my philosophy

နေ့ရက်တိုင်းက ရင်ခုန်စရာပဲ။

နေ့စဥ်ရင်ခုန်ဖို့ကောင်းတာ မနက်ဖြန်ဖြစ်လာတဲ့ ကိုယ်ပဲ။ ကိုယ်လုပ်ချင်တဲ့ အလုပ်လေးလုပ်ဖို့ခြောက်နှစ်၊ ခုနှစ်နှစ်လောက်သည်းခံစောင့်ဆိုင်းရင်း ကြိုးစားပြင်ဆင်ခဲ့ဖူးတယ်။ဘဝမှာ သည်းမခံနိုင်တဲ့အရာတွေကိုအပြုံးအမပျက် ရင်ဆိုင်ပြီးဖြတ်ကျော်ခဲ့ဖူးတယ်။ ဘဝမှာ လစဥ်အတိုးတွေပေးဖို့အလုပ်တွေ လုပ်ခဲ့ဖူးတယ်။ တစ်လတစ်လ အရမ်းကျေအောင်ရုန်းကန်ကြိုးစားခဲ့ဖူးတယ်။ ကတိမတည်တဲ့လူတွေကြောင့်လူတွေအကြောင်းနားလည်ခဲ့ဖူးတယ်။ကိုယ်အထောက်အပံ့ပေးသလို ဖြစ်စေချင်သလို ဖြစ်မလာတဲ့အတွက်လူတွေကို စိတ်ကုန်ခဲ့ဖူးတယ်။ သံကြိုးကြီးခြေထောက်မှာတပ်ပြီးရှေ့ကိုပြေးပေမည့် ခရီးမတွင်တဲ့အချစ်ရေးမှာ ဆယ်စုနှစ်ဝက်နီးပါးဖြတ်သန်းခဲ့ဖူးတယ်။ ဘဝကို စိတ်ကုန်လို့ ဖြစ်သလိုနေရင်းနေသလိုဖြစ် ပေါင် ၁၉၀ ကျော် ၂၀၀ နီးပါးနဲ့ဘဝကြီးဖြစ်ခဲ့ဖူးတယ်။ ဘဝရဲ့သင်ခန်းစာတွေကို ကျေညက်လာတဲ့အခါဘာက အဓိက ဘယ်အရာက သာမညလဲ နားလည်လာတယ်။ အမြင်တွေမှန်လာတဲ့အခါအမှန်တွေ မြင်လာတယ်။ ဘဝအတွက်ထားရမည့် အမြင်တွေရှင်းလာတယ်။ကျန်းမာကြံ့ခိုင်ရေး တစ်။အလုပ်၊ စီးပွားနဲ့ ငွေကြေးနှစ်။ အချစ်နဲ့မိသားစု သုံး။ စိတ်ငြိမ်းချမ်းမှု လေး။ အပေါင်းအသင်းရောင်းရင်း ငါး။ ဘဝရဲ့ သင်ခန်းစာတွေလေ့လာရင်း မနက်ဖြန်ဖြစ်လာတဲ့ ကိုယ်က ရင်ခုန်ဖို့ကောင်းတယ်။ဒီနေ့ဖြစ်နေတဲ့ ကိုယ်အတွက်အတိတ်က အားထုတ်မှုတွေအတွက်ကျေးဇူးတင်မိတယ်။ […]

နေ့ရက်တိုင်းက ရင်ခုန်စရာပဲ။ Read More »

ကိုယ်ယူဆတဲ့ အယူအဆတစ်ခု

ကိုယ့်ဘဝအပြောင်းအလဲဖြစ်ဖို့အိုင်ဒီယာသစ်တစ်ခု၊ အချိတ်အဆက်တစ်ခု၊ အကူညီတစ်ခု၊ သတင်းအချက်အလက်တစ်ခု၊ တွေးခေါ်တဲ့အမြင်ပုံစံတစ်ခု အပြောင်းအလဲပဲလိုနိုင်တယ်။ အဲ့ဒီတစ်ခု ဆိုတဲ့အရာကမှန်ကန်ပြီး တကယ်လိုက်လုပ်ရင်တစ်ဆင့်တစ်ဆင့် အပြောင်းအလဲဖြစ်သွားမယ်။ ကမ္ဘာပေါ်မှာ လူအများစုက မပျော်ဘူး။ကမ္ဘာပေါ်က တချို့နေရာကလူအများစုရဲ့ခန္ဓာကိုယ်ပုံစံ ကြံ့ခိုင်မနေဘူး။ကမ္ဘာပေါ်မှာ တချို့နေရာကလူအများစု ကိုယ့်ဘဝကိုကိုယ်စိတ်တိုင်းကျမနေဘူး။ သေချာတာ လူအများစုနောက်လိုက်နေလို့ မရဘူး။ လူအများစုနောက်လိုက်ရင်လူအများစုလိုပဲဖြစ်ဖို့များနိုင်တယ်။ ဒါကတော့ ကိုယ်ယူဆတဲ့အယူအဆတစ်ခုပဲ။ ကိုယ့်အတွက်တော့ မှန်တယ်။တခြားသူအတွက်တော့ မှန်ချင်မှမှန်မယ်။ Phyo Paing @ Derek

ကိုယ်ယူဆတဲ့ အယူအဆတစ်ခု Read More »

တချို့ ကိစ္စတွေက
လောရင် ရှုပ်ကုန်တယ်။

၁။ မလောနဲ့။ တချို့ ကိုယ်နဲ့အမြင်မတူလို့ရတယ်။ခံယူချက်မတူတဲ့သူတွေနဲ့ ကုမ္ပဏီတစ်ခုတည်းအလုပ်လုပ်တဲ့အခါလွယ်နေတာ ရှုပ်သွားတတ်တယ်။ဒါကြောင့် လုပ်ငန်းအလုပ်ခန့်မယ်ဆို ခံယူချက်တူတဲ့သူရှာ။ ၂။ အလွယ်တကူ မရောနဲ့။ စေတနာ ဝေဒနာဖြစ်တတ်တယ်။ပေးပဲပေးနေရင် တခါတလေ ငပေါကြီးဖြစ် တန်ဖိုးမထားတာခံရတတ်တယ်။ ကိုယ်က အခါ ၁၀ ခါ ကူညီပြီးသူများ ၁ ခါ ကူညီတာကို တခြားကို ကျေးဇူးတင်မဆုံးဖြစ်တာကြုံဖူးလိမ့်မယ်။ ၃။ မပေါနဲ့။ မလောနဲ့။ မရောနဲ့။ မပေါနဲ့။ Phyo Paing @ Derek

တချို့ ကိစ္စတွေက
လောရင် ရှုပ်ကုန်တယ်။
Read More »

လိုချင်ပြီး မရရင်
ပူလောင်မှုဖြစ်တယ်။

ရထားပြီး မလိုချင်ရင်လဲလေးလံမှုဖြစ်တယ်။ ရထားပြီး ရှုံးဆုံးမှာကြောက်ရင်ပူပန်မှုဖြစ်တယ်။ မဖြစ်သေးတဲ့အနာဂတ်ကိုတွေးပြီးကိုယ့်ကိုယ်ကို အပြစ်မပေးနဲ့။ ပြီးသွားတဲ့ အတိတ်ကိုပြင်ဆင်ဖို့ကိုယ့်ကိုယ်ကိုယ် အပြစ်မတင်နဲ့။ ဘဝမှာ ရလိုက်တာ သင်ခန်းစာတွေပဲ။ သင်ခန်းစာတွေက အနာဂတ် အမြင်ခမ်းတာ၊ အမြင်ကန်းတာကို ကာကွယ်ပေးနိုင်တယ်။ အကောင်းဆုံးတည်ဆောက်ထားတဲ့ဘဝရဲ့ “အိမ်”က ကိုယ်ပဲ။ လုပ်သမျှ၊ ကြံသမျှ၊ တွေးသမျှကဒီအိမ်ကြီး ပိုကောင်းအောင်တည်ဆောက်နိုင်ဖို့ပဲ။ ကျက်သရေရှိရှိ အသက်ကြီးသွားဖို့အရေးကြီးတယ်။ Phyo Paing @ Derek

လိုချင်ပြီး မရရင်
ပူလောင်မှုဖြစ်တယ်။
Read More »

အသက်အရွယ်တစ်ခုရောက်ရင်

ဟိုစပ်စပ် ဒီစပ်စပ်လိုက်လုပ်တာထက်တစ်ခုကို ဇောက်ချလုပ်ဖို့လိုလာတယ်။ လေဆာလို အာရုံစိုက်မှုလိုတယ်။ ဇွဲနဲ့ စည်းကမ်းလိုတယ်။ စိတ်ဓာတ်ခိုင်မာမှုလိုတယ်။ အတွေးအခေါ်ရှင်းလင်းဖို့လိုတယ်။ဒူပေဒါပေခံဖို့လိုတယ်။စူးစမ်းလိုစိတ်လိုတယ်။အမြဲသင်ယူနေဖို့လိုတယ်။ ကိုယ်နောက်ဆုံးသင်ယူခဲ့တဲ့ အတွေးအခေါ်အသစ်က ဘယ်တုန်းကလဲ။ Phyo Paing @ Derek

အသက်အရွယ်တစ်ခုရောက်ရင် Read More »

ကြိုးစားရတာ မခက်ဘူး။

လမ်းဖောက်ရတာ၊လမ်းရှာရတာပဲခက်တာ။ဒါကြောင့်လူအများစုကဖောက်ပြီးသားလမ်းပဲ ကြိုးစားလုပ်ဆောင်ချင်ကြတာ။မပြိုင်ဘဲနိုင်ဖို့ကလမ်းသစ်ရှာ၊ လမ်းသစ်ဖောက်ဖို့အချိန်ပိုပေးရမယ်လို့ထင်တယ်။ Phyo Paing @ Derek

ကြိုးစားရတာ မခက်ဘူး။ Read More »

ကျွန်တော့်မှာ သီအိုရီတစ်ခုရှိတယ်။

ခန္ဓာကိုယ်ရဲ့ ခေါင်းအစခြေအဆုံး နေရာတိုင်းမှာ နေ့စဥ်ဘဝဖြတ်သန်းမှုကပေးတဲ့ဒဏ်တွေ ရှိတယ်။ ဒါကို မာဆယ် မှတ်ဥာဏ်အနေနဲ့မှတ်ထားတယ်။ ဒီဒဏ်တွေက စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်ဆိုင်ရာကြောင့်ဖြစ်တဲ့ဒဏ်တွေဖြစ်တယ်။ ပုံမှန် အညောင်းပြေ၊ အညာပြေ နှိပ်ရုံနဲ့မရဘူး။ စိတ်နဲ့ ကိုယ်ရဲ့ ဒဏ်ကိုခန္ဓာကိုယ် အစိတ်အပိုင်းတိုင်းမှာ စုထားတဲ့ အမှိုက်တွေကို လိုက်ရှင်းဖို့ ဒါလေးလုပ်ကြည့်။ မျက်စိမှိတ်ပြီး ခန္ဓာကိုယ်ကိုဦးခေါင်းထိပ်ကစပြီး နှဖူး၊မျက်လုံး၊ နှာခေါင်း၊ ပါးစပ်၊ လျှာ၊ပါးပြင်၊ လည်ပင်း၊ ပုခုံးနှစ်ဖက်၊ ရင်ဘတ်၊ နှလုံး၊ အဆုပ်၊ အစာအိမ်၊ကျောက်ကပ်၊ အူလမ်းကျောင်းတစ်လျှောက်၊တင်ပါး၊ ဆီးခုံ၊ ပေါင်နှစ်ဖက်၊ ဒူး၊ ခြေထောက်နှစ်ဖက်စလုံးကနေခြေဖဝါးနဲ့ ခြေချောင်းမှာ ရှိတဲ့အကြောတွေ အကုန်လျော့လိုက်။ နောက်ပြီး စကြာဝဠာထဲက အလင်းတန်းဖြူတစ်ခုက ဦးခေါင်းထိပ်ကနေ ခန္ဓာကိုယ်တစ်ခုလုံးကိုဖြတ်ပြီး ခြေဖဝါးက ထွက်သွားတာကိုပုံဖော်ကြည့်။ ဖြတ်သွားတိုင်းမှာ ခန္ဓာကိုယ်ပေါ်မှာရှိတဲ့အမှိုက်တွေကို ရေဆေးထုတ်သွားသလို ယူသွားတယ်လို့ မြင်ယောက်ကြည့်။

ကျွန်တော့်မှာ သီအိုရီတစ်ခုရှိတယ်။ Read More »

စိတ်ညစ်တာနည်းအောင်လုပ်တဲ့နည်း

စိတ်ညစ်တာ နည်းအောင်ကျွန်တော်လုပ်တဲ့ နည်းလေးက အထောက်အကူများဖြစ်မလားမသိဘူး။ ၁။ စိတ်ညစ်စေနိုင်တဲ့အရာတွေကို ကြိုတင်စဥ်းစားအဖြေရှာထား။ ကိုယ့်နာမည်ဖျက်ခံရတဲ့အခါ။အတော်ဆုံးဝန်ထမ်းတွေ ပြိုင်ဖက်ဆီမှာ အလုပ်သွားလုပ်တဲ့အခါ။ ပေးစရာဒေါ်လာအကြွေးတွေကငွေစျေးအပြောင်းလဲလို့ ပိုပေးရတဲ့အခါ။ ကိုယ့်ဘဝမှာ ရှောင်ရှားချင်တာတွေကိုကြိုတင်စဥ်းစား အဖြေရှာထား။ စိတ်ဓာတ်ရေးရာပြင်ဆင်ထား။ ၂။ စိတ်ညစ်စရာကြုံတိုင်း ဖြေ။ စိတ်ညစ်စရာကို ခံစားချက်မထည့်ပဲသင်ခန်းစာအနေနဲ့ ပြောင်းလိုက်တယ်။ စာအဖြစ်ချရေးတာ၊ အတွေးအခေါ် သို့ ဥပဒသ တစ်ခုအဖြစ်ပြောင်းတာ အဲ့လို လုပ်လိုက်တယ်။ ဥပမာ တချို့သူတွေနဲ့ တွေ့တယ်။ အရမ်း အပူဓာတ်များတယ်။ ကိုယ့်ကိုလဲအပူ ဓာတ်အရမ်းကူးစေတဲ့အခါနည်းနည်းခွာခွာနေလိုက်တာမျိုး။ Phyo Paing @ Derek

စိတ်ညစ်တာနည်းအောင်လုပ်တဲ့နည်း Read More »

ခပ်ချေချေပဲ။

သူများတော့ မသိဘူး။တချို့ လူတွေကတော့ကိုယ့်ကိုယ်ကိုယ် ဆုလဒ်လို့ယုံကြည်တာပဲ။ကိုယ်နဲ့တွေ့တဲ့သူတိုင်းကိုအကောင်းဆုံးပေးတယ်။အာရုံနောက်စေတော့မယ်ဆိုရင်မနောက်ခင်ကတည်းက ban တာတို့၊စည်းခြားတာတို့ လုပ်လိုက်တယ်။ဘဝမှာ ကိုယ့်ကိုယ်ကိုယ် ဆုလဒ်လို့ခပ်ချေချေသာ ယူဆပြီးနေ့စဉ်လဲ တန်ဖိုးတက်အောင်လုပ်တာတချို့သူတွေရဲ့ ဘဝအတွေးအခေါ်ဖြစ်မယ်။ Phyo Paing @ Derek

ခပ်ချေချေပဲ။ Read More »