motivation

3M

သူများတော့ မသိဘူး။ကျွန်တော်ကတော့ ဘဝမှာလမ်းခဏခဏ ပျောက်တတ်တယ်။ပိုကောင်းအောင် လုပ်ချင်တိုင်းလမ်းသစ်ရှာရတယ်။ပိုတော်ချင်တိုင်းလမ်းသစ်ရှာရတယ်။ခေတ်စနစ်ပြောင်းတိုင်းလမ်းသစ်ရှာရတယ်။ဒီလို ရှာရတိုင်းမှာ အသုံးပြုတာကတော့3M လို့ခေါ်တဲ့ framework လေးပဲ။ Mastery တစ်ဖက်ကမ်းခပ်ကျွမ်းကျင်ရမယ်။Marketing မားကတ်တင်းကျွမ်းကျင်ရမယ်။Management စီမံခန့်ခွဲမှုကျွမ်းကျင်ရမယ်။👇 Phyo Paing @ Derek

3M Read More »

ကိုယ့်ကိုကိုယ် ဖိအားမပေးရင်
မတိုးတက်ဘူး။

ဒါကြောင့် ကိုယ့်ကိုကိုယ်အမြဲဖိအားတစ်ခုပေးနေဖြစ်တယ်။ လူရှေ့ထွက်စကားမပြောရဲဘူး။ဟုတ်ဟုတ်မဟုတ်ဟုတ်ထွက်ပြောတယ်။ ကိုယ့်အတွေးအခေါ်ကို စာရေးမဖော်ပြရဲဘူး။ဒါကို ဖိအားတစ်ခုပေးပြီးလုပ်ကြည့်တယ်။ ကိုယ်တိုင်လုပ်ငန်းမစရဲဘူး။ဖိအားပေးပြီး လုပ်ကြည့်တယ်။ ဒီဖိအားက ကိုယ့်ကို ဖွံ့ဖြိုးတိုးတက်စေတာပဲ။ Phyo Paing @ Derek

ကိုယ့်ကိုကိုယ် ဖိအားမပေးရင်
မတိုးတက်ဘူး။
Read More »

ခက်ခဲတဲ့ရလဒ်တွေကို ရနိုင်တယ်။

ကံလဲ မရှိ၊ဥာဏ်လဲ မရှိ၊ဝီရိယလဲ မရှိရင်မလွယ်ဘူး။ ကံက သူ့အလိုလိုဖြစ်လာတာနဲ့ကိုယ်လုပ်လို့ဖြစ်လာတာ။သူ့အလိုလိုဖြစ်လာတာကို တိုက်ရိုက်ထိန်းချုပ်လို့မရဘူး။ကိုယ့်လုပ်တဲ့အလုပ်ကိုတော့တိုက်ရိုက်ထိန်းချုပ်လို့ရမယ်။ ကံကောင်းဖို့ အလုပ်လုပ်။ ဥာဏ်ကောင်းဖို့ ပညာနဲ့ကပ်။ဥာဏ်ပညာကောင်းရင်အမှား၊ အမှန်ရွေးတတ်ပြီးသွားတဲ့လမ်းကြောင်းမှန်မယ်။ ဝီရိယရှိရင် ခက်ခဲတဲ့အလုပ်၊ခက်ခဲတဲ့ရလဒ်တွေကို ရနိုင်တယ်။ Phyo Paing @ Derek

ခက်ခဲတဲ့ရလဒ်တွေကို ရနိုင်တယ်။ Read More »

မော်တီဗေးရှင်းက လူပျော့တွေအတွက်။

မော်တီဗေးရှင်းက လူပျော့တွေအတွက်။စိတ်ဓာတ်၊ စည်းကမ်း၊ ပညာကလူမာတွေအတွက်။ စိတ်ဓာတ် = Mindset စည်းကမ်း = Discipline ပညာ = Knowledge & Wisdom Phyo Paing @ Derek

မော်တီဗေးရှင်းက လူပျော့တွေအတွက်။ Read More »

လုပ်ရပ်မမှန်ရင် ရလဒ်မမှန်ဘူး။

ပညာသင်ဖို့သွားပြီးစာတွေပဲ တတ်မလာဖို့လိုတယ်။ပါတာကို ပြန်ဖတ်တတ်တာ စာတတ်တာ။တတ်သိနားလည်သဘောပေါက် အသုံးချတတ်တာပညာတတ်တာ။ အတွေးမှန်ဖို့ ပညာသင်တယ်။ပညာမမှန်ရင် အမြင်မမှန်ဘူး။အမြင်မမှန်ရင် အမှန်မမြင်ဘူး။ အမှန်မမြင်ရင် အမှန်ကိုမတွေးနိုင်ဘူး။အမှန်မတွေးနိုင်ရင် မှန်ကန်သော အကြံအစည်မလုပ်နိုင်ဘူး။မှန်ကန်တဲ့အကြံအစည်မလုပ်နိုင်ရင်လုပ်ရပ်တွေမှန်ဖို့လဲ မလွယ်ဘူး။လုပ်ရပ်မမှန်ရင် ရလဒ်မမှန်ဘူး။ Phyo Paing @ Derek

လုပ်ရပ်မမှန်ရင် ရလဒ်မမှန်ဘူး။ Read More »

ဒီသုံးခု ပေါင်းစပ်သွားဖို့လိုတယ်။

တစ်လ၊ တစ်နှစ်တည်းနဲ့ ကြီးပွားချမ်းသာဘဝကြီးပြောင်းလဲနိုင်တယ်။ ဒါကို ယုံလဲယုံကြည်တယ်။ အဲ့ဒီ တစ်ရက်၊ တစ်လ၊ တစ်နှစ်ဖြစ်ဖို့ဆယ်စုနှစ်တစ်ခုလောက်စူးစမ်းလေ့လာမှု၊ သင်ယူမှု၊ ဇွဲ၊ ဝိရိယ၊အကင်းပါးမှုတွေ ရင်းနှီးမြုပ်နှံဖို့လိုတယ်။ အနာဂတ်အတွက် စိတ်ရှည်မှု၊ ပစ္စုပ္ပန်အတွက် မြန်ဆန်မှု၊ အတိတ်ကပေးတဲ့ သင်ခန်းစာဒီသုံးခု ပေါင်းစပ်သွားဖို့လိုတယ်။ Phyo Paing @ Derek

ဒီသုံးခု ပေါင်းစပ်သွားဖို့လိုတယ်။ Read More »

မနက်ဖြန်ဟာ ပိုကောင်းတဲ့နေ့ ဖြစ်မှာပါ။

စိတ်မပျက်ပါနဲ့၊ အားမလျှော့ပါနဲ့ တခါတလေ စိတ်ညစ်ညူးနေတဲ့ အချိန်မှာ သင့်ရဲ့ခံစားချက်တွေဟာ လုံးဝ သဘာဝကျပါတယ်။ ဘဝဆိုတာ အမွဲတမျး ချောမွေ့နေတာ မဟုတ်ပါဘူး။ အခက်အခဲတွေ၊ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ရတဲ့အခါ ရှိတတ်ပါတယ်။ ဒါပေမယ့် ဒါလေးကိုမမေ့ပါနဲ့ – 1. ဒီအခြေအနေက ယာယီပါပဲ။ အချိန်တိုင်း ပြောင်းလဲနေပါတယ်။ 2. သင့်မှာ ခက်ခဲမှုတွေကို ကျော်လွှားနိုင်တဲ့ စွမ်းအားရှိပါတယ်။ 3. တစ်ဆင့်ချင်းစီ ရှေ့ဆက်လှမ်းပါ။ သေးငယ်တဲ့ အောင်မြင်မှုလေးတွေကနေ စတင်ပါ။ 4. သင့်ကို နားလည်ပေးမယ့်၊ အားပေးမယ့် သူတွေနဲ့ ပွင့်ပွင့်လင်းလင်း ပြောဆိုပါ။ 5. ကိုယ့်ကိုယ်ကို သနားကြင်နာတတ်ပါစေ။ ပိုကောင်းတဲ့နေ့ရက်တွေ ရောက်လာမှာပါ။ သင်ဟာ ခိုင်မာပြီး ခံနိုင်ရည်ရှိသူပါ။ ဒီစိန်ခေါ်မှုကိုလည်း ကျော်ဖြတ်နိုင်မှာပါ။ မနက်ဖြန်ဟာ ပိုကောင်းတဲ့နေ့ ဖြစ်မှာပါ။

မနက်ဖြန်ဟာ ပိုကောင်းတဲ့နေ့ ဖြစ်မှာပါ။ Read More »

ကိုယ့်ကိုယ်ကိုယ်လဲ တည်ဆောက်။

ကိုယ်လုပ်တဲ့အလုပ်တွေရဲ့နောက်ဆုံးပန်းတိုင်က“ပိုကောင်းတဲ့ ကိုယ်ဖြစ်လာဖို့။” အစားအသောက်၊ အပျော်အပါးဒီအတွေ့အကြုံတွေကခဏတာပဲ ခံတယ်။ ကိုယ့်ခန္ဓာကိုယ်ကြီးထဲနေနေရတဲ့“လူသားအတွေ့အကြုံ” က အချိန်နဲ့ အမျှဖြစ်နေတာ။ ကိုယ့်ရဲ့ဖြစ်တည်မှုကို ဂုဏ်ယူခံစားတာလောက်ကောင်းတဲ့ “လူသားအတွေ့အကြုံ”လောဂီဘဝမှာတော်တော်လေးရှားတယ်။ လူသားအတွေ့အကြုံကိုကောင်းမွန်စေတာကျန်းမာကြံ့ခိုင်ရေးနဲ့ အတွေးပဲ။ ဒါကြောင့် ကျန်းမာအောင်နေ။အတွေးကို ဂရုစိုက်။ကိုယ့်ကိုယ်ကိုယ်ဂုဏ်ယူတဲ့အလုပ်တွေနေ့စဥ်လုပ်။ လုပ်ငန်းကိုဘဲ မတည်ဆောက်နဲ့ကိုယ့်ကိုယ်ကိုယ်လဲ တည်ဆောက်။ Phyo Paing @ Derek

ကိုယ့်ကိုယ်ကိုယ်လဲ တည်ဆောက်။ Read More »

အတောင်ကျိုးတဲ့ငှက်က
မပျံသန်းနိုင်ဘူး။

စိတ်ဒဏ်ရာတွေ မကုစားနိုင်တဲ့ လူကလဲ ဒရာမာကနေ ဒရာမာတွေဖြစ်နေမှာပဲ။Trauma က Drama ဖြစ်တာကိုကုစားဖို့ ပထမဆုံးအချက်ကအဲ့ဒီ ဒဏ်ရာရှိတာသိဖို့။ ဒုတိယအချက်က ကိုယ့်ဒဏ်ရာအတွက် သားကောင်နေရာ ခံရသူနေရာကနေတာဝန်ယူတဲ့သူနေရာပြောင်းဖို့။ Victim to Victor ခံရသူက အောင်နိုင်သူဖြစ်ဖို့ကိုယ့်ဘဝကိုယ် တာဝန်ယူဖို့လိုလာတယ်။ တခါတလေ ဘာကြောင့်မကောင်းတာတွေ လုပ်တဲ့သူတွေကမကောင်းတာ မဖြစ်သလဲ။ကိုယ်လဲ မကောင်းတာလုပ်လိုက်တော့မယ်လိုက်မလုပ်ရင်တော့ တခါတလေလောကကို အရွဲ့တိုက်စဥ်းစားမိတာမျိုး ဖြစ်တတ်တယ်။ ဒါကြောင့် ဗုဒ္ဓက ကံ ကံ၏အကျိုး လို့ဆိုခဲ့တယ်။ အစ္စလာမ်ဘာသာမှာဆိုလဲဘုရားသခင်က ကိုယ့်ကို စမ်းသပ်တယ်။ Judgement day မှာ အကုန်ရှင်းမယ်လို့အသိမိတ်ဆွေတွေပြောတာအရသိရတယ်။ လူတိုင်းက ငယ်ဘဝက ဒဏ်ရာတွေ ရှိတယ်။နည်းတာနဲ့ များတာပဲကွာမယ်။ ဒါကို သိဖို့နဲ့ တာဝန်ယူဖို့ကလွယ်မလိုလိုနဲ့ ခက်တယ်။ ခက်တာကိုကျော်ပြီးရင်ဘဝက လွယ်ကူလာနိုင်မယ်။ Phyo Paing @ Derek

အတောင်ကျိုးတဲ့ငှက်က
မပျံသန်းနိုင်ဘူး။
Read More »

အလုပ်ကို ကိုးကွယ်တာ
သဘာဝကျနေပြီ။

ဘဝမှာ အရှုံးမရှိကိုးကွယ်သင့်တဲ့အရာက “အလုပ်”။ ကိုယ့် “အလုပ်” က ကိုယ့် “ဘဝ” ပဲ။ ဘဝမှာ ကိုယ်ကသစ္စာရှိရင်ပြန်ပြီး သစ္စာရှိတာ “အလုပ်”။ သူ့ကို လေးလေးစားစားဆက်ဆံရင်လေးလေးစားစား ပြန်ဆက်ဆံခံရမယ်။ ကိုယ်က သစ္စာမဖောက်ရင်သူက သစ္စာမဖောက်ဘူး။ လူတစ်ယောက်ရဲ့ဘဝအချိန်အများစုဟာ“အလုပ်” နဲ့ ကုန်ဆုံးရတယ်။ ကိုယ်ချစ်တဲ့ အလုပ်၊ ကိုယ်တန်ဖိုးထားရတဲ့အလုပ်၊ကိုယ့်ကို တော်စေ၊ ပျော်စေ၊ ဂုဏ်ယူစေ၊ ဝင်ငွေတိုးပွားစေတဲ့အလုပ်ရွေးချယ်လုပ်ဆောင်ဖို့လိုတယ်။ အလုပ်ကို သက်ဝင်ယုံကြည်ပြီးသေသေချာချာလုပ်တဲ့အတွက်အလုပ်ကို ချစ်တဲ့အတွက်ကြေကွဲရတာ ဘယ်တုန်းကမှမကြုံဖူး ဖူးဘူး။ ကွန်ဖြူရှပ်ယဥ်ကျေးမှုနဲ့ ကြီးလာတဲ့သူတစ်ယောက်အတွက်အလုပ်ကို ကိုးကွယ်တာ သဘာဝကျနေပြီ။ Phyo Paing @ Derek

အလုပ်ကို ကိုးကွယ်တာ
သဘာဝကျနေပြီ။
Read More »