mindset

Emotional pattern

လူတွေမှာ emotional hot button လေးတွေမတူကြဘူး။တချို့တွေက ဘယ်လောက်ပြောပြောအေးဆေးပဲ။ဒါပေမယ့် တချို့အဖြစ်အပျက်လေးတွေကြုံတဲ့အခါစိတ်ညစ်တာ၊ စိတ်ဓာတ်ကျတာဖြစ်တတ်ကြတယ်။ တချို့က နာတာ၊ ကျင်တာ၊ ဖျားတာ၊ နာတာကိုခံနိုင်တယ်။တချို့ကျတော့ pain thresholds နိမ့်တယ်။ နာကျင်မှုဒဏ် မခံနိုင်ကြဘူး။ တုံ့ပြန်ပုံချင်းလဲ မတူကြဘူး။တချို့က ကိုယ့်ကိုလာထိတဲ့အခါ အမောက်ထောင် ပြန်ရန်တွေ့တာတွေရှိမယ်။တချို့က စိတ်ညစ်သွားတာ၊စိတ်ဓာတ်ကျတာတွေရှိမယ်။ Emotion အတက်အကျလဲမတူကြဘူး။ကိုယ့်အကြောင်းကိုယ်သိဖို့ ကိုယ့်ကိုကိုယ်အမြဲသုံးသပ်ဖို့လိုတာပဲ။ Phyo Paing @ Derek

Emotional pattern Read More »

တချို့ဆို ပျော်တယ်ဆိုတဲ့ ခံစားချက်
မခံစားရတာကြာပြီ။

မနက်ထတိုင်း ပထမဆုံးမေးတဲ့မေးခွန်းကအခုချိန် ငါအပျော်ရွင်ဆုံးအရာကဘာလဲ?နေ့တိုင်းလိုလို အဖြေက အသက်ဝဝရှူလို့ရတယ်။ဒါပျော်စရာပဲ။ ဒီအတွက် ဘယ်လိုခံစားရလဲဆိုတဲ့ ပျော်ရွင်မှုခံစားချက် မှတ်ဥာဏ်ကို နေ့စဥ်ပြန်တူးဆွတယ်။အချိန်တစ်ခုပေးပြီး ပြန်ခံစားကြည့်တယ်။ ဒါကို priming လို့ခေါ်တယ်။ ပျော်ရွင်မှုအတွက် ထားတဲ့ စံနှုန်းတွေကိုအနိမ့်ဆုံးကို လျော့ချထားပြီး၊ ကိုယ့်အစွမ်းအဆထွက်လာဖို့ စံနှုန်းကိုအမြင့်ဆုံးထိ တင်ထားလိုက်တယ်။ တချို့ဆို ပျော်တယ်ဆိုတဲ့ ခံစားချက် မခံစားရတာကြာပြီ။ မနက်ထတိုင်း ပြန်ပြန်မေးပြီး အချိန်တစ်ခုပေး ခံစားကြည့်ပါ။ ကိုယ့်ဘဝအတွက် “လက်ရှိ”ပျော်ရွင်စရာလေးတွေ၊ ကျေးဇူးတင်စရာလေးတွေ၊ ဂုဏ်ယူစရာလေးတွေ။ မဟုတ်ရင် မနက်ထလာ မအလမျက်နှာ မြင်နေတာနဲ့ ဒေါသပဲထွက်နေရမယ်။ နာရေးသတင်းတွေပဲတွေ့နေတာနဲ့ ဝမ်းနည်းကြေကွဲနေရလိမ့်မယ်။ Phyo Paing @ Derek

တချို့ဆို ပျော်တယ်ဆိုတဲ့ ခံစားချက်
မခံစားရတာကြာပြီ။
Read More »

ဒီနေ့မှာ ကြုံတွေ့ဖြတ်ကျော်ခဲ့တဲ့
ပြဿနာတွေက
အနာဂတ်အတွက် အကောင်းဆုံး
ပုံပြင်တွေဖြစ်လာမယ်။

ဒီပုံပြင်တွေ ပြန်ပြောဖို့ ကိုယ်အသက်ရှင် ကျန်းမာနေမှ ရမယ်။ Phyo Paing @ Derek

ဒီနေ့မှာ ကြုံတွေ့ဖြတ်ကျော်ခဲ့တဲ့
ပြဿနာတွေက
အနာဂတ်အတွက် အကောင်းဆုံး
ပုံပြင်တွေဖြစ်လာမယ်။
Read More »

လောကဓံက သိပ်ကြောက်ဖို့ကောင်းတယ်။

ကြောက်စရာကောင်းတဲ့ လောကဓံကို အရှုံးမပေး ရင်ဆိုင်အနိုင်ယူဖို့ ခံယူချက် အရေးကြီးတယ်။ ဒီနေ့ခတ်မှာ စိတ်မထားတတ်ရင် ဒုက္ခခပ်ကြီးကြီးကြုံတိုင်း သွေးပျက်နေနိုင်တယ်။ ကျွန်တော်ကတော့ ဘဝကိုအမြင်နှစ်မျိုးထားတယ်။ ၁။ ဘဝမှာ အခြေအနေကောင်းတဲ့အချိန်၂။ အခြေအနေမကောင်း ဒုက္ခရောက်တဲ့အချိန် ဘဝမှာ အခြေအနေကောင်းတဲ့အခါ ဘဝဆိုတာ ကိုယ့်အတွက်ဖြစ်လာတာ။ ကောင်းသထက်ကောင်းအောင် တည်ဆောက်ပြီးကျေးဇူးတင်တတ်တဲ့ စိတ်နဲ့နေတယ်။ အလုပ်ကို ကိုယ့်တန်ဖိုးထားမှုနဲ့ အညီရူးရူးမူးမူးလုပ်တယ်။ ဘဝမှာ နေမသာတဲ့နေ့တွေအတွက်သစ္စာလေးပါးကို နှလုံးသွင်းထားတယ်။ ဘဝဆိုတာ ဒုက်ခ ။ဒီဒုက္ခကို ဖြစ်စေတာ attachmentတပ်မက်စွဲလမ်းမှုလို့နှလုံးသွင်းတယ်။ ဒီတပ်မက်စွဲလမ်းမှုကို ဖယ်ရှားပြီးဘဝနေထိုင်ဖို့ ဖြောင့်မတ်မှန်ကန်တဲ့ စိတ်အာရုံနဲ့ အသက်မွေးဝမ်းကြောင်းမှုပေါ်အာရုံပြုထားလိုက်တယ်။ နေ့စဥ်ဘဝမှာ အသုံးချ secular buddhism ကိုကျင့်သုံးသူ များသထက်များလာတယ်။ ဒါကတော့ နေ့စဥ်ဘဝနေထိုင်မှုအတွက်buddhism in daily life အတွက်ပေါ့။ နောက်တစ်ဆင့်ကျမှ နိဗ္ဗာန်ပေါ့။ Phyo

လောကဓံက သိပ်ကြောက်ဖို့ကောင်းတယ်။ Read More »

အခုလိုချိန်မှာ ကိုယ့်ခေါင်းထဲကိုထည့်တဲ့ ပုံပြင်တွေကို ဂရုစိုက်ရမယ်။

အကြောင်းအရာတစ်ခုကို စဥ်းစားရင် concept မိအောင် ကျွန်တော်တို့က ပုံပြင်နဲ့ စဥ်းစားကြတယ်။ မဟုတ်ရင် တချို့အရာတွေကို နားလည်ဖို့ခက်တယ်မဟုတ်လား။ ကိုယ့်ခေါင်းထဲကိုထည့်တဲ့ ပုံပြင်တွေကို ဂရုစိုက်ရမယ်။ လူတွေ မကောင်းမှုတွေလုပ်တာများလို့ ကပ်ရောဂါတွေဖြစ်တယ်ဆိုတာမျိုး၊ အရင်ဘဝက မကောင်းမှုတွေပြုထားလို့ ဒီဘဝအာဏာသိမ်းခံရတယ်ဆိုတာမျိုး။ ကိုယ့်ကို စိတ်ဓာတ်ကျ၊ အားလျော့စေမည့် ပုံပြင်တွေကို ပြန်လည်ဆန်းစစ် ပြင်သင့်ရင်ပြင်လိုက်ပါ။ ဥပမာ ငါငယ်ငယ်တည်းက ငါ့အဖေဆုံးသွားခဲ့တော့ သူငယ်ချင်းတွေအိမ်က ငါ့ထက်အဆပေါင်းများစွာပိုချမ်းသာတယ်။ ငါ့ကံမကောင်းဘူးဆိုတဲ့ ပုံပြင်အစား ငါငယ်ငယ်ကတည်းက လောကအကြောင်းကို ပိုလေ့လာလို့ရခဲ့တယ်။ ဒီတော့ ငါ့သူငယ်ချင်းတွေမရတဲ့ အတွေ့အကြုံတွေပိုရခဲ့တယ်။ ဒီအချက်တွေက အနာဂတ်မှာ ငါ့ကိုပိုအောင်မြင်စေလိမ့်မယ်။ မတူညီတဲ့ပုံပြင်က မတူညီတဲ့ လောကအမြင်ကို ဖြစ်ပေါ်စေတယ်။ Change your story, change your life ပါ။ နောက်တစ်ခုက လူတစ်ယောက်ရဲ့ အပြုအမူကိုကြည့်ပြီး

အခုလိုချိန်မှာ ကိုယ့်ခေါင်းထဲကိုထည့်တဲ့ ပုံပြင်တွေကို ဂရုစိုက်ရမယ်။ Read More »

ဘ၀မှာ အရာတော်တော်များများ ကိုယ်ဖြစ်စေချင်တဲ့အတိုင်း ဖြစ်ချင်မှဖြစ်မယ်။ ဒါပေမယ့် ကျွန်တော်တို့ထိန်းချုပ်လို့ရတဲ့ အရာသုံးခုရှိတယ်။ Focus, Meaning, Action

လောကမှာ ထိန်းချုပ်လို့ရတဲ့အရာ များများစားစားသိပ်မရှိဘူး။ ကိုယ့်အဖေအမေ၊ ကိုယ့်သားသမီး၊သမီးရည်းစား၊ အိမ်ထောင်သားမယားကိုယ်ဖြစ်စေချင်သလိုဖြစ်ဖို့ ကိုယ့်စကားနားထောင်ဖို့ လုပ်လို့ရချင်မှရမယ်။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ကိုယ်ဖြစ်စေချင်တဲ့အတိုင်း ဖြစ်ချင်မှဖြစ်မယ်။ ဒါပေမယ့် ကျွန်တော်တို့ ထိန်းချုပ်လို့ရတဲ့အရာ သုံးခုရှိတယ်။ ၁။ ဘယ်အရာကို အာရုံစိုက်မလဲ? (Focus)ကိုယ့်ထိန်းချုပ်မှုအောက်မရှိတာတွေကို အာရုံစိုက်မလား။ကိုယ်ထိန်းချုပ်လို့ရတာတွေကို အာရုံစိုက်မလား။ ၂။ ဘယ်လိုအဓိပ္ပာယ်ဖွင့်ဆိုမလဲ? (Meaning)အခြေအနေကို အပေအသေလုပ်ပြီး စိတ်ညစ်နေမလား။ ပေးထားချက်ကိုအခြေတည် ခွန်အားတွေယူမလား။ ၃။ ဘာတွေလုပ်မလဲ? (Action)စိတ်ညစ်ပြီး ဘေးထိုင်ဘုပြောနေမလား။ ရှေ့ဆက်ဖို့ ကြံစဥ်၊ စီမံ၊ အားအပြည့်ထည့်လုပ်ဆောင်မလား။ ဖြစ်ချင်တဲ့အိမ်မက်တွေ အများကြီးရှိလိမ့်မယ်။ တချို့တွေ ကျိုးပျက်သွားတာဖြစ်နိုင်သလို၊ တချို့အိမ်မက်တွေ မသေချာတာဖြစ်နိုင်သလို၊ တချို့ ဆက်မက်လို့ရတဲ့ အိမ်မက်တွေရှိနိုင်တယ်။ ဘာတွေကို အာရုံစိုက်မလဲ။ ဘယ်လို အဓိပ္ပာယ်ကောက်ချက်ချမလဲ။အနာဂတ်အတွက် ဘာတွေကိုဆက်လုပ်ကြမလဲ။ ဒါတွေက ကိုယ်နဲ့ တိုက်ရိုက်ဆိုင်တယ်။

ဘ၀မှာ အရာတော်တော်များများ ကိုယ်ဖြစ်စေချင်တဲ့အတိုင်း ဖြစ်ချင်မှဖြစ်မယ်။ ဒါပေမယ့် ကျွန်တော်တို့ထိန်းချုပ်လို့ရတဲ့ အရာသုံးခုရှိတယ်။ Focus, Meaning, Action Read More »

စိတ်ရှည်ဖို့ အရေးကြီးပေမယ့်
စောင့်ဆိုင်းရတာကိုတော့ မုန်းတယ်။

စိတ်ရှည်တယ်ဆိုတာ ကြိုးစားအားထုတ်မှုရှိပြီး ရလဒ်ကောင်းထွက် အောင်မြင်ဖို့ လုပ်ဆောင်တာဖြစ်တယ်။ စောင့်တယ်ဆိုတာ ကြိုးစားအားထုတ်မှု မလုပ်ရပဲအချိန်ကြည့် မျှော်နေရတာဖြစ်တယ်။ ဘဝမှာအောင်မြင်ဖို့ Timingအချိန်ကောင်း အရေးကြီးတယ်။အောင်မြင်တဲ့သူတွေက မှန်ကန်တဲ့အချိန်မှာ မှန်ကန်တဲ့ လုပ်ဆောင်မှုလုပ်ပြီး ထူးခြားတဲ့ ရလဒ်ရရှိသွားတာမျိုးကိုခေါ်တယ်။ ဘဝမှာ ဘယ်အကြောင်းကြောင့်ဖြစ်ဖြစ်စောင့်နေရတာမျိုးမဖြစ်ချင်ဘူး။ စောင့်နေရရင်တောင် အနာဂတ်အချိန်တွေကိုခြွေတာပေးနိုင်တဲ့ အားထုတ်မှုတစ်ခုတော့လုပ်နေရမှာပဲ။ Phyo Paing @ Derek

စိတ်ရှည်ဖို့ အရေးကြီးပေမယ့်
စောင့်ဆိုင်းရတာကိုတော့ မုန်းတယ်။
Read More »

Dream list လိုပါတယ်။

ဘဝဆိုတာ အတွေ့အကြုံတစ်ခုပါ။ဒီအတွေ့အကြုံကို အကောင်းဆုံးရဖို့Dream list လိုပါတယ်။ ကျွန်တော်တို့တွေ အသက်ဘယ်လောက်ထိနေရမယ်ဆိုတာ ဘယ်သူမှ သေသေချာချာမသိဘူး။ဒီမွေးဖွားခြင်းနဲ့ သေဆုံးခြင်းကာလကြားမှာလုပ်ချင်တဲ့အရာတွေကို list လုပ်ထားပြီးတစ်ခုပြီးတစ်ခု အကောင်အထညိဖော်သွားဖို့အရေးကြီးတယ်။ ကျွန်တော်ကတော့ Dream List ဆိုပြီးရေးထားတယ်။ဒီ Dream List တွေကို တစ်ခုချင်းအကောင်အထည်ဖော်ဖြစ်တယ်။ ကျွန်တော့်ရဲ့ Dream List ထဲမှာသူ့အလိုလိုလည်ပတ်နေတဲ့brand/business အခု ၂၀ တည်ဆောက်ဖို့ပါတယ်။၇ ခု တော့ပြီးပြီ။နောက် ၁၃ ခုလိုသေးတယ်။ Phyo Paing @ Derek

Dream list လိုပါတယ်။ Read More »

တခြားသူတွေကို ပြင်ဖို့မကြိုးစားပါနဲ့။

တခါတလေ လောကမှာပြင်လို့ရတဲ့အရာတွေရှိသလိုတချို့အရာတွေက ပြင်လို့မရဘူး။ တခါတလေ ကိုယ့်မိဘကို၊​ကိုယ့်သားသမီးကို၊​ကိုယ့်ချစ်တဲ့သူတွေ၊ သမီးရည်းစား၊ပြင်မရတဲ့သူတွေကိုပြင်လို့မရရင် စိတ်ဆင်းရဲခံပြီးပြင်မနေပါနဲ့တော့။ Vicktor Franklr ကတော့လူတွေက ပတ်ဝန်းကျင်ကို ပြောင်းလို့မရတဲ့အခါကိုယ့်ကိုကိုယ် ပြောင်းဖို့ကြိုးစားကြတယ်တဲ့။ ကိုယ့်ကိုကိုယ်ပဲ ပြောင်းဖို့ကြိုးစားပါ။ Phyo Paing @ Derek

တခြားသူတွေကို ပြင်ဖို့မကြိုးစားပါနဲ့။ Read More »

စေတနာမပျက်စေနဲ့။

တခါတလေ ကျွန်တော်တို့ရဲ့ ခံယူချက်အရအလုပ်ကြိုးစား လုပ်ပေမယ့်ဘေးထိုင်ဘုပြောတာနဲ့ ကြုံလာတဲ့အခါကိုယ့်အလုပ်အပေါ်ထားတဲ့ စေတနာမပျက်ပါစေနဲ့။ လူတိုင်းမှာ အတ္တရှိကြတယ်။ဒီ အတ္တတောင်ကို မကျော်နိုင်တဲ့အခါစိတ်မထားတတ်ပဲ သူတပါးကိုဝေဖန်တတ်ကြတယ်။ဒါကို ကျွန်တော်တို့ ပတ်ဝန်းကျင်မှာတွေ့ရမှာပါ။ ငါ့ကိုသူ ဘာကြောင့် ဒီလိုဝေဖန်လဲဆိုတာထက်သူလည်း လူသားပဲ သူ့မှာလည်းသူ့စဉ်းစားပုံရှိလိမ့်မယ်ဆိုတဲ့ဖြေတွေးလေးတွေးပေးလိုက်ပါ။ ဘေးထိုင်ဘုပြောသူတွေကြောင့်ကိုယ့်အလုပ်ပေါ်ထားတဲ့ စေတနာမပျက်စေပါနဲ့။ Phyo Paing @ Derek

စေတနာမပျက်စေနဲ့။ Read More »