စည်းတားပါ
ဦးနှောက်တွေရပ်မတတ်ချောင်းတွေဆိုး အကြီးအကျယ်ဖျားဖူးတယ်။Covid-19 လဲဖြစ်ဖူးတယ်။ Coup ကြောင့်လုပ်ငန်းတွေလချီပြီး ရပ်သွားဖူးတယ်။ လုပ်ဖို့ရည်ရွယ်ထားတဲ့လမ်းကြောင်းတွေကမောက်ကမ ဖြစ်ရုံမကလမ်းကြောင်းတွေပြောင်းလဲနောက်ကျသွားတယ်။ အမျိုးထဲက ဆန္ဒပြရင်း တိုင်းသိပြည်သိတစ်ယောက်သေနတ်မှန်ဆုံးသွားတယ်။ အဖွားအရင်း Covid-19 နဲ့ဆုံးသွားတယ်။ လူမသိသေးတဲ့ ဘဝအချိုးအကွေ့ကြီးတစ်ခုCovid-19 စ ဖြစ်ဖြစ်ခြင်း March 2020 မှ ဖြစ်ခဲ့တယ်။ လူတွေမသိတဲ့ ပြဿနာပေါင်းတစ်သောင်းခြောက်ထောင်ကိုတည်တည်ငြိမ်ငြိမ် အိန္ဒြေမပျက်ကျော်လွားနိုင်ဖို့ “စည်း” လိုတယ်။ နိုင်ငံရေး၊ စီးပွါးရေး၊ လူမှုရေး၊ကျန်းမာရေး ဘယ်လောက်ဆိုးဆိုးကိုယ့်ရဲ့အတွင်းစည်းကို မကျော်နိုင်ဘူး။ဘာကြောင့်လဲဆို ဒီထဲဝင်ခွင့်ရှိတဲ့Authorized person က ကိုယ်ပဲ။ ကိုယ့်ရဲ့ spouse လဲမဟုတ်ဘူး။မအလလဲ မဟုတ်ဘူး။ပူတင်လဲ မဟုတ်ဘူး။Covid-19 လဲ မဟုတ်ဘူး။ကုန်စျေးနှုန်းတွေလဲ မဟုတ်ဘူး။ ကိုယ့်ကိုဘယ်လောက် စိတ်ညစ်အောင်လုပ်လုပ်ဘယ်လောက် အကြည်ဓာတ်ပျက်အောင်လုပ်လုပ်ခေါင်းအေးအေး၊ စိတ်ဓာတ်ခိုင်ခိုင်မာမာဒူပေဒါပေခံခံနဲ့ ကိုယ်ဂုဏ်ယူတဲ့အလုပ်ကိုပိုးစိုးပက်စက်ဆက်လုပ်နေနိုင်တာ စည်းတားထားလို့။ ကိုယ့်ရဲ့ လောကအမြင်၊အတွေးအခေါ်၊ ခံစားချက်တွေကို၁၀၀% ထိန်းရချုပ်တဲ့သူက ကိုယ်ပဲ။ […]
