money

ပိုက်ဆံဘာကြောင့်ရှာလဲဆို

“လုပ်ချင်တာ လုပ်ဖို့”။ လုပ်ချင်တာလုပ်ဖို့ရဲ့အတားအဆီးက “မလုပ်ချင်တာကို လုပ်ရတာ။” မလုပ်ချင်တာလုပ်နေရတဲ့အကြောင်းအရင်းက၁။ ငွေကြေးကြောင့်၂။ လူတွေရဲ့ အထင်အမြင်ကြောင့် ၃။ နောက်ထပ်ရွေးချယ်မှုတစ်ခုကို မမြင်လို့။ ငယ်တုန်းက “မလုပ်ချင်ပေမယ့် လုပ်ရတဲ့”ကျောင်းစာတွေ ရှိတယ်။ဘွဲ့တွေ ယူရတယ်။စားဝတ်နေရေးရုန်းကန်ဖို့ အလုပ်ရှိတယ်။ ဘဝမှာ ဘွဲ့လဲရပြီးပြီ၊အသက်ရှင်ဖို့လဲ လုံလောက်တဲ့ငွေကြေးရှိပြီဆို လုပ်ချင်တာ လုပ်လို့ရလာပြီ။ တချို့က တနေ့ကျ လုပ်ချင်တာလုပ်ဖို့ဒီနေ့ မလုပ်ချင်တာလုပ်၊မနေချင်တဲ့နေရာနေပြီးလွတ်မြောက်မှုအတွက် အဿပြာရှာတာဖြစ်ရင်ဖြစ်မယ်။တချို့အတွက်က ပြိုင်ဖက်တွေကို သက်သေပြ ခြေမှုန်းဖို့ငွေရှာ၊ ဂုဏ်ရှာ ပါဝါစုတာဖြစ်ရင်ဖြစ်မယ်။တချို့အတွက်က မိဘ၊ သားသမီးနောင်ရေးအတွက်ပျော်ရာမှာမနေ၊ တော်ရာမှာနေပြီးပျော်တာကိုမလုပ်၊ တော်ရာအလုပ်လုပ်တာဖြစ်ရင်ဖြစ်မယ်။မိဘကျေးဇူးကလဲ ကြီးမားလှတယ်။ကိုယ့်ဒီဘဝအောင်မြင်မှုရောက်နိုင်တဲ့အမြင့်တစ်ဝက်လောက်က မိဘနဲ့ဆိုင်တယ်လို့ပြောရင်မမှားဘူး။ နောက်ဆုံးတော့ ဘာပဲဖြစ်ဖြစ်ပိုက်ဆံ ဘာကြောင့်ရှာကြလဲဆို “လုပ်ချင်တာ လုပ်ဖို့”။တချို့တလေ ဒါကြီးကို မေ့သွားတတ်တယ်။ Phyo Paing @ Derek

ပိုက်ဆံဘာကြောင့်ရှာလဲဆို Read More »

အချိန်မတန်ခင် ဇိမ်မခံနဲ့။

ပိုက်ဆံဘာလို့ရှာလဲဆိုပိုက်ဆံနဲ့ ဖြေရှင်းလို့ရတဲ့ကိစ္စတွေကို ခေါင်း မကိုက်အောင်လို့။ ကိုယ့်အတွက် ဖြေရှင်းရမည့်ပြဿနာကပိုက်ဆံ မဖြစ်အောင် အလုပ်အကိုင်နဲ့ စီးပွားကို ရွေးရတာပေါ့။ မဟုတ်ရင် ကိုယ့်ဘဝရပ်တည်ဖို့ မလုပ်ချင်တဲ့အလုပ်ကိုလုပ်ကျန်တဲ့ အချိန်မှာ အိပ်မက်ကို တည်ဆောက်ဖို့ကျတော့အားအင် ကုန်ခမ်းနေပြီ။ ပိုက်ဆံနဲ့ ဖြေရှင်းလို့ရတဲ့ကိစ္စခေါင်းမခြောက်အောင်ငွေကို လွယ်လွယ်မဖြုန်းနဲ့။ နောက် ငွေကြောင့် ဘဝကိုပေးဆပ်တာမဖြစ်ရအောင်အချိန်မတန်ခင် ဇိမ်မခံနဲ့။ အဲ့လိုပဲ စဥ်းစားမိတယ်။ Phyo Paing @ Derek

အချိန်မတန်ခင် ဇိမ်မခံနဲ့။ Read More »

ပိုက်ဆံဘာလို့ရှာလဲ။
ကိုယ်လုပ်ချင်တာလုပ်ဖို့။

ကိုယ်လုပ်ချင်တာလုပ်ပြီးပိုက်ဆံမရှာဘဲလာအောင်လုပ်လို့မရဘူးလား။ တခါတလေ တစ်ခုကို အကောင်အထည်ဖော်ပြီးကျန်တာတွေလုပ်စရာမလိုတော့တာမဟာဗျူဟာပဲ။ ပြိုင်ဖက်တွေထက်သာအောင်ဘာလုပ်ရမလဲ။ဒီမေးခွန်းအစားပြိုင်စရာမလိုတော့ဘဲနိုင်အောင် ဘယ်လိုလုပ်ရမလဲ။ ဒီမေးခွန်းက လိုချင်တာလဲရမယ်။မလိုချင်တာကိုလဲ ရှောင်ရှားနိုင်မယ်။ မဟာဗျူဟာမြောက်စဉ်းစားဖို့မြင်ကွင်းကျယ်ကျယ်ထားဖို့လိုတယ်။ မေးခွန်းကောင်းမေးတတ်ဖို့လိုတယ်။ Phyo Paing @ Derek

ပိုက်ဆံဘာလို့ရှာလဲ။
ကိုယ်လုပ်ချင်တာလုပ်ဖို့။
Read More »

ကာလာစုံဂိမ်း

ငွေက ပျော်ရွင်မှုတွေကို မပေးဘူး။ငွေက ပျော်ရွင်စေတဲ့အရာတွေကိုပဲ ဝယ်ပေးတယ်။ တချို့ ဒုက္ခဝေဒနာတွေက ငွေနဲ့ရှောင်လို့ရတယ်။ပျော်စရာတွေ အကြာကြီးမဟုတ်တောင်ခဏ ဝယ်ယူလို့ရတယ်။ တန်ဖိုးသတ်မှတ်လို့ရတဲ့အရာကိုပဲငွေနဲ့ တန်ဖိုးဖြတ်လို့ရတယ်။ ဒါပေမယ့် ခင်ဗျာ မျက်လုံးနှစ်ဖက်ပေးဘယ်လောက်လဲ လုပ်လို့မရဘူး။ ငွေလိုတယ်။ တန်ဖိုးဖြတ်လို့မရတဲ့ တန်ဖိုးထားမှုလဲလိုတယ်။ ဘဝဆိုတာ အဖြူအမဲပဲ မဟုတ်ပဲကာလာစုံဂိမ်း ပဲ။ Phyo Paing @ Derek

ကာလာစုံဂိမ်း Read More »

ပိုက်ဆံက ကိုယ့်ကိုလာရှာဖို့။

ကျွန်တော့်အတွက် ဒီနေ့မှာထားတဲ့အောင်မြင်မှုရဲ့အဓိပ္ပာယ်ဖွင့်ဆိုချက်ကတော့နေ့တိုင်းကိုယ်ကြိုက်တာတွေ လုပ်နေပြီးကိုယ်က ပိုက်ဆံကို မရှာပဲပိုက်ဆံက ကိုယ့်ကိုလာရှာဖို့။ Phyo Paing @ Derek

ပိုက်ဆံက ကိုယ့်ကိုလာရှာဖို့။ Read More »

ပိုက်ဆံ

ပိုက်ဆံဆိုတာတန်ဖိုးတွေကို ကိန်းဂဏန်းနဲ့မှတ်သားထိန်းသိမ်းထားပေးတဲ့လူတိုင်းသတ်မှတ်ထားတဲ့ စာရွက်ခု။ ဒီပိုက်ဆံကို မပျောက်ပျက်အောင်၊လွဲလို့လွယ်အောင်၊ငွေကြေးဖောင်းပွမှု တိုက်စားမှုကိုကာကွယ်နိုင်အောင် ဘဏ်မှာထိန်းသိမ်းကြတယ်။ ဘဏ်က ဘဏ်အလုပ်ကို မလုပ်နိုင်တဲ့အခါထိန်းသိမ်းတဲ့ ကိစ္စကို စဥ်းစားတဲ့အခါပိုင်ဆိုင်မှုတွေ မပျောက်ပျက်သွားအောင်၊တန်ဖိုးမကျအောင်တခြားတန်ဖိုးရှိတဲ့အရာတွေကို ပြောင်းတယ်။ရွှေ၊ မြေ နဲ့ တခြားငွေကြေးတွေကိုပြောင်းတယ်။ ဒီလိုင်းလုံးနဲ့အတူ ရွှေဆိုင်တွေ အလုပ်ဖြစ်တယ်။ရတနာတွေ အလုပ်ဖြစ်တယ်။မြေတွေ အလုပ်ဖြစ်ခဲ့တယ်။ လူတွေတခြားနေရာပြောင်းဖို့တခြားနိုင်ငံငွေကြေး လဲကြပြန်တော့ရောင်းလိုအားဝယ်လိုအားပေါ်မူတည်ပြီးကျပ်ပေး ဘတ်ယူတွေမှာစျေးတွေပြောင်းကုန်တယ်။ ၂၀၁၀ ခုနှစ်မတိုင်ခင်မှာငွေရှာပေးနိုင်တဲ့ ပိုင်ဆိုင်မှုလို့ဆိုတဲ့အခါအိမ်ခြံမြေ၊ ရွှေ ဒါတွေကို အဓိကမြင်တယ်။ ငါတို့တုန်းက ၂၅ သိန်းနဲ့ဝယ်ထားတဲ့မြေနှစ်သုံးဆယ်ကြာတော့ သိန်း ၂ သောင်းဖြစ်နေပြီ။ဒီလို စကားတွေ ခဏခဏ ကြားရမလိမ့်မယ်။ဒါကလဲ စျေးကွက်အခြေအနေပေါ်မှာမူတည်ပါတယ်။ ၂၀၁၀ နောက်ပိုင်းမှာတော့လူငယ်တွေ၊ လူလတ်ပိုင်းလုပ်ငန်းရှင်တွေအနေနဲ့စဥ်းစားသင့်တဲ့ ပိုင်ဆိုင်မှု asset ကတော့ဒီဂျစ်တယ် ပိုင်ဆိုင်မှုတွေပါပဲ။ မြေက တန်ဖိုးရှိတာမဟုတ်ပါဘူး။လူတွေအာရုံစိုက်၊ သဘောကျတဲ့နေရာမှာရှိတဲ့မြေကတန်ဖိုးရှိတာပါ။လူတွေမရှိ၊ မလို၊ စျေးကွက်မရှိတဲ့နေရာမှာတန်ဖိုးမကြီးပါဘူး။ အလားတူပဲ ဒီနေ့ခေတ်ကဒီဂျစ်တယ်ပိုင်ဆိုင်မှု

ပိုက်ဆံ Read More »

ပိုက်ဆံက တံခါးတွေကိုဖွင့်ပေးတယ်။

ပိုက်ဆံက တံခါးတွေကိုဖွင့်ပေးတယ်။ ပိုက်ဆံက သော့တစ်ချောင်းပဲ။ဘယ်နိုင်ငံရဲ့ နိုင်ငံသားဖြစ်ချင်လဲလုံလောက်တဲ့ ငွေကြေးရှိရင်တော်တော်များများအတွက် နည်းလမ်းရှိတယ်။ တက်ချင်တဲ့ ကျောင်းတော်တော်များများအတွက်အနောက်ပေါက်ရှိတယ်။ တချို့ဝင်ချင်တဲ့ အသိုင်းအဝိုင်းအတွက်ဝင်ပေါက်တွေရှိတယ်။ လူတချို့ ပိုက်ဆံရှာတာပိုက်ဆံကို မက်လို့မဟုတ်ဘူး။ ပိုက်ဆံက ဖွင့်ပေးမည့်တံခါးပေါက်တွေနဲ့ဖြစ်နိုင်ချေတွေကို ကြိုက်လို့။ သမာအာဇီဝ ကျကျ၊မြန်မြန် ပိုက်ဆံရှာနိုင်ဖို့စကားလုံးသုံးလုံးကTech, Scale, Leverageနည်းပညာ၊ ချဲ့ထွင်နိုင်စွမ်းနဲ့နည်းနည်းလုပ် များများရနိုင်တဲ့ကိုယ့်ရဲ့ စူပါပါဝါ leverage ဖြစ်နိုင်တယ်။ Phyo Paing @ Derek

ပိုက်ဆံက တံခါးတွေကိုဖွင့်ပေးတယ်။ Read More »

ငွေစကား ၁၅ ခွန်း

၁။ အလုပ်ကို အသက်လိုသဘောထား။ ကိုယ်အသက်မွေးဝမ်းကြောင်းပြုတဲ့အလုပ်ကို တန်ဖိုးထားဖို့လိုပါတယ်။ Work Ethics အရေးကြီးပါတယ်။ ၂။ ပိုက်ဆံများများရှာ။ ငွေကြေးဆိုတာ အရင်းအမြစ်တစ်ခုပဲ။ ငွေများများရှိလေလေ ရွေးချယ်မှု များများပိုလုပ်နိုင်လေလေ။ လွတ်လပ်မှုပိုရှိလေလေ။ ၃။ မစုနဲ့ ပွါး။ Savers are loser ဆိုတာ ကြားဖူးလိမ့်မယ်။ ငွေကြေးဖောင်းဖွမှုတွေနဲ့ စုလေရှုံးလေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် ငွေကိုငွေနဲ့ ပွားနိုင်တဲ့ ရင်းနှီးမြုပ်နှံမှု၊ စွမ်းဦးတီထွင်မှုကိုလေ့လာပါ။ ၄။ အကြွေးရှင်းအောင်လုပ် Personal debt မထားနဲ့။ အကြွေးက လူကိုလေးစေတယ်။ စီးပွားရေးအနေနဲ့ ယူတဲ့ business debt က လုပ်ငန်းအတွက် leverage တစ်ခုဖြစ်ပေမယ့် personal debt ကို ဂရုစိုက်ဖို့လိုပါတယ်။ ၅။ ကိုယ့်အနာဂတ်ဝင်ငွေထိခိုက်စေမည့် ဘယ်အရာကိုမှ မလုပ်နဲ့။

ငွေစကား ၁၅ ခွန်း Read More »

ပြောင်းပြန်တွေစဥ်းစားကြည့်။

ငွေမရှာပဲ ငွေကိုယ့်ကိုလာရှာအောင်လုပ်လို့ရမယ်ဆို ဘာတွေလုပ်ရမလဲ။ ဘဝဆိုတာ တိုက်ပွဲမဟုတ်ပဲ၊ကစားပွဲတစ်ခုဖြစ်ခဲ့မယ်ဆိုရင်ကိုယ်ကစားနေတဲ့ ကစားပွဲကဘာကစားပွဲလဲ။ ကိုယ့်ဘဝမှာ လုပ်ခဲ့သမျှတွေကုန်လုံးမှန်နေတယ်ဆိုရင်ပေါင်းစည်းပြီး အမှန်ဆုံးဖြစ်နိုင်မည့်အရာတစ်ခုက ဘာဖြစ်မလဲ။ Think in reverse. Without earning money, how can you make money come to you?If you could do something about it, what would it be? Life is not a battle but a game.If it were a game, what kind of game are you playing? If everything

ပြောင်းပြန်တွေစဥ်းစားကြည့်။ Read More »

ငွေရှာတာ ရွေးချယ်စရာများဖို့

ငွေရှာတာ ရွေးချယ်စရာများဖို့။ငွေများများရှိလေလေများများ ရွေးချယ်လို့ရလေလေ။ The purpose of earning money is to have the ability to make more choices. Earning more money enables a wider range of choices. Phyo Paing @ Derek

ငွေရှာတာ ရွေးချယ်စရာများဖို့ Read More »