သည်းခံရတဲ့ အချိန်တွေရှိတယ်။
ဖြစ်ချင်တာနဲ့ ဖြစ်သင့်တာဘာလုပ်ရမလဲ? ဖြစ်ချင်တာဖြစ်ဖို့မလုပ်ချင်တာ လုပ်ရတဲ့သည်းခံရတဲ့ အချိန်တွေရှိတယ်။ Phyo Paing @ Derek
ဖြစ်ချင်တာနဲ့ ဖြစ်သင့်တာဘာလုပ်ရမလဲ? ဖြစ်ချင်တာဖြစ်ဖို့မလုပ်ချင်တာ လုပ်ရတဲ့သည်းခံရတဲ့ အချိန်တွေရှိတယ်။ Phyo Paing @ Derek
ဘာကြောင့်လဲဆိုတော့အလုပ်ဖြစ်နေတာကို အမြဲလုပ်ရဖို့က မသေချာဘူး။ အလုပ်က အမြဲလုပ်လို့ရတယ်။အလုပ်ဖြစ်တာကို အမြဲလုပ်လို့မရဘူး။ စျေးကွက်အခြေအနေ၊ခေတ်အခြေအနေ၊အခွင့်အခါသာမှ။ ကိုယ်နေတဲ့နေရာက work-life balance တွေပြောလို့ရတဲ့ နေရာမဟုတ်တဲ့အခါအလုပ်က ဘဝ work is life ဖြစ်လာတယ်။ လူတိုင်းက လက်ရှိဘဝက တိုးတက်ချင်တိုင်း စိန်ခေါ်တွေတွေတော့ကြုံရမှာပဲ။ အရေးကြီးတာတစ်ခုက အလုပ်ဖြစ်နေတဲ့အချိန်အလုပ်ကို ပိုးစိုးပက်စက်လုပ်တတ်ဖို့ပဲ။ တချို့အချိန်တွေမှာ အလုပ်မဖြစ်တဲ့အချိန်ပုံမှန် လုပ်နေလို့ရတယ်။ Phyo Paing @ Derek
သူများတော့ မသိဘူး။ကျွန်တော်ကတော့ ဘဝမှာလမ်းခဏခဏ ပျောက်တတ်တယ်။ပိုကောင်းအောင် လုပ်ချင်တိုင်းလမ်းသစ်ရှာရတယ်။ပိုတော်ချင်တိုင်းလမ်းသစ်ရှာရတယ်။ခေတ်စနစ်ပြောင်းတိုင်းလမ်းသစ်ရှာရတယ်။ဒီလို ရှာရတိုင်းမှာ အသုံးပြုတာကတော့3M လို့ခေါ်တဲ့ framework လေးပဲ။ Mastery တစ်ဖက်ကမ်းခပ်ကျွမ်းကျင်ရမယ်။Marketing မားကတ်တင်းကျွမ်းကျင်ရမယ်။Management စီမံခန့်ခွဲမှုကျွမ်းကျင်ရမယ်။👇 Phyo Paing @ Derek
ဒါကြောင့် ကိုယ့်ကိုကိုယ်အမြဲဖိအားတစ်ခုပေးနေဖြစ်တယ်။ လူရှေ့ထွက်စကားမပြောရဲဘူး။ဟုတ်ဟုတ်မဟုတ်ဟုတ်ထွက်ပြောတယ်။ ကိုယ့်အတွေးအခေါ်ကို စာရေးမဖော်ပြရဲဘူး။ဒါကို ဖိအားတစ်ခုပေးပြီးလုပ်ကြည့်တယ်။ ကိုယ်တိုင်လုပ်ငန်းမစရဲဘူး။ဖိအားပေးပြီး လုပ်ကြည့်တယ်။ ဒီဖိအားက ကိုယ့်ကို ဖွံ့ဖြိုးတိုးတက်စေတာပဲ။ Phyo Paing @ Derek
ကံလဲ မရှိ၊ဥာဏ်လဲ မရှိ၊ဝီရိယလဲ မရှိရင်မလွယ်ဘူး။ ကံက သူ့အလိုလိုဖြစ်လာတာနဲ့ကိုယ်လုပ်လို့ဖြစ်လာတာ။သူ့အလိုလိုဖြစ်လာတာကို တိုက်ရိုက်ထိန်းချုပ်လို့မရဘူး။ကိုယ့်လုပ်တဲ့အလုပ်ကိုတော့တိုက်ရိုက်ထိန်းချုပ်လို့ရမယ်။ ကံကောင်းဖို့ အလုပ်လုပ်။ ဥာဏ်ကောင်းဖို့ ပညာနဲ့ကပ်။ဥာဏ်ပညာကောင်းရင်အမှား၊ အမှန်ရွေးတတ်ပြီးသွားတဲ့လမ်းကြောင်းမှန်မယ်။ ဝီရိယရှိရင် ခက်ခဲတဲ့အလုပ်၊ခက်ခဲတဲ့ရလဒ်တွေကို ရနိုင်တယ်။ Phyo Paing @ Derek
မော်တီဗေးရှင်းက လူပျော့တွေအတွက်။စိတ်ဓာတ်၊ စည်းကမ်း၊ ပညာကလူမာတွေအတွက်။ စိတ်ဓာတ် = Mindset စည်းကမ်း = Discipline ပညာ = Knowledge & Wisdom Phyo Paing @ Derek
ပညာသင်ဖို့သွားပြီးစာတွေပဲ တတ်မလာဖို့လိုတယ်။ပါတာကို ပြန်ဖတ်တတ်တာ စာတတ်တာ။တတ်သိနားလည်သဘောပေါက် အသုံးချတတ်တာပညာတတ်တာ။ အတွေးမှန်ဖို့ ပညာသင်တယ်။ပညာမမှန်ရင် အမြင်မမှန်ဘူး။အမြင်မမှန်ရင် အမှန်မမြင်ဘူး။ အမှန်မမြင်ရင် အမှန်ကိုမတွေးနိုင်ဘူး။အမှန်မတွေးနိုင်ရင် မှန်ကန်သော အကြံအစည်မလုပ်နိုင်ဘူး။မှန်ကန်တဲ့အကြံအစည်မလုပ်နိုင်ရင်လုပ်ရပ်တွေမှန်ဖို့လဲ မလွယ်ဘူး။လုပ်ရပ်မမှန်ရင် ရလဒ်မမှန်ဘူး။ Phyo Paing @ Derek
တစ်လ၊ တစ်နှစ်တည်းနဲ့ ကြီးပွားချမ်းသာဘဝကြီးပြောင်းလဲနိုင်တယ်။ ဒါကို ယုံလဲယုံကြည်တယ်။ အဲ့ဒီ တစ်ရက်၊ တစ်လ၊ တစ်နှစ်ဖြစ်ဖို့ဆယ်စုနှစ်တစ်ခုလောက်စူးစမ်းလေ့လာမှု၊ သင်ယူမှု၊ ဇွဲ၊ ဝိရိယ၊အကင်းပါးမှုတွေ ရင်းနှီးမြုပ်နှံဖို့လိုတယ်။ အနာဂတ်အတွက် စိတ်ရှည်မှု၊ ပစ္စုပ္ပန်အတွက် မြန်ဆန်မှု၊ အတိတ်ကပေးတဲ့ သင်ခန်းစာဒီသုံးခု ပေါင်းစပ်သွားဖို့လိုတယ်။ Phyo Paing @ Derek
စိတ်မပျက်ပါနဲ့၊ အားမလျှော့ပါနဲ့ တခါတလေ စိတ်ညစ်ညူးနေတဲ့ အချိန်မှာ သင့်ရဲ့ခံစားချက်တွေဟာ လုံးဝ သဘာဝကျပါတယ်။ ဘဝဆိုတာ အမွဲတမျး ချောမွေ့နေတာ မဟုတ်ပါဘူး။ အခက်အခဲတွေ၊ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ရတဲ့အခါ ရှိတတ်ပါတယ်။ ဒါပေမယ့် ဒါလေးကိုမမေ့ပါနဲ့ – 1. ဒီအခြေအနေက ယာယီပါပဲ။ အချိန်တိုင်း ပြောင်းလဲနေပါတယ်။ 2. သင့်မှာ ခက်ခဲမှုတွေကို ကျော်လွှားနိုင်တဲ့ စွမ်းအားရှိပါတယ်။ 3. တစ်ဆင့်ချင်းစီ ရှေ့ဆက်လှမ်းပါ။ သေးငယ်တဲ့ အောင်မြင်မှုလေးတွေကနေ စတင်ပါ။ 4. သင့်ကို နားလည်ပေးမယ့်၊ အားပေးမယ့် သူတွေနဲ့ ပွင့်ပွင့်လင်းလင်း ပြောဆိုပါ။ 5. ကိုယ့်ကိုယ်ကို သနားကြင်နာတတ်ပါစေ။ ပိုကောင်းတဲ့နေ့ရက်တွေ ရောက်လာမှာပါ။ သင်ဟာ ခိုင်မာပြီး ခံနိုင်ရည်ရှိသူပါ။ ဒီစိန်ခေါ်မှုကိုလည်း ကျော်ဖြတ်နိုင်မှာပါ။ မနက်ဖြန်ဟာ ပိုကောင်းတဲ့နေ့ ဖြစ်မှာပါ။
ကိုယ်လုပ်တဲ့အလုပ်တွေရဲ့နောက်ဆုံးပန်းတိုင်က“ပိုကောင်းတဲ့ ကိုယ်ဖြစ်လာဖို့။” အစားအသောက်၊ အပျော်အပါးဒီအတွေ့အကြုံတွေကခဏတာပဲ ခံတယ်။ ကိုယ့်ခန္ဓာကိုယ်ကြီးထဲနေနေရတဲ့“လူသားအတွေ့အကြုံ” က အချိန်နဲ့ အမျှဖြစ်နေတာ။ ကိုယ့်ရဲ့ဖြစ်တည်မှုကို ဂုဏ်ယူခံစားတာလောက်ကောင်းတဲ့ “လူသားအတွေ့အကြုံ”လောဂီဘဝမှာတော်တော်လေးရှားတယ်။ လူသားအတွေ့အကြုံကိုကောင်းမွန်စေတာကျန်းမာကြံ့ခိုင်ရေးနဲ့ အတွေးပဲ။ ဒါကြောင့် ကျန်းမာအောင်နေ။အတွေးကို ဂရုစိုက်။ကိုယ့်ကိုယ်ကိုယ်ဂုဏ်ယူတဲ့အလုပ်တွေနေ့စဥ်လုပ်။ လုပ်ငန်းကိုဘဲ မတည်ဆောက်နဲ့ကိုယ့်ကိုယ်ကိုယ်လဲ တည်ဆောက်။ Phyo Paing @ Derek