my philosophy

လောကကြီးက ဒိုင်လူကြီးပဲ။

ဖြစ်ချင်တာနဲ့ ဖြစ်လာတာမတူသေးရင်ကိုယ့်အမြင်ကို ချိန်ငြိရအုံးမယ်။ ကွာဟချက်များလေ ချိန်ငြိဖို့လိုလေ။ လောကကြီးက ဒိုင်လူကြီးပဲ။တရားတယ် မတရားတယ်သွားပြောနေလို့မရဘူး။ ကောလဟာလနဲ့ လောကသဘာဝကို နားလည်အောင်လုပ်လို့မလွယ်ဘူး။ Phyo Paing @ Derek

လောကကြီးက ဒိုင်လူကြီးပဲ။ Read More »

ကိုယ်ဂုဏ်မယူတဲ့ အလုပ် မလုပ်နဲ့။

ကိုယ်ဂုဏ်မယူတဲ့သူတွေနဲ့အဆက်အဆံမလုပ်နဲ့။တစ်ဖက်သတ်ဆန်ပေမယ့်အဲ့တစ်ဖက်က ပျော်ဖို့ကောင်းတယ်။ Phyo Paing @ Derek

ကိုယ်ဂုဏ်မယူတဲ့ အလုပ် မလုပ်နဲ့။ Read More »

ကိုယ်အာရုံစိုက်တဲ့အရာတွေကို
ဂရုပြုပါ။

ကိုယ့်အတွေးကို ပြောင်းရင်ကိုယ့်ခန္ဓာကိုယ် ပုံပန်းသဏ္ဌာန်ကိုလဲပြောင်းလို့ရတယ်။ ပတ်ဝန်းကျင်ကိုလဲပြောင်းလို့ရတယ်။အနာဂတ်ကိုလဲ ပြောင်းလဲလို့ရတယ်။ ဒါကြောင့် ဗုဒ္ဓက ‘စိတ်ဟာ အရာရာရဲ့ ရှေ့ဆောင်ဖြစ်တယ်’ လို့ မိန့်ဆိုခဲ့ပါတယ်။ ဘယ်မှာဆိုမိန့်ခဲ့လဲဆို ဓမ္မပဒရဲ့ ပထမဂါထာကို ပါဠိလိုဆို “မနောပုဗ္ဗင်္ဂမာ ဓမ္မာ၊ မနောသေဋ္ဌာ မနောမယာ။မနသာ စေ ပဒုဋ္ဌေန၊ ဘာသတိ ဝါ ကရောတိ ဝါ။တတော နံ ဒုက္ခမန္ဝေတိ၊ စက္ကံဝ ဝဟတော ပဒံ။” မြန်မာလို အဓိပ္ပာယ်က –“စိတ်သည် အရာခပ်သိမ်းတို့၏ ရှေ့သွားဖြစ်၏။စိတ်သည် အရာခပ်သိမ်းတို့၏ အကြီးအမှူးဖြစ်၏။စိတ်ဖြင့်သာ ပြုပြင်အပ်ကုန်၏။ညစ်ညမ်းသော စိတ်ဖြင့် ပြောဆိုလျှင်လည်းကောင်း၊ပြုလုပ်လျှင်လည်းကောင်း၊ထိုသူ၏နောက်သို့ ဆင်းရဲသည် အစဉ်လိုက်၏။နွားလှည်းဘီးသည် နွားခြေခုတ်ရာသို့ လိုက်သကဲ့သို့တည်း။” ဒါကြောင့် ကိုယ့်စိတ်ကိုယ်လွမ်းမိုးတဲ့အတွေးကို သတိပြုပါ။အတွေးကောင်းဖို့ ကိုယ်အာရုံစိုက်တဲ့အရာတွေကိုဂရုပြုပါ။ Phyo Paing @ Derek

ကိုယ်အာရုံစိုက်တဲ့အရာတွေကို
ဂရုပြုပါ။
Read More »

ကိုယ့်ကိုကိုယ် ပြန်မေးကြည့်တယ်။

နောက်ဆယ်နှစ် ဘယ်မှာမြင်သလဲ။ တကယ်လို့ ဆယ်နှစ်မစဥ်းစားနိုင်ရင်နောက်ငါးနှစ်ဆိုရင်။ ငါးနှစ်မရခဲ့ရင် နောက်သုံးနှစ်ဆိုရင်။ သုံးနှစ်လောက် မရရင်နောက် လာမည့်နှစ် ၂၀၂၅ ဆိုရင်။ နောက်နှစ်ကို စဥ်းစားလို့မရရင်နောက်လဆို ဘာလုပ်နေမလဲ။ နောက်လ မရရင်နောက်တစ်ပတ်ဆိုရင်။ နောက်တစ်ပတ်စဥ်းစားမရရင်မနက်ဖြန်ဆိုရင်။ လူတွေရဲ့ တစ်ယောက်နဲ့တစ်ယောက်အနာဂတ်ကို မြင်နိုင်စွမ်းမတူဘူး။ကြည့်နိုင်တဲ့ အကွာအဝေးမတူသလိုမြင်တဲ့အနာဂတ်ကို အကောင်အထည်ဖော်နိုင်စွမ်းလဲ မတူကြဘူး။ ပထမအဆင့်က သင်ဖို့။ဒုတိယအဆင့်က မြင်ဖို့။တတိယ အဆင့်က ပြင်ဖို့။ မသင်ရင် မမြင်ဘူး။မမြင်ရင် မပြင်နိုင်ဘူး။ ဘာကြောင့် တတ်သိပညာသင်သလဲ။ အနာဂတ်ကို မြင်နိုင်ဖို့။ ပြင်နိုင်မှ ကြိုတင်ပြင်နိုင်မယ်။ တချို့တွေက ကိုယ့်အနာဂတ်ကိုမြင်နိုင်သလိုပြင်ဆင်နိုင်တယ်။ လိုအပ်ရင် ပြန်လည်ပြုပြင်နိုင်တယ်။ တချို့က ကိုယ့်အနာဂတ်အပြင်ကိုယ့်ရပ်ရွာ၊ ကိုယ့်နိုင်ငံအနာဂတ်ကို မြင်နိုင်တယ်။ တချို့က မြင်နိုင်သလို ပြင်လဲ ပြင်နိုင်တယ်။ တချို့က ကိုယ့်အနာဂတ်ပြင်ကမ္ဘာ့ရေးရာအနာဂတ်ကိုပါမြင်နိုင်တယ်။ ပြင်နိုင်တယ်။ ဒီလို မြင်နိုင်၊ ပြင်နိုင်ဖို့

ကိုယ့်ကိုကိုယ် ပြန်မေးကြည့်တယ်။ Read More »

အရေးကြီးသင်ခန်းစာ (၃၅) ချက်

အသက်ကြီးလာတာနဲ့အမျှ ဘဝအပေါ် ပိုပြီးကျေနပ်မှု ရလာပါတယ်။ အကြောင်းကတော့ မိမိရဲ့ မျှော်လင့်ချက်တွေကို မှန်ကန်စွာ သတ်မှတ်တတ်လာလို့ပါ။ မှန်ကန်တဲ့ ရှုထောင့်အမြင်ရှိဖို့ဟာ ပျော်ရွှင်မှု၊ ကောင်းကျိုးချမ်းသာနဲ့ အောင်မြင်မှုဆီ ရောက်ရှိဖို့ ပထမဆုံး ခြေလှမ်းပဲ ဖြစ်ပါတယ်။ အသက် ၃၅ နှစ်အတွင်း လေ့လာမှတ်သားမိတဲ့ အရေးကြီးသင်ခန်းစာ (၃၅) ချက်ကို ဝေမျှပါရစေ။ ဒီသင်ခန်းစာတွေဟာ ဘဝကို ပိုမိုပြည့်စုံအောင်နဲ့ အဓိပ္ပာယ်ရှိအောင် နေထိုင်နိုင်ဖို့ လမ်းညွှန်ပေးမှာ ဖြစ်ပါတယ်။ ၁။ 🧠 စိတ်ဓာတ်ဟာ ကွန်ပျူတာရဲ့ Operating System လိုပါပဲ။ ကောင်းမွန်အောင် ထိန်းသိမ်းပါ။ ၂။ 💪 ခန္ဓာကိုယ်ဟာ Hardware ပါ။ ကျန်းမာကြံ့ခိုင်အောင် ထားပါ။ ၃။ 📲 မိမိစိတ်ထဲ ထည့်သွင်းတဲ့ အရာတွေဟာ Apps

အရေးကြီးသင်ခန်းစာ (၃၅) ချက် Read More »

ကိုယ့်မှာ မရှိတာကို ပေးလို့မရဘူး။

ပိုလျှံတာကိုပဲပေးလို့ရတယ်။ ကိုယ်က အသိပညာဥာဏလုပ်သားဖြစ်တဲ့အတွက် အသိပညာဥာဏ် တိုးတက်ဖို့နေ့စဥ် လုပ်ဆောင်နေတယ်။ တိုးတက်ရေးဖြစ်တဲ့စွမ်းဆောင်ရည်မြင့်တင်ခြင်း၊လုပ်ငန်းတွေအမြတ်ငွေတိုးတက်အောင်ပြဿနာတွေ ဖြေရှင်းဖို့ ဦးနှောက်ငှားရမ်းခြင်းအလုပ် လုပ်တယ်။ ဒီတော့ အသိပညာနဲ့ ကုသိုလ်လုပ်လို့ရတယ်။ ကိုယ်လဲ ဒီမြေမှာမွေးတယ်။ဒီမြေအတွက် ပြန်ပေးရမယ်လို့ငယ်ငယ်တည်းက ခံယူထားတယ်။ ဆရာဇော်ဂျီရဲ့ “သင်သေသွားသော်”ကဗျာထဲကလို “သင်သေသွားသော်သင်ဖွားသောမြေ၊ သင်တို့မြေသည်အခြေတိုးမြင့်၊ ကျန်ကောင်းသင့်၏။” လို့အမြဲခံယူထားတယ်။ ကျွန်တော်ပြန်လည်ပေးလို့ရတာ“ကိုယ်သိထားတဲ့” အသိပညာရှိမယ်။ ဒါကြောင့် နေ့စဥ်နေ့တိုင်း တစ်ရက်မပျက် စာရေးဖြစ်တယ်။ဗီဒီယိုရိုက်တယ်။ Website မှာလဲ အခမဲ့အကုန်တင်ပေးထားတယ်။ နောက် Youtube မှာလဲအများကြီးတင်ပေးထားတယ်။ ကိုယ့်ကြောင့် တစ်ယောက်၊ နှစ်ယောက်ပဲအကျိုးရှိသွားတယ်ထားအုံးကိုယ်မွေးခဲ့တဲ့မြေကို ပြန်လည်အကျိုးပြုတယ်လို့ပဲစဥ်းစားတယ်။ Phyo Paing @ Derek

ကိုယ့်မှာ မရှိတာကို ပေးလို့မရဘူး။ Read More »

ဒုက္ခနဲ့ မိတ်ဆွေဖွဲ့ကြည့်ပါ။

ဒုက္ခနဲ့ best friend ဖြစ်လာတဲ့အခါ သုခအစားဒုက္ခရဲ့အရသာကလဲမဆိုးဘူးဆိုတာ နားလည်လာမယ်။ လိုချင်ပြီးမရတာ ဒုက္ခ။ရထားပြီးမလိုချင်တာလဲ ဒုက္ခ။ ဖြစ်ချင်ပြီး မဖြစ်တာ ဒုက္ခ။မဖြစ်ချင်ပဲ ဖြစ်တာ ဒုက္ခ။ လိုချင်ပြီး မရတဲ့အခါဖြစ်လာတဲ့  ဒေါသတွေ၊ လောဘတွေ၊ မောဟတွေနဲ့စိုးရိမ်သောက ဗျာပါဒတွေများတယ်။ ဘဝရဲ့ တိုးတက်ရေးဖြစ်စဥ်မှာ ဒုက္ခနဲ့ best friend အချစ်ဆုံးသူငယ်ချင်းတွေဖြစ်ဖို့လိုတယ်။ လူတိုင်းက ပိုကောင်းတဲ့အနာဂတ်ကို လိုချင်တယ်။ အနာဂတ်ဆိုတာ မဖြစ်လာသေးဘူး။မဖြစ်လာသေးတာကို လိုချင်ပြီး မရသေးတဲ့အတွက်ဒေါသတွေ ဖြစ်နေတာစိတ်အလိုမကျဖြစ်နေတာဒုက္ခကို မကိုင်တွယ်တတ်လို့။ ဒုက္ခဆိုတာ ဘဝမှာ သဘာဝပဲ။ ဒုက္ခနဲ့ နေသားကျလာရင်စိတ်ထားတတ်လာမယ်။ စိတ်ထားတတ်လာရင် ဒုက္ခကို ကိုင်တွယ်ဖို့ အကောင်းဆုံးနည်းလမ်းတွေမြင်လာမယ်။ လုပ်ချင်တာ မလုပ်ရရင်ဒုက္ခ။မလုပ်ချင်တာ လုပ်ရရင်ဒုက္ခ။သွားချင်တဲ့နေရာမသွားရရင် ဒုက္ခ။မသွားချင်တဲ့နေရာ သွားရတာလဲဒုက္ခ။ ဒီဒုက္ခတွေနဲ့ best friend ဖြစ်လာရင်သူ့ကို ကိုင်တွယ်တတ်လာမယ်။ ဒုက္ခကို

ဒုက္ခနဲ့ မိတ်ဆွေဖွဲ့ကြည့်ပါ။ Read More »

လမ်းစဥ်လိုတယ်။

ကိုယ်ပိုင်ချမှတ်ထားတဲ့လမ်းစဥ်က “လူတွေမမှတ်မိလောက်အောင်တိုးတက်ပြောင်းလဲပါ။”“နေသလိုဖြစ်တဲ့ဘဝမှာ ဖြစ်သလိုမနေပါနဲ့။”“ဘူကောင်တွေကိုရှောင်။”“ကိုယ်မပါပဲလည်ပတ်တဲ့လုပ်ငန်းတည်ဆောက်ပါ။”“အိပ်နေလဲငွေဝင်နိုင်တဲ့ လုပ်ငန်းတည်ဆောက်ပါ။”“ကိုယ်ဂုဏ်ယူတဲ့အလုပ်တွေ နေ့စဥ်လုပ်ပါ။”“လုပ်ရင်းသိသွားလိမ့်မယ်။”“အတွေးအခေါ်ဘေးချော်ရင် အရေးပေါ်ပြင်ဖို့လိုတယ်။”“မပြိုင်ဘဲနိုင်အောင်လုပ်လို့ရတယ်။”“ဘဝမှာ အရေးအကြီးဆုံးက စိတ်ချမ်းသာဖို့။”“အတွေး၊ အကြံ၊ အလုပ်ကို ဂရုစိုက်။”“အရေးမပါတာတွေကို အရာမပေးနဲ့။”“အမြင်မတူရင် အမြင့်မတူနိုင်ဘူး။”“ဘဝဆိုတာ စမ်းသပ်မှုတွေလုပ်တဲ့နေရာတစ်ခုပဲ။”“ကိုယ်ထိန်းချုပ်နိုင်တဲ့ ၂၄ နာရီပဲ။ ဒါကိုဂရုစိုက်။”“ကိုယ့်ဘဝကို ကန့်သတ်ထားတာ ကိုယ်ပဲ။”“ကိုယ့်စိတ်ကိုပြောင်းနိုင်ရင် ကျန်တာလွယ်သွားပြီ။”“ခံယူချက်က ခံစားချက်ကိုကျော်နိုင်ဖို့လိုတယ်။” လမ်းမြင်ဖို့ လမ်းစဥ်လိုတယ်။မြန်မာလိုဆို လောကနီတိရှိတယ်။အင်္ဂလိပ်လိုဆို principle လို့ခေါ်ပြီးတရုတ်လိုဆို “道理” (Dàolǐ) သောက်လီလို့ခေါ်တယ်။ သူက လူတစ်ယောက်ရဲ့ ကမ္ဘာလောကကြီးကိုအဓိပ္ပာယ်ဖွင့်ဆိုမှုအပေါ် လွမ်းမိုးထားတယ်။ ဥပမာ လောကနီတိမှာဆို အတတ်နှင့်တူသော ဥစ္စာသည်မရှိ။ အတတ်ကိုခိုးသူတို့သည် မယူနိုင်ကုန်။သူတော်ကောင်းတို့နှင့်သာလျှင် ပေါင်းဖက်ရာ၏။ သူယုတ်တို့နှင့် ပေါင်းသင်းခြင်းကို စွန့်လော့။ ဒါကိုတော့ စတုရင်္ဂဗလ အမတ်ကြီးရေးခဲ့တယ်။ အနောက်တိုင်းမှာ ယုတ္တိကျကျစဥ်းစားတွေးတောတတ်ဖို့  Rationalism. လူတစ်ယောက်ရဲ့လွတ်လပ်မှု Individualism. ကျားမလိင်အင်္ဂါမရွေးတန်းတူ Equality. တရုတ်မှာတော့ ကိုယ့်မိဘဘိုးဘေးကိုစောင့်ရှောက်ဖို့

လမ်းစဥ်လိုတယ်။ Read More »

လူတိုင်းနဲ့ မတူချင်ဘူး။

ဘဝမှာ မဖြစ်ချင်ဆုံးက တခြားသူနဲ့ ချွတ်စွပ်တူတာ။ အကြံဥာဏ်ကောင်းရဖို့ လေ့လာတာဖြစ်ကောင်းဖြစ်မယ်။ကိုယ့်ဘဝ ကိုယ်ပုံစံအတိုင်းပဲဖြတ်သန်းချင်တယ်။ ဘဝမှာ လူအများစုသတ်မှတ်ထားတဲ့စံနှုန်းတွေနဲ့ ကိုယ်နဲ့မတူသလို၊တွေးတဲ့ပုံတွေက ကိုယ်နဲ့တော်တော်လေး အံမဝင်ဂွင်မကျဖြစ်နေတယ်။ လူအများသွားတဲ့လမ်းမရွေးတော့ကြောင်တောင်တောင်ဖြစ်နေတယ်။ ဆယ်စုနှစ် နှစ်ခုကျော်တော့ကိုယ်ပုံစံနဲ့ ကိုယ် ဘဝဖြတ်သန်းလို့ရလာတယ်။ ကျွန်တော်ကတော့ ဘဝကြီးကို စမ်းသပ်တဲ့နေရာနဲ့ လူသားအတွေ့အကြုံ ယူကြနေရာလို့ထင်တယ်။ ရူးရူးမူးမူ ချစ်ဖူးတယ်။ဘဝပျက်မတတ်လဲ ကြေကွဲဖူးတယ်။စိတ်ဓာတ်လဲကျဖူးသလို စမာန်တွေလဲတက်ဖူးတယ်။ အရမျးလဲဝဖူးသလို ပြန်ပြီးလဲ ထိန်းဖူးတယ်။ ကိုယ့်ဘဝ ကိုယ့်စိတ်ကြိုက်နဲ့ကိုယ့် playbook အတိုင်းသွားပျော်နေဖို့ အရေးကြီးတယ်။ လူတိုင်းနဲ့ မတူချင်ဘူး။ လူတိုင်းနဲ့ မပြိုင်တော့ဘူး။ ကိုယ်ဖန်တီးထားတဲ့ ကစားကွက်၊ ကိုယ်ကစားနေတဲ့ ဂိမ်းကလူတွေနဲ့ မပြိုင်ဘဲနိုင်လို့ရတယ်လို့ယုံကြည်တယ်။ Phyo Paing @ Derek

လူတိုင်းနဲ့ မတူချင်ဘူး။ Read More »