marketing

လှည့်ကြည့်စရာမလိုတဲ့ Marketing Team
တည်ဆောက်ရေး

သင်တန်းတွေပဲ တက်ပြီးစာသင်တာ ကောင်းလိုက်တာနဲ့ပြီးသွားတတ်ကြတယ်။ဒီပြဿနာကို ဖြေရှင်းဖို့ ၂၀၁၆ ကတည်းကနည်းလမ်းရှာခဲ့တယ်။၂၀၂၀ မှာ နည်းပညာတွေ့ရှိခဲ့တယ်။ မိုက်လားလို့ မမေးတော့ဘူး။Sapwar.com ရဲ့ Strategy Toolsကိုယ့်လုပ်ငန်းရဲ့ marketing သမားတကယ်တတ်မတတ် Sapwar.com ရဲ့Strategy Tools သုံးခိုင်းလိုက်ရင်အဖြေထွက်တယ်။ လှည့်ကြည့်စရာမလိုတဲ့ Marketing Teamတည်ဆောက်ရေးမှာ ကူညီပေးဖို့www.Sapwar.com လာပါပြီ။ Phyo Paing @ Derek

လှည့်ကြည့်စရာမလိုတဲ့ Marketing Team
တည်ဆောက်ရေး
Read More »

မားကတ်တင်းအတွက် “စလေးလုံး”

Marketing ရဲ့ cheat sheet အနေနဲ့စလေးလုံးရှိတယ်။ ၁။ စားသုံးသူ (End-users or consumers) ၂။ စဉ်းစားပုံ (Psychographics) ၃။ စေ တနာ (generosity) ၄။ စနစ် (System) ဒါကတော့ marketing မှာ မဖြစ်မနေစဉ်းစားရမယ့်စလေးလုံးပဲ။ Phyo Paing @ Derek

မားကတ်တင်းအတွက် “စလေးလုံး” Read More »

ကိုယ့် product က ကိုယ့်ရဲ့ marketing ပဲ။

အရင် mass marketer တွေသုံးခဲ့တဲ့
ဒီနေ့ခေတ် အလုပ်မဖြစ်တဲ့ metrics တွေ။
ကိုယ့် product က ကိုယ့်ရဲ့ marketing ပဲ။

လူအများစုက ကြော်ငြာကို marketing လို့ထင်နေကြတယ်။ ဒါကြောင့် လက်ဖက် content တွေ၊hotel အခန်း ကြော်ငြာတွေ viral ဖြစ်တာကိုmarketing ကောင်းတယ်လို့ထင်တတ်ကြတယ်။ တကယ်တမ်း အဲ့ဒီလက်ဖက်ကိုကျွန်တော်တို့ မဝယ်စားသလိုတစ်ခန်း သိန်း ၁၀၀ တန် hotel လဲမသွားဘူး။ဒီ vanity metrics တွေက အရင် mass marketer တွေသုံးခဲ့တဲ့ဒီနေ့ခေတ် အလုပ်မဖြစ်တဲ့ metrics တွေ။ ကိုယ့် product က ကိုယ့်ရဲ့ marketing ပဲ။ဒါကြောင့် me too ပုံစံတူတွေလုပ်ခြင်းဟာရှုံးနိမ့်ခြင်းရဲ့ formula ပဲ။ မတူညီကွဲပြား အရမ်းဆန်းသစ်တဲ့ product တွေဝန်ဆောင်မှုပုံစံတွေ လိုတယ်။ နောက်ပြီး လုပ်ငန်းစတင်တဲ့ ပထမသုံးနှစ်မှာလူတိုင်းကို ရောင်းချင်စိတ်ဖျောက်ဖို့လိုတယ်။ Phyo Paing @ Derek

ကိုယ့် product က ကိုယ့်ရဲ့ marketing ပဲ။

အရင် mass marketer တွေသုံးခဲ့တဲ့
ဒီနေ့ခေတ် အလုပ်မဖြစ်တဲ့ metrics တွေ။
ကိုယ့် product က ကိုယ့်ရဲ့ marketing ပဲ။
Read More »

မားကတ်တင်းသမားတွေ
သိပြီး မေ့နေတတ်တဲ့
မားကတ်တင်းရဲ့ သည်းခြေကတော့
“စေတနာ” ပဲဖြစ်တယ်။

ဒါမရှိရင် ဖောက်သည်ကို ကိုယ်ချင်းစာပေးဖို့ ခက်လိမ့်မယ်။ ကိုယ်ချင်းမစာတတ်ရင် သူ့ကိုနားလည်ဖို့ ပိုခက်သွားပြီ။နားမလည်တဲ့အခါ ဖောက်သည်ရဲ့ပြဿနာကို ဖြေရှင်းပေးဖို့ ကုန်ပစ္စည်း၊ ဝန်ဆောင်မှုကို မိတ်ဆက်ရောင်းချတဲ့အခါ ထိုးရောင်းနေသလို ဖြစ်သွားတတ်တယ်။မားကတ်တင်းခရီးစဥ်က စေတနာနဲ့ စတင်ပါတယ်။ Phyo Paing @ Derek

မားကတ်တင်းသမားတွေ
သိပြီး မေ့နေတတ်တဲ့
မားကတ်တင်းရဲ့ သည်းခြေကတော့
“စေတနာ” ပဲဖြစ်တယ်။
Read More »

လူအများစုက advertising ကို
marketing လို့ထင်တတ်ကြတယ်။

ဒီတော့ လူတွေမလိုအပ်တော့တဲ့ကိုယ်ရောင်းနေကျ ပစ္စည်းကိုထိုးရောင်းဖို့ နည်းပေါင်းစုံနဲ့ကြိုးစားကြတယ်။ လူတွေအမှန်တကယ်လိုအပ်နေတဲ့၊လိုချင်နေတဲ့ ပစ္စည်းကိုစျေးကွက်ထုတ်နိုင်တာဟာမားကတ်တင်းမှာ အရေးအကြီးဆုံးအစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ ဒါလုပ်နိုင်ရင် ခေါင်းကြီးပိုင်းရေးတာတွေ၊Boost လုပ်တာတွေ အရမ်းကြီးခေါင်းစားစရာတောင် မလိုသလောက်ပဲ။ စျေးကွက်ကို မျက်ခြေမပျက်လေ့လာပါ။​ဖောက်သည်တွေရဲ့ ပြောင်းလဲသွားတဲ့စိတ်နေသဘောထား၊ အကြိုက်တွေ၊secret desire တွေကို ဖော်ထုတ်ပါ။ဒါတွေကို ဖြည့်ဆည်းပေးဖို့ကုန်ပစ္စည်း၊ ဝန်ဆောင်မှုဘယ်လိုဖန်တီးရမလဲ စဥ်းစားပါ။ စျေးကွက်လိုအပ်ချက်လေ့လာတယ်ဆိုတာရွှေရှာသလိုပါပဲ။ကိုယ်ကသိပြီး မြန်မြန်တူးဖော်နိုင်လေလေကိုယ့်လုပ်ငန်းအတွက် အလားအလာပိုကောင်းလေလေပဲ။တချိန်တည်းသိထားရမှာကရွှေထွက်တဲ့နေရာက အမြဲပြောင်းလဲနေမှာပဲ။ ကိုယ့်လုပ်ငန်းဟာလာမည့် အပြောင်းအလဲထက်စောနေဖို့ လိုတယ်။ Phyo Paing @ Derek

လူအများစုက advertising ကို
marketing လို့ထင်တတ်ကြတယ်။
Read More »

ကိုယ်ထုတ်လိုက်တဲ့ policies ရဲ့ရည်ရွယ်ချက်နဲ့ လူတွေရဲ့အပြုအမူ ပြောင်းပြန်ဖြစ်ရင် ပြည်သူတွေကို အပြစ်တင်ရမှာမဟုတ်ဘူး။

Marketing မှာလဲအတူတူပဲ။ကိုယ်တည်ဆောက်ထားတဲ့ funnel အလုပ်မဖြစ်ရင်Prospect တွေကို အပြစ်တင်ရမှာမဟုတ်ဘူး။ကိုယ့်ကိုကိုယ် အပြစ်တင်ရမှာ။ကိုယ်အသုံးမကျလို့။ Phyo Paing @ Derek

ကိုယ်ထုတ်လိုက်တဲ့ policies ရဲ့ရည်ရွယ်ချက်နဲ့ လူတွေရဲ့အပြုအမူ ပြောင်းပြန်ဖြစ်ရင် ပြည်သူတွေကို အပြစ်တင်ရမှာမဟုတ်ဘူး။ Read More »

Pro တစ်ယောက်ဖြစ်ဖို့
စိတ်ခံစားမှုတွေရဲ့အလွန်ကို
သွားဖို့လိုတယ်။

နေ့တိုင်း အိုင်ဒီယာတစ်ခုထိုင်ရေးတော့ရေးချင်ချင်၊ မရေးချင်ချင် စိတ်ခံစားမှုရှိမှ လုပ်တဲ့အဆင့်ကိုကျော်လွန်ပြီး ရေးဖြစ်သွားတယ်။ ဖောက်သည်နဲ့တွေ့တဲ့အခါ စိတ်ပျော်သည်ဖြစ်စေ၊ စိတ်ညစ်သည်ဖြစ်စေပြုံးပြပြီးသူတို့အဆင်ပြေအောင်လုပ်ပေးတာစိတ်ခံစားမှုကို ကျော်လွန်ပြီးလုပ်ဆောင်တဲ့အဆင့်ဖြစ်သွားတယ်။ ကိုယ့်လုပ်ငန်းအတွက် စီမံကိန်းရေးဆွဲတာရင်ခုန်စရာကောင်းသည်ဖြစ်စေ၊ ပျင်းစရာကောင်းသည်ဖြစ်စေတကယ် စီမံကိန်းရေးဆွဲဖြစ်သွားတာစိတ်ခံစားမှုရဲ့ အလွန်ဖြစ်တယ်။ စိတ်ပါသည်ဖြစ်စေ၊ စိတ်မပါသည်ဖြစ်စေကမ္ဘာ့ထိပ်တန်းဘော်လုံးသမားတစ်ယောက်ကလေ့ကျင့်ခန်းပုံမှန် ဆင်းနေတယ်။ Phyo Paing @ Derek

Pro တစ်ယောက်ဖြစ်ဖို့
စိတ်ခံစားမှုတွေရဲ့အလွန်ကို
သွားဖို့လိုတယ်။
Read More »

ငွေကြေးစီမံခန့်ခွဲမှု

လူအများစု Stress များတယ်ဆိုတာငွေကြေးကြောင့်အများစုပဲ။ နောက် ကျန်းမာရေးပေါ့။ဒီနှစ်ခုပြည့်စုံရင် ကျန်တာက လုပ်ယူဖို့သိပ်မခက်လှဘူး။ ငွေကြေးစီမံခန့်ခွဲမှုအတွက်ကတော့ သုံးငွေနဲ့ ဝင်ငွေနဲ့ စီမံခန့်ခွဲမှုပေါ့။ အနာဂတ်ကို အကောင်းအရမ်းမြင်ပြီးချေးငှားတာကို အလွန်အကျွံမလုပ်သင့်သလိုစိတ်ညစ်ပြီး အလုပ်မလုပ်တာမျိုးလဲသတိထားဖို့လိုလာတယ်။ ငွေကြေးစီမံခန့်ခွဲမှုမှာ ၁။ Active Income ပေါ်အခြေပြုပြီး၂။ Partially Active Income တည်ဆောက်၃။ Passive income ပြန်ပြောင်းဒါကအရေးကြီးတာပဲ။ ကိုယ်နားမလည်တဲ့ စီးပွားရေးကို ချေးငှားပြီး မလုပ်သင့်သလို ငွေကြေးအတွက် လုပ်ငန်းငွေကြေးအပြင်သီးသန့်ငွေကြးစုဆောင်းရေးစနစ်၊ ကိုယ့်ကျန်းမာရေးအတွက်၊ သားသမီးနောက်ရေးအတွက်မတူညီတဲ့ အခွဲတွေ ထားရှိသင့်တယ်လို့မြင်တယ်။မဟုတ်ရင် အသက်ကြီးခါမှဒုက္ခတွေရောက်နေမယ်။ အိမ်ထောင်ပြုတဲ့အခါ prenupလုပ်ဖို့လိုတယ်ဆိုတာ အလကားပြောထားကြတာ မဟုတ်ဘူး။ မလိုအပ်တဲ့ ပြဿနာကို ကြိုတင်ဖြေရှင်းတဲ့သဘောပဲ။ ဝင်ငွေကောင်းနေတုန်း တစ်သက်လုံးဒီလိုကောင်းမယ်ယူဆပြီးလျှောက်သုံးစွဲတာ စဥ်းစားဖို့လိုတယ်။ အရာရာ စည်းစနစ်မရှိရင် ပရမ်းပတာ ဖြစ်တတ်တယ်။ Phyo Paing @

ငွေကြေးစီမံခန့်ခွဲမှု Read More »

ရောင်းချင်တဲ့ ကုန်ပစ္စည်းကိုပဲ အာရုံစိုက်ပြီး စျေးကွက်ရဲ့အသွားအလာကို မသိရင်
အောင်မြင်ဖို့သိပ်မလွယ်ဘူး။

၇ တန်းလောက်က မန္တလေးရောက်တုန်းငယ်ငယ် ရှမ်းပြည်မှာ ဆော့တဲ့ ဂျင်အလုံးတစ်ရာဝယ်ပြီးကချင်ပြည်နယ် အမေ့ရဲ့မြို့မှာ ရောင်းဖူးတယ်။ ကချင်ပြည်နယ်မှာက ရှမ်းဂျင်လို့ခေါ်တဲ့သစ်အသားကို ထုလုပ်ထားတာကိုပဲအသုံးပြုပြီးရှမ်းပြည်မှာက တရုတ်ကလာတဲ့ ပလတ်စတစ်နဲ့ သံနဲ့ရောထားတဲ့ ဂျင်ကိုအသုံးပြုတယ်။ တစ်လုံးမှ မရောင်းရခဲ့ဘူး။ အဲ့ဒီ ကုန်ပစ္စည်းဆော့တဲ့ Culture လဲမရှိဘူး။ ရောင်းချင်တဲ့ ကုန်ပစ္စည်းကိုပဲ အာရုံစိုက်ပြီးစျေးကွက်ရဲ့အသွားအလာကို မသိရင်အောင်မြင်ဖို့သိပ်မလွယ်ဘူး။ Phyo Paing @ Derek

ရောင်းချင်တဲ့ ကုန်ပစ္စည်းကိုပဲ အာရုံစိုက်ပြီး စျေးကွက်ရဲ့အသွားအလာကို မသိရင်
အောင်မြင်ဖို့သိပ်မလွယ်ဘူး။
Read More »

ဒီနေ့ခေတ်မှာထားသင့်တဲ့ marketing အယူအဆ ၇ ခု

၁။ Day Trading Attention Day Trade လုပ်တယ်ဆိုတာ stock တွေကို ဝယ်ပြီးအမြတ်ရတာနဲ့ မြန်မြန်ပြန်ရောင်းတာလို့ အကြမ်းဖျင်းယူဆလို့ရတယ်။ ဒါကတော့ Garyvee ရဲ့ အယူအဆတစ်ခုဖြစ်တယ်။ လူတွေရဲ့ အာရုံကို day trade လုပ်နိုင်ဖို့ platform က social media (Facebook, Instagram, Linkedin, etc) နဲ့ video sharing site (Youtube, Tiktok) တွေဖြစ်တယ်။ Currency ကတော့ video, audio and written content ဖြစ်တယ်။ Seth Godin ကလဲ Content Marketing ဆိုတာတစ်ခုတည်းကျန်တဲ့ marketing လို့ဆိုခဲ့တယ်။ ၂။ Media Company

ဒီနေ့ခေတ်မှာထားသင့်တဲ့ marketing အယူအဆ ၇ ခု Read More »