့လိုတယ်။

Marketing လို့ပြောလိုက်ရင်၂၀၁၆ လောက်ထိ အထင်သိပ်မကြီးကြဘူး။အဆင့်မြင့်ပညာလို့ လူအများစုမယူဆခဲ့ကြဘူး။ မားကတ်တင်းဆင်းတယ်ဆိုရင်ကိုပဲအဆင့်နိမ့်တဲ့အလုပ်လို့ ထင်ခဲ့ကြတယ်။ ဒါကြီးကို အပြောင်းအလဲလုပ်ချင်တဲ့အတွက်2016 မှာ Marketing 101 ဆိုတဲ့သင်တန်းနဲ့ လူပေါင်းများစွာကိုသင်တန်းပေးခဲ့တယ်။နောက်လုပ်ငန်းရှင်တွေအတွက်Guerrilla Marketing သင်တန်းကို စတင်မိတ်ဆက်ပေးခဲ့တယ်။ Marketing ဆိုတာ ကုန်ပစ္စည်း၊ဝန်ဆောင်မှု ကြော်ငြာတာထက်အများကြီးပိုတယ်။ Psychology, Philosophy, Influence, Interaction (human),Technology နဲ့ Tactics တွေပါတယ်။ အပြောင်းအလဲလုပ်ချင်တိုင်းမှာMarketing လုပ်ရတယ်။ လူတွေ ဆိုင်ကယ်ဦးထုပ်ဆောင်းအောင်Marketing လုပ်ရတယ်။လူတွေ သားဆက်ခြားအောင်Marketing လုပ်ရတယ်။လူတွေ ကြက်ခြေနီမှာ သွေးလာလှူအောင်Marketing လုပ်ရတယ်။လူတွေ ကိုယ့် ကုန်ပစ္စည်းကို သုံးအောင်Marketing လုပ်ရတယ်။ Japan မှာ Facebook အသုံးပြုအောင်လုပ်တုန်းက Invite ဆိုတဲ့စာသားကြောင့် Japan မှာလူအများစုက ကိုယ့်သူငယ်ချင်းတွေကိုinvite မလုပ်ကြဘူး။ ဘာကြောင့်လဲဆိုတော့ ကိုယ်အရမ်းမသေချာသေးတဲ့Platform

ကိုယ့် profession ကိုချစ်ဖို့လိုတယ်။ Read More »

Product တစ်ခု စျေးကွက်ဖောက်တဲ့အခါ

Experiment, Exploration, Execution and Expansionဒီလေးဆင့်နဲ့သွားတယ်။ Experiment အဆင့်က တစ်ပတ်က နှစ်လလောက်ကြာလေ့ရှိတယ်။ ဒီအဆင့်မှာ စျေးကွက်ရဲ့ BUMP (Big Urgent Market Problem) ကိုဖြေရှင်းနိုင်တဲ့အခါ ဝက်ဝက်ကွဲအောင်မြင်တယ်။ ပထမအဆင့်ဖြစ်တဲ့ Experiment မှာ Product-Market Fit ဖြစ်တဲ့အခါ ဒုတိယအဆင့် Exploration အဆင့်သွားတယ်။သွားလို့ရနိုင်တဲ့ plan တွေချတယ်။target သတ်မှတ်တာကိုယ်သွားမည့် ပန်းတိုင်ရောက်ဖို့option ရွေးချယ်တာတွေလုပ်တယ်။ တတိယအဆင့် တကယ်အကောင်အထည်ဖော်တယ်။ဒီ Execution အဆင့်မှာ တကယ်အင်တိုက်အားတိုက်လုပ်ဖို့လိုလာပြီ။ နောက်တစ်ဆင့်ကချဲ့ထွင်တဲ့Expansion အဆင့်။ အခုချိန်မှာ Solar panel တွေရောင်းရင်အရမ်းကြော်ငြာစရာမလိုသလိုခုချိန် ဓာတ်ခဲတွေရောင်းရင် အင်မတန် အားထုတ်ရနိုင်တာ။ ဒါတွေအားလုံးစမ်းသပ်တဲ့အဆင့်က Experiment အဆင့်ပဲ။ ကိုယ်ထင်တာနဲ့ စျေးကွက်ထင်တာကြားမှာgap ကြီးတစ်ခု ရှိနိုင်တယ်။ Phyo Paing

Product တစ်ခု စျေးကွက်ဖောက်တဲ့အခါ Read More »

ဦးနှောက်ကို အသုံးပြု
အလုပ်လုပ်ရတဲ့ အရသာက
အင်မတန်ကောင်းတယ်။

မတူညီတဲ့ idea တွေကို ပေါင်းစပ်လို့ရသလို၊ သင်ယူလေလေ ဖြစ်နိုင်ခြေတွေအများကြီး ရှာဖွေတွေ့လေလေပဲ။ လူအများစုက မားကတ်တင်းလေ့လာရင်မားကတ်တင်းသမား၊ စာရင်းလေ့လာရင် accountantကိုယ့်ကိုကိုယ် တစ်သက်တာ တံဆိပ်ကပ်လိုက်တယ်။ လောကမှာ အသက်ရှင်နေသမျှအရာရာကို ပြောင်းလဲလို့ရတယ်။ Phyo Paing @ Derek

ဦးနှောက်ကို အသုံးပြု
အလုပ်လုပ်ရတဲ့ အရသာက
အင်မတန်ကောင်းတယ်။
Read More »

Content Marketing ရဲ့ ရည်ရွယ်ချက်က
ကိုယ်အနေနဲ့ နယ်ပယ်တစ်ခုမှာ
ဆရာကျတယ်ဆိုတာ လူတွေသိလာဖို့
ကိုယ့်အတွေးအခေါ်ကို ဖော်ပြတာ။

တခြားသူတွေ မစဉ်းစားမိတာ၊ မမြင်ဖြစ်တဲ့ ရှုထောင့်၊ မသိသေးတဲ့ အရာတွေ၊ သိရင်တောင် မေ့နေတဲ့အရာတွေ၊ မှားနေတဲ့ အမြင်တွေကို အသိပေးမျှဝေတာဖြစ်တယ်။ ဒါကို thought leader ဖြစ်စဉ်လို့ခေါ်တယ်။ အများစုက trend တွေနောက်လိုက်ပြီး၁၀၀ ဖိုး ၃ ပုဒ်ဖြစ်သွားတာဟာ content aware ကိုဦးတည်ပြီးtrendjacking လုပ်ပြီး Like နဲ့ share ဘယ်လောက်ရတယ်ဆိုတဲ့virality တွေ၊ vanity metrics တွေနဲ့ပျော်နေတာဟာ Marketing ကိုသေချာနားမလည်တဲ့သဘောပဲ။ Phyo Paing @ Derek

Content Marketing ရဲ့ ရည်ရွယ်ချက်က
ကိုယ်အနေနဲ့ နယ်ပယ်တစ်ခုမှာ
ဆရာကျတယ်ဆိုတာ လူတွေသိလာဖို့
ကိုယ့်အတွေးအခေါ်ကို ဖော်ပြတာ။
Read More »

Content Marketing

Content Marketing ဆိုတာရေရှည်ရင်းနှီးမြုပ်နှံမှုတစ်ခုပဲ။စိတ်ရှည်ဖို့လိုတယ်။ မဟာဗျူဟာလိုတယ်။အမြဲလေ့လာနေဖို့လိုတယ်။ကိုယ့်ရဲ့ sweet spot ကိုသိဖို့လိုတယ်။ဇွဲနဲ့ consistency လိုတယ်။ Phyo Paing @ Derek

Content Marketing Read More »

အနာဂတ် မားကတ်တင်း

ဘာတင်တင် organic 1K အနည်းဆုံးရအောင်ကိုယ့် Page တွေကို train ထား။Tik Tok ထဲက follower တွေကိုFacebook ကိုခေါ်။Customer list တွေကို စုထား။Lead တွေကို nurture လုပ်။ ကိုယ့်အမှတ်တံဆိပ်မှာ အတွေးအခေါ်ထည့်A brand with opinion ဖြစ်ဖို့လိုတယ်။ Operating expenses ကို နည်းနိုင်သမျှချုံ့။ဝန်ထမ်းတွေကို Part-time, Full time,Intern နဲ့ Freelance သုံးပြီး Cost structure သေချာတည်ဆောက်။ဒီကြားထဲ ရှင်ကျန်အောင်လုပ်ပြီးနောင် ငါးနှစ်အတွက် ပြင်ဆင်။ Phyo Paing @ Derek

အနာဂတ် မားကတ်တင်း Read More »

လူတိုင်းက မြင်ကြတယ်။
လူတိုင်း တွေ့ချင်မှ တွေ့ကြမယ်။

ပန်းချီဆရာတစ်ယောက်ရှုခင်းနဲ့ ပုံတွေကြည့်တာနဲ့သာမာန်လူကြည့်တာ မြင်တဲ့မြင်ကွင်းတူပေမယ့်တွေ့ရှိတာတွေ မတူနိုင်ဘူး။ ဂီတသမားတစ်ယောက်သီချင်းနားထောင်ပုံနဲ့သာမာန်လူတစ်ယောက်နားထောင်ပုံနဲ့ ကြားတဲ့အကြားသိရှိခံစားနားလည်ပုံကမတူနိုင်ပြန်ဘူး။ မားကတ်တင်းမှာလဲ အလားတူပဲ။သာမာန်လူတွေမြင်တဲ့အမြင်နဲ့Pro မာကတ်တာတွေမြင်တဲ့အမြင်တူနိုင်ဖို့ မလွယ်သလိုစဉ်းစားတဲ့ ရှူထောင့်မတူနိုင်ဘူး။ သာမာန်လုပ်ငန်းရှင်နဲ့ ကံကောင်းလို့ တစ်ချီတဲ့အောင်မြင်တာမဟုတ်ပဲ ကိုယ်ထူကိုယ်ထ လုပ်ငန်းရှင်အမြင်တွေ မတူနိုင်ဘူး။ လူတိုင်းက မြင်ကြတယ်။လူတိုင်း တွေ့ချင်မှ တွေ့ကြမယ်။ Phyo Paing @ Derek

လူတိုင်းက မြင်ကြတယ်။
လူတိုင်း တွေ့ချင်မှ တွေ့ကြမယ်။
Read More »

Marketing Secret 1

ဇွတ်မရောင်းနဲ့။ ကျွန်တော့်ရဲ့ marketing def ကတော့သတ်မှတ်လူတွေဆီသတ်မှတ် မက်ဆေ့ကိုသတ်မှတ် ကုန်ကျစရိတ်ထက်နည်းနိုင်သမျှနည်းနည်းနဲ့ လူများနိုင်သမျှ များများတွေ့ရှိ၊ နားလည်၊ ခံစား၊ လုပ်ဆောင်အောင် လုပ်တာကို မားကတ်တင်းလို့ခေါ်တယ်။ Phyo Paing @ Derek

Marketing Secret 1 Read More »