motivation

“သင်ဟာ တခြားသူတွေအတွက်
ဆုလာဘ်တစ်ခုပဲ။”

တချို့လူတွေကိုသင်ပေးဖို့အခက်ဆုံးအရာကသင်က အကောင်းဆုံးနဲ့ထိုက်တန်တယ်။ ဒီအတွေးအခေါ်ကိုတော်တော်လေးသင်ပေးရခက်တယ်။ ငွေကြေးဘယ်လောက်ရှိရှိတချို့လူတွေအတွက်အကောင်းနဲ့မထိုက်တန်ဖူးလို့အမြဲတွေးနေတတ်တဲ့သူတွေရှိတယ်။ အဲ့လိုလူတွေအတွက်ကိုယ်ရှာပြီး ကိုယ်မသုံးလိုက်ရတာမျိုးတွေအမြဲဖြစ်တတ်တယ်။ ဘဝကို ကောင်းကောင်းဖြတ်သန်းဖို့ကိုယ့်ကိုကိုယ် အကောင်းဆုံးနဲ့ထိုက်တန်တယ်ဆိုတာအမြဲယုံကြည်ထားဖို့လိုတတ်တယ်။ ကိုယ့်ကိုကိုယ် ဆုလာဘ်လို့မြင်ပြီးအဲ့လိုဖြစ်အောင်လဲနေ့တိုင်းပြုမူနေထိုင်ဖို့လိုတယ်။ “သင်ဟာ တခြားသူတွေအတွက်ဆုလာဘ်တစ်ခုပဲ။” Phyo Paing @ Derek

“သင်ဟာ တခြားသူတွေအတွက်
ဆုလာဘ်တစ်ခုပဲ။”
Read More »

“အရင်လို” ကို “အရင်ထက်”နဲ့
အစားထိုးလိုက်။

ဘဝမှာ ဒုက္ခအပေးဆုံးစကားလုံးက“အရင်လို”။အားရှိစေမည့်စကားလုံးက“အရင်ထက်”။ ငါအရင်လို ပြန်ဖြစ်ချင်တယ်ဆိုပစ္စုပ္ပန်က အတိတ်လောက်ပျော်စရာမကောင်းတော့လို့။ “အရင်လို” ကို “အရင်ထက်”နဲ့အစားထိုးလိုက်။ Phyo Paing @ Derek

“အရင်လို” ကို “အရင်ထက်”နဲ့
အစားထိုးလိုက်။
Read More »

ဘဝမှာ အရေးအကြီးဆုံးကတော့
စိတ်ချမ်းသာဖို့ပဲ။

ဘဝမှာ အရေးအကြီးဆုံးကစိတ်ချမ်းသာဖို့။ တိုးတက်နေရင် စိတ်ချမ်းသာတယ်။စိတ်ငြိမ်းချမ်းနေရင် စိတ်ချမ်းသာတယ်။ အသစ်တွေ လေ့လာနေရရင်တိုးတက်နေတယ်။သေချာလေ့ကျင့်နေရင်တိုးတက်နေတယ်။စည်းကမ်းရှိရှိနဲ့အတွေး၊ အကြံ၊ အလုပ်အပြုအမူတွေကိုသတိနဲ့ ပြုမူရင် တိုးတက်နေတယ်။ နေသလို ဖြစ်တဲ့ဘဝမှာဖြစ်သလို မနေနေရင် တိုးတက်နေတယ်။မှန်ကန်တဲ့အချိန်မှန်ကန်တဲ့နေရာမှာမှန်ကန်တဲ့အလုပ်လုပ်နေရင် တိုးတက်တယ်။ ကိုယ့်ကိုကိုယ် နားလည်ရင်စိတ်ချမ်းသာတယ်။လူတွေကို နားလည်ရင်လဲစိတ်ချမ်းသာတယ်။စိတ်ထားတတ်ရင်လဲစိတ်ချမ်းသာတယ်။ ဘဝမှာ အရေးအကြီးဆုံးကတော့စိတ်ချမ်းသာဖို့ပဲ။ Phyo Paing @ Derek

ဘဝမှာ အရေးအကြီးဆုံးကတော့
စိတ်ချမ်းသာဖို့ပဲ။
Read More »

ကျေးဇူးတင်တတ်တဲ့စိတ်ထားပါ။

လူအများစုကနေ့စဥ်လုပ်နေကျ၊ သွားနေကျ၊ဝေယျာဝိစ္စတွေနဲ့အသက်ရှင်နေပေမယ့်အသက်မဝင်နေဘူး။ အသက်ရှင်ပြီးအသက်ဝင်တဲ့အချိန်တချို့ရှိတတ်ကြတယ်။ အရမ်းလိုချင်တဲ့ ပစ္စည်းလေးရလိုက်တဲ့အချိန်။အချစ်နဲ့ တွေ့တဲ့အချိန်။လုပ်ငန်းအသစ်စတဲ့အချိန်။မထင်မှတ်ထားတဲ့ ဒုက္ခကြီးကြီးကြုံတဲ့အချိန်။လောကမှာ အရင်မမြင်နဲ့အရာကိုနားလည်သဘောပေါက်သွားတဲ့အချိန်။ကိုယ့်ကိုကိုယ် ပိုပိုနားလည်သဘောပေါက်လာတဲ့အချိန်။ ဒီအချိန်တွေဟာအသက်ရှင်ပြီး အသက်ဝင်စေတယ်။ ပတ်ဝန်းကျင်အခြေအနေဆိုးတာဖြစ်ဖြစ်၊ ကောင်းတာဖြစ်ဖြစ်အသက်ရှင်ပြီး အသက်ဝင်နေသူတွေရှိတယ်။ ကိုယ်အခု အသက်မငင်ရပဲအသက်ကို ဝဝလင်လင် ရှူနေရတာဒါဆန်းကြယ်မှုတစ်ခုပဲ။မျက်စိတွေမြင်နေရတာဒါကောင်းချီးတစ်ခုပဲ။နာတာရှည်ရောဂါတွေနဲ့မဖြစ်ဘဝကို ကျန်းမာနေတာဒါကျေးဇူးတင်စရာတစ်ခုပဲ။ အသက်ရှင်ပြီး အသက်ဝင်ဖို့ဖြတ်လမ်းတစ်ခုကတော့ကျေးဇူးတင်စိတ်နဲ့ ဘဝကိုအသက်ရှင်တာပဲ။ စေတသိတ် ၅၂ ပါးမှာသောဘဏသာဓာရဏစေတသိတ်ရဲ့သဒ္ဓါ (ယုံကြည်မှု)နှင့်အဒေါသ (မပြင်းထန်မှု) စေတသိတ်နှစ်ခုပေါင်းစည်းမှုလို့ပြောလို့ရတယ်။ ကျေးဇူးတင်စိတ် gratitude ကစိတ်ကို ကြည်လင်စေတယ်။ကောင်းမွန်သော အကျိုးရလဒ်ကို ဖြစ်ပေါ်စေတယ်။မွန်မြတ်သော စိတ်နေစိတ်ထားကို ဖော်ပြတယ်။ သိပ္ပံပညာအရလဲ ကျေးဇူးတင်စိတ်ကဦးနှောက်မှာ ဒိုပါမင်းနဲ့ ဆီလိုတိုနင်ထုတ်လောက်မှုကိုနှိုးဆွပေးတယ်။ကျေးဇူးတင်တတ်တဲ့စိတ်ကစိတ်ကို ကြည်လင်းနှိုးကြားစေတယ်။အသက်ရှင်ပြီး အသက်ဝင်စေတယ်။ ဒါကြောင့် ကျေးဇူးတင်တတ်တဲ့စိတ်ထားပါ။ Phyo Paing @ Derek

ကျေးဇူးတင်တတ်တဲ့စိတ်ထားပါ။ Read More »

သင်၊ မြင်၊ ပြင်ဖို့

ကိုယ့်ဘဝ၊ အလုပ်စီးပွါးပြဿနာကိုယ်ဖြေရှင်းနိုင်သလောက်ပဲတိုးတက်မှာပဲ။ကိုယ့်ပြဿနာကိုယ် မဖြေရှင်းနိုင်တာမတွေးတတ်၊ မကြံတတ်၊ မလုပ်တတ်သေးလို့။ဒါကြောင့် သင်၊ မြင်၊ ပြင်ဖို့လိုတာ။သင်ယူ၊ အမြင်ဖွင့်၊ ပြင်သင့်ရင်ပြင်။ Phyo Paing @ Derek

သင်၊ မြင်၊ ပြင်ဖို့ Read More »

သည်းခံရတဲ့ အချိန်တွေရှိတယ်။

ဖြစ်ချင်တာနဲ့ ဖြစ်သင့်တာဘာလုပ်ရမလဲ? ဖြစ်ချင်တာဖြစ်ဖို့မလုပ်ချင်တာ လုပ်ရတဲ့သည်းခံရတဲ့ အချိန်တွေရှိတယ်။ Phyo Paing @ Derek

သည်းခံရတဲ့ အချိန်တွေရှိတယ်။ Read More »

အလုပ်ဖြစ်တာတွေ့ရင်
ပိုးစိုးပက်စက်လုပ်။

ဘာကြောင့်လဲဆိုတော့အလုပ်ဖြစ်နေတာကို အမြဲလုပ်ရဖို့က မသေချာဘူး။ အလုပ်က အမြဲလုပ်လို့ရတယ်။အလုပ်ဖြစ်တာကို အမြဲလုပ်လို့မရဘူး။ စျေးကွက်အခြေအနေ၊ခေတ်အခြေအနေ၊အခွင့်အခါသာမှ။ ကိုယ်နေတဲ့နေရာက work-life balance တွေပြောလို့ရတဲ့ နေရာမဟုတ်တဲ့အခါအလုပ်က ဘဝ work is life ဖြစ်လာတယ်။ လူတိုင်းက လက်ရှိဘဝက တိုးတက်ချင်တိုင်း စိန်ခေါ်တွေတွေတော့ကြုံရမှာပဲ။ အရေးကြီးတာတစ်ခုက အလုပ်ဖြစ်နေတဲ့အချိန်အလုပ်ကို ပိုးစိုးပက်စက်လုပ်တတ်ဖို့ပဲ။ တချို့အချိန်တွေမှာ အလုပ်မဖြစ်တဲ့အချိန်ပုံမှန် လုပ်နေလို့ရတယ်။ Phyo Paing @ Derek

အလုပ်ဖြစ်တာတွေ့ရင်
ပိုးစိုးပက်စက်လုပ်။
Read More »