marketing

တော်ကီ မားကတ်တင်း

တော်ကီဆိုတာ content ပဲ။Content ဆိုတာ Social Media မှာတင်တဲ့စာ၊ ဓာတ်ပုံ၊ video နဲ့အကုန်ပါတယ်။အတွေးအခေါ်၊ အဖြစ်အပျက်၊ ပုံပြင်၊ ဖြတ်သန်းမှုတွေအကုန်ပါတယ်။ လုပ်ငန်းတစ်ခုအတွက် အရေးအကြီးဆုံးနှစ်ပိုင်းထဲက တစ်ပိုင်းက Marketing ဖြစ်တယ်။ မားကတ်တင်းဆိုတာ ကိုယ့်ပစ္စည်း၊ ဝန်ဆောင်မှုလိုအပ်ချက်ရှိတဲ့အလားအလာရှိတဲ့ဖောက်သည်ကိုယ့်ကို ၁။ သိအောင်၂။ သဘောကျအောင်၃။ ယုံအောင်၄။ စမ်းသုံးအောင်၅။ ဝယ်အောင်၆။ ထပ်ဝယ်အောင်၇။ တခြားသူကိုညွှန်းအောင် လုပ်တဲ့ဖြစ်စဉ်ဖြစ်တယ်။ လူတွေသိ၊ကြိုက်၊ယုံ၊ စမ်း၊ ဝယ်၊ ထပ်၊ ညွှန်းအောင်အရင်ခေတ်က ကြော်ငြာတွေလုပ်ရတယ်။ ဒီနေ့ခေတ်က ကြော်ငြာနဲ့မရတော့ဘူး။ဒီနေ့ခေတ်အလုပ်ဖြစ်တဲ့ မားကတ်တင်းတစ်ခုပဲရှိတယ်။အဲ့ဒါ Content Marketing (内容营销) ပဲ။ ဒါ မားကတ်တင်းဘိုးအေကြီးတစ်ယောက်ပြောတာ။ ဒါကြောင့် တော်ကီဆိုတဲ့ Content က လုပ်ငန်းတိုင်းမှာလိုတယ်။ တော်ကီတစ်ခုဖန်တီးဖို့ ၁။ အတွေးအခေါ် Brand Philosophy […]

တော်ကီ မားကတ်တင်း Read More »

Facebook သာပိတ်သွားခဲ့ရင် ဘာတွေကြိုလုပ်ထားရမလဲ?

ကိုယ်တိုင် own media မှာ subscriber စ စုထားပါ။ဒီနေ့ခေတ် marketer အများစုရဲ့ metrics ကcustomer list ထဲမှာရှိတဲ့ subscriber ပါ။ အရင်နှစ်နှစ်ကလဲ customer listတည်ဆောက်ဖို့ ပြောခဲ့ဖူးပါတယ်။ Phyo Paing @ Derek

Facebook သာပိတ်သွားခဲ့ရင် ဘာတွေကြိုလုပ်ထားရမလဲ? Read More »

မားကတ်တင်းသမားရဲ့ အဓိကတာဝန်

မားကတ်တင်းသမားရဲ့ အဓိကတာဝန်ကကိုယ်ပေးချင်တဲ့ message ကိုသတ်မှတ်ထားတဲ့ လူတွေဆီကုန်ကျစရိတ်အနည်းဆုံးနဲ့Heart အထိဆုံးပြန့်အောင်လုပ်တာဖြစ်တယ်။ Phyo Paing @ Derek

မားကတ်တင်းသမားရဲ့ အဓိကတာဝန် Read More »

ဒီနေ့ခေတ်ရဲ့ အကောင်းဆုံးလုပ်လို့ရတဲ့ အရာတစ်ခုက ကိုယ့် idea ကို ချပြ express လုပ်ပြီး Market Validation လုပ်ခြင်းပဲဖြစ်တယ်။

ဘာလို့တစ်ရက်ကို postအများကြီးတင်သလဲ? ပုံမှန် Facebook မှာတစ်ရက်Post တစ်ခုမတင်ရင်$100 အနည်းဆုံးရှုံးနေပြီ။ မှန်ပါတယ်။Friend 1000 ရှိပြီး ပုံမှန်Newsfeed မှာ မတင်ရင်အဲ့လောက်ရှုံးတယ်။ဒါ story နဲ့ page ဖွင့်တာ မပါသေးဘူး။ ဘာကြောင့်လဲဆို လုပ်ငန်းတစ်ခုအောင်မြင်ဖို့၁။ idea၂။ research၃။ business model၄။ business plan၅။ naming၆။ fundingဒီခြောက်ခုလိုသလို ဒီခြောက်ခုလုံးနေ့တိုင်း ကိုယ့်ရဲ့ status တွေကိုမဟာဗျူဟာ ကျကျတည်ဆောက်ခြင်းကလာတယ်။ ဒီနေ့ခေတ်ရဲ့ အကောင်းဆုံးလုပ်လို့ရတဲ့အရာက ကိုယ့် idea ကိုချပြ express လုပ်ပြီးMarket validation လုပ်ခြင်းပဲဖြစ်တယ်။ ကိုယ့်ရဲ့ idea တွေကိုလူတွေ ဘယ်လို response လုပ်လဲသိနိုင်သလို response လုပ်သူတွေရဲ့Profile ကိုကောင်းကောင်း လေ့လာPsychographic segmentation လုပ်လို့ရသလို product

ဒီနေ့ခေတ်ရဲ့ အကောင်းဆုံးလုပ်လို့ရတဲ့ အရာတစ်ခုက ကိုယ့် idea ကို ချပြ express လုပ်ပြီး Market Validation လုပ်ခြင်းပဲဖြစ်တယ်။ Read More »

ကိုယ့်ကုန်ပစ္စည်းကို ကိုယ်အရင်
ကြွေဖို့လိုတယ်။

ဒါမှ တခြားသူတွေကိုကြွေအောင် လုပ်နိုင်မှာ။ကိုယ်မယုံကြည်တဲ့ပစ္စည်းမရောင်းတာ အကောင်းဆုံးပဲ။ Phyo Paing @ Derek

ကိုယ့်ကုန်ပစ္စည်းကို ကိုယ်အရင်
ကြွေဖို့လိုတယ်။
Read More »

လူကြိုက်များတာဘဲ လုပ်လို့မရဘူး။

ကိုယ်ဖန်တီးလိုက်တဲ့Content အရည်အသွေးကကိုယ်ဆွဲဆောင်တဲ့Audience အရည်အသွေးပဲ။လူကြိုက်များတာပဲ လုပ်လို့မရဘူး။ Phyo Paing @ Derek

လူကြိုက်များတာဘဲ လုပ်လို့မရဘူး။ Read More »

ကုန်ပစ္စည်းပဲထိုးရောင်းပြီး
အတွေးအခေါ်မရှိတဲ့ အမှတ်တံဆိပ်
အတွေးအခေါ်ရှိတဲ့သူတွေကို ဆွဲဆောင်နိုင်မှာ မဟုတ်ဘူး။

Marketing မှာ Next Level ရောက်သွားရင်ဘယ်လိုလေးရောင်းလိုက်ပါတို့၊ဘယ်လိုလေးရေးတို့မပြောတော့ဘူး။ ကိုယ့်ရဲ့ religion ကိုယ်ဖန်တီးလာတယ်။ဒါကြောင့် Apple ကို Marketing လုပ်ပေးခဲ့တဲ့အခု Canva ကို Marketing လုပ်ပေးနေတဲ့Guy Kawasaki က သူ့ကိုယ်သူMarketer လို့မသုံးဘူး။Chief Evangelist လို့သုံးတယ်။တနည်းအားဖြင့် ကိုယ့် religion ထဲကိုပြောင်းလာဖို့လုပ်တဲ့သူ Evangelist တဲ့။ ကမ္ဘာ့ထိပ်တန်း Marketerအကုန်ကြည့်လိုက်ရင်သူတို့ promote လုပ်တဲ့ philosophy ရှိတယ်။​ Elon Musk ဆိုလဲ Evangelist ပဲ။Steve Jobs လဲ Evangelist ပဲ။Xiaomi ရဲ့ Lei Jun လဲ Evangelist ပဲ။ ကုန်ပစ္စည်းပဲထိုးရောင်းပြီးအတွေးအခေါ်မရှိတဲ့ အမှတ်တံဆိပ်အတွေးအခေါ်မရှိတဲ့သူတွေပဲ ရင်ခုန်မှာပေါ့။ ဒါကြောင့် Marketing လုပ်တဲ့အခါကိုယ့်လုပ်ငန်းရဲ့ ယုံကြည်ချက်အတွေးအခေါ်အရေးကြီးတယ်။

ကုန်ပစ္စည်းပဲထိုးရောင်းပြီး
အတွေးအခေါ်မရှိတဲ့ အမှတ်တံဆိပ်
အတွေးအခေါ်ရှိတဲ့သူတွေကို ဆွဲဆောင်နိုင်မှာ မဟုတ်ဘူး။
Read More »

Positioning

လက်ရှိဖောက်သည်ကနေတစ်ဆင့်နောက်တစ်ဆင့်ဖောက်သည်တွေကိုပစ်မှတ်ထားချင်တယ် ဘယ်လိုလုပ်ရမလဲ? ဒီအဖြေကတော့ရှင်းတယ်။Positioning ကိုပြောင်းရတာပေါ့။ သမီးရည်းစားထားသလိုပဲကိုယ့်ကိုကြိုက်နေကျပုံစံတွေနဲ့ပဲရည်းစားပြန်ဖြစ်နေလို့ စိတ်တိုင်းမကျရင်ကိုယ့်ကိုကိုယ် presentation လုပ်တဲ့ဒီဇိုင်း၊ ကာလာ၊ ပုံစံပြောင်းရတယ်။ Marketing မှာဘာနဲ့ပြောင်းသလဲ 9P ပေါ့။ ကုန်ပစ္စည်း၊ ဝန်ဆောင်မှု ထုတ်ပိုးပြင်ဆင်ထည့်သွင်းမှုပုံစံ (Product)စျေးနှုန်း (Price)ဖြန့်ဖြူးရောင်းချမှုပုံစံ (Place)ဖန်တီးတဲ့ Content တွေ၊ သတင်းပေးမှု၊ကြော်ငြာတဲ့ပုံစံ (Promotion) ဝန်ထမ်းတွေရဲ့ကျွမ်းကျင်မှု၊အရည်အချင်း (People)ဖောက်သည်ဖြတ်သန်းရမည့်လုပ်ငန်းဆောင်တာအဆင့် (Process)အဆောင်အယောင် decoration (Physical Evidence) ငွေပေးချေမှုပုံစံ (Payment)ရောင်းချဖြန့်ဝေတဲ့ channel (Platform)တွေကို ပြောင်းခြင်းဖြင့်ကိုယ့်ရဲ့ customer တွေPotential customer တွေကို​ပြောင်းလို့ရပါတယ်။ Phyo Paing @ Derek

Positioning Read More »

လူတိုင်းကို ရောင်းချင်စိတ်ဖျောက်ဖို့လိုတယ်။

စျေးကွက်ဝေစုများရင် အမြတ်များတယ်ပိုအောင်မြင်တယ်ဆိုတဲ့အယူအဆ အမှားတစ်ခုရှိတယ်။ 2014 MBA အတွက် Thesis လုပ်တုန်းက IDC report အရ iPhone ရဲ့ market share က 10% လောက်ပဲရှိပြီးစျေးကွက်တစ်ခုလုံးအမြတ်ငွေရဲ့90% နည်းပါးကို သဲ့ယူသွားခဲ့တယ်။ Market Share ထက်Share of Wallet (SOW) ပိုအရေးကြီးလာတယ်။Customer တွေ ကိုယ့်အမှတ်တံဆိပ်အတွက်ငွေဘယ်လောက်သုံးမလဲဆိုတာပိုအရေးကြီးတယ်။ ဒါကြောင့် အရင် Marketing မှာအသုံးပြုခဲ့တဲ့Leader နဲ့ Follower Concept မှာ Nicher concept ကို ဒီနေ့ခေတ်ရဲ့ winning formula ပဲ။ဘာကြောင့်လဲဆိုတော့ Riches in the Niches ဆိုတဲ့ စကားရှိတယ်။ ဒါကြောင့် စျေးကွက်ဝေစုများဖို့တဲ့ ဖောက်သည် အရွေးမှန်ဖို့နဲ့လူတိုင်းကို ရောင်းချင်စိတ်ဖျောက်ဖို့လိုတယ်။

လူတိုင်းကို ရောင်းချင်စိတ်ဖျောက်ဖို့လိုတယ်။ Read More »

ဖောက်သည် သေချာရွေးပါ။

လုပ်ငန်းအောင်မြင်ဖို့ အကြည်ဓာတ်လိုတယ်။ဒါကြောင့် အကြည်ဓာတ်ရှိနေဖို့ကိုယ့်လုပ်ငန်းရဲ့ culture ကိုသေချာတည်ဆောက်ဖို့လိုသလို၊ဖောက်သည်သေချာအရွေးမှန်ဖို့လိုတယ်။ Phyo Paing @ Derek

ဖောက်သည် သေချာရွေးပါ။ Read More »