motivation

ဆု

တခါတစ်လေ ဆုရတာနဲ့ အရည်အချင်းနဲ့တိုက်ရိုက်အချိုးမကျဘူးဆိုတာအားလုံးသိပြီးသားပါ။Policy အရလုပ်နေရတဲ့ ဘာဆုညာဆုဆိုတာတွေကိုအချိန်ပေးမည့်အစား ပရိသတ်ပေးတဲ့ဆုပဲရဖို့စဥ်းစားတာပိုကောင်းပါတယ်။Phyo Paing @ Derek

ဆု Read More »

မိမိကိုယ်ကို စာနာပေးပါ။

သူများကို စာနာသလို မိမိကိုယ်ကိုစာနာပေးပါ။တခြားသူတစ်ယောက် အလုပ်တစ်ခုလုပ်တယ်။Fail ဖြစ်သွားတယ်။ကျွန်တော်တို့ သူ့ကိုအားပေးတယ်။ဒါပေမယ့် ကိုယ့်ကိုကိုယ် ကျတော့ငါအရမ်းညံ့လို့ဆိုပြီး အပြစ်တင်တယ်။မိမိကိုယ်ကို စာနာပေးပါ။Phyo Paing @ Derek

မိမိကိုယ်ကို စာနာပေးပါ။ Read More »

ကိုယ်ဖြစ်ချင်တာတွေဖြစ်ဖို့

မလုပ်ချင်တာတွေလုပ်ရတဲ့အခိုက်အတန့်တွေရှိမယ်။ပြီးရင် ကိုယ့်ကိုကိုယ်ကျေးဇူးပြန်တင်နေလိမ့်မယ်။Phyo Paing @ Derek

ကိုယ်ဖြစ်ချင်တာတွေဖြစ်ဖို့ Read More »

Vision Vs Memory

မနက်ဖြန်တွေထက်မနေ့ကအကြောင်းတွေကခေါင်းထဲမှာ နေရာပိုယူနေသ၍ပိုကောင်းတဲ့အနာဂတ်တွေတည်ဆောက်နိုင်ဖို့ မလွယ်ဘူး။Vision က Memory ထက်ပို Strongဖြစ်ဖို့လိုမယ်။ Phyo Paing @ Derek

Vision Vs Memory Read More »

Got my point?

သင်ပျင်းတာမဟုတ်ပါဘူး။ သင့်ကိုဆွဲဆောင်နိုင်တဲ့ အလုပ်မရှိတာပါ။ တစ်နာရီတစ်သိန်း အနည်းဆုံးရရင် သင်ပျင်းချင်မှ ပျင်းပါလိမ့်မယ်။ Phyo Paing @ Derek

Got my point? Read More »

Follow the money Vs Follow your passion

အခြေခံ လူတန်းစားအများစုအတွက်စားဝတ်နေရေး ရုန်းကန်ကြရတဲ့အတွက်အများစုဟာ Follow the money လုပ်ရတယ်။ချမ်းသာတဲ့နိုင်ငံနဲ့ လူချမ်းသာတွေအတွက်Follow your passion ဆိုတာ သဘာဝကျတယ်။ကိုယ်က ဘာကို Followလုပ်ရမယ်ဆိုတာအခြေနေပေါ်မူတည်တယ်။Phyo Paing @ Derek

Follow the money Vs Follow your passion Read More »

လုပ်ချင်တာနဲ့ လုပ်သင့်တာ။

လုပ်နိုင်တာနဲ့ လုပ်ဖြစ်သွားရင်အဆင်ပြေသွားတာပဲ။ပြဿာနာအများစုက လုပ်သင့်ပေမယ့်မလုပ်ချင်တဲ့အတွက် ဖြစ်လာတယ်။Phyo Paing @ Derek

လုပ်ချင်တာနဲ့ လုပ်သင့်တာ။ Read More »

လူတိုင်းကိုယ့်ကို သဘောကျမှာမဟုတ်။

လူတိုင်းသဘောကျဖို့ မရည်ရွယ်ပါနဲ့။ပင်ပန်းလိမ့်မယ်။လုပ်စရာရှိတာကိုလုပ်။Phyo Paing @ Derek

လူတိုင်းကိုယ့်ကို သဘောကျမှာမဟုတ်။ Read More »

ရည်မှန်းချက်တွေ မဖြစ်လာတဲ့အခါ

ဖြစ်ချင်တာ ဆန္ဒ၊ ဖြစ်လာတာ ဘဝ လို့ပြောကြတယ်။ ဆန္ဒနဲ့ ဘဝထပ်တူကျဖို့ ကံကိုပဲယုံလို့မရတဲ့အခါကြိုးစားအားထုတ်မှုဆိုတာ လိုလာတယ်။ တခါတခါ (အကြိမ်အများစု) ကြိုးစားတိုင်းဖြစ်မလာတဲ့အခါ အားပျက် လက်လျှော့လိုက်ကြတယ်။ ကြိုးစားတိုင်း ဖြစ်မလာခဲ့ရင် အကောင်းဆုံးနည်းလမ်းက ဒီအဖြစ်အပျက်ကနေ ဘာသင်ယူလို့ရသလဲလို့ ပြန်မေးပြီး သင်ခန်းစာ ယူဖို့အရေးကြီးပါတယ်။ ရည်မှန်းချက်တွေ ဖြစ်မလာဘူးဆိုတဲ့နေရာမှာ တာတိုနဲ့ တာရှည်နှစ်ခုရှိဖို့လိုပါတယ်။ ဥပမာ ဆယ်နှစ်ဆယ်ရည်မှန်းချက်ဒီထဲမှာမှ တစ်နှစ်ချင်းရည်မှန်းချက်ပြန်ရှိမယ်။ ရည်မှန်းချက်မရောက်တာ မဟာဗျူဟာမှားတာ၊လိုအပ်တဲ့ စိတ်ဓာတ်တက်ကြွမှုမရှိတာ၊ အစရှိတဲ့ လိုအပ်ချက်တွေဖြစ်နိုင်ပါတယ်။ ရေရှည်ကို ဦးတည်သွားပါ။ ရေတိုကနေ သင်ခန်းစာယူပါ။ ကမ္ဘာပေါ်မှာ အောင်မြင်နေတဲ့လူတိုင်းဟာ တစ်ကြိမ်ကြိုးစားယုံနဲ့ ဖြစ်လာကြတာ မဟုတ်ပါဘူး။အက်ဒီစင်၊ စတိဂျော့၊ ဂျက်မာ၊ အီလွန်မတ်အကုန်လုံးဟာ ကျရှုံးဖူးကြပါတယ်။ ရေရှည်ကို ဦးတည်သွားပါ။ ရေတိုကနေ သင်ခန်းစာယူပါ။ Phyo Paing @ Derek

ရည်မှန်းချက်တွေ မဖြစ်လာတဲ့အခါ Read More »

ရည်မှန်းချက်ပန်းတိုင်ကို ခဏခဏ
မပြောင်းပါနဲ့။

ကြိုးစားအားထုတ်မှုကိုပြောင်းပါ။Don’t lower your expectations.Double,Triple,Quadruple,10Xyour actions. Phyo Paing @ Derek

ရည်မှန်းချက်ပန်းတိုင်ကို ခဏခဏ
မပြောင်းပါနဲ့။
Read More »