motivation

အတွေးတွေကို ဂရုစိုက်ဖို့လိုတယ်။

ဘာမှမလုပ်ဘဲ ပင်ပန်းဖူးလား?အလုပ်အရမ်းလုပ်ရပေမယ့်မပင်ပန်းဘဲ အားအင်အပြည့်ဖြစ်နေတာ ကြုံဖူးလား?အတွေးတွေက ENERGY DRAIN ဖြစ်စေနိုင်သလိုGAINလဲဖြစ်စေနိုင်တယ်။ Phyo Paing @ Derek

အတွေးတွေကို ဂရုစိုက်ဖို့လိုတယ်။ Read More »

Stress Test

သင်လုပ်ခဲ့ဖူးတဲ့အမှားတစ်ခုကို ယူကြုံးမရဖြစ်နေပါသလား?သင့်ကိုတခြားသူတွေက ဟားတိုက်နေမှာ အသုံးမကျဘူးလို့ထင်မှာအထင်သေးမှာ ကြောက်နေပါသလား? လူတွေက တပါးသူတွေရဲ့ အထင်အမြင်မှာအထပ်ထပ်အခါခါ ကျဆုံးတယ်။ ကိုယ့်ကိုကိုယ်ချစ်ပါ။ခွင့်လွှတ်ပါ။မတူညီတဲ့ နောက်ကမ္ဘာတစ်ခုမှာနေထိုင်ဖို့ ရူးသွပ်မှုတစ်ခုရှာဖွေပါ။ပုံပြင်သစ် တစ်ပုဒ်ဖန်တီးပါ။ Phyo Paing @ Derek

Stress Test Read More »

ကိုယ့်ကိုကိုယ် လွတ်လပ်စွာ ကျဆုံးခွင့်ပေးပါ။

Freedom to Fail လွတ်လပ်စွာ ကျဆုံးခွင့် Marriage တစ်ခု fail ဖြစ်တယ်။ စာမေးပွဲကျတယ်။လုပ်ငန်းကျဆုံးသွားတယ်။ ရွေးကောက်ပွဲမှာ မဲမရဘူး။Project တစ်ခု fail ဖြစ်တယ်။ လူတိုင်းတစ်ကွေ့ကွေ့မှာ တစ်ခုခု ကြုံမှာပဲ။ ဒီ failure ကို လက်ခံနိုင်ဖို့လိုတယ်။ အောင်မြင်မှုရှိရင် ကျဆုံးမှုရှိမယ်။မကျဆုံးပဲ အကုန်လုံး မအောင်မရှိဆို အောင်မြင်မှုအဓိပ္ပာယ်မရှိဖြစ်သွားမှာပေါ့။ အရေးကြီးတာ ကိုယ့်အနေနဲ့ကျဆုံးမှုကို မကြောက်ပဲ ရှေ့ဆက်နေဖို့လိုတယ်။ ဇကာဘတ်ပြောသလို ကြီးကျယ်တဲ့အရာတွေ အကောင်ထည်ဖော်ဖို့လွတ်လပ်စွာကျဆုံးတတ်မှုလိုတယ်။ ပြန်ထဖို့လိုမယ်။ Phyo Paing @ Derek

ကိုယ့်ကိုကိုယ် လွတ်လပ်စွာ ကျဆုံးခွင့်ပေးပါ။ Read More »

လူတွေရဲ့ ဘဝအဓိပ္ပာယ်

လူတွေရဲ့ ဘဝအဓိပ္ပာယ်သတ်မှတ်ပေးတာ အလုပ်ပဲ။အလုပ်မလုပ်တာကြာရင်ပျင်းလာလိမ့်မယ်။အဆင်ပြေပြေ မပြေပြေအလုပ်လုပ်နေရမယ်။တွေးတောကြံဆနေရမယ်။ Phyo Paing @ Derek

လူတွေရဲ့ ဘဝအဓိပ္ပာယ် Read More »

စိတ်ဓာတ်မကျပါနဲ့။

ကိုယ်ထက်ချမ်းသာတဲ့သူ၊ ကိုယ့်ထက် intel ပိုမြင့်တဲ့သူ၊ကိုယ့်ထက်ပို လူချစ်လူခင်ပေါများတဲ့သူ၊ အမြဲရှိနေမှာပါပဲ။တစ်တောင်ထက် တစ်တောင်ပိုမြင့်တယ်။ ဘဝဆိုတာ game တစ်ခုဆိုရင် ခန္ဓာကိုယ်နဲ့ ဘဝပေးအခြေအနေတစ်ခုရှိမယ်။ ဒီပေးထားချက်ပေါ်မူတည်ပြီး အကောင်းဆုံးလုပ်ရမှာကိုယ့်တာဝန်ပဲလေ။ ကျွန်တော် ကတော့ သူများတွေနဲ့ မနှိုင်းယှဥ်ဘူး။ ကိုယ့်ဘဝမှာ ဘယ်လောက်ဝေးဝေးပြေးနိုင်မလဲဘယ်လောက်မြင့်မြင့် ပျံသန်းနိုင်မလဲဒါကို အဓိက စဉ်းစားတယ်။ ဘယ်တော့မှ နောင်တ အကြီးအကျယ်ရပြီး စိတ်ညစ်မနေဘူး။ သင်ခန်းစာယူပြီး လုပ်စရာရှိတာ ဆက်လုပ်တယ်။ ကိုယ့်ကိုကိုယ် ဘယ်တော့မှ အပစ်မတင်ဘူး။ သူ့အရွယ်နဲ့ သူ့ဥာဏ် သူ့ အခြေအနေမှာ အကောင်းဆုံးထင်တဲ့အရာလုပ်ခဲ့တာပဲလေ။ ကျွန်တော့်ကတော့ ကိုယ့်ကိုကိုယ် ဖြစ်တည်မှုအတွက်ဘယ်လိုပဲ ဖြစ်နေဖြစ်နေ ဂုဏ်ယူတယ်။ ပေးခဲ့တဲ့ သင်ခန်းစာတိုင်းကို အကောင်းဆုံးကျော်ဖြတ်ခဲ့တယ်။မနူးမနပ်ကလေးဘဝမှာ တပါးသူအပေါ် မျှော်လင့်ချက်တွေအပြည့်ထားပြီးမနက်ဖြန်ဆိုတာ ရှေ့မဆက်ချင်လောက်အောင်ဖြစ်ဖူးတယ်။ ဒါပေမယ့် သင်ခန်းစာယူပြီး ရှေ့ဆက်ခဲ့ဖူးတယ်။ ကျွန်တော့်ဘဝခံယူချက်ကတော့ lean startup

စိတ်ဓာတ်မကျပါနဲ့။ Read More »

စိတ်ဓာတ်ကျဖူးသလား?

လူတိုင်းဘဝမှာ တစ်ခါတမဟုတ် တစ်ခါတစိတ်ဓာတ်ကျဖူးကြလိမ့်မယ်။စိတ်ပျက်တာ၊ စိတ်တိုင်းမကျတာ၊ အားငယ်တာ၊ စိတ်ဓာတ်ကျတာ အမျိုးမျိုးဖြစ်နိုင်တယ်။ ဒီတော့ခွဲခြားရမှာ ကိုယ်က ဘယ်လိုစိတ်ခံစားမှုအခြေနေလဲဆိုတာကို သတိရှိဖို့ဖြစ်ပါတယ်။ ဘာလို့လူအများစု စိတ်ဓာတ်ကျကြသလဲ? ကျွန်တော့်အထင်ပြောရရင် ၁။ အများစုက မပေးနိုင်လောက်တဲ့ အကြွေးတင်လို့။ (သင့်မှာ အကြွေးမရှိရင် ကျေးဇူးတင်လိုက်ပါ။)၂။ ပတ်ဝန်းကျင်က ကိုယ့်ရဲ့ကျွမ်းကျင်မှုကို အသိအမှတ်မပြုတဲ့အခါ လောကကြီးကို အရွဲ့တိုက်လာတဲ့အခါ ဖြစ်တတ်ပါတယ်။၃။ နောက်တရစရာကို အမြဲပြန်ပြန်တွေးပြီး ကိုယ့်ကိုကိုယ်ခွင့်မလွတ်နိုင်ဖြစ်လို့။ (P.S – Depression နဲ့ ပတ်သက်လို့ လုပ်ထားတဲ့ သုသေတနတွေအများကြီးရှိပေမည့် ဒါကတော့ပတ်ဝန်းကျင်မှာ အများဆုံးဖြစ်လေ့ရှိတာတွေပါ။) ဒါကို ကုစားဖို့အတွက် ကျေးဇူးတင်တတ်တဲ့စိတ်နဲ့ အသက်ရှင်ဖို့ဖြစ်ပါတယ်။ ၁။ အသက်ရှင်နေတဲ့အတွက် ကျေးဇူးတင်ပါ။ ၂။ အနာရောဂါကြီးကြီးမားမားမရှိတာ ကျေးဇူးတင်စရာပါ။ (တချို့နာတာရှည်ရောဂါနဲ့ နာမကျန်းဖြစ်နေတာတောင်စိတ်ဓာတ်မကျတတ်ကြဘူး။)၃။ အသက်ကိုဝဝလင်လင်ရှူနေနိုင်တာ ကျေးဇူးတင်ပါ။ ( ဆေးရုံမှာ

စိတ်ဓာတ်ကျဖူးသလား? Read More »

အဝေးပြေးဖို့ Motivation လိုတယ်။

ဘ၀ကို အေးအေးဆေးဆေးဖြတ်သန်းချင်တဲ့ ရည်ရွယ်ချက်ကြောင့် Motivation ရမှာမဟုတ်ဘူး။ သင်ရှောင်ဖယ်ချင်တဲ့ အရာတစ်ခုလိုတယ်။ သင့်ဘ၀မှာ မဖြစ်ချင်တဲ့အရာတွေက ဘာတွေလဲ? ဆင်းရဲခြင်းလား၊ လူတွေအထင်သေးတာလား၊ ပညာမတတ်တာလား၊ အမျိုးတွေနှိမ်တာလား ဒီအရာတွေက အဝေးပြေးဖို့ Motivation လိုတယ်။ Phyo Paing @ Derek

အဝေးပြေးဖို့ Motivation လိုတယ်။ Read More »

ဆု

တခါတစ်လေ ဆုရတာနဲ့ အရည်အချင်းနဲ့တိုက်ရိုက်အချိုးမကျဘူးဆိုတာအားလုံးသိပြီးသားပါ။Policy အရလုပ်နေရတဲ့ ဘာဆုညာဆုဆိုတာတွေကိုအချိန်ပေးမည့်အစား ပရိသတ်ပေးတဲ့ဆုပဲရဖို့စဥ်းစားတာပိုကောင်းပါတယ်။Phyo Paing @ Derek

ဆု Read More »

မိမိကိုယ်ကို စာနာပေးပါ။

သူများကို စာနာသလို မိမိကိုယ်ကိုစာနာပေးပါ။တခြားသူတစ်ယောက် အလုပ်တစ်ခုလုပ်တယ်။Fail ဖြစ်သွားတယ်။ကျွန်တော်တို့ သူ့ကိုအားပေးတယ်။ဒါပေမယ့် ကိုယ့်ကိုကိုယ် ကျတော့ငါအရမ်းညံ့လို့ဆိုပြီး အပြစ်တင်တယ်။မိမိကိုယ်ကို စာနာပေးပါ။Phyo Paing @ Derek

မိမိကိုယ်ကို စာနာပေးပါ။ Read More »