motivation

အသက်အရွယ်တစ်ခုရောက်ရင်

ဟိုစပ်စပ် ဒီစပ်စပ်လိုက်လုပ်တာထက်တစ်ခုကို ဇောက်ချလုပ်ဖို့လိုလာတယ်။ လေဆာလို အာရုံစိုက်မှုလိုတယ်။ ဇွဲနဲ့ စည်းကမ်းလိုတယ်။ စိတ်ဓာတ်ခိုင်မာမှုလိုတယ်။ အတွေးအခေါ်ရှင်းလင်းဖို့လိုတယ်။ဒူပေဒါပေခံဖို့လိုတယ်။စူးစမ်းလိုစိတ်လိုတယ်။အမြဲသင်ယူနေဖို့လိုတယ်။ ကိုယ်နောက်ဆုံးသင်ယူခဲ့တဲ့ အတွေးအခေါ်အသစ်က ဘယ်တုန်းကလဲ။ Phyo Paing @ Derek

အသက်အရွယ်တစ်ခုရောက်ရင် Read More »

အရေးကြီးတာ လက်မလျော့ဖို့ပဲ။

အလုပ်ဖြစ်ပြီး ဝုန်းဒိုင်းကြီးသွားဖို့၁ လ နဲ့လဲဖြစ်တယ်။အဲ့ ၁ လ အတွက် လျှို့ဝှက်ချက်တွေမြေပြင်အနေအထားကိုလေ့လာရတာ၁၀ နှစ်လဲ ဖြစ်နိုင်တယ်။အရေးကြီးတာ လက်မလျော့ဖို့ပဲ။ Phyo Paing @ Derek

အရေးကြီးတာ လက်မလျော့ဖို့ပဲ။ Read More »

ဆက်လိမ့်နေရမှာပဲ။

အခက်အခဲ တိုင်းကအခွင့်အခါ ပဲ။အခွင့်အခါဆိုတာ ခေတ်ကောင်းရင်တစ်ခါ၊ခေတ်ပျက်ရင်တစ်ခါ။ တရုတ်မှာ ကျိန်စာတိုက်ရင်May you live in interesting times.စိတ်ဝင်စားစရာကောင်းတဲ့အချိန်မှာနေရပါစေတဲ့။ အဘိုးအဘွားခေတ်က ဒုတိယကမ္ဘာစစ်၊ယဉ်ကျေးမှုတော်လှန်ရေး။အဖေ၊ အမေခေတ်က ပြည်သူပိုင်သိမ်း။ ကိုယ့်ခေတ်က ကိုဗစ်နဲ့ ကိုစစ်။ အခက်အခဲတိုင်းကို စိတ်ညစ်နေမည့်အစားကိုယ်ပြောင်းဖို့၊ ပိုကောင်းဖို့အခွင့်အခါ လို့ပဲ နှလုံးသွင်းပြီးဆက်လိမ့်နေရမှာပဲ။အရှိန်ရရင် ပျံသန်းကြမယ်။ Phyo Paing @ Derek

ဆက်လိမ့်နေရမှာပဲ။ Read More »

အရှိန်နဲ့လုပ်ဖို့ ပြင်ဆင်နေရမှာပဲ။

ကံတက်တဲ့ချိန် မာန်တက်တတ်ပြီး၊ကံကျတဲ့အချိန် မာန်ချတတ်တယ်။ ကံဆိုတာ အလုပ်တဲ့။ကံကောင်းတယ်ဆိုတာ အလုပ်လုပ်လို့ကောင်းတာ။ ကံကောင်းပြီးအလုပ်မလုပ်ရင်လဲကောင်းသင့်သလောက်ကောင်းမှာ မဟုတ်ဘူး။ ကံမကောင်းလို့ အလုပ်မကောင်းတဲ့ဆောင်းညဆိုရင်တော့နေပြန်ထွက် ကံကောင်းချိန်အရှိန်နဲ့လုပ်ဖို့ ပြင်ဆင်နေရမှာပဲ။ Phyo Paing @ Derek

အရှိန်နဲ့လုပ်ဖို့ ပြင်ဆင်နေရမှာပဲ။ Read More »

ဖြစ်ချင်တာ ဖြစ်အောင်လုပ်

အတိတ်ကို ပြန်ကြည့် နောက်တရပြီး၊အနာဂတ်ကိုကြည့် စိတ်ပူနေတာ ကောင်းတဲ့အချက်မဖြစ်နိုင်ဘူး။ အတိတ်ကို ပြန်ကြည့်စိတ်ကျေနပ်မှုရပြီး၊အနာဂတ်ကိုကြည့် ရင်ခုန်မှုရဖို့လိုတယ်။ ဒီလိုလုပ်ဖို့ ပတ်ဝန်းကျင်၊ တွေ့နေတဲ့သူတွေ၊ကိုယ်တွေးနေတဲ့အတွေး၊ အကြံ၊ အလုပ်တွေကို ချိန်ငြိဖို့လိုနိုင်တယ်။ ဖြစ်ချင်တာ ဖြစ်အောင်လုပ်ရင်ကြည်နူးမှုရမယ်။ဖြစ်လာမှာကို စဥ်းစားနေ့တိုင်းလုပ်ရင်ရင်ခုန်တက်ကြွမှုရမယ်။ Phyo Paing @ Derek

ဖြစ်ချင်တာ ဖြစ်အောင်လုပ် Read More »

မော်တီဗေးရှင်း

အောင်မြင်ဖို့အတွက်မော်တီဗေးရှင်းလိုတာမဟုတ်ဘူး။အောင်မြင်မှုက မော်တီဗေးရှင်းပဲ။ ချမ်းသာတဲ့သူတွေက ပိုချမ်းသာတယ်။တော်တဲ့သူတွေက ပိုတော်တယ်။ခန္ဓာကိုယ်လှပသူတွေကို ပိုလှပအောင်အားထုတ်ကြတယ်။ ဘာကြောင့်လဲ။ အောင်မြင်မှုက အကြီးမားဆုံးမော်တီဗေးရှင်းတစ်ခုပဲ။ ကိုယ့်ဘဝရဲ့ ရခဲ့တဲ့အောင်မြင်မှုတွေကို နေ့တိုင်းပြန်စဥ်းစားဂုဏ်ယူ ခံစားကြည့်။ မရှိသေးရင် ပထမဆုံးတစ်ခု၊ နှစ်ခုရအောင်အရင်ကြိုးစားကြည့်။ ဆယ်တန်းအောင်တာကိုယ့်အတွက်အောင်မြင်မှုဖြစ်နိုင်တယ်။ မိဘတွေကို ကန်တော့နိုင်တာ ကိုယ့်အတွက်အောင်မြင်မှုဖြစ်နိုင်တယ်။ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နိုင်တာကိုယ့်အတွက်အောင်မြင်မှုဖြစ်နိုင်တယ်။ လုပ်ငန်းကို အောင်မြင်စွာစတင်နိုင်တာကိုယ့်အတွက်အောင်မြင်မှုဖြစ်နိုင်တယ်။ ကိုးဗစ်တွေနဲ့ မျိုးစုံကြိုးခုံနေတဲ့ကြားဒီနေ့ဒီအချိန်ထိ အိန္ဒြေမပျက်ရပ်တည်နေနိုင်တာကိုယ့်အတွက်အောင်မြင်မှုဖြစ်နိုင်တယ်။ အောင်မြင်မှုက အကြီးမားဆုံး မော်တီဗေးရှင်းပဲ။ Phyo Paing @ Derek

မော်တီဗေးရှင်း Read More »

လမ်းပျောက်လို့
စိတ်ညစ်ပြီး စိတ်ဓာတ်မကျလိုက်ပါနဲ့။

လမ်းပျောက်တာ ကိုယ်တစ်ယောက်တည်း မဟုတ်ဘူး။လူတိုင်းဘဝမှာ အကြိမ်ကြိမ်လမ်းပျောက်တတ်ပါတယ်။ ရည်မှန်းချက်ကြီးလာတာပဲဖြစ်ဖြစ်၊ မသေချာမရေရာမှုနဲ့ ကြုံတွေ့တာဖြစ်ဖြစ်၊လုပ်နေတဲ့အလုပ်ကို ငြီးငွေ့သွားတာဖြစ်ဖြစ်၊ ရှင်းမရတဲ့ ပြဿနာကြီးလာတဲ့အတွက်ပြဿနာအဖြေရှာက ခက်ခဲနေတာဖြစ်ဖြစ်လမ်းပျောက်တတ်ပါတယ်။ လမ်းပျောက်တာ ကောင်းတဲ့အချက်ပါ။ လမ်းပျောက်တာ မသိတာ မကောင်းတဲ့အချက်ပါတယ်။ လမ်းပျောက်တာသိရင်အဖြေရှာလို့ရပါတယ်။လမ်းပျော်တာ မသိရင်အဖြေရှာလို့မရပါ။ ဒါကြောင့် လမ်းပျောက်လို့ စိတ်ညစ်ပြီး စိတ်ဓာတ်မကျလိုက်ပါနဲ့။ Phyo Paing @ Derek

လမ်းပျောက်လို့
စိတ်ညစ်ပြီး စိတ်ဓာတ်မကျလိုက်ပါနဲ့။
Read More »

ကိုယ့်ဘဝက ပိုကောင်းနိုင်ပါသေးတယ်။

စိတ်ရှည်ပါ။ အနာဂတ်ကို ယုံကြည်ပါ။ကိုယ့်ဘဝ ကိုယ်တာဝန်ယူပါ။တစ်နေရာအဆင်မပြေရင် တစ်နေရာပြောင်းပါ။ ဆင်ခြေမပေးနဲ့။အပြစ်မတင်နဲ့။ အဖြေရှာ။ကိုယ့်ကိုယ်ကိုယ် သနားပြီးအသနားခံ မဖြစ်စေနဲ့။ လူ။ တွေးနိုင်တယ်။ ကြံနိုင်တယ်။ လုပ်နိုင်တယ်။ယုံကြည်ပါ။ဘဝမှာ ဆိုးတာရှိ၊ ကောင်းတာရှိ။ဒုက္ခကို ဖီးလ်ခံပြီး စိတ်ညစ်မနေနဲ့။ကျန်းမာသေးတယ်။အသက်ရှူနိုင်သေးတယ်။လှုပ်ရှားနိုင်သေးတယ်ဆိုဦးနှောက်သုံး အဖြေရှာကြည့်ပါ။ မနက်ဖြန် လည်စင်းအသက်ခံရမည့်ကားပေါ်က အော်နေတဲ့ ဝက်ကလေးထက်ကိုယ့်ဘဝက ပိုကောင်းနိုင်ပါသေးတယ်။ Phyo Paing @ Derek

ကိုယ့်ဘဝက ပိုကောင်းနိုင်ပါသေးတယ်။ Read More »

အပြစ်တင်ဖို့ထက် အဖြေရှာ။

အမြင်မတူရင် အမြင့်မတူဘူး။နေသလိုဖြစ်တဲ့ဘဝမှာဖြစ်သလို မနေပါနဲ့။အပြစ်တင်ဖို့ထက် အဖြေရှာ။ဝေဒနာကို ဒေတာနဲ့ ပြန်စစ်။ Phyo Paing @ Derek

အပြစ်တင်ဖို့ထက် အဖြေရှာ။ Read More »

ပျော်ရာမှာ မနေရရင်

နေရာမှာ ပျော်အောင်လုပ်ရမှာပဲ။တခြားရွေးချယ်စရာ သိပ်မရှိဘူးလေ။တောင်ထိပ်ရောက်မှ ပျော်စရာမလိုဘူး။ဖြတ်သန်းခဲ့တဲ့ ခရီးကြည့်ပြီးပျော်လို့ရတယ်။ Phyo Paing @ Derek

ပျော်ရာမှာ မနေရရင် Read More »