money

ပိုက်ဆံ

ပိုက်ဆံဆိုတာတန်ဖိုးတွေကို ကိန်းဂဏန်းနဲ့မှတ်သားထိန်းသိမ်းထားပေးတဲ့လူတိုင်းသတ်မှတ်ထားတဲ့ စာရွက်ခု။ ဒီပိုက်ဆံကို မပျောက်ပျက်အောင်၊လွဲလို့လွယ်အောင်၊ငွေကြေးဖောင်းပွမှု တိုက်စားမှုကိုကာကွယ်နိုင်အောင် ဘဏ်မှာထိန်းသိမ်းကြတယ်။ ဘဏ်က ဘဏ်အလုပ်ကို မလုပ်နိုင်တဲ့အခါထိန်းသိမ်းတဲ့ ကိစ္စကို စဥ်းစားတဲ့အခါပိုင်ဆိုင်မှုတွေ မပျောက်ပျက်သွားအောင်၊တန်ဖိုးမကျအောင်တခြားတန်ဖိုးရှိတဲ့အရာတွေကို ပြောင်းတယ်။ရွှေ၊ မြေ နဲ့ တခြားငွေကြေးတွေကိုပြောင်းတယ်။ ဒီလိုင်းလုံးနဲ့အတူ ရွှေဆိုင်တွေ အလုပ်ဖြစ်တယ်။ရတနာတွေ အလုပ်ဖြစ်တယ်။မြေတွေ အလုပ်ဖြစ်ခဲ့တယ်။ လူတွေတခြားနေရာပြောင်းဖို့တခြားနိုင်ငံငွေကြေး လဲကြပြန်တော့ရောင်းလိုအားဝယ်လိုအားပေါ်မူတည်ပြီးကျပ်ပေး ဘတ်ယူတွေမှာစျေးတွေပြောင်းကုန်တယ်။ ၂၀၁၀ ခုနှစ်မတိုင်ခင်မှာငွေရှာပေးနိုင်တဲ့ ပိုင်ဆိုင်မှုလို့ဆိုတဲ့အခါအိမ်ခြံမြေ၊ ရွှေ ဒါတွေကို အဓိကမြင်တယ်။ ငါတို့တုန်းက ၂၅ သိန်းနဲ့ဝယ်ထားတဲ့မြေနှစ်သုံးဆယ်ကြာတော့ သိန်း ၂ သောင်းဖြစ်နေပြီ။ဒီလို စကားတွေ ခဏခဏ ကြားရမလိမ့်မယ်။ဒါကလဲ စျေးကွက်အခြေအနေပေါ်မှာမူတည်ပါတယ်။ ၂၀၁၀ နောက်ပိုင်းမှာတော့လူငယ်တွေ၊ လူလတ်ပိုင်းလုပ်ငန်းရှင်တွေအနေနဲ့စဥ်းစားသင့်တဲ့ ပိုင်ဆိုင်မှု asset ကတော့ဒီဂျစ်တယ် ပိုင်ဆိုင်မှုတွေပါပဲ။ မြေက တန်ဖိုးရှိတာမဟုတ်ပါဘူး။လူတွေအာရုံစိုက်၊ သဘောကျတဲ့နေရာမှာရှိတဲ့မြေကတန်ဖိုးရှိတာပါ။လူတွေမရှိ၊ မလို၊ စျေးကွက်မရှိတဲ့နေရာမှာတန်ဖိုးမကြီးပါဘူး။ အလားတူပဲ ဒီနေ့ခေတ်ကဒီဂျစ်တယ်ပိုင်ဆိုင်မှု […]

ပိုက်ဆံ Read More »

ပိုက်ဆံက တံခါးတွေကိုဖွင့်ပေးတယ်။

ပိုက်ဆံက တံခါးတွေကိုဖွင့်ပေးတယ်။ ပိုက်ဆံက သော့တစ်ချောင်းပဲ။ဘယ်နိုင်ငံရဲ့ နိုင်ငံသားဖြစ်ချင်လဲလုံလောက်တဲ့ ငွေကြေးရှိရင်တော်တော်များများအတွက် နည်းလမ်းရှိတယ်။ တက်ချင်တဲ့ ကျောင်းတော်တော်များများအတွက်အနောက်ပေါက်ရှိတယ်။ တချို့ဝင်ချင်တဲ့ အသိုင်းအဝိုင်းအတွက်ဝင်ပေါက်တွေရှိတယ်။ လူတချို့ ပိုက်ဆံရှာတာပိုက်ဆံကို မက်လို့မဟုတ်ဘူး။ ပိုက်ဆံက ဖွင့်ပေးမည့်တံခါးပေါက်တွေနဲ့ဖြစ်နိုင်ချေတွေကို ကြိုက်လို့။ သမာအာဇီဝ ကျကျ၊မြန်မြန် ပိုက်ဆံရှာနိုင်ဖို့စကားလုံးသုံးလုံးကTech, Scale, Leverageနည်းပညာ၊ ချဲ့ထွင်နိုင်စွမ်းနဲ့နည်းနည်းလုပ် များများရနိုင်တဲ့ကိုယ့်ရဲ့ စူပါပါဝါ leverage ဖြစ်နိုင်တယ်။ Phyo Paing @ Derek

ပိုက်ဆံက တံခါးတွေကိုဖွင့်ပေးတယ်။ Read More »

ငွေစကား ၁၅ ခွန်း

၁။ အလုပ်ကို အသက်လိုသဘောထား။ ကိုယ်အသက်မွေးဝမ်းကြောင်းပြုတဲ့အလုပ်ကို တန်ဖိုးထားဖို့လိုပါတယ်။ Work Ethics အရေးကြီးပါတယ်။ ၂။ ပိုက်ဆံများများရှာ။ ငွေကြေးဆိုတာ အရင်းအမြစ်တစ်ခုပဲ။ ငွေများများရှိလေလေ ရွေးချယ်မှု များများပိုလုပ်နိုင်လေလေ။ လွတ်လပ်မှုပိုရှိလေလေ။ ၃။ မစုနဲ့ ပွါး။ Savers are loser ဆိုတာ ကြားဖူးလိမ့်မယ်။ ငွေကြေးဖောင်းဖွမှုတွေနဲ့ စုလေရှုံးလေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် ငွေကိုငွေနဲ့ ပွားနိုင်တဲ့ ရင်းနှီးမြုပ်နှံမှု၊ စွမ်းဦးတီထွင်မှုကိုလေ့လာပါ။ ၄။ အကြွေးရှင်းအောင်လုပ် Personal debt မထားနဲ့။ အကြွေးက လူကိုလေးစေတယ်။ စီးပွားရေးအနေနဲ့ ယူတဲ့ business debt က လုပ်ငန်းအတွက် leverage တစ်ခုဖြစ်ပေမယ့် personal debt ကို ဂရုစိုက်ဖို့လိုပါတယ်။ ၅။ ကိုယ့်အနာဂတ်ဝင်ငွေထိခိုက်စေမည့် ဘယ်အရာကိုမှ မလုပ်နဲ့။

ငွေစကား ၁၅ ခွန်း Read More »

ပြောင်းပြန်တွေစဥ်းစားကြည့်။

ငွေမရှာပဲ ငွေကိုယ့်ကိုလာရှာအောင်လုပ်လို့ရမယ်ဆို ဘာတွေလုပ်ရမလဲ။ ဘဝဆိုတာ တိုက်ပွဲမဟုတ်ပဲ၊ကစားပွဲတစ်ခုဖြစ်ခဲ့မယ်ဆိုရင်ကိုယ်ကစားနေတဲ့ ကစားပွဲကဘာကစားပွဲလဲ။ ကိုယ့်ဘဝမှာ လုပ်ခဲ့သမျှတွေကုန်လုံးမှန်နေတယ်ဆိုရင်ပေါင်းစည်းပြီး အမှန်ဆုံးဖြစ်နိုင်မည့်အရာတစ်ခုက ဘာဖြစ်မလဲ။ Think in reverse. Without earning money, how can you make money come to you?If you could do something about it, what would it be? Life is not a battle but a game.If it were a game, what kind of game are you playing? If everything

ပြောင်းပြန်တွေစဥ်းစားကြည့်။ Read More »

ငွေရှာတာ ရွေးချယ်စရာများဖို့

ငွေရှာတာ ရွေးချယ်စရာများဖို့။ငွေများများရှိလေလေများများ ရွေးချယ်လို့ရလေလေ။ The purpose of earning money is to have the ability to make more choices. Earning more money enables a wider range of choices. Phyo Paing @ Derek

ငွေရှာတာ ရွေးချယ်စရာများဖို့ Read More »

ငွေကြေးကို မစုနဲ့ ပွားအောင်လုပ်။

အကြွေးကြေအောင်လုပ်။ငွေကြေး လုံလောက်အောင်ထား။ ဝင်တဲ့ငွေထက်ပိုမသုံးနဲ့။ ငွေကြေးကို မစုနဲ့ ပွားအောင်လုပ်။ ရေရှည်အတွက် ရင်းနှီးမြုပ်နှံ။ငွေပြန်ရှာပေးတဲ့အရာတွေမှာငွေသုံးဖို့ မနှမြောပါနဲ့။ Phyo Paing @ Derek (ကျင့်သုံးမိတာလေးတချို့)

ငွေကြေးကို မစုနဲ့ ပွားအောင်လုပ်။ Read More »

ပိုက်ဆံရှိရင် ရွေးချယ်စရာရှိတယ်။

ပိုက်ဆံရှိရင် ရွေးချယ်စရာရှိတယ်။ ကိုယ်နေချင်တဲ့နိုင်ငံအများစုမှာရင်းနှီးမြုပ်နှံမှုလုပ် အမြဲတမ်းနေထိုင်ခွင့်၊ဒီမှတဆင့် နိုင်ငံသားခံချင်ခံလို့ရတယ်။ ဒါမှမဟုတ် တချို့နိုင်ငံတွေက နိုင်ငံသား ဒေါ်လာ တစ်သိန်းကျော်နဲ့ဝယ်ပြီး နိုင်ငံပေါင်း ၁၃၀ ကျော်ဗီဇာမလိုပဲ သွားလို့ရတယ်။ ပိုက်ဆံက ပေးတဲ့အရာတစ်ခုဆိုရင်လွတ်လပ်မှုပဲဖြစ်မယ်။ ဒါကြောင့် ပိုက်ဆံများများရှာပေးနိုင်တဲ့ပညာရပ်တွေ သင်ယူဖို့လိုတယ်လို့ထင်တယ်။ ပိုက်ဆံများများရှာနိုင်တဲ့ ပညာရပ်ဆိုတာ လူများများကို ကိုယ့်သတင်းအချက်အလက်ဘယ်လို ရောက်အောင်လုပ်မလဲ။ လူတွေ ဘာလိုချင်လဲဆိုတာ ဘယ်လိုရှာဖွေမလဲ။ လူများများကို ဘယ်လိုရောင်းမလဲ။ လူများများကို အသုံးပြုပြီးလူများများကို ဘယ်လိုဖြန့်ဖြူးရောင်းချပေးမလဲ။ဒီပညာရပ်တွေပါတယ်။ ဒီလို ကျွမ်းကျင်မှုကို “ဝင်ငွေ ဆပွားကျွမ်းကျင်မှု” High-income skill လို့ခေါ်တယ်။ ကြော်ငြာရေးနည်း၊ စာရေးနည်း၊ လူရှေ့သူရှေ့ဟောပြောနည်း၊ ဗီဒီယိုမှာ ကိုယ်ပြောချင်တဲ့မက်ဆေ့ကိုလူတွေ နားလည်အောင်ပြောနည်း၊လူတွေ စိတ်ဝင်စားအောင်ပြောနည်း၊ကွန်ပြူတာပရိုဂရမ်ရေးသားခြင်းကျွမ်းကျင်မှု၊မားကတ်တင်းပညာ၊စီမံခန့်ခွဲမှုပညာ ဒါတွေပါဝင်တယ်။ ခေတ်စနစ်တစ်ခုကို အသုံးချပြီး သမာအာဇီဝ ငွေရှာဖို့က leveraged power နည်းနည်းလုပ်များများရနိုင်တဲ့ ကျွမ်းကျင်မှုတွေလိုတယ်။

ပိုက်ဆံရှိရင် ရွေးချယ်စရာရှိတယ်။ Read More »

ကိုယ်လဲစိတ်ညစ်ရမည့်
အလုပ်တွေ မလုပ်နဲ့။

နည်းနည်း များများပိုက်ဆံလဲ ပေးရသေးတယ်။ကိုယ်လဲစိတ်ညစ်ရမည့်အလုပ်တွေ မလုပ်နဲ့။ Phyo Paing @ Derek

ကိုယ်လဲစိတ်ညစ်ရမည့်
အလုပ်တွေ မလုပ်နဲ့။
Read More »