motivation

အလုပ်ဆိုတာ escape plan ပဲ

နာကျင်မှုတွေကထွက်ပြေးဖို့အလုပ်က လွတ်မြောက်နယ်မြေပဲ။နာကျင်မှုကို ကုစားဖို့အလုပ်က ဖြေဆေးပဲ။ ဘေးပတ်ပတ်လည်မှာကြည့်ကြည့်လူတွေ တကယ် ပျော်နေကြလို့လား။ဘဝကို လတ်လတ်ဆတ်ဆတ်ဖြတ်သန်းလို့ရလို့လား။ ကိုယ်ချစ်တဲ့အလုပ်က ကိုယ့်ကိုMoney နဲ့ Mastery ကို ဖန်တီးပေးနိုင်တယ်။အလုပ်ဆိုတာ escape plan ပဲ။ တစ်ရက်တာအိပ်ချိန်ကို နုတ်ရင်တစ်ဝက်လောက်ပေးထားရတဲ့အလုပ်ကိုတန်ဖိုးထားချစ်မြတ်နိုးဖို့လိုတယ်။ Phyo Paing @ Derek

အလုပ်ဆိုတာ escape plan ပဲ Read More »

လူတိုင်း၊ နိုင်ငံတိုင်း၊ လုပ်ငန်းတိုင်း၊
အဖွဲ့အစည်းတိုင်းမှာ self-interest
အနည်းနဲ့ အများရှိကြတာကြီးပဲ။

အစကတည်းက လောကကြီးကိုမမျှတဘူးလို့ လက်ခံထားတယ်။ကျောင်းမှာတောင် သူဌေးသားနဲ့မျက်နှာမွဲကို ဆရာမဆက်ဆံတာမတူတာမျိုး လူတိုင်းကြုံဖူးမှာပဲ။ Life is not fair — get used to it!ဆိုတဲ့ rule အမြဲထားထားတယ်။ဒီအချက်က အရှိကို အရှိအတိုင်းမြင်စေတယ်။ လူတိုင်း၊ နိုင်ငံတိုင်းက resource competition တွေလုပ်နေကြရတာပဲ။ဘယ်သူမှ ကိုယ့်အတွက် အကျိုးမရှိပဲကိုယ့်ကို သူရဲကောင်းလုပ်လာမကူဘူး။ လူတိုင်း၊ နိုင်ငံတိုင်း၊ လုပ်ငန်းတိုင်း၊အဖွဲ့အစည်းတိုင်းမှာ self-interestအနည်းနဲ့ အများရှိကြတာကြီးပဲ။ ဒီ stakeholder တွေကို သူတို့ဘာလိုချင်တာလဲငါဘာလိုချင်တာလဲ။ကိုယ်လိုချင်တာကို အလွယ်ဆုံး၊အမြန်ဆုံး၊ အထိရောက်ဆုံး၊ဆုံးရှုံးနိုင်ခြေအနည်းဆုံးနဲ့ဘယ်လိုအကောင်အထည်ဖော်မလဲဒီမေးခွန်းအဓိက မေးရမှာပဲ။ လောကမှာ လူတွေက အားနည်းတဲ့တိရစ္ဆာန်တွေကိုစားတယ်။အသားစားသတ္တဝါ၊ အစုံစားသတ္တဝါ၊အရွက်စား သတ္တဝါကြားမှာပါဝါချိန်ခွင်တွေကြား လောကကြီးလည်ပတ်နေတယ်။ ကိုယ့်တာဝန်က ကိုယ့်ကိုကိုယ်ကာကွယ်နိုင်အောင်၊ကိုယ်ချစ်တဲ့သူတွေကို ကာကွယ်နိုင်အောင်ကိုယ့်ကိုကိုယ် ပျိုးထောင်ရမှာလို့ထင်တာပဲ။ကယ်တင်ရှင်ရှာနေလို့ မရဘူး။ Phyo Paing @ Derek

လူတိုင်း၊ နိုင်ငံတိုင်း၊ လုပ်ငန်းတိုင်း၊
အဖွဲ့အစည်းတိုင်းမှာ self-interest
အနည်းနဲ့ အများရှိကြတာကြီးပဲ။
Read More »

လူဆိုတာ စနစ်တစ်ခုပဲ။

ကားထဲ မသန့်တဲ့ဆီတွေထည့်ရင်စက်တွေ ကောင်းကောင်းမလည်သလိုပဲခန္ဓာကိုယ်ထဲ မကောင်းတဲ့အစားအစာမကောင်းတဲ့ အတွေးအခေါ်တွေထည့်လိုက်ပြီးကောင်းကောင်းလည်ပတ်ဖို့ မလွယ်ဘူး။လူဆိုတာ စနစ်တစ်ခုပဲ။ Phyo Paing @ Derek

လူဆိုတာ စနစ်တစ်ခုပဲ။ Read More »

ကိုယ်မတွေးပဲ မနေနိုင်တဲ့
အလုပ်ကိုလုပ်။

နယ်ပယ်တိုင်းမှာအောင်မြင်နေတဲ့သူတွေဘာအလုပ်လုပ်လဲ? ကိုယ်မတွေးပဲ မနေနိုင်တဲ့ အလုပ်ကိုလုပ်ကြတာများတယ်။ တွေးဖို့ သီးသန့်အချိန်ပေးနေစရာမလိုဘူး။သိစိတ်၊ မသိစိတ် နှစ်ခုလုံးအလုပ်လုပ်နေတယ်။ Phyo Paing @ Derek

ကိုယ်မတွေးပဲ မနေနိုင်တဲ့
အလုပ်ကိုလုပ်။
Read More »

ချစ်တဲ့ အလုပ်ကို လုပ်မှာလား။
ဒါမှ မဟုတ် လုပ်တဲ့ အလုပ်ကို ချစ်မှာလား။

စဥ်းစားကြည့်ကြည့်လူအများစု တစ်ရက် ၈ နာရီအိပ်တယ်။အလုပ်ထဲမှာ ၈ နာရီနဲ့ ၁၀ နာရီကြားကုန်တတ်တယ်။ကျန်တဲ့ ၆ နာရီက ရေချိုး၊ မုန့်စား၊တခြား ဝေရာဝိစ္စတွေနဲ့ အချိန်ကုန်တယ်။ အချိန်အများစုက အလုပ်နဲ့ကုန်တယ်။အလုပ်မှာ မပျော်ရင် ဘဝကလဲ မပျော်ဘူး။​အလုပ်မှာ ရင်ခုန်စရာမကောင်းရင်ဘဝကလဲ​ ပျင်းစရာကောင်းနေမှာ။ ဒါကြောင့် ကိုယ့်အလုပ်ကို game တစ်ခုလိုရင်ခုန်နေမှသာ ဘဝက အဓိပ္ပာယ်ရှိမှာ။ ဒါကြောင့်ချစ်တဲ့ အလုပ်ကို လုပ်မှာလား။ဒါမှ မဟုတ် လုပ်တဲ့ အလုပ်ကို ချစ်မှာလား။ ချစ်တဲ့အလုပ်ကို လုပ်ပိုင်ခွင့်မရှိသေးရင်လုပ်တဲ့အလုပ်ကို အရင်ချစ်လိုက်။ပြီးမှ တဖြည်းဖြည်း ချစ်တဲ့အလုပ်ကိုလုပ်။ Phyo Paing @ Derek

ချစ်တဲ့ အလုပ်ကို လုပ်မှာလား။
ဒါမှ မဟုတ် လုပ်တဲ့ အလုပ်ကို ချစ်မှာလား။
Read More »

အလုပ်ဆိုတာ လုပ်ချင်တိုင်း
လုပ်လို့ မရဘူး

အချိန်ဆိုတာရှိတယ်။ အဲ့ဒီအချိန်ကောင်းမှာ ကြိုးစားအားထုတ်မှု တစ်လ၊ နှစ်လကတစ်နှစ်၊ နှစ်နှစ်နဲ့ ညီနိုင်တယ်။ ဒါကို “အချိန်ကောင်း” ကြုံဖူးသူတိုင်းသိကြတယ်။ ဒီ “Timing အချိန်ကောင်း” ဟာ လူတိုင်းရဲ့ ဘဝကို အပြောင်းအလဲဖြစ်စေတဲ့ အချိန်ပဲ။အဲ့ဒီအချိန်မှာ ယောင်နေလို့မရဘူး။အလုပ်ကို ဖိလုပ်ရတဲ့ အချိန်ဖြစ်တယ်။ တခြားအချိန်တွေက ကိစ္စမရှိပေမယ့်အချိန်ကောင်းမှာ တခြားကိစ္စတွေနဲ့အာရုံထွေပြားခြင်းဟာ အခွင့်အလမ်းကို အလဟဿဖြုန်းလိုက်သလိုပဲ။ ဘာနဲ့ တူသလဲဆို တစ်နှစ်လုံးစာကြိုးစားခဲ့ပြီး စာမေးပွဲနီးတဲ့အခါစိတ်လေတာမျိုးနဲ့ တူနိုင်တယ်။ ဒါဆို အချိန်ကောင်းပဲ စောင့်ပြီးအလုပ် လုပ်ဖို့ မရဘူးလား။ မရသလောက်လို့ ဆိုရမယ်။ဘာကြောင့်လဲဆိုတော့ စီးပွားရေးမှာ အနာဂတ်ကို ကြိုတင်ခန့်မှန်းနိုင်ခြင်း“anticipation” ဟာ သေမတတ်အရေးကြီးတယ်။ လုပ်ငန်းနယ်ပယ်တစ်ခုမှာ ဆယ်စုနှစ်တစ်ခု လုပ်လာသူတွေဟာ ဒီလုပ်ငန်းရဲ့အပြောင်းအလဲကို အခုမှ ဝင်လာတဲ့ လုပ်သက်နုသူတွေထက်အများကြီးပိုခန့်မှန်းနိုင်တတ်ကြတယ်။ ဒါကြောင့် game တစ်ခုထဲမှာ ရေရှည်နေထားဖို့ အရေးကြီးတယ်။

အလုပ်ဆိုတာ လုပ်ချင်တိုင်း
လုပ်လို့ မရဘူး
Read More »

ဆာလောင်မှုက အကြောက်တရားထက်
ကြီးနေဖို့လိုတယ်

ဘယ်ကစလဲဆိုတာ အရေးမကြီးဘူး။နောက်ငါးနှစ်၊ ဆယ်နှစ်၊ အနှစ်နှစ်ဆယ် နေရင်ဘယ်ကို ရောက်နေမလဲ အရေးကြီးတာပဲ။ ဒါကြောင့် ဆာလောင်မှုကို လျော့လိုက်လို့မရဘူး။ဆာလောင်မှုက အကြောက်တရားထက်ပိုကြီးမှ သတ္တိဆိုတာ ထွက်လာတဲ့သဘောရှိတယ်။ ဆာလောင်မှုဟာ ရဲရဲတောက်မီးခဲလို ဖြစ်နေဖို့လိုတယ်။ ကောက်ရိုးမီးနဲ့ ဘာကြီးကြီးကျယ်ကျယ်အလုပ်မှ လုပ်လို့ရနိုင်မှာ မဟုတ်ဘူး။ ဒူပေဒါပေခံဖို့လိုတယ်။စိတ်ရှည်ဖို့ လိုတယ်။ကိုယ့်ကိုကိုယ် ဂုဏ်ယူတဲ့အလုပ်တွေကိုပိုးစိုးပက်စက်လုပ်ဖို့လိုတယ်။ဆာလောင်မှုက အကြောက်တရားထက်ကြီးနေဖို့လိုတယ်။ Phyo Paing @ Derek

ဆာလောင်မှုက အကြောက်တရားထက်
ကြီးနေဖို့လိုတယ်
Read More »

အရေးကြီးတာ တစ်ရက်တာအတွက်

မနက်ထထလာချင်းမှာစိတ်ညစ်စရာတွေ၊ သောကရစရာတွေမတွေးခြင်းဖြင့် ကိုယ့်ကိုကိုယ်ကူညီလို့ရပါတယ်။​ ဒီကာလမှာ ပြည်တွင်းလုပ်ငန်းရှင်သေး၊ လတ်၊ ကြီး မပြောတာပဲရှိမယ်အားလုံး အနည်းနဲ့အများစဥ်းစားစရာလေးတွေ ရှိတယ်။ အရေးကြီးတာ တစ်ရက်တာအတွက်မနက်အခါက အရေးကြီးတဲ့အတွက်စိုးရိမ်စရာတွေဖြစ်တွေဖြစ်တဲ့ငွေလှဲနှုန်းတွေ၊ လုပ်ငန်းမှာပူပန်မှုတွေ၊ကိုယ့်သားသမီးနဲ့ ကိုယ့်အနာဂတ်အတွက်ပူပန်မှုတွေ စဥ်းစားမည့်အစားမနက်အချိန်က ကိုယ့်ကိုကိုယ်program လုပ်ရမည့်အချိန်ဖြစ်တယ်လို့ယူဆပါတယ်။ တရားထိုင်တာ၊ စာဖတ်တာ၊priming လို့ခေါ်တဲ့ ငါ့ဘဝအတွက်၁။ ပျော်ရွင်စရာ၂။ ရင်ခုန်စရာ၃။ ဂုဏ်ယူစရာ၄။ ကျေးဇူးတင်စရာ၅။ ရည်မှန်းချက်ပန်းတိုင်၆။ နှစ်သက်ပျော်ရွင်ခံစားတဲ့အရာ၇။ ကိုယ့်ကိုချစ်တဲ့သူ၊ ကိုယ်ကချစ်တဲ့သူတွေအကြောင်းစဥ်းစားပုံဖော်ကြည့်ပါ။​ Phyo Paing @ Derek

အရေးကြီးတာ တစ်ရက်တာအတွက် Read More »

ဘဝဆိုတာ လှိုင်းပေါ်ရောက်လိုက်
လှိုင်းအောက်ရောက်လိုက်

တချို့အချိန်တွေကျရင်အလုပ်လုပ်နေပြီး ရှေ့သိပ်ရောက်သလိုမဖြစ်plateau phase မှာဖြစ်နေတတ်တယ်။ တချို့အချိန်တွေကျတော့လဲ သေတော့မလိုလောကကြီးကနေ ထွက်ပြေးချင်သလိုရှောင်ပြေးချင်တဲ့ အချိန်တွေလဲကြုံနိုင်တယ်။ ဘဝဆိုတာ အမြဲဒုက္ခရောက်မနေသလိုအမြဲလို သုခဖြစ်မနေဘူး။တစ်လှည့်စီပဲ။ အရေးကြီးတာ လှိုင်းအောက်ရောက်နေချိန်သွေးမပျက်ဖို့ပဲ။ တခါတလေ ဘဝအပြောင်းအလဲဆိုတာတစ်ရက်တည်းမှာလဲ ဖြစ်နိုင်တယ်။ အဲ့ဒီအခွင့်အရေးလာတဲ့အခါ ကိုယ့်ဖက်က ready ဖြစ်နေဖို့ပဲ။ ဒါကြောင့် စိတ်ညစ်စရာတွေကြုံလို့သွေးပျက်မသွားနဲ့။ ကိုယ့်ကိုကိုယ် training ဆင်းနေတယ်လို့စဥ်းစားကြည့်ကြည့်။ ကွန်ဖြူးရှုပ်ပြောသလို Our greatest glory is not in never falling, but in rising every time we fall. — Confucius Phyo Paing @ Derek

ဘဝဆိုတာ လှိုင်းပေါ်ရောက်လိုက်
လှိုင်းအောက်ရောက်လိုက်
Read More »

အဆင်မပြေ၊ အပေါက်အလမ်းမတည်တဲ့
နေ့တွေက သင်ခန်းစာယူ

ဘဝမှာ ဘာလုပ်လုပ် တင့်တယ်တဲ့အချိန်တွေရှိသလိုဘာလုပ်လုပ် အပေါက်အလမ်းမတည့်တဲ့အချိန်တွေရှိတတ်တယ်။အခါပေးကြည့်ပြီးမှာအလုပ်လုပ်လို့မရဘူး။အဆင်မပြေ၊ အပေါက်အလမ်းမတည်တဲ့နေ့တွေက သင်ခန်းစာယူရှေ့ဆက်ရမှာပဲ။ရက်ရာဇာ၊ ပြဿဒါးကြည့်ပြီးမှာအလုပ်လုပ်နေရင် ရှေ့မြန်မြန်ရောက်ဖို့ထင်သလောက် မလွယ်ဘူး။ Phyo Paing @ Derek

အဆင်မပြေ၊ အပေါက်အလမ်းမတည်တဲ့
နေ့တွေက သင်ခန်းစာယူ
Read More »