အရင်းအနှီး
ငွေ အရင်းအနှီး။ဥာဏ်ပညာအရင်းအနှီး။ကိုယ်ကာယကျန်းမာမှု အရင်းအနှီး။အသိမိတ်ဆွေ အရင်းအနှီး။ဂုဏ်သိက္ခာ အရင်းအနှီး။နည်းပညာ အရင်းအနှီး။ နေ့စဥ် အရင်းအနှီးတွေတည်ဆောက်တိုးပွားနေဖို့ အသက်ရှင်နေတယ်။ Phyo Paing @ Derek
ငွေ အရင်းအနှီး။ဥာဏ်ပညာအရင်းအနှီး။ကိုယ်ကာယကျန်းမာမှု အရင်းအနှီး။အသိမိတ်ဆွေ အရင်းအနှီး။ဂုဏ်သိက္ခာ အရင်းအနှီး။နည်းပညာ အရင်းအနှီး။ နေ့စဥ် အရင်းအနှီးတွေတည်ဆောက်တိုးပွားနေဖို့ အသက်ရှင်နေတယ်။ Phyo Paing @ Derek
တချို့အတွက် အောင်မြင်တယ်ဆိုတာကိုယ်လုပ်ချင်တဲ့အလုပ်ကိုလုပ်ချင်တဲ့အချိန်၊လုပ်ချင်တဲ့နေရာမှာဖန်တီးလုပ်ကိုင်နေရတာပဲ။ ဒီလိုလုပ်ဖို့ လွတ်မြောက်မှုလိုတယ်။ လူတွေက လူတွေကိုငွေဆိုတဲ့အရာနဲ့ ချုပ်နှောင်စေခိုင်းထားတတ်တယ်။ လွတ်မြောက်မှုအတွက် ငွေကြေးလိုတယ်။ Phyo Paing @ Derek
လွတ်မြောက်မှုလိုတယ် Read More »
တချို့က ပိုက်ဆံကို “ပညာ” နဲ့ရှာတယ်။တချို့က ပိုက်ဆံကို “ပိုက်ဆံ” နဲ့ရှာတယ်။တချို့က ပိုက်ဆံကို “ပါဝါ” နဲ့ရှာတယ်။တချို့က “ပေါင်းစပ်” ပြီးရှာတယ်။ Phyo Paing @ Derek
“ကိုင်ထားတဲ့” ဆိုတဲ့အဓိပ္ပာယ်ကငွေကြေးတန််ဖိုးတွေ free fallကျဆင်းတာတွေကြားမှာကိုယ့်ရဲ့ပိုင်ဆိုင်မှု တန်ဖိုးတွေမကျသွားအောင် ကိုင်ထားတာ။ ငွေဆိုတာ “medium for exchange”လှဲလှယ်မှုပြုလုပ်တဲ့ ကြားခံတစ်ခုပဲ။သူက တန်ဖိုးတွေအကုန်လုံးကိုဖလှယ်လို့ရတယ်။ အရင်ခေတ်က ကုန်ပစ္စည်းချင်းလှဲလှယ်ကြတယ်။ဒါကို barter စနစ်လို့ခေါ်တယ်။ဒါက နှစ်ထောင်ပေါင်းများစွာကစတင်ခဲ့တဲ့ ငွေကြေးရဲ့အစပဲ။ နောက်ပိုင်း ရွှေ၊ ငွေ၊ ပုလဲအပြင်ဆား အစရှိတဲ့ တန်ဖိုးရှိတဲ့အရာတွေနဲ့ကုန်ပစ္စည်းဖလှယ်လာကြတယ်။ဒါကို commodity money လို့ခေါ်ခဲ့ကြတယ်။ နောက်ပိုင်း စနစ်တစ်ခုချဖို့ကြွေပြား coin money တွေထုတ်ပြီးလှဲလှယ်ခဲ့ကြတယ်။ ဒီလို ကြွေပြားတွေက သယ်ရခက်တဲ့အတွက်၇ ရာစုမှာ တရုတ်မှာစတင်ပြီးစာရွက်ငွေ paper money ကို စတင်စမ်းသပ်တယ်။အစပိုင်းမှာ ကုန်သည်တွေကကတိကဝတ်ငွေကြေး အနေနဲ့သုံးတယ်။ဥပမာ ရွှေတစ်ကျပ်သားပေးထား။သူ့တန်ဖိုးနဲ့ညီတဲ့ ကတိကဝတ်ငွေကြေးရတယ်။နောက် အစိုးရကပါ ဒီစနစ်ကိုအသုံးပြုတယ်။အောင်မြင်တယ်။တစ်ကမ္ဘာလုံးသုံးလာတယ်။ ဒီကမှ တဆင့် US dollar နဲ့ ရွှေနဲ့ ချိပ်ဆက်တာကိုဖြုတ်ပြီးတဲ့နောက်ပိုင်းငွေက တစ်ကမ္ဘာလုံးအသုံးပြုတဲ့
ပျော်လာလိမ့်မယ်။များများဝင်လာလေပျော်လာလေလေဖြစ်လိမ့်မယ်။ 😂 Phyo Paing @ Derek
စိတ်ညစ်ရင် ပိုက်ဆံသာဖိရှာ။ Read More »
ဘဝမှာ ပိုက်ဆံအရေးကြီးတယ်။ဒါမရှိရင် ကျန်တာတော်တော်များများဆက်လုပ်လို့မလွယ်ဘူး။သွားချင်တဲ့နေရာမသွားနိုင်ဘူး။ချစ်ခြင်းမေတ္တာကိုဖော်ပြလို့မရနိုင်ဘူး။ကိုယ်အထောက်အပံ့ပြုချင်သူတွေကိုအထောက်အပံ့ပြုဖို့ မလွယ်ပြန်ဘူး။ဒီတော့ ဘဝမှာ လူဖြစ်တဲ့အခိုက်အတန့်ပိုက်ဆံ money ရှိဖို့လိုတယ်။ ဒီ ပိုက်ဆံရှိဖို့ ကိုယ့်အချိန်နဲ့လဲလို့ရတယ်။ဒါက အကောင်းဆုံးနည်းတော့မဟုတ်ဘူး။ကုမ္ပဏီမှာ အချိန်နဲ့ လုပ်အားရောင်းပြီးပိုက်ဆံရှာတာ။တကယ်လို့ ကိုယ်တကယ်ဝါသနာပါတဲ့အလုပ်၊အနာဂတ်အတွက် အခွင့်အလမ်းတွေရှိတယ်ဆိုရင်တောင်နောက်ဝင်ငွေတစ်ခုအမြဲကြိုစဥ်းစားထားဖို့လိုတယ်။ဘာကြောင့်လဲဆိုတော့ ကိုယ်ကသာကုမ္ပဏီကိုချစ်တာကုမ္ပဏီက ကိုယ့်ကို ဘယ်အချိန်အချစ်ရပ်မယ်မသိနိုင်ဘူး။ ပိုက်ဆံကိုရှာလို့ရတယ်။ပိုက်ဆံကိုယ့်ဆီလာအောင်လုပ်လို့ရတယ်။ကိုယ်က ဘယ်မဟာဗျူဟာနဲ့ ငွေရှာမလဲဘယ်လိုရှာရင် ပိုပျော်သလဲသိဖို့လိုမယ်။ နောက်တစ်ခုကတော့ ဘဝအဓိပ္ပာယ်။ဒီ ဘဝအဓိပ္ပာယ် meaning ဆိုတာmoney မရှိရင် ရှာဖို့အတော်ခက်တယ်။ သေချာတာတစ်ခုက ကိုယ်မွေးတဲ့နေရာအတွက်တစ်ခုခုကောင်းတာတော့ပြန်လုပ်ပေးရမယ်။ဒါမှလဲ ကိုယ်လူဖြစ်လာတာကိုယ့်နေတဲ့နေရာအတွက် တန်ဖိုးရှိမှာ။ လောကမှာ ကိုယ်တိုက်ရိုက်ထိန်းချုပ်လို့ရတာများများစားစားမရှိဘူး။လုပ်ပေးနိုင်တာကတော့ကိုယ်ကျွမ်းကျင်လိမ္မာရာနဲ့လူတွေကို ကူညီပေးတာပဲ။ Phyo Paing @ Derek
ဘဝမှာ ဘာကြောင့်နေလဲ
အဓိပ္ပာယ်သေချာမသိရင်
သေဖို့အသက်ရှင်နေရသလိုပဲ
ဖြစ်နေနိုင်တယ် Read More »
ဘဝမှာ လူတစ်လုံးသူတစ်လုံးကိုယ်သက်သောင့်သက်သာရှိတဲ့ဘဝနေထိုင်မှုပုံစံရှိဖို့ Money လိုတယ်။ ဒါပြည့်စုံပြီးရင် ဘဝနေထိုင်မှုအဓိပ္ပာယ်Meaning လိုတယ်။ Money မရှိပဲ Meaning ရှာဖို့ခက်သလို၊Meaning ရှိပြီး Money မရှိပြန်လဲမရဘူး။ Money ရှိပြီး Meaning မရှိရင်လဲဘဝရဲ့ တကယ့်လတ်ဆတ်မှုပျောက်နေမယ်။ Phyo Paing @ Derek
Money နဲ့ Meaning အရေးကြီးတယ်။ Read More »
ပိုက်ဆံအရေးကြီးတယ်။ဒါပေမယ့်အလုပ်လုပ်တဲ့ ရည်ရွယ်ချက်ကပိုက်ဆံတစ်ခုထက်အများကြီးပိုဖို့လိုတယ်။ကိုယ့်ကို ပျော်ရွင်စေဖို့၊တစ်ဖက်ကမ်းခက်ကျွမ်းကျင်စေဖို့အပြင်တခြားသူတွေရဲ့ ဘဝကိုပိုကောင်းအောင် ကူညီပေးဖို့လိုတယ်။ ဘဝမှာ ကိုယ်လုပ်ပေးနိုင်တာတစ်ခုကပညာရေးနဲ့ နည်းပညာအသုံးပြုပြီးဘဝတွေကို အပြောင်းအလဲလုပ်ပေးချင်တယ်။ ဒီခံယူချက်တစ်ခုတည်းနဲ့နယ်ပယ်တစ်ခုတည်းကိုပဲ ဇောက်ချလုပ်ဖြစ်တယ်။ ဘဝရဲ့ အနှစ်သာရဆိုတာကိုယ်တစ်ကိုယ်စာထက် ပိုကြီးတဲ့အရာအတွက်လုပ်ဆောင်ရာက စတယ်။committed to something bigger than yourself. ဒါက Motivation အမြင့်စားပဲ။ငွေဆိုတာက motivation အနိမ့်စား။meaning က motivation အမြင့်စား။ ငွေဆိုတာက အပြင်ကလာတဲ့ extrinsic motivation.အဓိပ္ပာယ်ဆိုတာ အတွင်းကလာတဲ့ intrinsic motivation. Phyo Paing @ Derek
ငွေဆိုတာက motivation အနိမ့်စား Read More »
လူနာတွေအပြည့်နဲ့ မနက်ကည ကိုးနာရီထိ ဆေးခန်းထိုင်မလား၊ ခေါင်းစားစရာ လူတွေကို စီမံခန့်ခွဲပြီးလည်ပတ်မှု operations တွေကိုစီမံခန့်ခွဲတဲ့ ဆေးရုံအုပ်ပုံစံနဲ့လား။ ကုန်ပစ္စည်းတွေ ဝယ်ရောင်းပုံစံလား။ အမှတ်တံဆိပ်၊ လူနဲ့ စနစ်နဲ့ စီးပွားရေး တည်ဆောက်ပြီးလား။ ပါမောက္ခတစ်ဦးလို သုတေသနလုပ်စာတမ်းပြုစု၊ စာသင်လား။ ဘယ်လိုပဲ ဖြစ်ဖြစ် အလုပ်တိုင်းမှာပျော်စရာနဲ့ ပြဿနာ ရှိနေမှာပဲ။ ကိုယ်က အဲ့ ပြဿနာကို ချစ်တတ်လားဆိုတဲ့ မေးခွန်းရဲ့အဖြေက အလုပ်တစ်ခု ရွေးချယ်မှုအတွက်အရမ်း အရေးကြီးတယ်။ ကျွန်တော်ကတော့ အမြဲတိုးတက်နေချင်တယ်။ဒါကြောင့် စာသင်တယ်။The best way to learn is to teach. နောက် စျေးကွက်အကြောင်းတွေကို ချိပ်ဆက်စဥ်းစားနိုင်စွမ်းရှိချင်တယ်။ဒါကြောင့် စီးပွားရေး အကြံပေးတယ်။ လွတ်လပ်မှုရချင်တယ်။ဒါကြောင့် အိပ်နေရင်တောင် ငွေရှာပေးနိုင်တဲ့စနစ်တွေတည်ဆောက်လို့ရတဲ့ digital product တွေ တည်ဆောက်ရေးကိုလေ့လာတယ်။
ကိုယ်ဘယ်လို ပိုက်ဆံရှာမလဲ။ Read More »
ဘဝကို အဓိပ္ပာယ်ရှိရှိဖြတ်သန်းနိုင်ဖို့ပထမဆုံးရှိဖို့လိုတာ အဿပြာပဲ။ဒီနေ့ခေတ်က meaningful work လုပ်ဖို့money အရင်ရှိဖို့လိုတယ်။ အကောင်းဆုံးကတော့ meaningful work ကနေအခုနဲ့ အနာဂတ်မှာ နေချင်တဲ့ဘဝနေထိုင်တဲ့ပုံစံကို အထောက်အကူပြုမည့်ပုံမှန် money ဝင်နေဖို့ပဲ။ Meaningful work -> Money -> Successဒီလိုပဲ အောင်မြင်မှုအဓိပ္ပာယ်ဖွင့်တယ်။ Phyo Paing @ Derek
Meaningful work -> Money -> Success
ဒီလိုပဲ အောင်မြင်မှုအဓိပ္ပာယ်ဖွင့်တယ်။ Read More »